ယောရှုမှတ်စာ

Old Testament

Chapter 10

ယောရှုမှတ်စာ

Judson Burmese Bible (18…
vs Freedom Bible (フリー…
Aa
Text size
Line width
Verse numbers

ယောရှုမှတ်စာ 10

Judson Burmese Bible (1840)
Freedom Bible (フリーダム・バイブル)
1ယေရိခေါ မြို့နှင့် မင်းကြီး ကို ပြု သကဲ့သို့ ၊ အာဣ မြို့နှင့် မင်းကြီး ကို တိုက် ယူ၍ ရှင်းရှင်းဖျက်ဆီး ကြောင်းကို ၎င်း၊ ဂိဗောင် မြို့သားတို့သည် ဣသရေလ အမျိုးသားတို့နှင့် မိဿဟာယ ဖွဲ့၍ အတူနေ ကြောင်းကို၎င်း၊ ယေရုရှလင် မင်းကြီး အဒေါနိဇေဒက် သည် ကြား သောအခါ၊
1エルサレムの王アドニ・ツェデクは、ヨシュアがアイを占領し、それを完全に滅ぼしたこと、すなわち彼がエリコとその王にしたように、アイとその王にもしたこと、またギベオンの住民がイスラエルと平和を結び、彼らの間にいることを聞いた。
2ဂိဗောင် မြို့သည် မြို့တော် ကဲ့သို့ ကြီးစွာသောမြို့၊ အာဣ မြို့ထက် ကြီး ၍ မြို့သားယောက်ျား အပေါင်း တို့ သည် ခွန်အား နှင့်ပြည့်စုံသောကြောင့် အလွန် ကြောက်ရွံ့ ကြ၏။
2彼らは非常に恐れた。ギベオンは王の町の一つのように大きな町であり、アイよりも大きく、その男たちは皆勇士だったからである。
3ထိုအခါ ယေရုရှလင် မင်းကြီး အဒေါနိဇေဒက် သည်၊ ဟေဗြုန် မင်းကြီး ဟောဟံ ၊ ယာမုတ် မင်းကြီး ပိရံ ၊ လာခိရှ မင်းကြီး ယာဖျာ ၊ ဧဂလုန် မင်းကြီး ဒေပိရ တို့ထံ သို့စေလွှတ် ၍၊
3そこでエルサレムの王アドニ・ツェデクは、ヘブロンの王ホハム、ヤルムトの王ピラム、ラキシュの王ヤフィア、エグロンの王デビルに使いを遣わして、言った。
4ဂိဗောင် မြို့သည် ယောရှု မှစ၍ဣသရေလ အမျိုးသားတို့နှင့် မိဿဟာယ ဖွဲ့သောကြောင့် ၊ ထိုမြို့ကို လုပ်ကြံ ခြင်းငှါငါ့ ထံ သို့လာ ၍ ငါ နှင့်အတူကူညီ ကြပါဟု နှိုးဆော် သည်အတိုင်း၊
4「私のところに上って来て、私を助けてください。ギベオンを打ちましょう。彼らがヨシュアおよびイスラエルの人々と平和を結んだからです。」
5ယေရုရှလင် မင်းကြီး ၊ ဟေဗြုန် မင်းကြီး ၊ ယာမုတ် မင်းကြီး ၊ လာခိရှ မင်းကြီး ၊ ဧဂလုန် မင်းကြီး တည်း ဟူသောအာမောရိ မင်းကြီး ငါး ပါးတို့သည် စည်းဝေး ၍ မိမိ တို့ဗိုလ်ပါ စစ်သည်အပေါင်း တို့နှင့်တကွ စစ်ချီ ၍ ၊ ဂိဗောင် မြို့ရှေ့ မှာ တပ်ချ လျက် စစ်တိုက် ကြ၏။
5そこでアモリ人の五人の王、すなわちエルサレムの王、ヘブロンの王、ヤルムトの王、ラキシュの王、エグロンの王は集まり、彼らとその全軍隊は上って行って、ギベオンに対して宿営し、その町と戦った。
6ဂိဗောင် မြို့သား တို့သည် ယောရှု ရှိရာ ဂိလဂါလ မြို့သို့ စေလွှတ် ၍ ၊ ကိုယ်တော် ၏ ကျွန် တို့ကို ကြည့်ရှုလျက် နေတော်မမူပါနှင့်။ အလျင်အမြန် ကြွ ၍ မစ ကယ်တင် တော်မူပါ။ တောင် ပေါ်မှာနေ သောအာမောရိ မင်းကြီး အပေါင်း တို့သည် ကျွန်တော် တို့ကို တိုက် ခြင်းငှါစည်းဝေး ကြပါပြီဟု လျှောက်ကြ၏။
6ギベオンの男たちは、ギルガルの宿営にいるヨシュアへ使いを遣わして言った。「どうか、しもべたちを見捨てないでください。急いで上って来て、私たちを救い、助けてください。山地に住むアモリ人の王たちが皆、私たちに向かって集まっています。」
7ယောရှု သည်လည်း ၊ စစ်မှု ၌ ကျင်လည်သောသူ၊ ခွန်အားကြီးသော သူရဲ အပေါင်း တို့နှင့်တကွ ၊ ဂိလဂါလ မြို့မှ တက် သွားလေ၏။
7そこでヨシュアは、彼と一緒にいるすべての戦士たち、すべての勇士たちとともにギルガルから上って行った。
8ထာဝရဘုရား ကလည်း ၊ သူ တို့ကို မ ကြောက် နှင့်။ သင် ၏လက် ၌ ငါအပ် မည်။ သင့် ရှေ့ မှာ လူတစုံတယောက် မျှ မ ခံ မရပ်နိုင်ရာဟု ယောရှု အား မိန့် တော်မူ၏။
8主はヨシュアに言われた。「彼らを恐れてはならない。わたしは彼らをあなたの手に引き渡したからである。彼らのうち、だれ一人としてあなたの前に立つ者はいない。」
9ယောရှု သည် ဂိလဂါလ မြို့မှ တညဉ့်လုံး ချီ သွား ၍၊ ရန်သူတို့ကို အမှတ်တမဲ့ တိုက် လာ သဖြင့်၊
9それゆえ、ヨシュアは夜通しギルガルから上って行き、突然彼らを襲った。
10ထာဝရဘုရား သည် သူ တို့ကို ဣသရေလ အမျိုးသားရှေ့ မှာ ရှုံး စေ၍ ၊ ဂိဗောင် မြို့အနား မှာ ကြီးစွာ သော လုပ်ကြံ ခြင်းအားဖြင့်သတ် ၍ ၊ ဗေသောရုံ မြို့သို့ သွား သော လမ်း ၌ လိုက် လျက်၊ အဇေကာ မြို့၊ မက္ကဒါ မြို့တိုင်အောင် လုပ်ကြံ တော်မူ၏။
10主はイスラエルの前で彼らを混乱に陥れ、ギベオンで大いに打ち破られた。イスラエルはベテ・ホロンの上り坂を通って彼らを追い、アゼカとマケダに至るまで打った。
11ထိုသူ တို့သည် ဣသရေလ လူတို့ရှေ့ မှာ ပြေး ၍ ဗေသောရုန် မြို့သို့ ဆင်း သွားရာတွင် ၊ ထာဝရဘုရား သည် မိုဃ်းကောင်းကင် မှ ကြီးစွာ သော မိုဃ်းသီး ကို အဇေကာ မြို့တိုင်အောင် သူ တို့အပေါ် ၌ ချ တော်မူ၍၊ သူတို့သည် ဣသရေလ လူတို့၏ ထား ကြောင့် သေ သည်ထက် မိုဃ်းသီး ကြောင့် သာ ၍သေ ကြ၏။
11彼らがイスラエルの前から逃げ、ベテ・ホロンの下り坂にいたとき、主は天からアゼカに至るまで、彼らの上に大きな石を降らせ、彼らは死んだ。イスラエルの人々が剣で殺した者よりも、雹の石で死んだ者の方が多かった。
12ထိုသို့ အာမောရိ လူတို့ကို ဣသရေလ အမျိုးသားတို့၌ အပ် တော်မူသောနေ့ မှာ ၊ ယောရှု သည် ထာဝရဘုရား ကို ဆုတောင်း ပြီးလျှင် ၊ အိုနေ ၊ သင်သည် ဂိဗောင် မြို့၌ ၎င်း ၊ အိုလ ၊ သင်သည် အာယလုန် ချိုင့် ၌ ၎င်း ငြိမ်ဝပ် စွာ နေလော့ဟု ဣသရေလ အမျိုးသားများရှေ့ တွင် မြွက်ဆို သည် အတိုင်း၊
12主がアモリ人をイスラエルの人々に渡された日、ヨシュアは主に語り、イスラエルの見ている前で言った。「太陽よ、ギベオンの上で止まれ。月よ、アヤロンの谷でとどまれ。」
13ဣသရေလလူတို့သည် ရန်သူ တို့အားအပြစ်ဒဏ် မပေးမှီတိုင်အောင် နေ သည် ငြိမ်ဝပ် စွာနေ၍ လ သည် ရပ် လေ၏။ ယာရှာ ၏စာ ၌ ပါ သည်ကား၊ မိုဃ်း ကောင်းကင် အလယ် ၌ နေ သည် ရပ် နေ၏။ ဝင် မြဲဝင်အံ့သောငှါ တနေ့လုံး အလျင် မ ပြုဟု ပါသည်မ ဟုတ်လော။
13民が敵への報復を遂げるまで、太陽は止まり、月はとどまった。これはヤシャルの書に記されているではないか。太陽は天の真ん中にとどまり、ほぼ丸一日、沈むことを急がなかった。
14ထာဝရဘုရား သည် လူ စကား ကို နားထောင် ၍၊ ထိုသို့ သော နေ့ တနေ့မျှ မ ဖြစ် စဖူး။ နောက်ဖန်လည်းဖြစ် မဖြစ်။ အကြောင်းမူကား၊ ထာဝရဘုရား သည် ဣသရေလ အမျိုးဘက်မှာ စစ်တိုက် တော်မူ၏။
14主が人の声に聞き入れられたこのような日は、後にも先にもなかった。主がイスラエルのために戦われたからである。
15ထိုနောက် ၊ ယောရှု သည်၊ ဣသရေလ လူအပေါင်း တို့နှင့်တကွ ၊ ဂိလဂါလ တပ် သို့ ပြန် သွား၏။
15ヨシュアは全イスラエルとともに、ギルガルの宿営に帰った。
16မင်းကြီး ငါး ပါးတို့သည် ပြေး ၍ မက္ကဒါ လိုင်ခေါင်း ၌ ပုန်း လျက်နေကြ၏။
16これら五人の王たちは逃げ、マケダの洞穴に隠れた。
17မက္ကဒါ လိုင်ခေါင်း ၌ ပုန်း လျက်နေသောမင်းကြီး ငါး ပါးကို တွေ့ ပါပြီဟု ယောရှု အား ကြား လျှောက်လျှင်၊
17ヨシュアは、「五人の王たちがマケダの洞穴に隠れているのが見つかった」と告げられた。
18ယောရှု က၊ လိုင်ခေါင်းဝ ပေါ် မှာ ကြီးစွာ သော ကျောက် တို့ကို လှိမ့် ပုံ၍ လူ စောင့် တို့ကို ထား ကြလော့။
18ヨシュアは言った。「大きな石を洞穴の口に転がし、そのそばに男たちを配置して彼らを見張らせなさい。
19သင်တို့မူကား မ ဆိုင်း မလင့်။ ရန်သူ တို့ကို လိုက် ၍ မှီသမျှသောသူ တို့ကို ကွပ်မျက် ကြ။ မြို့ ထဲ သို့ မ ဝင် စေ ကြနှင့်။ သင် တို့ဘုရား သခင်ထာဝရဘုရား သည် သူ တို့ကို သင် တို့လက် ၌ အပ် တော်မူပြီဟု မှာ ထားလေ၏။
19しかしあなたがたはとどまってはならない。あなたがたの敵を追いかけ、その後方を打ちなさい。彼らが自分たちの町々に入るのを許してはならない。あなたがたの神、主が彼らをあなたがたの手に引き渡されたからである。」
20ယောရှု နှင့် ဣသရေလ လူတို့သည် ရန်သူ တို့ကို ကြီးစွာ သော လုပ်ကြံ ခြင်းအားဖြင့်သုတ်သင် ပယ်ရှင်းပြီး မှ၊ ကျန် ကြွင်းသောသူအချို့တို့သည် ခိုင်ခံ့ သောမြို့ သို့ ဝင် ၍ နေ ကြ၏။
20ヨシュアとイスラエルの人々が彼らを激しく打ち、ほとんど滅ぼし尽くしたとき、生き残った者たちは要塞化された町々に入った。
21လူ အပေါင်း တို့သည် ယောရှု ရှိရာ မက္ကဒါ တပ် သို့ ငြိမ်ဝပ် စွာ ပြန် လာကြ၏။ ဣသရေလ လူ တစုံတယောက်ကို အဘယ်သူ မျှအပြစ် မတင်ရ။
21その後、民は皆、マケダの宿営にいるヨシュアのもとへ無事に帰った。イスラエルの人々に一言でも逆らう者はいなかった。
22ယောရှု ကလည်း၊ လိုင်ခေါင်း ကို ဖွင့် ပြီးလျှင် ၊ ထို မင်းကြီး ငါး ပါးတို့ကို လိုင်ခေါင်း ထဲက ထုတ်၍ ငါ့ ထံ သို့ဆောင် ခဲ့ကြဟု မှာ လိုက်သည်အတိုင်း၊
22その時ヨシュアは言った。「洞穴の口を開け、あの五人の王たちを洞穴から私のところに引き出しなさい。」
23သူတို့သည် ပြု ၍ ၊ ယေရုရှလင် မင်းကြီး ၊ ဟေဗြုန် မင်းကြီး ၊ ယာမုတ် မင်းကြီး ၊ လာခိရှ မင်းကြီး ၊ ဧဂလုန် မင်းကြီး ငါး ပါးတို့ကို လိုင်ခေါင်း ထဲက ဆောင် ခဲ့၍၊
23彼らはそのように行い、エルサレムの王、ヘブロンの王、ヤルムトの王、ラキシュの王、エグロンの王というあの五人の王たちを、洞穴から彼のところに引き出した。
24ယောရှု ထံ သို့ ရောက်ပြီးမှ၊ ယောရှုသည် မိမိ နှင့်အတူ စစ်ချီ သော ဗိုလ်မင်းတို့နှင့် ဣသရေလ လူ အပေါင်း တို့ကို ခေါ် လျှင် ၊ ချဉ်း လာကြ။ ဤ မင်းကြီး တို့၏ လည်ကုပ် အပေါ် ၌ ခြေ ကို တင် ကြဟု ဗိုလ်မင်း တို့အား ဆို သည် အတိုင်း ၊ သူတို့သည် ချဉ်း လာ၍ ထိုမင်းကြီး တို့၏ လည်ကုပ် အပေါ် ၌ ခြေ ကို တင် ကြ၏။
24彼らがこれらの王たちをヨシュアのところに引き出したとき、ヨシュアはイスラエルのすべての男たちを呼び寄せ、彼と一緒に行った戦士たちの指揮官たちに言った。「近づいて、この王たちの首の上に足を置きなさい。」 彼らは近づき、その首の上に足を置いた。
25ယောရှု ကလည်း သင် တို့တိုက် ရသောရန်သူ အပေါင်း တို့ကို ထာဝရဘုရား သည် ဤ ကဲ့သို့ပြု တော်မူမည် ဖြစ်၍ မ ကြောက် ကြနှင့်၊ စိတ် မ ပျက်ကြနှင့်။ အားယူ ၍ ရဲရင့် ခြင်းရှိကြလော့ဟု ဆို ပြီးမှ၊
25ヨシュアは彼らに言った。「恐れてはならない。おののいてはならない。強く、また雄々しくありなさい。主はあなたがたが戦うすべての敵に、このようになされるからである。」
26ထို မင်းကြီးတို့ကို ထားနှင့်ကွပ်မျက် ၍ သစ်ပင် ငါး ပင်တို့၌ ဆွဲ ထားလေ၏။ ညဦး တိုင်အောင် သစ်ပင် ၌ ဆွဲ ထားပြီးမှ၊
26その後、ヨシュアは彼らを打って殺し、五本の木に掛けた。彼らは夕方まで木に掛けられていた。
27နေဝင် ချိန် ရောက် သောအခါ ၊ ယောရှု စီရင် သည် အတိုင်း သစ်ပင် မှ ချ ပြီးလျှင် ၊ သူတို့ပုန်း လျက်နေရာ လိုင်ခေါင်း ၌ ပစ် ထား၍ ၊ လိုင်ခေါင်းဝ ပေါ် မှာ ကြီးစွာ သော ကျောက် တို့ကို စုပုံ ကြ၏။ ထိုကျောက်ပုံသည် ယနေ့ တိုင်အောင် ရှိ၏။
27日が沈むころ、ヨシュアの命令によって、五人の王は木から下ろされ、隠れていた洞穴に投げ込まれた。その入口には大きな石が置かれ、今日まで残っている。
28ထို နေ့ ၌ ယောရှု သည် မက္ကဒါ မြို့ကို တိုက် ယူ၍ မြို့နှင့် မင်းကြီး ကို ထား နှင့် လုပ်ကြံ ပြီးလျှင် ၊ မင်းကြီးနှင့်တကွ မြို့သားအပေါင်း တို့ကို တယောက်မျှ မ ကျန် ကြွင်းရ ဘဲ ရှင်းရှင်းဖျက်ဆီး လေ၏။ ယေရိခေါ မင်းကြီး ကို ပြု သကဲ့သို့ မက္ကဒါ မင်းကြီး ကို ပြု သတည်း။
28その日、ヨシュアはマケダを占領し、剣の刃で町とその王を打ち、その中のすべての人を聖絶した。一人も残さず、エリコの王にしたように、マケダの王にも行った。
29ထိုနောက် ယောရှု သည် ဣသရေလ လူအပေါင်း တို့နှင့်တကွ ၊ မက္ကဒါ မြို့မှ လိဗန မြို့သို့ချီ သွား၍ တိုက် သဖြင့်၊
29ヨシュアは全イスラエルとともにマケダからリブナへ進み、リブナと戦った。
30ထာဝရဘုရား သည် ထိုမြို့ နှင့် မင်းကြီး ကို ဣသရေလ လူတို့လက် ၌ အပ် တော်မူ၍ ၊ မြို့နှင့် မြို့ သား အပေါင်း တို့ကို တယောက်မျှမ ကျန် ကြွင်းရဘဲ ထား နှင့် လုပ်ကြံ ၍ ၊ ယေရိခေါ မင်းကြီး ကို ပြု သကဲ့သို့ ထိုမင်းကြီး ကို ပြု ကြ၏။
30主はリブナとその王をもイスラエルの手に渡された。ヨシュアは剣の刃で町とその中のすべての人を打ち、一人も残さなかった。エリコの王にしたように、その王にも行った。
31ယောရှု သည် ဣသရေလ လူအပေါင်း တို့နှင့်တကွ ၊ လိဗန မြို့မှ လာခိရှ မြို့သို့ ချီ သွား၍ တပ်ချ လျက် တိုက် ကြ၏။
31ヨシュアは全イスラエルとともにリブナからラキシュへ進み、それに対して宿営し、それと戦った。
32ထာဝရဘုရား သည် ထို မြို့ကို ဣသရေလ လူတို့ လက် ၌ အပ် တော်မူသဖြင့် ၊ ဒုတိယ နေ့ ၌ ရ ၍ လိဗန မြို့ကို ပြု သကဲ့သို့ ထိုမြို့နှင့် မြို့သူ မြို့သားအပေါင်း တို့ကို ထား နှင့် လုပ်ကြံ ကြ၏။
32主はラキシュをイスラエルの手に渡された。ヨシュアは二日目に町を占領し、リブナにしたのと同じように、町とその中のすべての人を剣の刃で打った。
33ထိုအခါ ဂေဇာ မင်းကြီး ဟောရံ သည်၊ လာခိရှ မြို့ ကို ကူညီ မည်ဟု လာ သောကြောင့်၊ ယောရှု သည် ထို မင်းကြီး နှင့် သူ ၏လူ အပေါင်းတို့ကို တယောက်မျှမ ကျန် ကြွင်း ရဘဲ ရှင်းရှင်းလုပ်ကြံ လေ၏။
33その時、ゲゼルの王ホラムがラキシュを助けるために上って来たが、ヨシュアは彼とその民を打ち、一人も生き残らせなかった。
34တဖန် ယောရှု သည် ဣသရေလ လူအပေါင်း တို့ နှင့်တကွ ၊ လာခိရှ မြို့မှ ဧဂလုန် မြို့သို့ ချီ သွား၍ တပ်ချ လျက် တိုက် ကြ၏။
34ヨシュアは全イスラエルとともにラキシュからエグロンへ進んだ。彼らはそれに対して宿営し、それと戦った。
35ထိုနေ့ ခြင်းတွင် ရ ၍ လာခိရှ မြို့ကို ပြု သကဲ့သို့ ၊ ထိုမြို့ နှင့် မြို့သူ မြို့သားအပေါင်း တို့ကို ထား နှင့် လုပ်ကြံ ၍ တနေ့ ခြင်းတွင် ရှင်းရှင်းဖျက်ဆီးကြ၏။
35彼らはその日のうちに町を占領し、剣の刃で打った。ヨシュアはラキシュにしたのと同じように、その中のすべての人を聖絶した。
36တဖန် ယောရှု သည် ဣသရေလ လူအပေါင်း တို့ နှင့်တကွ ၊ ဧဂလုန် မြို့မှ ဟေဗြုန် မြို့သို့ ချီ သွား၍ တိုက် ကြ ၏။
36ヨシュアは全イスラエルとともにエグロンからヘブロンへ上って行き、それと戦った。
37ရ သောအခါ ၊ ဧဂလုန် မြို့ကို ပြု သကဲ့သို့ ထိုမြို့ နှင့် မင်းကြီး ကို၎င်း၊ ထိုမြို့ နှင့်ဆိုင်သော မြို့ ရှိသမျှ တို့ကို၎င်း၊ မြို့သူ မြို့သားအပေါင်း တို့ကို၎င်း၊ တယောက်မျှ မ ကျန် ကြွင်းရဘဲ ထား နှင့် လုပ်ကြံ ၍ မြို့နှင့်မြို့သားအပေါင်းတို့ ကို ရှင်းရှင်းဖျက်ဆီး ကြ၏။
37彼らは町を占領し、町とその王、周囲のすべての町、その中のすべての人を剣の刃で打った。エグロンにしたのと同じように、一人も残さず、町とその中のすべての人を聖絶した。
38တဖန် ယောရှု သည် ဣသရေလ လူအပေါင်း တို့ နှင့်တကွ ၊ ဒေဗိရ မြို့သို့ ပြန် လာ၍ တိုက် ကြ၏။
38ヨシュアは全イスラエルとともにデビルへ引き返し、それと戦った。
39ထိုမြို့ နှင့် မင်းကြီး ကို၎င်း၊ ထိုမြို့နှင့်ဆိုင်သော မြို့ ရှိသမျှ တို့ကို၎င်းရ ၍ ၊ ထား နှင့် လုပ်ကြံ သဖြင့် မြို့သား အပေါင်း တို့ကို တယောက်မျှမ ကျန် ကြွင်းရဘဲ ရှင်းရှင်းဖျက်ဆီး လေ၏။ ဟေဗြုန် မြို့၊ လိဗန မြို့နှင့် မင်းကြီး ကို ပြု သကဲ့သို့ ဒေဗိရ မြို့နှင့် မင်းကြီး ကို ပြု သတည်း။
39ヨシュアは町とその王、周囲のすべての町を占領した。彼らは剣の刃で打ち、その中のすべての人を聖絶して、一人も残さなかった。ヘブロン、リブナとその王にしたように、デビルとその王にも行った。
40ထိုသို့ ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား မှာ ထားတော်မူသည်အတိုင်း ၊ ယောရှု သည် တောင် ပေါ်အရပ် ၊ တောင် မျက်နှာအရပ်၊ ချိုင့် ထဲအရပ်၊ စမ်းရေတွင်း အရပ်ရှိသမျှ တို့နှင့်တကွ ၊ မင်းကြီး အပေါင်း တို့ကို လုပ်ကြံ ၍၊ အသက် ရှင်သောသူတယောက်မျှ မ ကျန် ကြွင်း ရဘဲ ရှင်းရှင်းဖျက်ဆီး လေ၏။
40こうしてヨシュアは、山地、ネゲブ、低地、山腹の全土と、その王たちを打った。一人も残さず、イスラエルの神、主が命じられたとおり、息のあるものをすべて聖絶した。
41ကာဒေရှဗာနာ မြို့မှစ၍ ဂါဇ မြို့တိုင်အောင် ၎င်း၊ ဂေါရှင် ပြည် တရှောက်လုံး နှင့်တကွ ၊ ဂိဗောင် မြို့တိုင်အောင် ၎င်း လုပ်ကြံ ၍၊
41ヨシュアはカデシュ・バルネアからガザに至るまで、またゴシェンの全地方をギベオンに至るまで打った。
42ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား သည်၊ ဣသရေလ အမျိုးဘက်မှာ စစ်တိုက် တော်မူသောကြောင့် ၊ ထို ပြည် များနှင့်တကွ မင်းကြီး အပေါင်း တို့ကို တခါတည်း အောင် လေ၏။
42イスラエルの神、主がイスラエルのために戦われたので、ヨシュアはこれらすべての王たちとその地を一度に占領した。
43ထိုနောက် ယောရှု သည်၊ ဣသရေလ လူအပေါင်း တို့နှင့်တကွ ဂိလဂါလ တပ် သို့ ပြန် သွား၏။
43ヨシュアは全イスラエルとともに、ギルガルの宿営に帰った。

Tip: use the ← and → keys to turn chapters.