ယောဘဝတ္တု။

Old Testament

Chapter 23
Judson Burmese Bible (18…
Compare
Aa
Text size
Line width
Verse numbers

ယောဘဝတ္တု။ 23

1ယောဘ ပြန် ၍ မြွက်ဆိုသည်ကား၊

2ယခုငါ ပြင်းစွာ မြည်တမ်း သော်လည်း၊ ငါ ခံရသောဒဏ် သည် သာ၍ပြင်း ပါ၏။

3ဘုရားသခင်ကိုတွေ့ နိုင်သော အရပ်ကို ငါသိ ပါစေသော။ ပလ္လင် တော်ရှေ့သို့ ရောက် ပါစေသော။

4ရှေ့ တော်သို့ရောက်မှ ငါသည် ကိုယ်အမှု ကိုပြင်ဆင် ၍ ၊ များစွာသောအကျိုး အကြောင်းတို့ကို လျှောက်ထားရ၏။

5ငါ့ အား ပြန်ပြော မိန့်မြွက် တော်မူသောစကား တော်ကို ငါသိ နားလည် ရ၏။

6မဟာ တန်ခိုး တော်အားဖြင့် ငါ နှင့် တရား တွေ့တော်မူမည်လော။ တွေ့တော်မ မူ။ ငါ့စကားကို နားထောင်တော်မူမည်။

7ဖြောင့်မတ် သောသူသည် ရှေ့ တော်၌ဆွေးနွေး သော အခွင့်ရှိ၍ ၊ တရား ရှင်သည် ငါ့အမှုကို အစဉ် ရှင်းလင်း စေတော်မူမည်။

8ယခုမူကား၊ ငါတက် လျှင် ဘုရား သခင်ရှိတော်မ မူ။ ဆုတ် လျှင် ကိုယ်တော် ကို မ ရိပ်မိ၊

9လုပ် တော်မူရာ လက်ဝဲ ဘက်သို့သွားလျှင် ကိုယ်တော်ကို မ ဖူး မတွေ့ရ။ လက်ျာ ဘက်၌ ပုန်းရှောင် လျက် နေတော်မူသောကြောင့် ၊ ကိုယ်တော်ကိုမ မြင် ရ။

10သို့သော်လည်း ငါ သွားသောလမ်း ကို သိ တော်မူ၏။ စစ် တော်မူခြင်းကိုခံ ပြီးမှ၊ ရွှေ ကဲ့သို့ ငါပေါ် လိမ့်မည်။

11ခြေ တော်ရာကို အစဉ်တစိုက် ငါရှောက်သွား၍၊ ကြွတော်မူရာလမ်း ကို မ လွှဲ မရှောင်လိုက်ပါ၏။

12ထားတော်မူသောပညတ် တို့ကို ငါမ ပယ်။ နှုတ် တော်ထွက် စကား တို့ကို ငါ ရင်ခွင်၌ သိုထား ပါ၏။

13သို့ရာတွင် သဘောတညီတည်း ရှိတော်မူသောဘုရား သခင်ကို အဘယ်သူ သည် ပြောင်းလဲ စေနိုင်မည်နည်း။ အလို တော်ရှိသည်အတိုင်း ပြု တော်မူလိမ့်မည်။

14ငါ့ အငန်း အတာကို စီရင် တော်မူ၏။ ထိုသို့ သော အကြံအစည်တော်အများ ရှိကြ၏။

15ထိုကြောင့် ရှေ့ တော်၌ ငါထိတ်လန့် လျက်နေ၍ ဆင်ခြင် သောအခါ ၊ ကိုယ်တော် ကို ကြောက်ရွံ့ ရ၏။

16ဘုရား သခင်သည် ငါ့ စိတ် ပျက် စေခြင်းငှါ၎င်း ၊ အနန္တ တန်ခိုးရှင်သည် ငါ ကြောက်ရွံ့ စေခြင်းငှါ၎င်း ပြုတော်မူ၏။

17အကြောင်း မူကား၊ မှောင်မိုက် မရောက်မှီ ငါ့ကို ပယ်ရှင်း တော်မ မူ၊ ထူထပ်သောမှောင်မိုက် မှ ငါ့ ကို ကွယ်ကာ တော်မမူပါတကား။

Tip: use the ← and → keys to turn chapters.