တရားသူကြီးမှတ်စာ

Old Testament

Chapter 12

တရားသူကြီးမှတ်စာ

Judson Burmese Bible (18…
Compare
Aa
Text size
Line width
Verse numbers

တရားသူကြီးမှတ်စာ 12

1ဧဖရိမ် အမျိုးသား တို့သည် စည်းဝေး ၍ မြောက် သို့ ချီ သွားလျှင် ၊ ယေဖသ အား သင်သည် ငါ တို့ကို မ ခေါ် ဘဲ၊ အမ္မုန် အမျိုးသား တို့ကို အဘယ်ကြောင့် တိုက် ခြင်းငှါ သွား သနည်း။ သင့် အိမ် ကို သင့် အပေါ် မှာ မီးရှို့ မည်ဟု ဆို ကြသော်၊

2ယေဖသ က၊ ငါ နှင့် ငါ ၏လူ တို့သည် အမ္မုန် အမျိုးသား တို့နှင့် ကြီး သောအမှု ရှိ စဉ်အခါ၊ သင် တို့ကို ငါခေါ် သော်လည်း ၊ သင်တို့သည် အမ္မုန် လူတို့လက် မှ ငါ့ ကို မ ကယ် မနှုတ်ဘဲ နေကြ၏။

3မ ကယ် မနှုတ်ကြောင်း ကို ငါသည် သိမြင် သောအခါ ၊ ကိုယ် အသက် ကို စွန့်စား လျက် အမ္မုန် အမျိုးသား တို့ကို တိုက်ခြင်းငှါသွား ၍ ထာဝရဘုရား သည် သူ တို့ကို ငါ့ လက် ၌ အပ် တော်မူ၏။ သင်တို့သည် ငါ့ ကို တိုက် ခြင်းငှါ အဘယ်ကြောင့် ယနေ့ လာ ကြသနည်းဟု ပြောဆို ပြီးလျှင်၊

4ဂိလဒ် ပြည်သား အပေါင်း တို့ကို စုဝေး စေ၍ ဧဖရိမ် အမျိုးကို တိုက် ကြ၏။ ဧဖရိမ် လူတို့က၊ သင် တို့သည် ဧဖရိမ် အမျိုး၊ မနာရှေ အမျိုးထဲက ထွက်ပြေး ၍ အမျိုးမစစ်သောသူဖြစ်သည်ဟု ဂိလဒ် ပြည်သားတို့ကို ကဲ့ရဲ့ ဘူးသောကြောင့် ၊ ဧဖရိမ် လူတို့ကို လုပ်ကြံ ကြ၏။

5ဂိလဒ် လူတို့သည် ဧဖရိမ် လူတို့ရှေ့မှာ ယော်ဒန် မြစ်ကူး ရာအရပ်တို့ကို ဆီးတား ၍ ပြေးလွတ် သော ဧဖရိမ် လူက၊ ကူး ပါရစေဟု အခွင့်တောင်း သောအခါ ၊ ဂိလဒ် လူ တို့က၊ သင် သည် ဧဖရိမ် အမျိုးသားဖြစ်သလော ဟုမေး စစ်သော် ၊ သူက မဟုတ် ပါဟု ဆို လျှင်၊

6သူတို့က၊ ရှိဗောလက် ဟူသောစကားကို ပြော တော့ဟုဆို သော် ၊ ဧဖရိမ်လူသည် ထိုစကားကို ပြီ အောင် မ ပြော တတ် ဘဲ သိဗောလက် ဟု ပြော ၏။ ထိုသို့ပြောသောသူ ကို ဘမ်းဆီး ၍ ယော်ဒန် မြစ်ကူး ရာအရပ်၌ သတ် ကြ၏။ ထိုအခါ ဧဖရိမ် အမျိုးသားလေးသောင်း နှစ်ထောင်သေ ကြ၏။

7ဂိလဒ် ပြည်သားယေဖသ သည် ဣသရေလ အမျိုးကို ခြောက် နှစ် အုပ်စိုး ပြီးမှ သေ ၍ ဂိလဒ် မြို့တမြို့ ၌ သင်္ဂြိုဟ် လေ၏။

8ယေဖသ နောက်မှ ဗက်လင် မြို့သားဣဗဇန် သည်၊ ဣသရေလ အမျိုးကို အုပ်စိုး ၏။

9ထိုမင်း သည် သား သုံးဆယ် ၊ သမီး သုံးဆယ် ရှိ ၏။ သမီးများကို အခြား တပါးသို့ စေလွှတ် ၍ ချွေးမ သုံးဆယ် ကို သိမ်း ထား၏။

10ဣဗဇန် သည် ဣသရေလ အမျိုးကို ခုနစ် နှစ် အုပ်စိုး ပြီးမှ သေ ၍ ဗက်လင် မြို့၌ သင်္ဂြိုဟ် လေ၏။

11ဣဗဇန် နောက်မှ ဇာဗုလုန် အမျိုးသားဧလုန် သည်၊ ဣသရေလ အမျိုးကို ဆယ် နှစ် အုပ်စိုး ၏။

12ထိုမင်း သေ ၍ ဇာဗုလုန် ခရိုင် ၊ အာဇလုန် မြို့၌ သင်္ဂြိုဟ် လေ၏။

13ဧလုန် နောက်မှ ပိရသုန် မြို့နေ ဟိလေလ ၏သား အာဗဒုန် သည်၊ ဣသရေလ အမျိုးကို အုပ်စိုး ၏။

14ထိုမင်း သည် သား လေးဆယ် ၊ မြေး သုံးဆယ် ရှိ ၍ သားမြေးတို့သည် ခုနစ်ဆယ် သော မြည်း သငယ်တို့ကို စီး ကြ၏။

15ပိရသုန် မြို့နေဟိလေလ သား အာဗဒုန် သည်၊ ဣသရေလ အမျိုးကို ရှစ် နှစ် အုပ်စိုး ပြီးမှ သေ ၍ ဧဖရိမ် ခရိုင် ၊ ပိရသုန် မြို့၊ အာမလက် တောင် ပေါ် မှာ သင်္ဂြိုဟ် လေ၏။

Tip: use the ← and → keys to turn chapters.