တရားသူကြီးမှတ်စာ 18
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Chinese Union Version, punctuated (Traditional)
1ထို ကာလ အခါ ဣသရေလ ရှင်ဘုရင် မ ရှိစဉ်၊ ဒန် အမျိုးသား တို့သည် အမွေခံ စရာမြေကို ရှာ ကြ၏။ ထို ကာလ တိုင်အောင် အခြားသော ဣသရေလ အမျိုး တို့တွင် ၊ အမွေခံ ထိုက်သည်အတိုင်းမ ခံရ သေး။
1那時, 以色列 中沒有王。 但 支派的人仍是尋地居住;因為到那日子,他們還沒有在 以色列 支派中得地為業。
2သို့ဖြစ်၍ ဒန် အမျိုးသား တို့သည် ပြည် ကို ကြည့်ရှု စူးစမ်း စေခြင်းငှါ မိမိ တို့ အမျိုးသား ခွန်အား ကြီးသော သူရဲ ငါး ယောက်တို့ကို သူတို့နေရာအရပ် ဇောရာ မြို့၊ ဧရှတောလ မြို့မှ စေလွှတ် လျက်၊ ပြည် ကို သွား ၍ စူးစမ်း ကြလော့ဟု မှာ လိုက်ကြသည်အတိုင်း၊ သူတို့သည် ဧဖရိမ် တောင် ၊ မိက္ခါ အိမ် သို့ ရောက် ပြီးလျှင် တည်းခို ၍နေကြ၏။
2但 人從 瑣拉 和 以實陶 打發本族中的五個勇士,去仔細窺探那地,吩咐他們說:「你們去窺探那地。」他們來到 以法蓮 山地,進了 米迦 的住宅,就在那裏住宿。
3မိက္ခါ အိမ် ၌ ရှိစဉ်အခါ၊ လေဝိ လုလင် ၏ စကား သံကို မှတ်မိ ၍ ၊ သူ့နေရာသို့ ဝင် လျှင် ၊ သင်သည် ဤအရပ်သို့ အဘယ်ကြောင့် ရောက်သနည်း။ ဤသူနှင့် အဘယ်သို့ဆိုင်သနည်း။ အဘယ်သို့ လုပ် ၍ နေသနည်းဟုမေးသော်၊
3他們臨近 米迦 的住宅,聽出那少年 利未 人的口音來,就進去問他說:「誰領你到這裏來?你在這裏做甚麼?你在這裏得甚麼?」
4ထိုသူက၊ မိက္ခါ သည် ဤမည်သောအမှု ဤမည်သော အရာကို ပေး၍ ငါ့ ကို ငှါး သဖြင့် ၊ ငါသည် သူ ၏ ယဇ်ပုရောဟိတ် လုပ် နေသည်ဟု ပြန် ပြော၏။
4他回答說:「 米迦 待我如此如此,請我作祭司。」
5သူတို့ကလည်း၊ အကျွန်ုပ် တို့သည် ယခု ခရီး သွား ရာတွင် အကြံ မြောက်မည် မမြောက်မည်ကို သိ မည်အကြောင်း ဘုရား သခင်ကို မေးမြန်း ပါလော့ဟု တောင်းပန် သည်အတိုင်း၊
5他們對他說:「請你求問上帝,使我們知道所行的道路通達不通達。」
6ယဇ် ပုရောဟိတ်က ငြိမ်ဝပ် စွာသွား ကြလော့။ သင် တို့သွား ရာလမ်း ကို ထာဝရဘုရား ကြည့်ရှုတော်မူသည်ဟု ပြန်ပြော ၏။
6祭司對他們說:「你們可以平平安安地去,你們所行的道路是在耶和華面前的。」
7ထိုလူ ငါး ယောက်တို့သည် ထွက် သွား၍ လဲရှ မြို့သို့ ရောက် သဖြင့် ၊ မြို့သား တို့သည် ဇိဒုန် အမျိုးသားတို့ သတိမရှိသကဲ့သို့ သတိ မရှိ၊ မ စိုးရိမ်ဘဲ ငြိမ်ဝပ် စွာ နေ ကြောင်းကို၎င်း၊ ဆုံးမ ပိုင်သော မင်း မ ရှိ ကြောင်းကို၎င်း၊ ဇိဒုန် အမျိုးသားတို့နှင့် ဝေး ၍ အဘယ်သူ နှင့် မျှ အမှု မ ဆိုင်ကြောင်းကို၎င်းကြည့်ရှု ပြီးမှ၊
7五人就走了,來到 拉億 ,見那裏的民安居無慮,如同 西頓 人安居一樣。在那地沒有人掌權擾亂他們;他們離 西頓 人也遠,與別人沒有來往。
8အမျိုးသားချင်းရှိရာ ဇောရာ မြို့၊ ဧရှတောလ မြို့သို့ ပြန်လာ ၍ အမျိုးသား ချင်းတို့က၊ သင် တို့သည် အဘယ်သို့ ပြောကြမည်နည်းဟုမေး သော်၊
8五人回到 瑣拉 和 以實陶 ,見他們的弟兄;弟兄問他們說:「你們有甚麼話?」
9သူတို့က၊ ထ ၍ သွားတိုက် ကြကုန်အံ့။ ထိုပြည် သည် ကောင်းမွန် သော ပြည်ဖြစ်သည်ကို ငါတို့ မြင် ပြီ။ ငြိမ်ဝပ် စွာနေကြသေးသလော။ ထိုပြည် ကို သိမ်းယူ ဝင်စား ခြင်းငှါ မ ဖင့်နွှဲ ကြနှင့်။
9他們回答說:「起來,我們上去攻擊他們吧!我們已經窺探那地,見那地甚好。你們為何靜坐不動呢?要急速前往得那地為業,不可遲延。
10သွား လျှင် သတိ မရှိသောလူမျိုး နှင့် ကျယ်ဝန်း သော ပြည် ကို တွေ့ကြလိမ့်မည်။ ဘုရား သခင်သည် သင် တို့လက် ၌ အပ် တော်မူမည်။ ထို ပြည် ၌ မြေကြီးဥစ္စာ စုံလင်လျက်ရှိသည်ဟု ပြောဆို ကြ၏။
10你們到了那裏,必看見安居無慮的民,地也寬闊。上帝已將那地交在你們手中;那地百物俱全,一無所缺。」
11ထိုအခါ ဇောရာ မြို့၊ ဧရှတောလ မြို့မှ ဒန် အမျိုးသား လူ ခြောက် ရာ တို့သည် စစ်တိုက် လက်နက် ပါ လျက် ချီ သွားကြ၏။
11於是 但 族中的六百人,各帶兵器,從 瑣拉 和 以實陶 前往,
12သွား ရာတွင်၊ ယုဒ ခရိုင် ကိရယတ်ယာရိမ် မြို့မှာ စားခန်းချ ကြ၏။ ထို အရပ် ကို ယနေ့ တိုင်အောင် ဒန် အမျိုးတပ်ဟူ၍တွင် သတည်း။ ကိရယတ်ယာရိမ် မြို့ နောက် မှာရှိ ၏။
12上到 猶大 的 基列‧耶琳 ,在 基列‧耶琳 後邊安營。因此那地方名叫 瑪哈尼‧但 ,直到今日。
13ထို အရပ်မှ သွား ၍ ဧဖရိမ် တောင် ၌ မိက္ခါ အိမ် သို့ ရောက် ကြ၏။
13他們從那裏往 以法蓮 山地去,來到 米迦 的住宅。
14ထိုအခါ လဲရှ မြို့ကို စူးစမ်း ခြင်းငှါ သွား သောသူ ငါး ယောက်တို့က၊ ဤ အိမ် တို့၌ သင်တိုင်း တော်၊ တေရပ်ရုပ်တု ၊ ထုသောရုပ်တု ၊ သွန်းသောရုပ်တု ရှိ ကြောင်း ကို သိ သလော။ အဘယ်သို့ ပြု ရမည်ကို ဆင်ခြင် ကြလော့ဟု အမျိုးသား ချင်းတို့အား ဆို သော်၊
14從前窺探 拉億 地的五個人對他們的弟兄說:「這宅子裏有以弗得和家中的神像,並雕刻的像與鑄成的像,你們知道嗎?現在你們要想一想當怎樣行。」
15သူတို့သည် ထို အရပ်သို့ လှည့် သွားသဖြင့် ၊ လေဝိ လုလင် နေရာ မိက္ခါ အိမ် သို့ ရောက် ၍ သူ့ ကို နှုတ်ဆက် ကြ၏။
15五人就進入 米迦 的住宅,到了那少年 利未 人的房內問他好。
16စစ်တိုက် လက်နက် ပါ သောဒန် အမျိုးသား ခြောက် ရာ တို့သည် တံခါး ဝ ၌ နေ ကြ၏။
16那六百 但 人各帶兵器,站在門口。
17လဲရှမြို့ကို စူးစမ်းသော လူ ငါး ယောက်တို့သည် မိက္ခါ အိမ် သို့ ဝင် ၍၊
17窺探地的五個人走進去,將雕刻的像、以弗得、家中的神像,並鑄成的像,都拿了去。祭司和帶兵器的六百人,一同站在門口。
18ထုသောရုပ်တု ၊ သင်တိုင်း တော်၊ တေရပ်ရုပ်တု ၊ သွန်းသောရုပ်တု တို့ကို ယဇ်ပုရောဟိတ်ရှေ့မှာ ယူ ကြ၏။ ယဇ် ပုရောဟိတ်ကလည်း၊ အဘယ်သို့ ပြု ကြသနည်းဟုမေး သော်၊
18那五個人進入 米迦 的住宅,拿出雕刻的像、以弗得、家中的神像,並鑄成的像,祭司就問他們說:「你們做甚麼呢?」
19သူတို့က တိတ်ဆိတ် စွာနေပါ။ ကိုယ်တော် နှုတ် ကို လက် နှင့်ပိတ် ၍ အကျွန်ုပ် တို့နှင့် ကြွ ပါ။ အကျွန်ုပ် တို့ အဘ လုပ် ပါ။ ယဇ်ပုရောဟိတ် လုပ်ပါ။ တ အိမ်ထောင် ၌ သာ ယဇ်ပုရောဟိတ် လုပ် ကောင်း သလော။ ဣသရေလ အမျိုး အနွှယ် တို့တွင် တမျိုးတနွယ် လုံး၌ ယဇ်ပုရောဟိတ် မလုပ် ကောင်းသလောဟုဆို ကြသော်၊
19他們回答說:「不要作聲,用手摀口,跟我們去吧!我們必以你為父、為祭司。你作一家的祭司好呢?還是作 以色列 一族一支派的祭司好呢?」
20ယဇ် ပုရောဟိတ်သည် ဝမ်းမြောက် ၍ သင်တိုင်း တော်၊ တေရပ်ရုပ်တု ၊ ထု သောရုပ်တုကို ယူ လျက် ၊ ထိုလူစု ထဲ သို့ ဝင် သွားလေ၏။
20祭司心裏喜悅,便拿着以弗得和家中的神像,並雕刻的像,進入他們中間。
21ထိုသူတို့သည် သူငယ် များ၊ တိရစ္ဆာန် များ၊ ဝန်စလယ် များကို အဦး သွားစေသဖြင့် ကိုယ်တိုင်လိုက်လျက် လှည့် သွား ကြ၏။
21他們就轉身離開那裏,妻子、兒女、牲畜、財物都在前頭。
22မိက္ခါ အိမ် နှင့် ဝေး သောအခါ၊ မိက္ခါ ၏ အိမ်နီးချင်းတို့သည် စည်းဝေး ၍ ၊ ဒန် အမျိုးသား တို့ကို မှီ အောင် လိုက်ကြ၏။
22離 米迦 的住宅已遠, 米迦 的近鄰都聚集來,追趕 但 人,
23ကြွေးကြော် သောအခါ ၊ ဒန် အမျိုးသား တို့သည် လှည့် ကြည့်လျက် သင် သည် အဘယ် အခင်းရှိ၍ လူအပေါင်းတို့နှင့် လိုက်လာသနည်းဟု မိက္ခါ အား မေး သော်၊
23呼叫 但 人。 但 人回頭問 米迦 說:「你聚集這許多人來做甚麼呢?」
24မိက္ခါက၊ သင်တို့သည် ငါလုပ် သော ဘုရား တို့နှင့် ယဇ် ပုရောဟိတ်ကို ယူ သွား ကြသည်တကား။ ထိုအရာမှတပါး ငါ ၌ အဘယ် အရာရှိသေးသနည်း။ သို့သော်လည်းသင်တို့က၊ အဘယ် အခင်း ရှိသနည်း ဟု ငါ့ ကို မေး ကြသည်တကားဟု ဆို လေသော်၊
24米迦 說:「你們將我所做的神像和祭司都帶了去,我還有所剩的嗎?怎麼還問我說『做甚麼』呢?」
25ဒန် အမျိုးသား တို့က၊ ငါ တို့တွင် သင့် စကား ကို မ ကြား ပါစေနှင့်။ သို့မဟုတ် စိတ်ဆိုး သောသူ တို့သည် သင့် ကို တိုက် ၍ သင့် အသက် နှင့် သင့် အိမ်သား တို့ အသက် ဆုံး ကောင်းဆုံးလိမ့်မည်ဟု ဆို လျက် ခရီးသွား ကြ၏။
25但 人對 米迦 說:「你不要使我們聽見你的聲音,恐怕有性暴的人攻擊你,以致你和你的全家盡都喪命。」
26မိက္ခါ သည် သူတို့ကို မိမိမနိုင်သည်ကိုသိ ၍ မိမိ အိမ် သို့ ပြန် သွားလေ၏။
26但 人還是走他們的路。 米迦 見他們的勢力比自己強盛,就轉身回家去了。
27ဒန် အမျိုးသားတို့သည်၊ မိက္ခါ လုပ် သော အရာတို့နှင့် သူ ၌ နေ သောယဇ် ပုရောဟိတ်ကို ယူ သွား၍ ၊ သတိ မရှိ ငြိမ်ဝပ် စွာနေသောလဲရှ မြို့သားတို့ဆီသို့ ရောက် သဖြင့် ထား နှင့် လုပ်ကြံ ၍ မြို့ ကို မီးရှို့ ကြ၏။
27但 人將 米迦 所做的 神像 和他的祭司都帶到 拉億 ,見安居無慮的民,就用刀殺了那民,又放火燒了那城,
28ဇိဒုန် မြို့နှင့် ဝေး သောကြောင့် ၎င်း ၊ အဘယ်သူ နှင့် မျှ အမှု မ ဆိုင်သောကြောင့်၎င်း၊ ကယ်နှုတ်သော သူမရှိ။ ထိုမြို့သည် ဗက်ရဟောဘ မြို့အနား မှာရှိသော ချိုင့် ၌ တည်၏။ ထိုအရပ် ၌ မြို့ သစ်ကိုတည် ၍ နေ ကြ၏။
28並無人搭救;因為離 西頓 遠,他們又與別人沒有來往。城在平原,那平原靠近 伯‧利合 。 但 人又在那裏修城居住,
29ထိုမြို့ကို သူ တို့အမျိုး၏ အဘ ဣသရေလ ၏ သား ဒန် အမည် ကို မှီသဖြင့် ဒန် မြို့ ဟူ၍တွင် ကြ၏။ ထိုမြို့ အမည် ဟောင်း ကား လဲရှ တည်း။
29照着他們始祖 以色列 之子 但 的名字,給那城起名叫 但 ;原先那城名叫 拉億 。
30ဒန် အမျိုးသား တို့သည် မိက္ခါထု သောရုပ်တုကို တည်ထောင် ၍ မနာရှေ သား ဂေရရှုံ ၏သား ယောနသန် နှင့် သူ ၏သား တို့သည် သေတ္တာ တော်ကို သိမ်း သွားသည့်နေ့ တိုင်အောင် ဒန် အမျိုး ၌ ယဇ်ပုရောဟိတ် လုပ် ကြ၏။
30但 人就為自己設立那雕刻的像。 摩西 的孫子、 革舜 的兒子 約拿單 ,和他的子孫作 但 支派的祭司,直到那地遭擄掠的日子。
31ဘုရား သခင်၏ အိမ် တော်သည် ရှိလော မြို့၌ ရှိ သည်ကာလ ပတ်လုံး ၊ မိက္ခါ သွန်း သော ရုပ်တု ကိုလည်း တည်ထောင် ကြ၏။
31上帝的殿在 示羅 多少日子, 但 人為自己設立 米迦 所雕刻的像也在 但 多少日子。
Tip: use the ← and → keys to turn chapters.