ဝတ်ပြုရာ

Old Testament

Chapter 24
Judson Burmese Bible (18…
Compare
Aa
Text size
Line width
Verse numbers

ဝတ်ပြုရာ 24

1တဖန် ထာဝရဘုရား သည် မောရှေ အား မိန့် တော်မူသည်ကား၊

2ပရိသတ်စည်းဝေး ရာ တဲ တော်တွင် သက်သေခံ ချက် ကုလားကာ ပြင် မှာ မီးခုံ ၌ အစဉ် မပြတ်မီး ထွန်းရာဘို့ ၊ သံလွင်သီးကို ထောင်း ၍ ယူသော သံလွင် ဆီ စစ် ကို၊ ဣသရေလ အမျိုးသား တို့သည် သင့် ထံ သို့ဆောင် ခဲ့ရမည်အကြောင်း ဆင့်ဆို လော့။

3အာရုန် သည်လည်း၊ ညဦး မှ သည် နံနက် တိုင်အောင် ထာဝရဘုရား ရှေ့ တော်၌ ထိုအမှုကို စီရင် ရမည်။ သင် တို့အမျိုး အစဉ် အဆက် စောင့်ရသောပညတ် တော်ဖြစ်သတည်း။

4စင်ကြယ် သော မီးခုံ ၌ မီးခွက် များကို၊ အာရုန်သည် ထာဝရဘုရား ရှေ့ တော်မှာ အစဉ် အမြဲပြင်ဆင် ရမည်။

5သင်သည် မုန့်ညက် ကိုယူ ၍ ၊ မုန့် တလုံး လျှင် နှစ်ဩမဲစီ၊ မုန့်ဆယ် နှစ် လုံးကို လုပ် ပြီးလျှင်၊

6ထာဝရဘုရား ရှေ့ စင်ကြယ် သော စားပွဲ ပေါ် မှာ မုန့်တလုံးပေါ်၌ တလုံးကို ထပ်ဆင့်၍၊ တပုံခြောက် လုံးစီ၊ နှစ် ပုံပုံ ရမည်။

7ထာဝရဘုရား အား မီး ဖြင့်ပြုသောပူဇော်သက္ကာတည်းဟူသောအောက်မေ့ တော်မူဘို့ ရာ ဖြစ်စေ ခြင်းငှါ ထိုမုန့်နှစ်ပုံပေါ် မှာ စင်ကြယ် သော လောဗန် ကို တင် ထားရမည်။

8ထာဝရဘုရား၏ပဠိညာဉ်နှင့်အညီ၊ ဣသရေလ အမျိုးသား တို့ လက်မှ ခံယူသောထိုမုန့်ကို၊ အာရုန်သည် ထာဝရဘုရား ရှေ့ တော်၌ ဥပုဃ် နေ့ တိုင်းအစဉ် အမြဲပြင်ဆင် ရမည်။

9ထိုမုန့်ကို အာရုန် နှင့် သူ ၏သား တို့သည် ပိုင်၍၊ သန့်ရှင်း ရာ ဌာန တော်၌ စား ရကြမည်။ ထာဝရဘုရား အား မီး ဖြင့်ပြုသောပူဇော်သက္ကာထဲက ထိုမုန့်သည်၊ ထာဝရ ပညတ် တော်အတိုင်း၊ အာရုန် အဘို့ အလွန်သန့်ရှင်း သော အရာဖြစ် သည်ဟု မိန့်တော်မူ၏။

10အဲဂုတ္တု လူ နှင့် ဣသရေလ မိန်းမ ရ၍ ဣသရေလ အမျိုးသား တို့နှင့်အတူ လိုက်လာ သောသား တယောက်သည်၊ တပ် ထဲ မှာ ဣသရေလ လူ နှင့် ရန်တွေ့ သဖြင့်၊

11နာမ တော်ကို ပြစ်မှား လျက် ကျိန်ဆဲ လေ၏။ ထိုသူ ၏ အမိ ကား၊ ဒန် အမျိုး ၊ ဒိဗရိ သမီး ရှေလောမိတ် ဖြစ်သတည်း။

12ပြစ်မှားသောသူကို မောရှေ ထံ သို့ ဆောင် ယူခဲ့၍ ၊ ထာဝရဘုရား ၏ အလို တော်ကို မသိမှီတိုင်အောင်ချုပ် ထား ကြ၏။

13ထာဝရဘုရား ကလည်း ၊ ကျိန်ဆဲ သောသူကို တပ် ပြင် သို့ ဆောင် သွား၍၊

14သူ၏စကားကို ကြား သော သူအပေါင်း တို့သည် သူ ၏ခေါင်း ပေါ် မှာ လက် ကိုတင် ပြီးမှ ၊ ပရိသတ် အပေါင်း တို့သည် ကျောက်ခဲ နှင့် ပစ်ကြစေ။

15သင်သည် ဣသရေလ အမျိုးသား တို့အား ဆင့်ဆို ရမည်မှာ ၊ မိမိ ဘုရား သခင်ကို ကျိန်ဆဲ သောသူသည် မိမိ အပြစ် ကိုခံရ မည်။

16ထာဝရဘုရား ၏ နာမ တော်ကို ပြစ်မှား သောသူသည် အသေ သတ်ခြင်းကို အမှန်ခံရမည်။ ပရိသတ် အပေါင်း တို့သည်၊ ထိုသူ ကို အမှန် ကျောက်ခဲ နှင့် ပစ်ရကြမည်။ အမျိုးသား ချင်းဖြစ်စေ ၊ တပါး အမျိုးသားဖြစ်စေ၊ နာမ တော်ကို ပြစ်မှား လျှင် အသေ သတ်ခြင်းကိုခံရမည်။

17လူ အသက် ကိုသတ် သောသူ သည်လည်း အသေ သတ်ခြင်းကို အမှန်ခံရမည်။

18တိရစ္ဆာန် အသက် ကိုသတ် သောသူသည်လည်း ဥစ္စာရှင်အား တကောင် အတွက် တကောင် ကို လျော် ရမည်။

19လူ သည် အိမ်နီးချင်း ကို နာ အောင်ပြု လျှင် ၊ သူ့ ကို ပြု သည်အတိုင်း ကိုယ်ခံရ မည်။

20အရိုးကို ချိုး သည်အတွက် အရိုးချိုး ခြင်းကို၎င်း၊ မျက်စိ ကိုဖျက်သည့်အတွက် ၊ မျက်စိ ဖျက်ခြင်းကို၎င်း၊ သွား ကိုချိုးသည်အတွက် ၊ သွား ချိုးခြင်းကို၎င်း၊ သူ့ကို နာကျင် စွာပြု သည်အတိုင်း ၊ ကိုယ်တိုင် နာကျင် စွာ ခံရမည်။

21တိရစ္ဆာန် အသက်ကိုသတ် သောသူသည်၊ တကောင်အတွက် တကောင်ကို ပြန်ပေး ရမည်။ လူ အသက် ကိုသတ် သောသူသည် အသေ သတ်ခြင်းကိုခံရမည်။

22ကိုယ်အမျိုးသား ဖြစ်စေ၊ သူတပါး အမျိုးသားဖြစ်စေ၊ တပါး တည်းသောတရား နှင့်သာ စီရင်ခြင်းကိုခံရမည်။ ငါ သည် သင် တို့၏ ဘုရား သခင်ထာဝရဘုရား ဖြစ်သည်ဟု မောရှေ အား မိန့် တော်မူ၏။

23ဣသရေလ အမျိုးသား တို့သည်၊ ကျိန်ဆဲ သောသူကို တပ် ပြင် သို့ ဆောင် သွား၍ ၊ ကျောက်ခဲ နှင့် ပစ်ရမည် အကြောင်း မောရှေဆင့်ဆိုသည်ဖြစ်၍၊ထာဝရဘုရား သည် မောရှေ အား မှာ ထားတော်မူသည် အတိုင်း သူတို့သည် ပြု ကြ၏။

Tip: use the ← and → keys to turn chapters.