ယေရမိ

Old Testament

Chapter 7
Judson Burmese Bible (18…
vs Synodal Translatio…
Aa
Text size
Line width
Verse numbers

ယေရမိ 7

Judson Burmese Bible (1840)
Synodal Translation (Синодальный перевод)
1ထာဝရဘုရား ၏ အထံ တော်က နှုတ်ကပတ် တော်သည် ယေရမိ သို့ ရောက် လာ၍၊ သင်သည် ဗိမာန် တော် တံခါး ဝ၌ ရပ် လျက် ကြွေးကြော် ရမည့်စကား ဟူမူကား ၊
1Слово, которое было к Иеремии от Господа:
2ထာဝရဘုရား ကို ကိုးကွယ် ခြင်းငှါ ၊ ဤ တံခါး တို့ အတွင်းသို့ ဝင် သောယုဒ အမျိုးသားအပေါင်း တို့၊ ထာဝရဘုရား ၏ နှုတ်ကပတ် တော်ကို နားထောင် ကြလော့။
2стань во вратах дома Господня и провозгласи там слово сие и скажи: слушайте слово Господне, все Иудеи, входящие сими вратами на поклонение Господу.
3ဣသရေလ အမျိုး၏ ဘုရား သခင်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သင် တို့ဘာသာ ဓလေ့နှင့် သင် တို့အကျင့် များတို့ကို ပြုပြင် ကြလော့။ သို့ပြုလျှင် သင် တို့ကို ဤ အရပ် ၌ ငါနေ စေမည်။
3Так говорит Господь Саваоф, Бог Израилев: исправьте пути ваши и деяния ваши, и Я оставлю вас жить на сем месте.
4ဤသည်ကား၊ ထာဝရဘုရား ၏ ဗိမာန် တော်၊ ထာဝရဘုရား ၏ ဗိမာန် တော်၊ ထာဝရဘုရား ၏ ဗိမာန် တော်ဖြစ်သတည်းဟု မုသာ စကား ကို ပြော သောသူတို့၌ မ မှီဝဲ ကြနှင့်။
4Не надейтесь на обманчивые слова: “здесь храм Господень, храм Господень, храм Господень”.
5သင် တို့ဘာသာ ဓလေ့နှင့် သင် တို့အကျင့် များ တို့ကို စုံလင်စွာ ပြုပြင် လျှင် ၎င်း ၊ အမှုသည်ချင်း တို့ကို သေချာစွာ တရား သဖြင့် စီရင် လျှင် ၎င်း ၊
5Но если совсем исправите пути ваши и деяния ваши, если будете верно производить суд между человеком и соперником его,
6ဧည့်သည် အာဂန္တု၊ မိဘ မရှိသောသူငယ်၊ မုတ်ဆိုးမ ကို မ ညှဉ်းဆဲ ၊ အပြစ် မရှိသောသူ၏ အသက် ကိုဤ အရပ် ၌ မ သတ် ၊ ကိုယ် အကျိုးကို ဖျက် ၍ အခြား တပါးသော ဘုရား တို့ကို မ ချဉ်းကပ် ဘဲ နေလျှင်၎င်း ၊
6не будете притеснять иноземца, сироты и вдовы, и проливать невинной крови на месте сем, и не пойдете во след иных богов на беду себе, -
7သင် တို့ဘိုးဘေး တို့အား ၊ ငါသည် အစဉ် မပြတ်ပေး သော ပြည် တည်းဟူသောဤ အရပ် ဌာန၌ သင် တို့ကို ငါနေ စေမည်။
7то Я оставлю вас жить на месте сем, на этой земле, которую дал отцам вашим в роды родов.
8အကျိုး မ ရှိဘဲ မုသာ စကား ကို ပြောသောသူတို့၌ သင် တို့သည် ခိုလှုံ ကြ၏။
8Вот, вы надеетесь на обманчивые слова, которые не принесут вам пользы.
9သင်တို့သည် သူ့ဥစ္စာကိုခိုး လျက်၊ လူအသက်ကိုသတ် လျက် ၊ သူ့မယားကိုပြစ်မှား လျက် ၊ မဟုတ် မမှန်ဘဲ ကျိန်ဆို လျက် ၊ ဗာလ ဘုရားရှေ့ ၌ နံ့သာ ပေါင်းကို မီးရှို့လျက် ၊ ကိုယ်မ သိ ဘူးသော အခြား တပါးသော ဘုရား တို့ နောက် သို့လိုက် လျက်နှင့်၊
9Как! вы крадете, убиваете и прелюбодействуете, и клянетесь во лжи и кадите Ваалу, и ходите во след иных богов, которых вы не знаете,
10ငါ ၏နာမ ဖြင့် သမုတ် သော ဤ အိမ် တော်၌ ၊ ငါ့ ရှေ့ မှာဝင် ၍ ရပ် လျက်၊ ဤ ရွံရှာ ဘွယ်သော အမှု အလုံးစုံ တို့ကို ပြု သောကြောင့် ၊ အကျွန်ုပ်တို့သည် ကယ်နှုတ် တော်မူခြင်း ကျေးဇူးတော်ကိုခံရပါပြီဟု လျှောက် ရကြမည် လော။
10и потом приходите и становитесь пред лицем Моим в доме сем, над которым наречено имя Мое, и говорите: “мы спасены”, чтобы впредь делать все эти мерзости.
11ငါ ၏နာမ ဖြင့် သမုတ် သော ဤ အိမ် တော်ကို၊ သင်တို့သည် ထားပြ တွင်း ကဲ့သို့ထင် ကြသလော။ ဤအမှုကို ငါ့ ကိုယ်တိုင်မြင် ပြီဟု ထာဝရဘုရား မိန့် တော်မူ၏။
11Не соделался ли вертепом разбойников в глазах ваших дом сей, над которым наречено имя Мое? Вот, Я видел это, говорит Господь.
12ရှေ့ဦး စွာငါ ၏ နာမ ကို ငါတည် စေသောအရပ် ၊ ရှိလော ရွာ၌ ရှိသော ငါ့ အရပ် ဌာနသို့ သွား ၍ ၊ ငါ ၏အမျိုး ဣသရေလ လူတို့၏ အပြစ် ကြောင့် ၊ ထို အရပ်ကို အဘယ် သို့ငါပြု ဘူးသည်ကို ကြည့်ရှု ကြလော့။
12Пойдите же на место Мое в Силом, где Я прежде назначил пребывать имени Моему, и посмотрите, что сделал Я с ним за нечестие народа Моего Израиля.
13ယခု တွင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ သင် တို့သည် ဤ အမှု အလုံးစုံ တို့ကို ပြု သောကြောင့် ၎င်း ၊ ငါသည်စောစော ထ၍ အထပ်ထပ်ပြော သော်လည်း ၊ သင်တို့သည် နား မ ထောင်၊ ငါခေါ် ၍ သင်တို့သည် မ ထူး သောကြောင့်၎င်း ၊
13И ныне, так как вы делаете все эти дела, говорит Господь, и Я говорил вам с раннего утра, а вы не слушали, и звал вас, а вы не отвечали, -
14ရှိလော ရွာကို ငါပြု သကဲ့သို့ ၊ ငါ ၏နာမ ဖြင့် သမုတ် သော ၊ သင် တို့ခိုလှုံ သော ဤအိမ် တော်၊ သင် တို့နှင့် ဘိုးဘေး တို့အား ငါပေး သော အရပ် ဌာနကို ငါပြု မည်။
14то Я так же поступлю с домом сим, над которым наречено имя Мое, на который вы надеетесь, и с местом, которое Я дал вам и отцам вашим, как поступил с Силомом.
15သင် တို့ညီအစ်ကို ဧဖရိမ် အမျိုးသား ရှိသမျှ တို့ကို ငါနှင်ထုတ် သကဲ့သို့ ၊ သင် တို့ကို ငါ့ ထံ မှ ငါနှင်ထုတ် မည်။
15И отвергну вас от лица Моего, как отверг всех братьев ваших, все семя Ефремово.
16သင် သည်လည်း ဤ လူမျိုး အဘို့ ပဌနာ မ ပြုနှင့်။ သူ တို့အဘို့ အော်ဟစ် ခြင်း၊ ဆုတောင်း ခြင်းကို မ ပြု နှင့်။ ငါ့ ကို မ သွေးဆောင် နှင့်။ သင် ၏ စကားကို ငါ နား မ ထောင်။
16Ты же не проси за этот народ и не возноси за них молитвы и прошения, и не ходатайствуй предо Мною, ибо Я не услышу тебя.
17သူ တို့သည် ယုဒ မြို့ များ၊ ယေရုရှလင် လမ်း များ တို့၌ ပြု ကြသော အမှုကို မ မြင် သလော။
17Не видишь ли, что они делают в городах Иудеи и на улицах Иерусалима?
18ငါ့ ကို နှောင့်ရှက် မည်အကြံ နှင့်၊ ကောင်းကင် မိဖုရား အဘို့ မုန့် ပြားတို့ကို လုပ် ၍ ၊ အခြား တပါးသော ဘုရား တို့ရှေ့ မှာ သွန်းလောင်း ရာ ပူဇော် သက္ကာကိုပြုခြင်းငှါ၊ သား တို့သည် ထင်း ခွေ ကြ၏။ အဘ တို့သည် မီး ထည့် ကြ၏။ မိန်းမ တို့သည် မုန့် နယ် ကြ၏။
18Дети собирают дрова, а отцы разводят огонь, и женщины месят тесто, чтобы делать пирожки для богини неба и совершать возлияния иным богам, чтобы огорчать Меня.
19ထိုသို့ပြု၍ ငါ့ ကိုနှောင့်ရှက်ကြသလော။ မိမိ တို့ မျက်နှာ ကို ဖျက် မည်အကြောင်း ၊ မိမိ တို့ကိုယ်ကိုသာ နှောင့်ရှက် ကြသည်မ ဟုတ်လောဟု ထာဝရဘုရား မိန့် တော်မူ ၏။
19Но Меня ли огорчают они? говорит Господь; не себя ли самих к стыду своему?
20သို့ဖြစ်၍၊ အရှင် ထာဝရဘုရား မိန့် တော်မူသည် ကား ၊ ဤ အရပ် ၌ ရှိသောလူ ၊ တိရစ္ဆာန် ၊ သစ်ပင် ၊ မြေ အသီးအနှံ အပေါ် မှာ ငါ သည် ဒေါသ အမျက် မီးကို သွန်းလောင်း ၍၊ ထိုမီးသည် မ ငြိမ်း ဘဲလောင် လိမ့်မည်။
20Посему так говорит Господь Бог: вот, изливается гнев Мой и ярость Моя на место сие, на людей и на скот, и на дерева полевые и на плоды земли, и возгорится и не погаснет.
21ဣသရေလ အမျိုး၏ ဘုရား သခင်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သင် တို့မီးရှို့ ရာ ယဇ်များကို အခြားသော ယဇ် များနှင့် အတူ ထား၍ ၊ အမဲသား ကိုစား ကြလော့။
21Так говорит Господь Саваоф, Бог Израилев: всесожжения ваши прилагайте к жертвам вашим и ешьте мясо;
22အကြောင်း မူကား၊ သင် တို့ဘိုးဘေး များကို အဲဂုတ္တု ပြည် မှ ငါ နှုတ် ဆောင်သောအခါ ၊ မီးရှို့ ရာယဇ် အစ ရှိသောယဇ် များအတွက် သူ တို့ကို ငါမှာ ထားသည် မ ဟုတ်။
22ибо отцам вашим Я не говорил и не давал им заповеди в тот день, в который Я вывел их из земли Египетской, о всесожжении и жертве;
23ငါမှာ ထားသောအရာ ဟူမူကား ၊ ငါ့ စကား ကို နားထောင် ကြလော့။ သို့ပြုလျှင် ၊ ငါသည်သင် တို့၏ ဘုရား သခင် ဖြစ် မည်။ သင် တို့သည်လည်း ၊ ငါ ၏ လူမျိုး ဖြစ် ကြ လိမ့်မည်။ သင် တို့သည် ကိုယ်အကျိုး ကို စောင့်လိုသောငှါ ၊ ငါစီရင်သမျှ သော တရားလမ်း သို့ လိုက် ရကြမည်ဟု မှာ ထား၏။
23но такую заповедь дал им: слушайтесь гласа Моего, и Я буду вашим Богом, а вы будете Моим народом, и ходите по всякому пути, который Я заповедаю вам, чтобы вам было хорошо”.
24သို့ရာတွင် ၊ သူတို့သည် နား မ ထောင်၊ နား ကို မ လှည့် ဘဲ ဆိုးညစ် သော နှလုံး ခိုင်မာ သည်နှင့်အညီကျင့်ကြံ ပြုမူ ၍ မျက်နှာ မ ပြု ၊ ကျော ခိုင်းလျက် နေကြ၏။
24Но они не послушали и не приклонили уха своего, и жили по внушению и упорству злого сердца своего, и стали ко Мне спиною, а не лицом.
25သင် တို့အဘ များသည် အဲဂုတ္တု ပြည် က ထွက် သွား သော နေ့ မှစ၍ ယနေ့ တိုင်အောင် ၊ ငါသည် နေ့ တိုင်း စောစော ထ၍ ၊ ငါ ၏ကျွန် ပရောဖက် အပေါင်း တို့ကို သင် တို့ရှိရာသို့ အထပ်ထပ်စေလွှတ် သော်လည်း ၊
25С того дня, как отцы ваши вышли из земли Египетской, до сего дня Я посылал к вам всех рабов Моих - пророков, посылал всякий день с раннего утра;
26သင်တို့သည် ငါ့ စကားကို နား မ ထောင်၊ မ နာ မယူဘဲနေ၍ မိမိ တို့ လည်ပင်း ကို ခိုင်မာ စေသဖြင့်၊ အဘ များထက် သာ၍ဆိုးသွမ်း ကြ၏။
26но они не слушались Меня и не приклонили уха своего, а ожесточили выю свою, поступали хуже отцов своих.
27သင်သည် ဤ စကား အလုံးစုံ ကို သူ တို့အား ပြော သော်လည်း ၊ သူတို့သည် နား မ ထောင်ကြ။ ခေါ် သော်လည်း မ ထူး ကြ။
27И когда ты будешь говорить им все эти слова, они тебя не послушают; и когда будешь звать их, они тебе не ответят.
28သို့ဖြစ်၍ သင်ကလည်း၊ ဤ လူမျိုး သည် မိမိ တို့ ဘုရား သခင်ထာဝရဘုရား ၏စကား တော်ကို နား မ ထောင်၊ ဆုံးမ ၍ မ နိုင် သောအမျိုး ဖြစ်၏။ သစ္စာစကား ကိုမပြော၊ သစ္စာ ပျက် သော အမျိုးဖြစ်သည်ဟု သူ တို့အား ပြော ဆိုရမည်။
28Тогда скажи им: вот народ, который не слушает гласа Господа Бога своего и не принимает наставления! Не стало у них истины, она отнята от уст их.
29သင် ၏သစ္စာဆံပင် ကိုရိတ် ၍ ပစ် လိုက်လော့။ မြင့် သောအရပ်၌ မြည်တမ်း ခြင်းကို ပြု လော့။ အကြောင်း မူကား၊ ထာဝရဘုရား သည် မိမိလူမျိုးကို ပယ် တော်မူပြီ။ အမျက် တော်သင့်ရောက်သော အမျိုး ကို စွန့်ပစ် တော်မူပြီ။
29Остриги волоса твои и брось, и подними плач на горах, ибо отверг Господь и оставил род, навлекший гнев Его.
30ထာဝရဘုရား မိန့် တော်မူသည်ကား၊ ယုဒ အမျိုးသား တို့သည် ငါ့ ရှေ့ မှာဆိုး သော အမှုကိုပြု ကြပြီ။ ငါ ၏နာမ ဖြင့် သမုတ် သော အိမ် တော်ကို ညစ်ညူး စေခြင်းငှါ ၊ ရွံရှာဘွယ် သောအရာတို့ကို သွင်း ထားကြပြီ။
30Ибо сыновья Иуды делают злое пред очами Моими, говорит Господь; поставили мерзости свои в доме, над которым наречено имя Мое, чтобы осквернить его;
31ငါမ မှာ ထား၊ ငါ အလျှင်းအလို မ ရှိသော်လည်း ၊ သူ တို့သား သမီး များကို မီးရှို့ ခြင်းငှါ ဟိန္နုံ သား၏ချိုင့်၌ ရှိသော တောဖက် ကုန်း တို့ကို တည် ကြပြီ။
31и устроили высоты Тофета в долине сыновей Енномовых, чтобы сожигать сыновей своих и дочерей своих в огне, чего Я не повелевал и что Мне на сердце не приходило.
32သို့ဖြစ်၍၊ ထာဝရဘုရား မိန့် တော်မူသည်ကား၊ ထိုချိုင့်ကို တောဖက် ချိုင့်ဟူ၍မ ခေါ် ၊ ဟိန္နုံ သား၏ ချိုင့် ဟူ၍မခေါ်၊ ကွပ်မျက် ရာ ချိုင့် ဟူ၍ခေါ်ရသောအချိန် ကာလ ရောက် လိမ့်မည်။ တောဖက် ၌ မြေ လွတ်မ ရှိသည် တိုင်အောင် သင်္ဂြိုဟ် ကြလိမ့်မည်။
32За то вот, приходят дни, говорит Господь, когда не будут более называть место сие Тофетом и долиною сыновей Енномовых, но долиною убийства, и в Тофете будут хоронить по недостатку места.
33ဤ လူမျိုး အသေ ကောင်တို့သည် မိုဃ်းကောင်းကင် ငှက် နှင့် တော သားရဲ စားစရာ ဘို့ ဖြစ် ကြလိမ့်မည်။ ထိုတိရစ္ဆာန်တို့ကို အဘယ်သူ မျှမမောင်း ရ။
33И будут трупы народа сего пищею птицам небесным и зверям земным, и некому будет отгонять их.
34ယုဒ မြို့ များ၊ ယေရုရှလင် လမ်း များတို့၌ ဝမ်းမြောက် သောအသံ ၊ ရွှင်လန်း သောအသံ ၊ မင်္ဂလာဆောင်သတို့သား အသံ နှင့် မင်္ဂလာဆောင်သတို့သမီး အသံ ကိုငါစဲ စေမည်။ တပြည် လုံးသည် လူဆိတ်ညံ ရာအရပ်ဖြစ် လိမ့်မည် ဟုမိန့်တော်မူ၏။
34И прекращу в городах Иудеи и на улицах Иерусалима голос торжества и голос веселия, голос жениха и голос невесты; потому что земля эта будет пустынею.

Tip: use the ← and → keys to turn chapters.