ယေရမိ

Old Testament

Chapter 51
Judson Burmese Bible (18…
vs Synodal Translatio…
Aa
Text size
Line width
Verse numbers

ယေရမိ 51

Judson Burmese Bible (1840)
Synodal Translation (Синодальный перевод)
1ထာဝရဘုရား မိန့် တော်မူသည်ကား၊ ဗာဗုလုန် မြို့တဘက် ၌၎င်း ၊ ငါ၏ရန်သူတို့နှင့်ပေါင်းဘော် သောသူတို့ တဘက် ၌၎င်း ၊ ဖျက်ဆီး တတ်သော လေ ကို ငါ ထ စေမည် ။
1Так говорит Господь: вот, Я подниму на Вавилон и на живущих среди него противников Моих.
2စံကောနှင့်ပြာတတ်သောသူတို့ကို ဗာဗုလုန် မြို့ သို့ ငါစေလွှတ် သဖြင့် ၊ သူတို့သည် တပြည်လုံး ကိုပြာ ၍ ရှင်းလင်း ကြလိမ့်မည်။ အမှု ရောက်သောကာလ ၊ သူတို့ သည် မြို့ပတ်ဝန်းကျင် တို့၌ ရန်ဘက်ပြုလျက်နေ ကြ လိမ့်မည်။
2И пошлю на Вавилон веятелей, и развеют его, и опустошат землю его; ибо в день бедствия нападут на него со всех сторон.
3လေး ကိုကိုင်သောသူ၊ သံချပ် အင်္ကျီကိုဝတ်သောသူတို့ ကို လေးတင် ၍ ပစ်ကြလော့။ မြို့သားလုလင် တို့ကို မ နှမြော ဘဲ၊ မြို့သားအလုံးအရင်း ရှိသမျှ တို့ကို ရှင်းရှင်းဖျက်ဆီး ကြလော့။
3Пусть стрелец напрягает лук против напрягающего лук и на величающегося бронею своею; и не щадите юношей его, истребите все войско его.
4ထိုသို့သူရဲ တို့သည် ခါလဒဲ ပြည် တွင် ၊ လမ်းမ တို့၌ လဲ ၍ အထိုး ခံရကြလိမ့်မည်။
4Пораженные пусть падут на земле Халдейской, и пронзенные - на дорогах ее.
5ဣသရေလ အမျိုးနှင့် ယုဒ အမျိုးနေရာ ပြည် သည်၊ ဣသရေလ အမျိုး၏သန့်ရှင်း တော်မူသောဘုရားကို ပြစ်မှား သော အပြစ်နှင့်ပြည့် သော်လည်း၊ သူ တို့ ဘုရားသခင် ၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား သည် ထိုအမျိုးတို့ကို စွန့်ပစ် တော်မ မူ။
5Ибо не овдовел Израиль и Иуда от Бога Своего, Господа Саваофа; хотя земля их полна грехами пред Святым Израилевым.
6ဗာဗုလုန် မြို့ထဲ က ထွက်ပြေး ၍ ၊ အသီးအသီး ကိုယ် အသက် ကို ကယ်နှုတ် ကြလော့။ မြို့သားတို့၏အပြစ် နှင့်ရော၍ ဆုံးရှုံး ခြင်းကို မ ခံကြနှင့်။ ဤအချိန်ကား၊ ထာဝရဘုရား ၏အမျက် တော်ကို ဖြေချိန် ဖြစ်၍၊ အကျိုး အပြစ်နှင့်အလျောက်စီရင် တော်မူမည်။
6Бегите из среды Вавилона и спасайте каждый душу свою, чтобы не погибнуть от беззакония его, ибо это время отмщения у Господа, Он воздает ему воздаяние.
7ဗာဗုလုန် မြို့သည်၊ ထာဝရဘုရား ကိုင်တော်မူ၍ မြေကြီး တပြင်လုံး ကို ယစ်မူး စေသောရွှေ ဖလား ဖြစ်၏။ ထိုဖလား၌ပါသောစပျစ်ရည် ကို လူ အမျိုးမျိုးတို့သည် သောက် ၍အရူး ဖြစ်ကြ၏။
7Вавилон был золотою чашею в руке Господа, опьянявшею всю землю; народы пили из нее вино и безумствовали.
8ဗာဗုလုန် မြို့သည် ချက်ခြင်း ပြိုလဲ ၍ ပျက်စီး ပြီ။ သူ ၏အတွက် ငိုကြွေး မြည်တမ်းကြလော့။ သူ ၏အနာ ပျောက် နိုင်လျှင် ၊ ပျောက်စေခြင်းငှါဗာလစံစေး ကို ယူ ကြလော့။
8Внезапно пал Вавилон и разбился; рыдайте о нем, возьмите бальзама для раны его: может быть, он исцелеет.
9ငါတို့သည် ဗာဗုလုန် မြို့၏အနာကို ပျောက် စေခြင်းငှါပြုသော်လည်း၊ အနာမ ပျောက် နိုင်။ သူ့ ကို စွန့်ပစ် ၍၊ အသီးအသီး ငါတို့ နေရင်းပြည် သို့ သွား ကြကုန်အံ့။ သူ ခံရ သောအပြစ်သည် ကောင်းကင် တိုင်အောင် ရောက် ၍၊ မိုဃ်းတိမ် ကို ထိ လျက်ရှိ၏။
9Врачевали мы Вавилон, но не исцелился; оставьте его, и пойдем каждый в свою землю, потому что приговор о нем достиг до небес и поднялся до облаков.
10ထာဝရဘုရား သည် ငါ တို့ဖြောင့်မတ် ကြောင်းကို ဘော်ပြ တော်မူပြီ။ လာ ကြလော့။ ငါ တို့ဘုရားသခင် ထာဝရဘုရား အမှု တော်ကို ဇိအုန် မြို့၌ ကြားပြော ကြ ကုန်အံ့။
10Господь вывел на свет правду нашу; пойдем и возвестим на Сионе дело Господа Бога нашего.
11မြှား တို့ကို ပွတ် ကြလော့။ ဒိုင်း လွှားတို့ကို ကိုင်စွဲ ကြလော့။ ထာဝရဘုရား သည် မေဒိ ရှင်ဘုရင် တို့ကို နှိုးဆော် တော်မူပြီ။ ဗာဗုလုန် မြို့ကို ဖျက်ဆီး မည် အကြံ ရှိတော်မူ၏။ အကြောင်း မူကား၊ ထာဝရဘုရား ၏ အမျက် တော်ကိုဖြေခြင်း၊ ဗိမာန် တော်ကိုဖျက်ဆီးသောအပြစ်နှင့် အလျောက်ဒဏ်ပေး ခြင်းအမှုဖြစ်သတည်း။
11Острите стрелы, наполняйте колчаны; Господь возбудил дух царей Мидийских, потому что у Него есть намерение против Вавилона, чтобы истребить его, ибо это есть отмщение Господа, отмщение за храм Его.
12ဗာဗုလုန် မြို့ရိုး ရှေ့ မှာ အလံ ကိုထူ ကြလော့။ များစွာသော လူစောင့် တို့ကို ထား ၍ကင်းထိုး ကြလော့။ ချောင်းမြောင်း သော တပ်သားတို့ကို ပြင် ကြလော့။ ထာဝရဘုရား သည် ဗာဗုလုန် မြို့သား တို့ကို ခြိမ်း သည်အတိုင်း ကြံစည် ၍ လက်စသတ် တော်မူမည်။
12Против стен Вавилона поднимите знамя, усильте надзор, расставьте сторожей, приготовьте засады, ибо, как Господь помыслил, так и сделает, что изрек на жителей Вавилона.
13များစွာ သော ရေ အနား မှာနေ ၍ စည်းစိမ် ကြီး သောသူ၊ သင် ၏ဆုံးရှုံး ချိန်၊ သင် ၏လောဘ အလိုပျက်ချိန် ရောက် လေပြီ။
13О, ты, живущий при водах великих, изобилующий сокровищами! пришел конец твой, мера жадности твоей.
14ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား သည် ကိုယ် ကိုတိုင်တည် ၍ ကျိန်ဆိုတော်မူသည်ကား၊ သင့် ကို ကျိုင်းကောင် များနှင့်ပြည့်စေသကဲ့သို့ လူ များနှင့်ပြည့် စေမည်။ သူတို့သည်သင့် တဘက် ၌ ကြွေးကြော် သံကို လွှင့် ကြလိမ့်မည်။
14Господь Саваоф поклялся Самим Собою: истинно говорю, что наполню тебя людьми, как саранчою, и поднимут крик против тебя.
15တန်ခိုး တော်အားဖြင့် မြေကြီး ကို ဖန်ဆင်း တော်မူပြီ။ ပညာ တော်အားဖြင့် လောကဓါတ် ကို တည် တော်မူပြီ။ ဉာဏ် တော်အားဖြင့် မိုဃ်းကောင်းကင် ကို ကြက် တော်မူပြီ။
15Он сотворил землю силою Своею, утвердил вселенную мудростью Своею и разумом Своим распростер небеса.
16အသံ တော်ကို လွှတ် တော်မူသောအခါ ၊ မိုဃ်း ရေ အသံဗလံ ဖြစ်တတ်၏။ မြေကြီး စွန်း မှ မိုဃ်းတိမ် ကို တက် စေတော်မူ၏။ မိုဃ်း ရွာသည်နှင့် လျှပ်စစ် ပြက်စေ တော်မူ၏။ လေ ကိုလည်း ဘဏ္ဍာ တော် တိုက်ထဲက ထုတ် တော်မူ၏။
16По гласу Его шумят воды на небесах, и Он возводит облака от краев земли, творит молнии среди дождя и изводит ветер из хранилищ Своих.
17လူ မည်သည်ကား၊ မိမိဉာဏ် အားဖြင့်တိရစ္ဆာန် ကဲ့သို့ဖြစ်၏။ ရုပ်တု ကို သွန်း သော သူ တိုင်းမိမိလုပ်သော ရုပ်တုအားဖြင့်မှောက်မှား လျက်ရှိ၏။ အကြောင်း မူကား၊ သွန်းသောရုပ်တု သည် မုသာ ဖြစ်၏။ သူ ၌ လည်း ထွက်သက် ဝင်သက်မ ရှိ။
17Безумствует всякий человек в своем знании, срамит себя всякий плавильщик истуканом своим, ибо истукан его есть ложь, и нет в нем духа.
18ထိုသို့ သော အရာ တို့သည် အချည်းနှီး သက်သက် ဖြစ်ကြ၏။ လှည့်စား သောအရာလည်း ဖြစ်ကြ၏။ စစ်ကြော ခြင်းကိုခံရသည်ကာလ ကွယ်ပျောက် ကြ လိမ့်မည်။
18Это совершенная пустота, дело заблуждения; во время посещения их они исчезнут.
19ယာကုပ် အမျိုး၏ အဘို့ ဖြစ်သောဘုရားသည် ထိုသို့ သောအရာနှင့်တူ တော်မ မူ။ ခပ်သိမ်း သောအရာ တို့ကို ဖန်ဆင်း သောဘုရားဖြစ်တော်မူ၏။ ဣသရေလအမျိုး သည် အမွေခံ တော်မူရာဖြစ်၏။ နာမ တော်သည် ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား ပေတည်း။
19Не такова, как их, доля Иакова, ибо Бог его есть Творец всего, и Израиль есть жезл наследия Его, имя Его - Господь Саваоф.
20အိုသံတူ ကြီး၊ သင် သည် ငါ စစ်တိုက် စရာ လက်နက် ဖြစ်၏။ သင့် ကို ငါကိုင်၍ အတိုင်းတိုင်း အပြည်ပြည်တို့ကို ချိုးဖဲ့ ပြီ။
20Ты у Меня - молот, оружие воинское; тобою Я поражал народы и тобою разорял царства;
21သင့် ကိုကိုင်၍ မြင်း နှင့် မြင်းစီး သူရဲကို၎င်း ၊ ရထား နှင့် ရထားစီး သူရဲကို၎င်း ငါချိုးဖဲ့ ပြီ။
21тобою поражал коня и всадника его и тобою поражал колесницу и возницу ее;
22သင့် ကိုကိုင်၍ ယောက်ျား နှင့် မိန်းမ တို့ကို၎င်း၊ အသက်ကြီး သူနှင့် အသက်ငယ် သူတို့ကို၎င်း၊ လူပျို နှင့် အပျိုမ တို့ကို၎င်းငါချိုးဖဲ့ ပြီ။
22тобою поражал мужа и жену, тобою поражал и старого и молодого, тобою поражал и юношу и девицу;
23သင့် ကိုကိုင်၍ သိုးထိန်း နှင့် သိုးစု ကို၎င်း ၊ လယ်လုပ် သော သူနှင့် နွားယှဉ် ကို၎င်း၊ ဗိုလ် များနှင့် မင်း များကို၎င်းငါချိုးဖဲ့ ပြီ။
23и тобою поражал пастуха и стадо его, тобою поражал и земледельца и рабочий скот его, тобою поражал и областеначальников и градоправителей.
24သို့ရာတွင် ၊ ဗာဗုလုန် မြို့သူ၊ ခါလဒဲ ပြည်သား အပေါင်း တို့သည် ဇိအုန် မြို့၌ ပြု လေသမျှ သော ဒုစရိုက် ရှိသည်အတိုင်း၊ ငါသည် သင် တို့မျက်မှောက် ၌ သူ တို့အား အပြစ်ပေး မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
24И воздам Вавилону и всем жителям Халдеи за все то зло, какое они делали на Сионе в глазах ваших, говорит Господь.
25ထာဝရဘုရား မိန့် တော်မူသည်ကား၊ ဖျက်ဆီး တတ်သောသဘောရှိ၍၊ မြေကြီး တပြင်လုံး ကို ဖျက်ဆီး တတ်သောတောင် ကြီး၊ သင့် တဘက် ၌ ငါ နေ၏။ သင့် အပေါ် မှာ ငါ ၏လက် ကိုဆန့် လျက်၊ ကျောက် တို့မှ သင့် ကို လှိမ့်ချ ၍၊ မီး နှင့်ကျွမ်းလောင်သော တောင် ဖြစ် စေမည်။
25Вот, Я - на тебя, гора губительная, говорит Господь, разоряющая всю землю, и простру на тебя руку Мою, и низрину тебя со скал, и сделаю тебя горою обгорелою.
26တိုက်ထောင့် အထွဋ်ကျောက် ၊ တိုက်မြစ် ကျောက် တစုံတခုကိုမျှ သင် ၏အထဲက မ နှုတ် မယူရ၊ အစဉ်မပြတ် ပျက်စီး လျက်နေ ရလိမ့်မည်ဟု ထာဝရဘုရား မိန့် တော်မူ ၏။
26И не возьмут из тебя камня для углов и камня для основания, но вечно будешь запустением, говорит Господь.
27ထိုပြည် ၌ အလံ ကိုထူ ကြလော့။ အပြည်ပြည် တို့၌ တံပိုး ကိုမှုတ် ၍၊ လူ အမျိုးမျိုးတို့ကိုသူ ၏ တဘက် ၌ပြင်ဆင် ကြလော့။ အာရရတ် ပြည်၊ မိန္နိ ပြည်၊ အာရှကေနတ် ပြည် တို့ကို သူ ၏တဘက် ၌ စည်းဝေး စေကြလော့။ ဗိုလ်ချုပ် မင်းကိုခန့်ထား ၍၊ အမွေးကြမ်း သော ကျိုင်းကောင် ကဲ့သို့ မြင်း စီးသူရဲတို့ကို စစ်ချီ စေကြလော့။
27Поднимите знамя на земле, трубите трубою среди народов, вооружите против него народы, созовите на него царства Араратские, Мидийские и Аскеназские, поставьте вождя против него, наведите коней, как страшную саранчу.
28လူမျိုး များတို့နှင့်တကွ၊ မေဒိ ရှင်ဘုရင် မှစ၍ဗိုလ် များ၊ မင်း များ၊ မေဒိနိုင်ငံ သားအပေါင်း တို့ကို သူ ၏ တဘက် ၌ ပြင်ဆင် ကြလော့။
28Вооружите против него народы, царей Мидии, областеначальников ее и всех градоправителей ее, и всю землю, подвластную ей.
29ဗာဗုလုန်ပြည် သည်တုန်လှုပ် ၍ လူးလိမ့် မည်။ ထိုပြည်သည်နေ သူမ ရှိ၊ သုတ်သင် ပယ်ရှင်းရာ ဖြစ်စေခြင်းငှါ ၊ ထာဝရဘုရား ကြံစည် တော်မူသောအကြံအစည် ရှိသမျှသည် ပြည့်စုံရလိမ့်မည်။
29Трясется земля и трепещет, ибо исполняются над Вавилоном намерения Господа сделать землю Вавилонскую пустынею, без жителей.
30ဗာဗုလုန် စစ်သူရဲ တို့သည် စစ် မ ပြိုင်ဘဲရဲတိုက် များ၌ နေ ကြ၏။ အား လျော့ ၍မိန်းမ ကဲ့သို့ ဖြစ် ကြ၏။ မြို့သားနေရာ တို့ကိုမီး ရှို့၍၊ တံခါးကျင် တို့ကို ချိုးဖဲ့ ကြ၏။
30Перестали сражаться сильные Вавилонские, сидят в укреплениях своих; истощилась сила их, сделались как женщины, жилища их сожжены, затворы их сокрушены.
31ရန်သူတို့သည် မြို့ တော်ကို တဘက်တချက် တိုက် ဝင်ကြပြီဟူ၍၎င်း ၊ လမ်းဝ ကို ပိတ်ထား ၍ ရေကန် နား မှာမီး ရှို့ ကြောင်းနှင့်၊ စစ်သူရဲ တို့သည် ကြောက်လန့် လျက်ရှိကြပြီဟူ၍၎င်း ၊
31Гонец бежит навстречу гонцу, и вестник навстречу вестнику, чтобы возвестить царю Вавилонскому, что город его взят со всех концов,
32ဗာဗုလုန် ရှင်ဘုရင် အား ကြားလျှောက် အံ့သောငှါ ၊ မင်း လုလင်ချင်းတယောက်ကို တယောက်၊ စေလွှတ် သူချင်းတယောက်ကို တယောက်တွေ့ကြုံလျက် ပြေးလာ ကြ၏။
32и броды захвачены, и ограды сожжены огнем, и воины поражены страхом.
33ဣသရေလ အမျိုး၏ ဘုရားသခင် ၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ဗာဗုလုန် သတို့သမီး သည် စပါးနယ် ရသောကောက်နယ် တလင်းကဲ့သို့ ဖြစ်၏။ စပါး ရိတ်ရာအချိန် နီး ပြီ။
33Ибо так говорит Господь Саваоф, Бог Израилев: дочь Вавилона подобна гумну во время молотьбы на нем; еще немного, и наступит время жатвы ее.
34ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ သည် ငါ တို့ကို ကိုက်စား ၍ နှိပ်စက် ပါပြီ။ ငါ တို့ကို ဟင်းလင်း သောအိုး ဖြစ် စေပါပြီ။ နဂါး မျိုတတ်သကဲ့သို့ ငါ တို့ကို မျို ၍၊ ငါ တို့ ပျော်မွေ့ စရာအရာ တို့နှင့် မိမိ ဝမ်း ကို ပြည့် စေ ပါပြီ။ ငါ တို့ကို နှင်ထုတ် ပါပြီ။
34Пожирал меня и грыз меня Навуходоносор, царь Вавилонский; сделал меня пустым сосудом; поглощал меня, как дракон; наполнял чрево свое сластями моими, извергал меня.
35ဇိအုန် မြို့သမီးက၊ ငါ၏ကိုယ်နှင့်ငါ ၏အသား ၌ ပြုသောအဓမ္မ အမှုသည် ဗာဗုလုန် မြို့အပေါ် သို့ ရောက်ပါစေဟူ၍၎င်း ၊ ယေရုရှလင် မြို့ကလည်း၊ ငါ ၏အသွေး သည် ခါလဒဲ ပြည်သား တို့အပေါ် သို့ ရောက်ပါစေဟူ၍၎င်း ဆို ရ၏။
35Обида моя и плоть моя - на Вавилоне, скажет обитательница Сиона, и кровь моя - на жителях Халдеи, скажет Иерусалим.
36သို့ဖြစ်၍ ၊ ထာဝရဘုရား မိန့် တော်မူသည်ကား၊ သင် ၏အမှု ကို ငါ စောင့် မည်။ သင် ခံရသောအပြစ် ကို ပြန်ပေး မည်။ သူ ၏ပင်လယ် ကို၎င်း၊ သူ ၏စမ်းရေ တွင်းတို့ကို၎င်းငါခန်းခြောက် စေမည်။
36Посему так говорит Господь: вот, Я вступлюсь в твое дело и отмщу за тебя, и осушу море его, и иссушу каналы его.
37ဗာဗုလုန် မြို့သည် အမှိုက်ပုံ ၊ မြေခွေး နေရာ တွင်း၊ အံ့ဩဘွယ် ရာ၊ ကဲ့ရဲ့ သံပြုရာ၊ လူဆိတ်ညံ ရာအရပ် ဖြစ် လိမ့်မည်။
37И Вавилон будет грудою развалин, жилищем шакалов, ужасом и посмеянием, без жителей.
38ထာဝရဘုရား မိန့် တော်မူသည်ကား၊ မြို့သားတို့ သည်ခြင်္သေ့ ကဲ့သို့ ဟောက် သောအသံ၊ ခြင်္သေ့ သငယ် ကဲ့သို့ မြည် သောအသံကိုတညီတည်း ပြုကြလိမ့်မည်။
38Как львы зарыкают все они, и заревут как щенки львиные.
39သူတို့သည်ပျော်မွေ့ ကြမည်အကြောင်း နှင့်၊ နောက်တဖန်မ နိုး ဘဲ၊ အစဉ်မပြတ် အိပ်ပျော် မည် အကြောင်း၊ သူတို့သည် ရွှင်လန်းအားကြီးသောအခါ၊ သောက်စရာဘို့ ငါတိုက်၍ ယစ်မူး စေမည်။
39Во время разгорячения их сделаю им пир и упою их, чтобы они повеселились и заснули вечным сном, и не пробуждались, говорит Господь.
40အသေသတ် ခြင်းငှါ ဆွဲ၍ချသော သိုးသငယ် ကို ကဲ့သို့ ၎င်း ၊ သိုးထီး ၊ ဆိတ်ထီး ကိုကဲ့သို့ ၎င်း ငါ ဆွဲ၍ချမည်။
40Сведу их как ягнят на заклание, как овнов с козлами.
41ရှေရှက် မြို့ကိုတိုက် ၍ ရလေပြီတကား။ မြေ တပြင်လုံး ၌ ကျော်စော သော မြို့ကိုလုယူ လေပြီတကား။ ဗာဗုလုန် မြို့သည် အပြည်ပြည် တို့တွင် အံ့ဩ ရာဖြစ် လေပြီ တကား။
41Как взят Сесах, и завоевана слава всей земли! Как сделался Вавилон ужасом между народами!
42ပင်လယ် သည် ဗာဗုလုန် ပြည်အပေါ် သို့တက် ၍၊ များစွာသော လှိုင်း တံပိုးတို့သည် လွှမ်းမိုး ကြပြီ။
42Устремилось на Вавилон море; он покрыт множеством волн его.
43မြို့ များတို့သည် သုတ်သင် ပယ်ရှင်းရာအရပ်၊ သွေ့ခြောက် သော လွင်ပြင် ဖြစ် ကြပြီ။ အဘယ်သူမျှမ နေ ရ။ လူ သား တစုံ တယောက်မျှ ထိုလမ်းကိုမ ရှောက် ရ။
43Города его сделались пустыми, землею сухою, степью, землею, где не живет ни один человек и где не проходит сын человеческий.
44ဗာဗုလုန် မြို့၌ ဗေလ ဘုရားကို လည်း ငါသည် ဒဏ်ပေးမည်။ သူ မျို သောအရာတို့ကို တဖန်အန် စေမည်။ လူ အမျိုးမျိုးတို့သည် နောက် တဖန်သူ့ ထံမှာ မ စည်းဝေး ရကြ။ မြို့ရိုး လည်းပြိုလဲ လျက်ရှိရလိမ့်မည်။
44И посещу Вила в Вавилоне, и исторгну из уст его проглоченное им, и народы не будут более стекаться к нему, даже и стены Вавилонские падут.
45ငါ ၏လူ တို့၊ ဗာဗုလုန် မြို့ထဲက ထွက် ကြလော့။ ထာဝရဘုရား ၏ ပြင်းစွာ သောအမျက် တော်မှ ၊ အသီးအသီး ကိုယ် အသက် ကို ကယ်နှုတ် ကြလော့။
45Выходи из среды его, народ Мой, и спасайте каждый душу свою от пламенного гнева Господа.
46ထိုပြည် ၌ ကြား ရသောသိတင်း ကြောင့် စိတ် မ ပျက် ၊ ကြောက်လန့် ခြင်းမရှိကြနှင့်။ တနှစ် ထက် တနှစ် သိတင်း ကြားရလိမ့်မည်။ မင်းချင်း တယောက်ကို တယောက်လုယူ ၍ညှဉ်းဆဲခြင်းအမှု ရှိရလိမ့်မည်။
46Да не ослабевает сердце ваше, и не бойтесь слуха, который будет слышен на земле; слух придет в один год, и потом в другой год, и на земле будет насилие, властелин восстанет на властелина.
47ထိုနောက်မှဗာဗုလုန် မြို့၌ ထုလုပ်သော ရုပ်တု ဆင်းတုတို့ကို ငါသည် ဒဏ်ပေး သဖြင့် ၊ တပြည်လုံး မိန်းမော တွေဝေ၍ ၊ သူရဲ အပေါင်း တို့သည် မြို့ ထဲမှာ လဲ လျက်သေကြသော အချိန် ရောက် လိမ့်မည်။
47Посему вот, приходят дни, когда Я посещу идолов Вавилона, и вся земля его будет посрамлена, и все пораженные его падут среди него.
48ထိုသို့ မြောက် မျက်နှာအရပ်က လုယူ သောသူတို့ သည် ဗာဗုလုန် မြို့သို့ ရောက်လာ သောအခါ၊ မိုဃ်း မြေ မှစ၍အရပ်ရပ် ၌ရှိသမျှတို့သည် ရွှင်လန်း သော အသံကို ပြုကြ လိမ့်မည်ဟု၊ ထာဝရဘုရား မိန့် တော်မူ၏။
48И восторжествуют над Вавилоном небо и земля и все, что на них; ибо от севера придут к нему опустошители, говорит Господь.
49ဗာဗုလုန် မြို့ကြောင့် ဣသရေလ အမျိုးသူရဲ တို့ သည် လဲ ၍သေသကဲ့သို့၊ ဗာဗုလုန် မြို့ထဲမှာ ပြည်သား သူရဲ အပေါင်း တို့သည် လဲ ၍သေကြလိမ့်မည်။
49Как Вавилон повергал пораженных Израильтян, так в Вавилоне будут повержены пораженные всей страны.
50ထား ဘေးနှင့် လွတ် သောသူတို့၊ သွား ကြလော့။ ရပ် ၍မ နေကြနှင့်။ ဝေး သောအရပ်၌ ထာဝရဘုရား ကို အောက်မေ့ ၍ ၊ ယေရုရှလင် မြို့ကိုလည်း စိတ် စွဲလမ်းကြလော့ ။
50Спасшиеся от меча, уходите, не останавливайтесь, вспомните издали о Господе, и да взойдет Иерусалим на сердце ваше.
51ငါတို့သည်ကဲ့ရဲ့ သောအသံကို ကြား သောကြောင့် အရှက်ကွဲ လျက်၊ မျက်နှာ ပျက် လျက်နေရကြပါ၏။ တပါးအမျိုးသား တို့သည် ဗိမာန် တော်တွင်၊ သန့်ရှင်း ရာအရပ် ဌာနတော်တို့၏ အထဲသို့ ဝင် ကြပါပြီ။
51Стыдно нам было, когда мы слышали ругательство: бесчестие покрывало лица наши, когда чужеземцы пришли во святилище дома Господня.
52သို့ဖြစ်၍ ၊ ထာဝရဘုရား မိန့် တော်မူသည်ကား၊ ဗာဗုလုန်ပြည်ကိုးကွယ်သော ရုပ်တု ဆင်းတုတို့ကို ငါသည် ဒဏ်ပေး ၍၊ တပြည်လုံး ၌ ဒဏ်ချက် ထိသောသူတို့သည် ညည်းတွား ကြသော အချိန် ရောက် လိမ့်မည်။
52За то вот, приходят дни, говорит Господь, когда Я посещу истуканов его, и по всей земле его будут стонать раненые.
53ဗာဗုလုန် မြို့သည် မိုဃ်း ကောင်းကင်သို့တက် ၍ ၊ မြို့ရိုး အထွဋ် ကို ခိုင်ခံ့ စွာ တည်သော်လည်း၊ ငါ စေလွှတ်၍ လုယူ သောသူတို့ သည် သူ ရှိရာသို့ ရောက် ကြလိမ့်မည်ဟု၊ ထာဝရဘုရား မိန့် တော်မူ၏။
53Хотя бы Вавилон возвысился до небес, и хотя бы он на высоте укрепил твердыню свою; но от Меня придут к нему опустошители, говорит Господь.
54ဗာဗုလုန် မြို့မှာ ငိုကြွေး သံ ကို၎င်း ၊ ခါလဒဲ ပြည် မှာ ပြင်းစွာ သော ပျက်စီး သံကို၎င်းကြားရ၏။
54Пронесется гул вопля от Вавилона и великое разрушение - от земли Халдейской,
55အကြောင်းမူကား ၊ ထာဝရဘုရား သည် ဗာဗုလုန် မြို့ကို ဖျက်ဆီး ၍ ၊ သူပြုတတ်သောအသံ ကြီး ကို ငြိမ်း စေ တော်မူ၏။ သူ ၏လှိုင်း တံပိုးတို့သည် အားကြီး သော ရေ ကဲ့သို့ ဟုန်ဟုန်းမြည် သဖြင့်၊ ကြီးစွာသောအသံဗလံ ကို ပြု တတ်ကြ၏။
55ибо Господь опустошит Вавилон и положит конец горделивому голосу в нем. Зашумят волны их как большие воды, раздастся шумный голос их.
56ဗာဗုလုန် မြို့ကို တိုက်ဖျက် လုယူသောသူသည် ရောက် လျှင် ၊ မြို့သားစစ်သူရဲ တို့သည် ရန်သူတို့လက် သို့ ရောက်၍၊ သူ တို့စွဲကိုင်သော လေး ရှိသမျှတို့သည် ကျိုး ကြ ၏။ အကျိုး အပြစ်ကိုပေး တတ်သောဘုရားသခင် ထာဝရဘုရား သည် ဆက်ဆက်ပေး တော်မူပြီ။
56Ибо придет на него, на Вавилон, опустошитель, и взяты будут ратоборцы его, сокрушены будут луки их; ибо Господь, Бог воздаяний, воздаст воздаяние.
57ဗာဗုလုန် မင်းသား ၊ တိုင်ပင် မှူးမတ်၊ စစ်ကဲ ၊ မင်း အရာရှိ၊ ခွန်အားကြီး သောသူတို့ ကို ငါယစ်မူး စေသဖြင့် ၊ သူတို့သည်နောက် တဖန်မ နိုး ဘဲ အစဉ်မပြတ် အိပ်ပျော် ကြလိမ့်မည်ဟု၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား ဟူ၍ဘွဲ့ နာမရှိသော ရှင်ဘုရင် မိန့် တော်မူ၏။
57И напою допьяна князей его и мудрецов его, областеначальников его, и градоправителей его, и воинов его, и заснут сном вечным, и не пробудятся, говорит Царь - Господь Саваоф имя Его.
58ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ဒု ကြီးသော ဗာဗုလုန် မြို့ရိုး တို့ကို အကုန်အစင်ဖြိုဖျက် ၍ ၊ မြင့် သောမြို့တံခါး တို့ကိုလည်း မီး ရှို့ ကြလိမ့်မည်။ လူ အမျိုးမျိုးတို့သည် အချည်းနှီး လုပ်ဆောင် ၍ ၊ မီး ၌ပင်ပန်း ခြင်းကိုခံရကြပြီ။
58Так говорит Господь Саваоф: толстые стены Вавилона до основания будут разрушены, и высокие ворота его будут сожжены огнем; итак напрасно трудились народы, и племена мучили себя для огня.
59ဗာဗုလုန် မြို့အပေါ်မှာ ရောက် လတံ့သော ၊ ဘေးဥပဒ် အပေါင်း တည်းဟူသော၊ ဗာဗုလုန် မြို့ကို ရည်မှတ် ၍ ရေးထား သောဤ စကား အလုံးစုံ တို့ကို ပရောဖက်ယေရမိ သည် ရေး ကူး၍ ၊
59Слово, которое пророк Иеремия заповедал Сераии, сыну Нирии, сыну Маасеи, когда он отправлялся в Вавилон с Седекиею, царем Иудейским, в четвертый год его царствования; Сераия был главный постельничий.
60ယုဒ ရှင်ဘုရင် ဇေဒကိ နန်းစံ လေး နှစ် တွင် ၊ ရှင်ဘုရင်နှင့်အတူ ဗာဗုလုန် မြို့သို့လိုက်သွား သော၊ မာသေယ ၏သား ဖြစ်သောနေရိ ၏ သား အတွင်းဝန် စရာယ ကိုမှာထား သော စကား ဟူမူကား၊
60Иеремия вписал в одну книгу все бедствия, какие должны были придти на Вавилон, все сии речи, написанные на Вавилон.
61သင် သည် ဗာဗုလုန် မြို့သို့ရောက် သောအခါ ၊ ဤ စကား အလုံးစုံ တို့ကို ကြည့်ရှု ၍ ဘတ် ရမည်။
61И сказал Иеремия Сераии: когда ты придешь в Вавилон, то смотри, прочитай все сии речи,
62ထိုအခါ သင်က၊ အိုထာဝရဘုရား၊ ကိုယ်တော်သည် ဤ အရပ် ၌ လူ မ ရှိ ၊ တိရစ္ဆာန် မရှိ၊ အစဉ်မပြတ် ဆိတ်ညံ ရာအရပ်ဖြစ် စေ၍၊ သုတ်သင် ပယ်ရှင်းမည် အကြောင်းကို ခြိမ်းတော်မူပြီဟု လျှောက်ဆို ရမည်။
62и скажи: “Господи! Ты изрек о месте сем, что истребишь его так, что не останется в нем ни человека, ни скота, но оно будет вечною пустынею”.
63ဤ စာ ကို အကုန်အစင်ဘတ် ပြီး လျှင် ၊ စာပေါ်မှာကျောက် ကို ချည် ထား၍ ၊ ဥဖရတ် မြစ်အလယ် မှာ ချပစ် လျက်၊
63И когда окончишь чтение сей книги, привяжи к ней камень и брось ее в средину Евфрата,
64ဗာဗုလုန် မြို့သည် ဤသို့နစ် ရလိမ့်မည်။ ငါ ရောက် စေသော ဘေးဥပဒ် ထဲကနောက်တဖန် မ ထမြောက် ရ။ မြို့သူမြို့သားတို့သည် အားကုန် လျက် နေရကြ လိမ့်မည်ဟု၊ မြွက်ဆို ရမည်အကြောင်းကို၊ ယေရမိသည် မှာထားလေ၏။ ဤရွေ့ကား ၊ ယေရမိ စကား ပေတည်း။
64и скажи: “так погрузится Вавилон и не восстанет от того бедствия, которое Я наведу на него, и они совершенно изнемогут”. Доселе речи Иеремии.

Tip: use the ← and → keys to turn chapters.