ယောလ

Old Testament

Chapter 2

ယောလ

Judson Burmese Bible (18…
vs Clementine Vulgate…
Aa
Text size
Line width
Verse numbers

ယောလ 2

Judson Burmese Bible (1840)
Clementine Vulgate, 1598
1ဇိအုန် တောင်ပေါ် မှာ တံပိုး ကို မှုတ် ကြလော့။ သန့်ရှင်း သော ငါ့ တောင် ပေါ် မှာ သတိပေးသော အသံ ကို ပြုကြလော့။ ပြည်သူ ပြည်သားအပေါင်း တို့သည် တုန်လှုပ် ကြစေ။ အကြောင်း မူကား၊ ထာဝရဘုရား ၏ နေ့ ရက်သည် လာ ၍ နီး ပြီ။
1[Canite tuba in Sion, ululate in monte sancto meo, conturbentur omnes habitatores terræ: quia venit dies Domini, quia prope est.
2မိုက်မဲ သောနေ့ ၊ မိုဃ်း အုံ့၍ မှောင်မိုက် ထူထပ် သောနေ့ ဖြစ်၏။ နေအာရုန် သည် တောင် ထိပ်တို့ကို နှံ့ပြား သကဲ့သို့ ၊ အများ ဖြစ်၍အားကြီး သော အမျိုး သည် လာ၏။ ရှေး ကာလ ၌ ထိုသို့ မ ဖြစ် စဖူး။ နောင် ကာလ အစဉ်အဆက်၌လည်း မ ဖြစ် ရ လတံ့။
2Dies tenebrarum et caliginis, dies nubis et turbinis; quasi mane expansum super montes populus multus et fortis: similis ei non fuit a principio, et post eum non erit usque in annos generationis et generationis.
3သူ တို့ရှေ့ မှာ မီး လောင် ၏။ နောက် ၌လည်း မီးလျှံ တောက် ၏။ ရှေ့ တွင်ရှိသောပြည် သည် ဧဒင် ဥယျာဉ် ကဲ့သို့ ဖြစ်၏။ နောက် ၌ကား၊ သုတ်သင် ပယ်ရှင်းသော လွင်ပြင် ဖြစ်၏။ အကယ် စင်စစ်သူ တို့လက်မှ အဘယ်အရာမျှ မ လွတ် ရ။
3Ante faciem ejus ignis vorans, et post eum exurens flamma. Quasi hortus voluptatis terra coram eo, et post eum solitudo deserti, neque est qui effugiat eum.
4သူ တို့သည် အဆင်း အားဖြင့်မြင်း နှင့်တူ ၍ ၊ မြင်းစီး သူရဲကဲ့သို့ ပြေး ကြလိမ့်မည်။
4Quasi aspectus equorum, aspectus eorum; et quasi equites, sic current.
5ရထား မြည်သံ ကဲ့သို့ ၎င်း ၊ အမှိုက် ကို လောင် သော မီး မြည်သံ ကဲ့သို့ ၎င်း အသံမြည်၍ တောင် ထိပ် တို့အပေါ် မှာ ခုန် ကြလိမ့်မည်။ စစ်တိုက် ခြင်းငှါခင်းကျင်း ၍ အားကြီး သော လူ အလုံးအရင်းကဲ့သို့ ဖြစ်ကြလိမ့်မည်။
5Sicut sonitus quadrigarum super capita montium exilient, sicut sonitus flammæ ignis devorantis stipulam, velut populus fortis præparatus ad prælium.
6သူ တို့ရှေ့ မှာ လူ တို့သည် အလွန်ပင်ပန်း သောစိတ် ရှိ၍၊ ခပ်သိမ်း သောသူတို့ သည် မျက်နှာ မည်း ကြ လိမ့်မည်။
6A facie ejus cruciabuntur populi; omnes vultus redigentur in ollam.
7သူတို့သည် သူရဲ ကဲ့သို့ ပြေး ၍ စစ်သူရဲ ကဲ့သို့ မြို့ရိုး ကို တက် ကြလိမ့်မည်။ လမ်း မ လွှဲ ဘဲ အသီးအသီး မိမိ တို့လမ်း သို့ တည့်တည့်လိုက် ကြလိမ့်မည်။
7Sicut fortes current; quasi viri bellatores ascendent murum: viri in viis suis gradientur, et non declinabunt a semitis suis.
8တဦး ကိုတဦးမ တိုက် ဘဲ မိမိ လမ်း သို့ မိမိလိုက် ကြလိမ့်မည်။ ထားသွား ကို ထိ သော်လည်းရှန ခြင်းကို မ ခံရကြ။
8Unusquisque fratrem suum non coarctabit, singuli in calle suo ambulabunt; sed et per fenestras cadent, et non demolientur.
9မြို့ ထဲမှာတလည်လည် ပြေး လျက်၊ မြို့ရိုး ကို ကျော် လျက်၊ အိမ် ပေါ် သို့ တက် လျက်၊ သူခိုး ကဲ့သို့ ပြတင်းပေါက် ထဲသို့ ဝင် လျက်ရှိကြလိမ့်မည်။
9Urbem ingredientur, in muro current, domos conscendent, per fenestras intrabunt quasi fur.
10သူ တို့ရှေ့ မှာ မြေကြီး လှုပ် လိမ့်မည်။ မိုဃ်း ကောင်းကင် လည်း တုန်ခိုက် လိမ့်မည်။ နေ နှင့် လ သည် မိုက် ၍ ၊ ကြယ် တို့သည် မ ထွန်းလင်းဘဲနေကြလိမ့်မည်။
10A facie ejus contremuit terra, moti sunt cæli, sol et luna obtenebrati sunt, et stellæ retraxerunt splendorem suum.
11ထာဝရဘုရား သည်လည်း မိမိ တပ် တော်ရှေ့ မှာ အသံ ကို လွှင့် တော်မူမည်။ တပ် တော်သည် အလွန် ကြီးမား ၏။ စကား တော်အတိုင်း စီရင် သောသူသည် တန်ခိုး ကြီး တော်မူ၏။ ထာဝရဘုရား ၏နေ့ ရက်သည် ကြီး ၍ အလွန် ကြောက်မက် ဘွယ်သော နေ့ရက်ဖြစ်၏။ အဘယ်သူ ခံနိုင် သနည်း။
11Et Dominus dedit vocem suam ante faciem exercitus sui, quia multa sunt nimis castra ejus, quia fortia et facientia verbum ejus: magnus enim dies Domini, et terribilis valde, et quis sustinebit eum?
12သို့ဖြစ်၍ ၊ ထာဝရဘုရား မိန့် တော်မူသည်ကား၊ ယခု တွင် အစာရှောင် ခြင်း၊ ငိုကြွေး မြည်တမ်း ခြင်းနှင့်တကွ စိတ် နှလုံး အကြွင်းမဲ့ ငါ့ ထံ သို့ပြန် လာကြလော့။
12Nunc ergo, dicit Dominus, convertimini ad me in toto corde vestro, in jejunio, et in fletu, et in planctu.
13အဝတ် ကို မ ဆုတ်ဘဲ နှလုံး ကို ဆုတ် လျက် ၊ သင် တို့၏ ဘုရား သခင်ထာဝရဘုရား ထံ တော်သို့ ပြန် လာကြလော့။ ချစ် သနားခြင်းမေတ္တာ ကရုဏာနှင့် ပြည့်စုံ၍ စိတ်ရှည် သော သဘော၊ အလွန် ကျေးဇူး ပြုချင်သော သဘော၊ အပြစ် ပေး ခြင်းကို နောင်တရ တတ်သော သဘောရှိတော်မူ၏။
13Et scindite corda vestra, et non vestimenta vestra; et convertimini ad Dominum Deum vestrum, quia benignus et misericors est, patiens et multæ misericordiæ, et præstabilis super malitia.
14သင်တို့သည် သင် တို့၏ ဘုရား သခင်ထာဝရဘုရား အား ဘောဇဉ် ပူဇော်သက္ကာနှင့် သွန်းလောင်း ရာ ပူဇော်သက္ကာကို ဆက်ကပ်ရန် ဖြစ်စေခြင်းငှါ၊ ဘုရားသခင် သည် တဖန် ပြန်လာ၍ နောင်တရ ပြီးလျှင် ၊ ကောင်းကြီး မင်္ဂလာကို ထား ရစ်စေတော်မူမည်မမူမည်ကို အဘယ်သူ သိ နိုင် သနည်း။
14Quis scit si convertatur, et ignoscat, et relinquat post se benedictionem, sacrificium et libamen Domino Deo vestro?
15ဇိအုန် တောင်ပေါ် မှာ တံပိုး ကို မှုတ် ကြလော့။ အစာရှောင် ရသောအချိန်ကို ခန့် ထား၍ ခြိုးခြံ စွာကျင့် ရသောအချိန်ကို ကြော်ငြာ ကြလော့။
15Canite tuba in Sion, sanctificate jejunium, vocate cœtum:
16လူ များတို့ကို ခေါ် ၍ စုဝေးသော ပရိသတ် တို့ကို သန့်ရှင်း စေကြလော့။ အသက်ကြီး သောသူတို့ ကို၎င်း၊ ငယ် သောသူနှင့်နို့စို့ သောသူတို့ ကို၎င်းစုဝေး စေကြလော့။ မင်္ဂလာဆောင် လုလင်သည် မိမိ အခန်း ထဲက ၎င်း ၊ မင်္ဂလာဆောင် သတို့သမီးသည် မိမိ ကွယ်၍နေသော ကုလားကာ တွင်းက ၎င်း ထွက် စေ။
16congregate populum, sanctificate ecclesiam, coadunate senes, congregate parvulos, et sugentes ubera; egrediatur sponsus de cubili suo, et sponsa de thalamo suo.
17ထာဝရဘုရား ၏ အမှု တော်စောင့်၊ ယဇ် ပုရောဟိတ်တို့သည် အိမ်တော်ဦး နှင့် ယဇ် ပလ္လင်စပ်ကြား မှာ ငိုကြွေး လျက် ၊ အိုထာဝရဘုရား ၊ ကိုယ်တော် ၏လူ များကို သနား တော်မူပါ။ တပါးအမျိုးသားတို့သည် အစိုးရ၍ အမွေ တော်လူတို့ကို ကဲ့ရဲ့ စေခြင်းငှါ အပ်နှံ တော်မ မူပါ နှင့်။ သူ တို့ ဘုရား သခင်ကား၊ အဘယ်မှာ ရှိသနည်းဟု တပါးအမျိုးသားတို့သည် အဘယ်ကြောင့် ဆို ရကြပါ သနည်းဟု လျှောက် ကြစေ။
17Inter vestibulum et altare plorabunt sacerdotes, ministri Domini, et dicent: Parce, Domine, parce populo tuo; et ne des hæreditatem tuam in opprobrium, ut dominentur eis nationes. Quare dicunt in populis: Ubi est Deus eorum?]
18သို့ပြုလျှင်၊ ထာဝရဘုရား သည် ပြည် တော်ကို မစချင်သောစိတ် အားကြီး၍ မိမိ လူ တို့ကို ကယ်မ သနား တော်မူလိမ့်မည်။
18[Zelatus est Dominus terram suam, et pepercit populo suo.
19အကယ်စင်စစ်ထာဝရဘုရား သည် ထူး တော်မူလျက် ၊ ငါ သည် ဆန် စပါး၊ စပျစ်ရည် ၊ ဆီ ကို ပေး လိုက်၍ သင်တို့သည် ဝ ကြလိမ့်မည်။ နောက် တဖန် တပါးအမျိုးသား ကဲ့ရဲ့ ရာဖြစ်စေခြင်းငှါ ငါမ ပြု ။
19Et respondit Dominus, et dixit populo suo: Ecce ego mittam vobis frumentum, et vinum, et oleum, et replebimini eis; et non dabo vos ultra opprobrium in gentibus.
20မြောက် မျက်နှာတပ်သားတို့ကို သင် တို့နေရာ မှ ငါပယ် ရှားမည်။ အဘယ်သူ မျှမရှိ၊ သွေ့ခြောက် သော အရပ် သို့ နှင် ထုတ်မည်။ အရှေ့ ပင်လယ် ကို မျက်နှာ ပြု လျက် ၊ အနောက် ပင်လယ် ကို ကျောခိုင်း လျက် ချီ သွားလိမ့်မည် ။ ပုပ်စပ်နံစော်သော အနံ့ ထွက် လိမ့်မည်။ ထာဝရဘုရား သည် ကြီး သော အမှုတို့ကို ပြု တော်မူမည်ဟု မိန့် တော်မူလိမ့်မည်။
20Et eum qui ab aquilone est procul faciam a vobis, et expellam eum in terram inviam et desertam: faciem ejus contra mare orientale, et extremum ejus ad mare novissimum: et ascendet fœtor ejus, et ascendet putredo ejus, quia superbe egit.
21အိုပြည် တော်၊ မ စိုးရိမ် နှင့်။ ဝမ်းမြောက် ရွှင်လန်းခြင်းရှိလော့။ ထာဝရဘုရား သည် ကြီး သောအမှုတို့ကို ပြု တော်မူမည်။
21Noli timere, terra: exsulta, et lætare, quoniam magnificavit Dominus ut faceret.
22အိုတော သားရဲ တို့၊ မ စိုးရိမ် ကြနှင့်။ တော မြက်ပင် ပေါက် လျက်၊ သစ်ပင် တို့သည် အသီး ကို သီး လျက်၊ သင်္ဘော သဖန်းပင်နှင့် စပျစ် နွယ်ပင်တို့လည်း အား ထုတ် လျက်ရှိကြ၏။
22Nolite timere, animalia regionis, quia germinaverunt speciosa deserti; quia lignum attulit fructum suum, ficus et vinea dederunt virtutem suam.
23အိုဇိအုန် မြို့သား တို့၊ ဝမ်းမြောက် ၍ သင် တို့၏ ဘုရား သခင်ထာဝရဘုရား ကို အမှီပြုလျက် ရွှင်လန်း ကြလော့။ အကြောင်း မူကား၊ ဓမ္မ ဆရာကို ပေး တော်မူ၍ အစ အဦး၌ လည်း အရင် မိုဃ်းနှင့် နောက်မိုဃ်း ကို သင် တို့အပေါ် မှာ ရွာ စေတော်မူမည်။
23Et, filii Sion, exsultate, et lætamini in Domino Deo vestro, quia dedit vobis doctorem justitiæ, et descendere faciet ad vos imbrem matutinum et serotinum, sicut in principio.
24ကောက်နယ် တလင်းတို့သည် စပါး နှင့် ပြည့် ၍ ၊ အသီး နယ်ရာ ကျင်းတို့၌လည်း စပျစ်ရည် နှင့် ဆီ လျှံ ကြ လိမ့်မည်။
24Et implebuntur areæ frumento, et redundabunt torcularia vino et oleo.
25အရာဘကျိုင်း ၊ ယာလက်ကျိုင်း ၊ ခါသိလကျိုင်း ၊ ဂါဇံ ကျိုင်းတည်းဟူသောငါစေလွှတ် သော ငါ ၏ မဟာ ဗိုလ်ခြေတို့ ကိုက်စား သော နှစ် ပေါင်းကာလကို ငါပြန် ပေး မည်။
25Et reddam vobis annos, quos comedit locusta, bruchus, et rubigo, et eruca: fortitudo mea magna quam misi in vos.
26သင် တို့သည် ဝ စွာ စား ရကြလိမ့်မည်။ အံ့ဩ ဘွယ်သောအမှုတို့ကို သင် တို့၌ ပြု သော သင် တို့၏ဘုရား သခင် ထာဝရဘုရား ၏နာမတော် ကို ချီးမွမ်း ကြလိမ့်မည်။ နောက် တဖန် ငါ ၏လူ တို့သည်လည်း ရှက် ကြောက်ခြင်းမ ရှိရကြ။
26Et comedetis vescentes, et saturabimini; et laudabitis nomen Domini Dei vestri, qui fecit mirabilia vobiscum; et non confundetur populus meus in sempiternum.
27ငါ သည် ဣသရေလ အမျိုး၏အလယ် ၌ ရှိ ကြောင်း ကို၎င်း ၊ အခြား သော ဘုရားမ ရှိ၊ ငါ ထာဝရဘုရား သည် သင် တို့၏ဘုရား သခင်ဖြစ်ကြောင်း ကို၎င်းသင်တို့သိ ရကြလိမ့်မည်။ နောက် တဖန်ငါ ၏လူ တို့သည် ရှက်ကြောက် ခြင်းမ ရှိရကြ။
27Et scietis quia in medio Israël ego sum, et ego Dominus Deus vester, et non est amplius; et non confundetur populus meus in æternum.]
28ထိုနောက်မှ လူမျိုး တကာ တို့ အပေါ် သို့ ငါ ၏ ဝိညာဉ် တော်ကို ငါသွန်းလောင်း မည်။ သင် တို့၏ သား သမီး တို့သည် ပရောဖက် ဉာဏ်နှင့် ဟောပြောရကြ လိမ့်မည်။ အသက်ကြီး သောသူတို့သည် နိမိတ်အိပ်မက် တို့ကို မြင်မက် ရကြလိမ့်မည်။ အသက် ငယ်သောသူတို့ သည်လည်း ဗျာဒိတ် ရူပါရုံတို့ကို မြင် ရကြလိမ့်မည်။
28[Et erit post hæc: effundam spiritum meum super omnem carnem, et prophetabunt filii vestri et filiæ vestræ: senes vestri somnia somniabunt, et juvenes vestri visiones videbunt.
29ငါ၏အမှု ကို ဆောင်ရွက်သော ယောက်ျားမိန်းမ တို့အပေါ် သို့ ငါ ၏ဝိညာဉ် တော်ကို ငါသွန်းလောင်း ၍၊ သူတို့သည် ပရောဖက်ဉာဏ်နှင့် ဟောပြောရကြလိမ့်မည်။
29Sed et super servos meos et ancillas in diebus illis effundam spiritum meum.
30မိုဃ်းကောင်းကင် ၌ ၎င်း ၊ မြေကြီး ပေါ်၌ ၎င်း ၊ အံ့ဘွယ် သောအရာတည်းဟူသောသွေး ၊ မီးလျှံ ၊ မီးခိုး တိုင် တို့ကို ငါပြ မည်။
30Et dabo prodigia in cælo et in terra, sanguinem, et ignem, et vaporem fumi.
31ထာဝရ ဘုရား၏ ကြောက်မက် ဘွယ်သောနေ့ ကြီး မတိုင်မှီ၊ နေ သည်မှောင်မိုက် အတိ ဖြစ် လိမ့်မည်။ လ သည်လည်း သွေး ဖြစ် လိမ့်မည်။
31Sol convertetur in tenebras, et luna in sanguinem, antequam veniat dies Domini magnus et horribilis.
32ထိုအခါ ထာဝရဘုရား ကို ပဌနာ ပြု သောသူ ရှိသမျှ တို့သည် ကယ်တင် တော်မူခြင်းသို့ ရောက်ရကြ လတံ့။ အကြောင်း မူကား၊ ထာဝရဘုရား မိန့် တော်မူသည် အတိုင်း ဇိအုန် တောင် ၊ ယေရုရှလင် မြို့၌ ၊ ထာဝရဘုရား ခေါ် တော်မူသောသူ အကျန် အကြွင်းတို့အဘို့ ကယ်တင် ခြင်းအခွင့် ရှိ ရလတံ့။
32Et erit: omnis qui invocaverit nomen Domini, salvus erit: quia in monte Sion et in Jerusalem erit salvatio, sicut dixit Dominus, et in residuis quos Dominus vocaverit.]

Tip: use the ← and → keys to turn chapters.