ယောဘဝတ္တု။ 17
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Septuagint (Greek Old Testament), second edition
1ငါ့ အသက် ကုန်ပြီ။ ငါ နေရသော ကာလ လွန်ပြီ။ သင်္ချိုင်း သည် ငါ့ အဘို့ ဖြစ်၏။
1ΟΛΕΚΟΜΑΙ πνεύματι φερόμενος, δέομαι δὲ ταφῆς καὶ οὐ τυγχάνω.
2ကဲ့ရဲ့ တတ်သောသူတို့ သည် ငါ့ ရှေ့ မှာရှိကြသည်မ ဟုတ်လော။ သူ တို့နှောင့်ရှက်သော အခြင်းအရာတို့ကို အစဉ် ငါ ကြည့်မြင်ရသည်မဟုတ်လော။
2λίσσομαι κάμνων, καὶ τί ποιήσας;
3အပေါင် ထားပါတော့။ အာမခံပေးပါတော့။ အဘယ်သူ သည် ငါနှင့်ဂတိသစ္စာထားမည်နည်း။
3ἔκλεψαν δέ μου τὰ ὑπάρχοντα ἀλλότριοι. τίς ἐστιν οὗτος; τῇ χειρί μου συνδεθήτω.
4ကိုယ်တော်သည် သူ တို့ဉာဏ် ကိုကွယ် စေတော်မူသည်ဖြစ်၍ ၊ သူတို့ကို ချီးမြှောက် တော်မ မူရ။
4ὅτι καρδίαν αὐτῶν ἔκρυψας ἀπὸ φρονήσεως, διὰ τοῦτο οὐ μὴ ὑψώσῃς αὐτούς.
5အကြင်သူသည် ဥစ္စာ ကိုလုယူအံ့သောငှါအဆွေ ခင်ပွန်းကို အပ်၏၊ ထိုသူ ၏သား တို့သည် မြော်လင့်၍ စိတ်ပျက် ရကြလိမ့်မည်။
5τῇ μερίδι ἀναγγελεῖ κακίας, ὀφθαλμοὶ δὲ ἐφ᾿ υἱοῖς ἐτάκησαν.
6ငါ့ကို သူတပါးကဲ့ရဲ့စရာ အကြောင်းဖြစ်စေတော်မူ၍၊ သူတို့သည် ငါ့ကိုရွံ့ကြ၏။
6ἔθου δέ με θρύλημα ἐν ἔθνεσι, γέλως δὲ αὐτοῖς ἀπέβην·
7ဝမ်းနည်း ခြင်းအားကြီးသောကြောင့်ငါ့ မျက်စိ မှုန် ၏။ ကိုယ် အင်္ဂါများတို့သည် အရိပ် ကဲ့သို့ ဖြစ်ကြ၏။
7πεπώρωνται γὰρ ἀπὸ ὀργῆς οἱ ὀφθαλμοί μου, πεπολιόρκημαι μεγάλως ὑπὸ πάντων.
8ဖြောင့်မတ် သောသူတို့ သည် ဤ အမှုကြောင့် မိန်းမော တွေဝေကြလိမ့်မည်။ အပြစ် ကင်းလွတ်သောသူတို့ သည် အဓမ္မ လူများတစ်ဘက် က ကိုယ်ကိုကိုယ်နှိုးဆော် ကြလိမ့်မည်။
8θαῦμα ἔσχεν ἀληθινοὺς ἐπὶ τούτῳ, δίκαιος δὲ ἐπὶ παρανόμῳ ἐπανασταίη·
9ဖြောင့်မတ် သောသူတို့ သည်လည်း တည်ကြည်ခြင်း၊ လက် စင်ကြယ် သောသူတို့သည် ခွန်အား တိုးပွါးခြင်း ရှိကြလိမ့်မည်။
9σχοίη δὲ πιστὸς τὴν ἑαυτοῦ ὁδόν, καθαρὸς δὲ χεῖρας ἀναλάβοι θάρσος.
10သင်တို့မူကား တယောက် မျှမကြွင်း၊ ပြန် သွားကြပါ တော့။ သင် တို့တွင် ပညာရှိ တစုံတယောက်ကိုမျှ ငါ မ တွေ့ နိုင်။
10οὐ μὴν δὲ ἀλλὰ πάντες ἐρείδετε, καὶ δεῦτε δή, οὐ γὰρ εὑρίσκω ἐν ὑμῖν ἀληθές.
11ငါ့ နေ့ ရက်လွန် ပြီ။ ငါနှလုံး သွင်းမိသော အကြံအစည် တို့သည် ပျက်စီး ခြင်းသို့ ရောက်ကြပြီ။
11αἱ ἡμέραι μου παρῆλθον ἐν βρόμῳ, ἐράγη δὲ τὰ ἄρθρα τῆς καρδίας μου.
12ညဉ့် သည် ငါ၌ နေ့ ကဲ့သို့ဖြစ်၍၊ ငါ့အလင်း သည် မှောင်မိုက် နှင့် နီးစပ် ၏။
12νύκτα εἰς ἡμέραν ἔθηκα, φῶς ἐγγὺς ἀπὸ προσώπου σκότους·
13သင်္ချိုင်း သည် ငါ့ နေရာ ဖြစ်သည်ကို ငါမြော်လင့် ၏။ ငါ့ အိပ်ရာ သည် မှောင်မိုက် ၌ ခင်း လျက်ရှိ၏။
13ἐὰν γὰρ ὑπομείνω, ᾅδης μου ὁ οἶκος, ἐν δὲ γνόφῳ ἔστρωταί μου ἡ στρωμνή.
14ပုပ်စပ် ခြင်းအား ၊ သင် သည် ငါ့ အဘ ဖြစ်၏ဟူ၍၎င်း၊ တီကောင် အား သင်သည်ငါ့ အမိ ၊ ငါ့ နှမ ဖြစ် သည်ဟူ၍၎င်း ငါဆို ရ၏။
14θάνατον ἐπεκαλεσάμην πατέρα μου εἶναι, μητέρα δέ μου καὶ ἀδελφὴν σαπρίαν.
15သို့ဖြစ်၍ အဘယ်သို့ ငါ မြော်လင့် ရသနည်း။ ငါ မြော်လင့် စရာအကြောင်းကို အဘယ်သူ မြင် ရသနည်း။
15ποῦ οὖν μου ἔτι ἐστὶν ἡ ἐλπίς; ἦ τὰ ἀγαθά μου ὄψομαι;
16ထိုအကြောင်းသည် မရဏ နိုင်ငံအထဲသို့ဝင်၍၊ ငါနှင့်အတူ မြေမှုန့် ၌ နှိမ့်ချလျက်နေရမည်ဟု မြွက်ဆို၏။
16ἦ μετ᾿ ἐμοῦ εἰς ᾅδην καταβήσομαι, ἢ ὁμοθυμαδὸν ἐπὶ χώματος καταβησόμεθα;
Tip: use the ← and → keys to turn chapters.