ယောဘဝတ္တု။ 38
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Londona Biblio (Esperanto, 1910)
1ထိုအခါ ထာဝရဘုရား သည် ယောဘ စကားကို လှန်ပြန်၍၊ မိုဃ်းသက်မုန်တိုင်း ထဲက မိန့် တော်မူသည် ကား ၊
1La Eternulo el ventego ekparolis al Ijob, kaj diris:
2ပညာ မ ရှိဘဲစကား ပြောကာမျှနှင့် ငါ့အကြံ ကို မိုက် စေသော ဤ သူကား အဘယ်သူ နည်း။
2Kiu estas tiu, kiu mallumigas la plej altan decidon Per vortoj sensencaj?
3လူ ယောက်ျားကဲ့သို့ သင့် ခါး ကို စီး လော့။ ငါမေးမြန်း သော ပြဿနာတို့ကို ဖြေ လော့။
3Zonu kiel viro viajn lumbojn; Mi vin demandos, kaj vi sciigu al Mi.
4မြေကြီး အမြစ်ကို ငါ တည် သောအခါ ၊ သင်သည် အဘယ်မှာ ရှိ သနည်း။ နားလည် လျှင် ဘော်ပြ လော့။
4Kie vi estis, kiam Mi fondis la teron? Diru, se vi havas scion.
5မြေကြီးအတိုင်းအရှည်ပမာဏကို အဘယ်သူ စီရင် သနည်း။ နားလည် လျှင်ပြောလော့။ မျဉ်း ကြိုးကို အဘယ်သူ တန်း၍ချ သနည်း။
5Kiu starigis ĝiajn mezurojn, se vi tion scias? Aŭ kiu etendis super ĝi rektoŝnuron?
6မြေကြီးတိုက်မြစ် ကို အဘယ် အရပ်၌ စွဲ စေ သနည်း။
6Sur kio estas enfortikigitaj ĝiaj bazoj, Aŭ kiu kuŝigis ĝian angulŝtonon,
7နံနက် ကြယ် တို့သည် တညီတညွတ်တည်း သီချင်း ဆို၍ ၊ ဘုရား သခင်သား အပေါင်း တို့သည် ဝမ်းမြောက် သဖြင့်၊ ကြွေးကြော် ကြစဉ် ၊ တိုက်ထောင့် အထွဋ် ကျောက် ကို အဘယ်သူ တင်ထားသနည်း။
7Dum komuna glorkantado de la matenaj steloj Kaj ĝojkriado de ĉiuj filoj de Dio?
8သမုဒ္ဒရာ သည်အမိဝမ်း ထဲက ဘွား၍ ထွက် လာ သောအခါ ၊ အဘယ်သူသည် တံခါး ပိတ်နှင့် ပိတ် ထား သနည်း။
8Kiu fermis la maron per pordoj, Kiam ĝi elpuŝiĝis kvazaŭ el la ventro de patrino;
9သမုဒ္ဒရာကို မိုဃ်းတိမ် နှင့် ငါခြုံ ၍ ထူထပ် သော မှောင်မိုက်နှင့် ထုပ် ရစ်သည်ကာလ၌ ၎င်း၊
9Kiam Mi faris la nubon ĝia vesto Kaj mallumon ĝiaj vindaĵoj,
10သင်သည်ဤ အရပ်တိုင်အောင် လာ ရ၏။
10Kaj starigis al ĝi limon Kaj faris riglilojn kaj pordojn,
11တိုး ၍မ လွန်ရ၊ ဤ အရပ်၌သင် ၏ ထောင်လွှား သောလှိုင်း တံပိုးဆုံးရ၏ဟု ပညတ်လျက်၊ သမုဒ္ဒရာအပိုင်း အခြားကို ငါစီရင် ၍၊ တံခါး ပိတ်နှင့် ကန့်လန့်ကျင် တို့ကို ထား သည်ကာလ၌၎င်း၊ အဘယ်သူသည် ဝိုင်း၍ ကူညီသနည်း။
11Kaj diris: Ĝis ĉi tie aliru, sed ne plu, Kaj ĉi tie rompiĝados viaj majestaj ondoj?
12သင် သည်တသက်လုံး တွင် တခါမျှ နံနက် ကို မှာထား ဘူးသလော။ မိုဃ်းသောက် လင်းကို နေရာ ချဘူး သလော။
12Ĉu vi en via vivo iam ordonis al la mateno, Montris al la matenruĝo ĝian lokon,
13နံနက်အလင်းသည် မြေကြီး စွန်း ကို ကိုင် လျက်၊ လူဆိုး တို့ကိုခါ ၍ ပစ်စေခြင်းငှါ စီရင်ဘူးသလော။
13Ke ĝi kaptu la randojn de la tero, Kaj ke la malpiuloj deskuiĝu el ĝi;
14မြေကြီး သည် တံဆိပ် ခတ်သကဲ့သို့ ပုံ ပေါ်၍ အဝတ် တန်ဆာဆင်သကဲ့သို့ ရှိ ၏။
14Ke ilia internaĵo renversiĝu kiel koto, Kaj ke ili tute konfuziĝu;
15လူဆိုး တို့၏ အလင်း သည်ကွယ် ၍ ချီကြွ သော လက် လည်း ကျိုး တတ်၏။
15Ke de la malpiuloj forpreniĝu ilia lumo, Kaj ilia malhumila brako estu rompita?
16သင်သည်သမုဒ္ဒရာ စမ်းရေပေါက်ထဲ သို့ ဝင် ဘူးသလော။ နက်နဲ သော အောက်ဆုံးအရပ်၌ လှည့်လည် ဘူး သလော။
16Ĉu vi venis ĝis la fontoj de la maro? Kaj ĉu vi iradis sur la fundo de la abismo?
17သေ ခြင်းတံခါး တို့ကို သင့် အား ဖွင့် ဘူးသလော။ သေမင်း အရိပ်ထဲသို့ဝင်သော လမ်းဝ တို့ကို မြင် ဘူး သလော။
17Ĉu malfermiĝis antaŭ vi la pordego de la morto? Kaj ĉu vi vidis la pordegon de la mallumego?
18မြေကြီး မျက်နှာတပြင်လုံး ကို ကြည့်ရှု ဘူး သလော။ အလုံးစုံ ကို သိမြင် လျှင် ဘော်ပြ လော့။
18Ĉu vi pririgardis la larĝon de la tero? Diru, ĉu vi scias ĉion ĉi tion?
19အလင်း နေရာ သို့ အဘယ် မည်သော လမ်း ဖြင့် ရောက်ရသနည်း။ မှောင်မိုက် နေရာ လည်း အဘယ်မှာ ရှိသနည်း။
19Kie estas la vojo al la loĝejo de la lumo, Kaj kie estas la loko de la mallumo,
20အကယ် စင်စစ်သင်သည် အလင်းအမိုက်အပိုင်း အခြားသို့ ငါတို့ ကိုပို့ဆောင် နိုင်၏။ သူ တို့နေရာအိမ် သို့ ရောက်သောလမ်း တို့ကို သိ လိမ့်မည်။
20Ke vi konduku ĝin al ĝia limo, Kaj ke vi rimarku la vojetojn al ĝia domo?
21သင်သည်ရှေးကာလ၌ ဘွားမြင် ၍ အလွန် အသက် ကြီးသောကြောင့် သိ လိမ့်မည်။
21Ĉu vi sciis, kiam vi naskiĝos Kaj kiel granda estos la nombro de viaj tagoj?
22သင်သည် မိုဃ်းပွင့် ဘဏ္ဍာတိုက် ထဲ သို့ ဝင် ဘူး သလော ။
22Ĉu vi venis al la devenejo de la neĝo, Kaj ĉu vi vidis la devenejon de la hajlo,
23ဘေး ရောက်ရာအချိန် ကာလနှင့် စစ် ပြိုင်၍ တိုက် ရာအချိန် ကာလဘို့ ၊ ငါသိုထား သော မိုဃ်းသီး ဘဏ္ဍာ များကို မြင် ဘူးသလော။
23Kiujn Mi konservas por la tempo de suferado, Por la tago de batalo kaj milito?
24အလင်း သည် အဘယ်သို့ သောလမ်း ဖြင့် နှံ့ပြား သနည်း။ အရှေ့ လေသည်မြေကြီး ပေါ် မှာ အဘယ်ကြောင့်လွင့် သနည်း။
24Kie estas la vojo, laŭ kiu dividiĝas la lumo, Diskuras la orienta vento super la teron?
25လူ မ ရှိသောမြေ နှင့် လူမ နေသောတော ၌ မိုဃ်းရွာ စေ ခြင်းငှါ၎င်း၊
25Kiu destinis direkton por la fluo Kaj vojon por la tondra fulmo,
26လွတ်လပ် သောလွင်ပြင် ကို ရေနှင့်ဝ စေ၍ ၊ နုသောမြက်ပင် အညှောက် ကို ထွက် စေ ခြင်းငှါ၎င်း၊
26Por doni pluvon sur teron, kie neniu troviĝas, Sur dezerton senhoman,
27လျှံ သောမိုဃ်းရေစီး ရာလမ်း၊ မိုဃ်းကြိုး နှင့် ဆိုင်သော လျှပ်စစ် ပြက်ရာလမ်း ကို အဘယ်သူ ဖွင့် သနည်း။
27Por nutri dezerton kaj stepon Kaj kreskigi verdan herbon?
28မိုဃ်းရေ ၏အဘ ကား အဘယ်သူနည်း။ နှင်း ပေါက် တို့ကို အဘယ်သူ ဖြစ်ဘွားစေသနည်း။
28Ĉu la pluvo havas patron? Aŭ kiu naskigis la gutojn de roso?
29ရေခဲ သည်အဘယ်သူ ၏ ဝမ်း ထဲက ထွက် လာ သနည်း။ မိုဃ်း ကောင်းကင်နှင်းခဲ ကို အဘယ်သူ သည် ပဋိသန္ဓေ ပေးသနည်း။
29El kies ventro eliris la glacio? Kaj kiu naskis la prujnon sub la ĉielo?
30ရေ သည် ကျောက်ခဲ ကဲ့သို့ ဖြစ်၍ပင်လယ် မျက်နှာ တင်းမာ လျက် ရှိ၏။
30Simile al ŝtono malmoliĝas la akvo, Kaj la supraĵo de la abismo kunfirmiĝas.
31သင်သည် ခိမ ကြယ်စု၏သာယာ စွာ ပြုပြင်ခြင်း ကို ချုပ်တည်း နိုင်သလော။ ကသိလ ကြယ်၏ ချည်နှောင် ခြင်းကို ဖြည် နိုင်သလော။
31Ĉu vi povas ligi la ligilon de la Plejadoj? Aŭ ĉu vi povas malligi la ligon de Oriono?
32မာဇရုတ် ကြယ်တို့ကို အချိန် ရောက်လျှင် ထုတ်ဘော် နိုင်သလော။ အာရှ ကြယ်နှင့်သူ ၏သား တို့ကို ပဲ့ပြင် နိုင်သလော။
32Ĉu vi povas elirigi iliatempe la planedojn, Kaj konduki la Ursinon kun ĝiaj infanoj?
33မိုဃ်း ကောင်းကင်တရား တို့ကို နားလည် သလော။ ထိုတရားတို့သည် မြေကြီး ကို အုပ်စိုး မည် အကြောင်းအခွင့်ပေး နိုင်သလော။
33Ĉu vi konas la leĝojn de la ĉielo? Aŭ ĉu vi povas aranĝi ĝian regadon super la tero?
34များစွာ သော မိုဃ်းရေ သည် သင့် ကို လွှမ်းမိုး စေခြင်းငှါ မိုဃ်းတိမ် တို့ကို အသံ လွှင့် နိုင်သလော။
34Ĉu vi povas levi al la nubo vian voĉon, Ke abundo da akvo vin kovru?
35လျှပ်စစ် တို့ကို လွှတ် နိုင်သလော။ သူတို့က ကျွန်တော် တို့ရှိ ပါ၏ဟု သင့် ကို လျှောက် လျက် သွား ကြ လိမ့်မည်လော။
35Ĉu vi povas sendi fulmojn, Ke ili iru kaj diru al vi: Jen ni estas?
36ကိုယ် ခန္ဓါထဲ သို့ ပညာ ကို အဘယ်သူ သွင်း သနည်း။ နားလည်နိုင်သောဉာဏ် ကို အဘယ်သူ ပေး သနည်း။ ပညာ ရှိ၍ မိုဃ်းတိမ် တို့ကို အဘယ်သူ ရေတွက် နိုင်သနည်း။
36Kiu metis en la internon la saĝon? Kaj kiu donis al la koro la prudenton?
37-
37Kiu estas tiel saĝa, ke li povu kalkuli la nubojn? Kaj kiu elverŝas la felsakojn de la ĉielo,
38မြေမှုန့် သည် လုံးထွေး ၍ မြေစိုင် တို့သည် ကပ် လျက်နေသောအခါ ၊ မိုဃ်း ကောင်းကင်၏ရေဘူး တို့ကို အဘယ်သူ သွန်းချ သနည်း။
38Kiam la polvo kunfandiĝas Kaj la terbuloj kungluiĝas?
39သင်သည်ခြင်္သေ့မ အဘို့ စားစရာ အကောင်ကို လိုက်ရှာ နိုင်သလော။
39Ĉu vi ĉasas kaptaĵon por la leonino, Kaj satigas la leonidojn,
40ခြင်္သေ့ ပျိုတို့သည် ခိုလှုံ ရာ၌ ဝပ် ၍၊ ချုံဖုတ် အောက်၌ ချောင်းကြည့်လျက်နေသောအခါ၊ သူတို့ကို ဝ စွာကျွေးနိုင်သလော။
40Kiam ili kuŝas en la nestegoj, Sidas embuske en la laŭbo?
41ကျီးအ သငယ် တို့သည် စားစရာ မ ရှိသောကြောင့် လှည့်လည် ၍ ဘုရား သခင်ကို အော်ဟစ် သောအခါ ၊ စားစရာ ကိုအဘယ်သူ ပေး သနည်း။
41Kiu pretigas al la korvo ĝian manĝaĵon, Kiam ĝiaj idoj krias al Dio, Vagflugas, ne havante, kion manĝi?
Tip: use the ← and → keys to turn chapters.