ယောရှုမှတ်စာ

Old Testament

Chapter 16

ယောရှုမှတ်စာ

Judson Burmese Bible (18…
Compare
Aa
Text size
Line width
Verse numbers

ယောရှုမှတ်စာ 16

1ယောသပ် အမျိုးသား တို့သည် စာရေးတံ ပြု၍ အမွေခံရသောမြေ အပိုင်းအခြားသည် ယော်ဒန် မြစ်နား ၊ ယေရိခေါ မြို့အရှေ့ ၊ ယေရိခေါ အိုင် မှ ထွက် ၍ တော လမ်းသို့ လိုက် လျက်၊ ဗေသလ တောင် တရှောက်လုံးသွားသဖြင့်၊

2ဗေသလ လုဇ မြို့သို့ ၎င်း၊ အာခိ အတရုတ် မြို့ သို့ ၎င်း၊ အနောက် မျက်နှာ၌ ယာဖလေတိ မြို့ သို့ ၎င်း၊

3အောက် ဗက်ဟောရုန် မြို့ သို့ ၎င်း၊ ဂေဇာ မြို့သို့ ၎င်း ရောက် ၍ ပင်လယ် ၌ ဆုံး လေ၏။

4ထိုသို့ ယောသပ် ၏သား မနာရှေ နှင့် ဧဖရိမ် တို့သည် အမွေ ခံရကြ၏။

5ဧဖရိမ် အမျိုးသား တို့သည် အဆွေ အမျိုးအလိုက် နေ သောမြေအပိုင်း အခြားသည်၊ အရှေ့ ဘက်၌ အတရုတ်အဒ္ဒါ မြို့မှ အထက် ဗက်ဟောရုန် မြို့သို့ လိုက်၍၊

6မြောက် မျက်နှာ၌ ပင်လယ် နား ၊ မိတ်မေသ မြို့သို့ ထွက် ၏။ တဖန် အရှေ့ သို့ မျက်နှာ ပြု၍ တာနတ်ရှိလော မြို့အရှေ့ မှာ ရှောက် လျက်၊

7ယနောဟ မြို့သို့ ၎င်း၊ ယနောဟ မြို့မှ အတရုတ် မြို့၊ နာရတ် မြို့၊ ယေရိခေါ မြို့သို့ ၎င်း ရောက် ၍ ယော်ဒန် မြစ်၌ ဆုံး လေ၏။

8တာပွါ မြို့မှ အနောက် သို့ သွား ၍ ကာန မြစ် သို့ လိုက် လျက် ပင်လယ် ၌ ဆုံး လေ၏။

9ဤရွေ့ကား၊ မနာရှေ အမျိုးသား တို့ အမွေ ခံရသောမြေ၌ ဧဖရိမ် အမျိုးသား တို့အဘို့ ခွဲ ထားသော မြို့ များနှင့်တကွ ဧဖရိမ် အမျိုးသား အဆွေ အမျိုးအလိုက် အမွေ ခံရသောမြို့ ရွာ များဖြစ်သတည်း။

10ဂေဇာ မြို့၌ နေ သောခါနနိ လူတို့ကို မ နှင်ထုတ် ဘဲ သူတို့သည် ယနေ့ တိုင်အောင် ဧဖရိမ် အမျိုးသားတို့နှင့်အတူ နေ ၍ အခွန် ပေးရကြ၏။

Tip: use the ← and → keys to turn chapters.