ဝတ်ပြုရာ 2
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Clementine Vulgate, 1598
1ထာဝရဘုရား အား ဘောဇဉ်ပူဇော်သက္ကာ ပြုလိုလျှင် ၊ မုန့်ညက် ကို ဆက် ရမည်။ မုန့်ညက် အပေါ် မှာ ဆီ ကိုလောင်း ၍ ၊ လောဗန် ကိုလည်း ထည့် ပြီးမှ၊
1Anima cum obtulerit oblationem sacrificii Domino, simila erit ejus oblatio; fundetque super eam oleum, et ponet thus,
2အာရုန် ၏သား ယဇ်ပုရောဟိတ် ထံ သို့ဆောင် ခဲ့၍ ၊ ယဇ် ပုရောဟိတ်သည် မုန့်ညက် တလက် ဆွန်း၊ ဆီ အချို့၊ လောဗန် ရှိသမျှ ကို ယူ ၍ ၊ ထိုအတွက် အတာကို ယဇ် ပလ္လင်ပေါ် မှာ မီး ရှို့ရမည်။ ထာဝရဘုရား အား မီး ဖြင့် ဆက်ကပ်၍၊ မွှေးကြိုင် သော ပူဇော်သက္ကာ ဖြစ်သတည်း။
2ac deferet ad filios Aaron sacerdotes: quorum unus tollet pugillum plenum similæ et olei, ac totum thus, et ponet memoriale super altare in odorem suavissimum Domino.
3ကျန် ကြွင်းသော ဘောဇဉ်ပူဇော်သက္ကာ မူကား ၊ အာရုန် နှင့် သူ ၏သား တို့အဘို့ ဖြစ်ရမည်။ ထာဝရဘုရား အား မီး ဖြင့် ပြုသောပူဇော်သက္ကာထဲက အလွန်သန့်ရှင်း သော အရာဖြစ်၏။
3Quod autem reliquum fuerit de sacrificio, erit Aaron et filiorum ejus, Sanctum sanctorum de oblationibus Domini.
4မီးဖို ၌ ဖုတ် သောမုန့်ကို ဘောဇဉ်ပူဇော်သက္ကာ ပြု လိုလျှင် ၊ ဆီ နှင့် မုန့်ညက် ဖြင့် လုပ်သော တဆေး မဲ့ မုန့် ပြားသော်၎င်း၊ ဆီ လူး သော တဆေး မဲ့ မုန့် ကြွပ်သော်၎င်းဖြစ်ရမည်။
4Cum autem obtuleris sacrificium coctum in clibano: de simila, panes scilicet absque fermento, conspersos oleo, et lagana azyma oleo lita.
5သံ ပြားပူနှင့်လုပ်သောမုန့်ကို ဘောဇဉ်ပူဇော်သက္ကာ ပြုလိုလျှင် ၊ ဆီ ရော ၍ တဆေး မပါသော မုန့်ညက် နှင့် လုပ် ရမည်။
5Si oblatio tua fuerit de sartagine, similæ conspersæ oleo et absque fermento,
6ထိုမုန့် ကို ချိုးဖဲ့ ၍ ဆီ ကို လောင်း ရမည်။ ဘောဇဉ်ပူဇော်သက္ကာ ဖြစ်သတည်း။
6divides eam minutatim, et fundes super eam oleum.
7အိုး ကင်းနှင့် ကြော်သောမုန့်ကို ဘောဇဉ်ပူဇော်သက္ကာ ပြုလိုလျှင် ၊ ဆီ ရောသော မုန့်ညက် နှင့် လုပ် ရမည်။
7Sin autem de craticula fuerit sacrificium, æque simila oleo conspergetur:
8ထို ဘောဇဉ်ပူဇော်သက္ကာ အမျိုးမျိုးတို့ကို၊ ထာဝရဘုရား အထံ တော်သို့ ဆောင် ခဲ့၍ ၊ ယဇ်ပုရောဟိတ် အား ဆက် ပြီးမှ ၊ သူသည် ယဇ် ပလ္လင်သို့ ဆောင် ခဲ့ရမည်။
8quam offerens Domino, trades manibus sacerdotis.
9ထိုဘောဇဉ်ပူဇော်သက္ကာ ထဲက အတွက်အတာကို နှိုက်ယူ ၍ ယဇ် ပလ္လင်ပေါ် မှာ မီး ရှို့ရမည်။ ထာဝရဘုရား အား မီး ဖြင့် ဆက်ကပ်၍ မွှေးကြိုင် သော ပူဇော်သက္ကာဖြစ်သတည်း။
9Qui cum obtulerit eam, tollet memoriale de sacrificio, et adolebit super altare in odorem suavitatis Domino:
10ကျန် ကြွင်းသော ဘောဇဉ်ပူဇော်သက္ကာ မူကား ၊ အာရုန် နှင့် သူ ၏သား တို့အဘို့ ဖြစ်ရမည်။ ထာဝရဘုရား အား မီး ဖြင့်ပြုသောပူဇော်သက္ကာထဲက အလွန်သန့်ရှင်း သော အရာဖြစ်၏။
10quidquid autem reliquum est, erit Aaron, et filiorum ejus, Sanctum sanctorum de oblationibus Domini.
11ထာဝရဘုရား အား ဆက် သော ဘောဇဉ်ပူဇော်သက္ကာ ၌ တဆေး မ ပါ ရ။ ထာဝရဘုရား အား မီး ဖြင့် ပူဇော်သက္ကာပြုသောအခါ၊ တဆေးကို မီး မ ရှို့ရ။ ပျားရည် ကိုလည်း မရှို့ရ။
11Omnis oblatio quæ offeretur Domino, absque fermento fiet, nec quidquam fermenti ac mellis adolebitur in sacrificio Domino.
12အဦး သီးသော အသီးအနှံကို ပူဇော် သော အမှုမှာ၊ တဆေးနှင့် ပျားရည်ကို၊ ထာဝရဘုရား အား ပူဇော် ရသော်လည်း ၊ မွှေးကြိုင် ရာဘို့ ယဇ် ပလ္လင်ပေါ် မှာ မီး မ ရှို့ရ။
12Primitias tantum eorum offeretis ac munera: super altare vero non imponentur in odorem suavitatis.
13ဘောဇဉ်ပူဇော်သက္ကာ ပြုလေ ရာရာ၌ ဆား ခပ်ရမည်။ သင် ပြုသောဘောဇဉ်ပူဇော်သက္ကာ ၌ ၊ သင် ၏ ဘုရား သခင်ပဋိညာဉ် ဆား ကို မ ခပ်ဘဲမနေရ။
13Quidquid obtuleris sacrificii, sale condies, nec auferes sal fœderis Dei tui de sacrificio tuo: in omni oblatione tua offeres sal.
14အဦး သီးသော အသီးအနှံကို၊ ထာဝရဘုရား အား ဘောဇဉ်ပူဇော်သက္ကာ ပြု လိုလျှင် ၊ စပါးနှံကို အရည်စစ် အောင် မီး နားမှာ ထား ၍၊ စပါးစေ့ကို ပွတ်ယူပြီးမှ၊
14Si autem obtuleris munus primarum frugum tuarum Domino de spicis adhuc virentibus, torrebis igni, et confringes in morem farris, et sic offeres primitias tuas Domino,
15ဆီ ကိုလောင်း ၍ ၊ လောဗန် ကိုတင် လျက် ၊ ပူဇော်သက္ကာကို ပြုရမည်။ ဘောဇဉ်ပူဇော်သက္ကာ ဖြစ်သတည်း။
15fundens supra oleum, et thus imponens, quia oblatio Domini est:
16ပွတ်ယူသော စပါး စေ့အချို့၊ ဆီ အချို့၊ လောဗန် ရှိသမျှ တည်းဟူသောထိုဘောဇဉ်ပူဇော်သက္ကာအတွက် အတာကို၊ ယဇ် ပုရောဟိတ်သည် မီး ရှို့ရမည်။ ထာဝရဘုရား အား မီး ဖြင့်ပြုသောပူဇော်သက္ကာ ဖြစ်သတည်း။
16de qua adolebit sacerdos in memoriam muneris partem farris fracti, et olei, ac totum thus.
Tip: use the ← and → keys to turn chapters.