ယေရမိ

Old Testament

Chapter 47
Judson Burmese Bible (18…
Compare
Aa
Text size
Line width
Verse numbers

ယေရမိ 47

1ဖာရော ဘုရင်သည် ဂါဇ မြို့ကို မ လုပ်ကြံ မှီ၊ ဖိလိတ္တိ အမျိုးသားတို့ကို ရည်မှတ်၍၊ ပရောဖက် ယေရမိ သို့ ရောက်လာ သော နှုတ်ကပတ် တော်အားဖြင့်၊

2ထာဝရဘုရား မိန့် တော်မူသည်ကား၊ မြောက် မျက်နှာဘက်က ရေ သည်ထ ၍ လွှမ်းမိုး သောပင်လယ် ဖြစ် လျက် ၊ တပြည်လုံး နှင့် ၊ ပြည်၌ ပါသမျှ ကို၎င်း ၊ မြို့ နှင့် မြို့၌ နေ သောသူတို့ ကို၎င်းလွှမ်းမိုး ၍၊ သူတို့သည် အော်ဟစ် ကြလိမ့်မည်။ ပြည်သူ ပြည်သားတို့သည် မြည်တမ်း ကြ လိမ့်မည်။

3ရန်သူ စီးသော မြင်းခွါ သံ ၊ စိုင်းသောရထား ဘီး များ မြည်သံ ကြောင့် ၊ အဘ တို့သည် လက် အားလျော့ ၍ သား တို့ကိုပြန် မ ကြည့်ကြ။

4အကြောင်း မူကား၊ ဖိလိတ္တိ အမျိုးသားတို့ကို ဖျက်ဆီး ရသောနေ့ ၊ တုရု မြို့၊ ဇိဒုန် မြို့ကို စစ်ကူ နိုင်သောသူ အကျန် အကြွင်းရှိသမျှ ကို ပယ်ဖြတ် ရသောနေ့သည် ရောက် ၍၊ ထာဝရဘုရား သည် ဖိလိတ္တိ အမျိုးသားနှင့် ကျန်ကြွင်း သော ကတ္တောရ ပြည်သားတို့ကို သုတ်သင် ပယ်ရှင်းတော်မူမည်။

5ဂါဇ မြို့သည်ဆံပင် ရိတ်ခြင်းကို ခံရ၏။ အာရှကေလုန် မြို့နှင့် ကျန်ကြွင်း သောချိုင့် အရပ်သည်ပျက်စီး ပြီ။ အဘယ်မျှ ကာလပတ်လုံးကိုယ်အသားကို ခုတ်ဖြတ် ရ မည်နည်း။

6အို ထာဝရဘုရား ၏ ထား တော်၊ သင်သည် အဘယ်မျှ ကာလပတ်လုံးမ ငြိမ် ဘဲနေမည်နည်း။ ကိုယ် အိမ် ၌ ဝင် ၍နေလော့။ နေရာကျ ၍ ငြိမ်ဝပ် စွာနေလော့။

7အာရှကေလုန် မြို့နှင့် ပင်လယ် ကမ်း အမှု၌ ထာဝရဘုရား မှာထား တော်မူသောကြောင့်၊ အဘယ်သို့ ငြိမ်ဝပ် စွာနေနိုင်သနည်း။ ထိုအမှုကို ဆောင်ရွက်စေခြင်းငှါခန့်ထား တော်မူ၏။

Tip: use the ← and → keys to turn chapters.