ယောရှုမှတ်စာ 20
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Clementine Vulgate, 1598
1တဖန် ထာဝရဘုရား သည် ယောရှု ကို ခေါ်တော်မူ၍၊
1Et locutus est Dominus ad Josue, dicens: Loquere filiis Israël, et dic eis:
2သင် သည် ဣသရေလ အမျိုးသားတို့အား ဆင့်ဆို ရမည်မှာ၊ ငါသည် မောရှေ အားဖြင့် မှာ ထားသည်အတိုင်း၊
2Separate urbes fugitivorum, de quibus locutus sum ad vos per manum Moysi:
3လူအသက်ကိုသတ် မည်ဟု အကြံ မ ရှိဘဲ အမှတ်တမဲ့ သတ် မိသောသူသည် ပြေး ၍ မှီခို ရာမြို့ တို့ကို ရွေး ထားကြလော့။ သေစား သေစေသောသူလက်နှင့်လွတ်၍ မှီခို ရာမြို့ ဖြစ် ရသတည်း။
3ut confugiat ad eas quicumque animam percusserit nescius, et possit evadere iram proximi, qui ultor est sanguinis:
4ထို မြို့ တစုံ တမြို့သို့ ပြေး သောသူသည် မြို့ တံခါးဝ ၌ရပ် ၍ ၊ ထို မြို့ ၌ အသက်ကြီး သူတို့အား မိမိ အမှု ကို ကြားပြော သောအခါ ၊ သူတို့သည် မြို့ ထဲ သို့ခေါ် ၍ သူ တို့ထံ မှာနေရာ ချ ရကြမည်။
4cum ad unam harum confugerit civitatum, stabit ante portam civitatis, et loquetur senioribus urbis illius ea quæ se comprobent innocentem: sicque suscipient eum, et dabunt ei locum ad habitandum.
5သေစား သေစေသောသူသည် လိုက် လာလျှင် ၊ သူ့ လက် သို့ သတ် မိသောသူကို မ အပ် ရ။ အကြောင်း မူကား၊ ထိုသူသည် မိမိ အဘော် ကို အငြိုး မ ထားဘဲ အမှတ်တမဲ့သတ် မိ၏။
5Cumque ultor sanguinis eum fuerit persecutus, non tradent in manus ejus: quia ignorans percussit proximum ejus, nec ante biduum triduumve ejus probatur inimicus.
6ထိုသူသည် ပရိသတ် ရှေ့ သို့ ရောက်၍ တရားစီရင် ခြင်းကို မ ခံ မှီသော်၎င်း၊ ထို ကာလ ယဇ်ပုရောဟိတ် မင်း မ သေ မှီသော်၎င်း ထို မြို့ ၌ နေ ရမည်။ ထိုနောက်မှ ပြန် လာ၍ အထက်ပြေး ရသောမြို့ ၊ မိမိ နေရင်းအိမ် ၌ နေ ရသောအခွင့်ရှိရမည်ဟု မိန့်တော်မူသည်အတိုင်း၊
6Et habitabit in civitate illa, donec stet ante judicium, causam reddens facti sui, et moriatur sacerdos magnus, qui fuerit in illo tempore: tunc revertetur homicida, et ingredietur civitatem et domum suam de qua fugerat.
7သူတို့သည် ဂါလိလဲ ပြည်၊ နဿလိ တောင် ပေါ်မှာ ကေဒေရှ မြို့၊ ဧဖရိမ် တောင် ပေါ်မှာ ရှေခင် မြို့၊ ယုဒ တောင် ပေါ်မှာ ဟေဗြုန် မြို့တည်းဟူသော ကိရယသာဘ မြို့တို့ကို၎င်း၊
7Decreveruntque Cedes in Galilæa montis Nephthali, et Sichem in monte Ephraim, et Cariatharbe, ipsa est Hebron in monte Juda.
8ယော်ဒန် မြစ်တဘက် ၊ ယေရိခေါ မြို့အရှေ့ မှာ ရုဗင် ခရိုင်၊ တော လွင်ပြင် ၌ ဗေဇာ မြို့၊ ဂဒ် ခရိုင်၊ ဂိလဒ် ပြည်၌ ရာမုတ် မြို့၊ မနာရှေ ခရိုင်၊ ဗာရှန် ပြည်၌ ဂေါလန် မြို့တို့ကို၎င်း ရွေး ထားကြ၏။
8Et trans Jordanem contra orientalem plagam Jericho, statuerunt Bosor, quæ sita est in campestri solitudine de tribu Ruben, et Ramoth in Galaad de tribu Gad, et Gaulon in Basan de tribu Manasse.
9ဤ မြို့ တို့ကား၊ ဣသရေလ အမျိုးသားဖြစ်စေ ၊ သူ တို့တွင် တည်းခို သော တပါး အမျိုးသားဖြစ်စေ၊ အမှတ်တမဲ့ လူ အသက်ကိုသတ် မိသောသူသည် သေစား သေစေသောသူလက် နှင့်လွတ် ၍ ပရိသတ် ရှေ့ သို့ မရောက် မှီတိုင်အောင် ပြေး ရသောအခွင့်ရှိစေခြင်းငှါ ရွေး ထားသောမြို့ဖြစ် သတည်း။
9Hæ civitates constitutæ sunt cunctis filiis Israël, et advenis qui habitabant inter eos, ut fugeret ad eas qui animam nescius percussisset, et non moreretur in manu proximi, effusum sanguinem vindicare cupientis, donec staret ante populum expositurus causam suam.
Tip: use the ← and → keys to turn chapters.