တရားသူကြီးမှတ်စာ 11
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Freedom Bible (フリーダム・バイブル)
1ဂိလဒ် အမျိုးသားယေဖသ သည် ခွန်အားကြီး သော သူရဲ ဖြစ် ၏။ သူ့ အဘ ကား ဂိလဒ် ၊ သူ့အမိကား ပြည်တန်ဆာ ဖြစ်၏။
1ギルアデ人エフタは勇士であったが、遊女の子であった。ギルアデがエフタの父である。
2ဂိလဒ် ၏မယား ဘွားမြင် သော သား တို့သည် ကြီး သောအခါ ၊ သင် သည် အခြား တပါးသော မိန်းမ ၏ သား ဖြစ်သောကြောင့် ၊ ငါ တို့ အဆွေအမျိုး နှင့်အတူအမွေ မ ခံရဟု ယေဖသ ကို ဆို ၍ နှင်ထုတ် လေ၏။
2ギルアデの妻も息子たちを産んだ。その息子たちが成長すると、エフタを追い出して言った。「あなたは父の家で相続を受けることはできない。別の女の息子だからだ。」
3ထိုအခါ ယေဖသ သည် ညီ တို့ဆီမှ ထွက်သွား ၍ တောဘ ပြည် ၌ နေ သဖြင့် ၊ လျှပ်ပေါ် သောသူ တို့သည် သူ့ ထံမှာ စည်းဝေး ၍ သူ့ နောက် ၌ လိုက် ကြ၏။
3そこでエフタは自分の兄弟たちから逃れ、トブの地に住んだ。ならず者たちがエフタの周りに集まり、彼とともに出て行った。
4နောက်တဖန် အမ္မုန် အမျိုးသား တို့သည် ဣသရေလ အမျိုးကို စစ်တိုက် ကြ၏။
4しばらくして、アンモンの子らがイスラエルに対して戦いを仕掛けた。
5ထိုသို့ အမ္မုန် အမျိုးသား တို့သည် ဣသရေလ အမျိုးကို စစ်တိုက် သောအခါ ၊ ဂိလဒ် ပြည်သားအသက်ကြီး သူတို့သည် ယေဖသ ကို တောဘ ပြည် မှ ခေါ် ခြင်းငှါ သွား ၍၊
5アンモンの子らがイスラエルに対して戦いを仕掛けたとき、ギルアデの長老たちはエフタをトブの地から連れ戻そうと出かけた。
6ငါတို့သည် အမ္မုန် လူတို့ကို စစ်တိုက် ရမည်အကြောင်း၊ လာ ၍ ငါ တို့၏ ဗိုလ်ချုပ် မင်း လုပ် ပါဟု မှာ လိုက်သော်၊
6彼らはエフタに言った。「来て、私たちの指揮官になってほしい。そうすれば、私たちはアンモンの子らと戦うことができる。」
7ယေဖသ က၊ သင် တို့သည် ငါ့ ကို မုန်း ၍ ငါ့ အဘ အိမ် မှ နှင်ထုတ် သည်မဟုတ် လော။ ယခု ဆင်းရဲ ခြင်းသို့ ရောက်သောအခါ ၊ အဘယ်ကြောင့် ငါ့ ထံ သို့လာ ကြသနည်းဟု ဂိလဒ် ပြည်သားအသက်ကြီး သူတို့အား ပြောဆို ၏။
7エフタはギルアデの長老たちに言った。「あなたがたは私を憎み、父の家から私を追い出したではないか。あなたがたが苦難にある今になって、なぜ私のところに来たのか。」
8ဂိလဒ် ပြည်သားအသက်ကြီး သူတို့ကလည်း ၊ ထိုကြောင့် ငါတို့သည် ယခု သင့် ထံ သို့ပြန် လာပါ၏။ ငါ တို့နှင့်အတူ ကြွ ၍ အမ္မုန် လူတို့ကို စစ်တိုက် ပြီးလျှင် ၊ ဂိလဒ် ပြည်သား အပေါင်း တို့၏ အထွဋ် လုပ် ပါဟု ယေဖသ အား တောင်းပန် ပြန်သော်၊
8ギルアデの長老たちはエフタに言った。「それゆえ、私たちは今、再びあなたのもとに帰って来たのだ。あなたが私たちとともに行き、アンモンの子らと戦ってくれるためである。そうすれば、あなたはギルアデの全住民の上に立つ私たちの頭となる。」
9ယေဖသ က၊ အမ္မုန် လူတို့ကို စစ်တိုက် စေခြင်းငှါ သင် တို့သည် ငါ့ ကို ပြန် ပို့၍ ထာဝရဘုရား သည် သူ တို့ကို ငါ့ ရှေ့ မှာ အပ် တော်မူလျှင် ၊ ငါ သည် သင် တို့အထွဋ် ဖြစ် ရသောအခွင့်ကိုပေးမည်လောဟု ဂိလဒ် ပြည်သားအသက်ကြီး သူတို့အား မေး လေသော်၊
9エフタはギルアデの長老たちに言った。「あなたがたが私を連れ戻してアンモン人と戦わせ、主が彼らを私に渡されるなら、私は本当にあなたがたのかしらとなるのか。」
10ဂိလဒ် ပြည်သားအသက်ကြီး သူတို့က၊ သင်ပြောသော စကား အတိုင်း ငါ တို့ မ ပြု လျှင် ထာဝရဘုရား သည် သင်နှင့် ငါတို့စပ်ကြား ၌ သက်သေ ဖြစ် တော်မူပါစေသောဟု ယေဖသ အား ပြန်ပြော ကြ၏။
10ギルアデの長老たちはエフタに言った。「主が私たちの間の証人となられる。私たちは必ずあなたの言葉どおりに行う。」
11ထိုအခါ ယေဖသ သည် ဂိလဒ် ပြည်သားအသက်ကြီး သူတို့နှင့် သွား ၍ သူ့ ကို လူ များတို့၏ အထွဋ် ဗိုလ်ချုပ် မင်းအရာ၌ ခန့် ထားကြ၏။ ယေဖသ သည်လည်း ထိုစကား အလုံးစုံ တို့ကို မိဇပါ မြို့မှာ ထာဝရဘုရား ရှေ့ တော်၌ ပြန်ကြား လျှောက်ထား၏။
11そこでエフタはギルアデの長老たちとともに行った。民は彼を自分たちのかしら、また指揮官とした。エフタはミツパで、主の御前に自分の言葉をすべて語った。
12ထိုနောက်မှ ယေဖသ သည်၊ အမ္မုန် ရှင်ဘုရင် ထံ သို့သံတမန် ကို စေလွှတ် ၍၊ သင် သည် ငါ နှင့် အဘယ်သို့ ဆိုင်သနည်း။ ငါ့ နိုင်ငံ ၌ စစ်တိုက် ခြင်းငှါ အဘယ်ကြောင့်ငါ့ ကို ရန်ပြု သနည်းဟုမေး သော်၊
12エフタはアンモンの子らの王に使者たちを遣わして言った。「あなたと私との間に何のかかわりがあって、あなたは私の地に対して戦うために、私のところに来たのか。」
13အမ္မုန် ရှင်ဘုရင် က၊ ဣသရေလ အမျိုးသည် အဲဂုတ္တု ပြည်မှ လာ သောအခါ ၊ ငါ့ မြေ ကို အာနုန် မြစ်မှစ၍ ယဗ္ဗုတ် ချောင်း၊ ယော်ဒန် မြစ်တိုင်အောင် လု ၍ယူသောကြောင့် ငါပြု၏။ ထို မြေကို ယခု အသင့်အတင့် ပြန် ပေးပါဟု ယေဖသ ၏သံတမန် အား ပြန်ပြော ၏။
13アンモンの子らの王はエフタの使者たちに答えた。「イスラエルがエジプトから上って来たとき、アルノンからヤボク、そしてヨルダン川に至るまで、私の地を奪い取ったからだ。それゆえ今、それらの地を平和のうちに返しなさい。」
14တဖန် ယေဖသ သည် သံတမန် ကို အမ္မုန် ရှင်ဘုရင် ထံ သို့စေလွှတ် ၍၊
14エフタは再びアンモンの子らの王に使者たちを遣わした。
15ယေဖသ မှာ လိုက်သည်ကား၊ ဣသရေလ အမျိုးသည် မောဘ မြေ ၊ အမ္မုန် မြေ ကို လု ယူသည်မဟုတ်။
15彼は彼に言った。「エフタはこう言う。イスラエルはモアブの地も、アンモンの子らの地も奪い取ってはいない。
16ဣသရေလ အမျိုးသည် အဲဂုတ္တု ပြည်မှ လာ ၍ ဧဒုံ ပင်လယ် အနား ၊ တော ၌ လှည့်လည် သဖြင့် ကာဒေရှ ရွာသို့ ရောက် သောအခါ၊
16イスラエルがエジプトから上って来たとき、イスラエルは荒野を通って紅海に行き、カデシュに来た。
17ဧဒုံ ရှင်ဘုရင် ထံ သို့သံတမန် ကို စေလွှတ် ၍ ၊ မင်းကြီး ပြည် ကို ရှောက်သွား ပါရစေဟု အခွင့်တောင်းသော်လည်း ၊ ဧဒုံ ရှင်ဘုရင် သည် နား မ ထောင်။ ထိုနည်းတူ မောဘ ရှင် ဘုရင်ထံ သို့စေလွှတ် ၍၊ သူသည်လည်း အခွင့် မ ပေးသောကြောင့် ၊ ဣသရေလ အမျိုးသည် ကာဒေရှရွာ၌ နေ ရကြ၏။
17そのとき、イスラエルはエドムの王に使者たちを遣わして、『どうか、あなたの地を通らせてほしい』と言ったが、エドムの王は聞き入れなかった。同じようにモアブの王にも遣わしたが、彼も承知しなかった。それでイスラエルはカデシュに留まった。
18နောက်တဖန်တော ကို ရှောက် လျက် ၊ ဧဒုံ ပြည် နှင့် မောဘ ပြည် ကို ဝိုင်း ၍ မောဘ ပြည် အရှေ့ ဘက်သို့ ရောက် ပြီးမှ အာနုန် မြစ်တဘက် ၌ တပ်ချ ကြ၏။ ထိုအခါ မောဘ ပြည်နယ် အတွင်းသို့ မ ဝင် ကြ။ အာနုန် မြစ်သည် မောဘ ပြည်အပိုင်းအခြား ဖြစ်သတည်း။
18それから彼らは荒野を通り、エドムの地とモアブの地を迂回し、モアブの地の東側に来て、アルノンの向こう側に陣を敷いた。しかし彼らはモアブの領土の内には入らなかった。アルノンはモアブの境界だったからである。
19တဖန် ဣသရေလ အမျိုးသည် အာမောရိ အမျိုး ဟေရှဘုန် ရှင်ဘုရင် ရှိဟုန် ထံ သို့သံတမန် ကို စေလွှတ် ၍ ၊ ငါ တို့နေရာ သို့ ရောက်အံ့သောငှါမင်းကြီး ပြည် ကို ရှောက်သွား ပါရစေဟု အခွင့်တောင်း သော်လည်း၊
19イスラエルはアモリ人の王、ヘシュボンの王シホンに使者を送り、『どうか、私たちの目的地まであなたの地を通らせてください』と言った。
20ရှိဟုန် သည် ဣသရေလ အမျိုးကို မ ယုံ ၊ မိမိ ပြည် ကို ရှောက်သွား စေခြင်းငှါ အခွင့်မပေးသည်သာမက၊ မိမိ လူ အပေါင်း တို့ကို စုဝေး စေ၍ ၊ ယာဟတ် မြို့၌ တပ်ချ ပြီးလျှင် ဣသရေလ အမျိုးကို စစ်တိုက် လေ၏။
20しかしシホンは、イスラエルが自分の境界を通ることを信用しなかった。それどころか、シホンは自分のすべての民を呼び集め、ヤハツに陣を敷いてイスラエルと戦った。
21ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား သည်၊ ရှိဟုန် မင်းနှင့်တကွ သူ ၏လူ အပေါင်း တို့ကို ဣသရေလ အမျိုးလက် ၌ အပ် တော်မူ၍ ၊ သူ တို့ကို လုပ်ကြံ သဖြင့် ထို ပြည် ၌နေ သောအာမောရိ လူတို့၏ မြေ တရှောက်လုံး ကို သိမ်းယူ ကြ၏။
21イスラエルの神、主は、シホンとそのすべての民をイスラエルの手に引き渡されたため、彼らはこれを打ち倒した。こうしてイスラエルは、その地方の住民であるアモリ人の全地を所有した。
22အာမောရိ ပြည် နယ်မြေ တရှောက်လုံး ကို အာနုန် မြစ်မှစ၍ ယဗ္ဗုတ် ချောင်းတိုင်အောင် ၎င်း ၊ တော မှစ၍ ယော်ဒန် မြစ်တိုင်အောင် ၎င်း သိမ်းယူ ကြ၏။
22彼らはアルノンからヤボクに至るまで、また荒野からヨルダン川に至るまで、アモリ人の全境界を所有した。
23ထိုသို့ ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား သည်၊ အာမောရိ လူတို့ကို ဣသရေလ အမျိုး ရှေ့ မှာ သူတို့ပြည်ကို နှုတ် တော်မူသည်ဖြစ်၍ ၊ သင် သည် သိမ်းယူ ရမည်လော။
23今、イスラエルの神、主が、その民イスラエルの前からアモリ人を追い払われた。それなのに、あなたがその地を所有しようというのか。
24သင် ၏ဘုရား ခေမုရှ အပိုင်ပေး သော မြေကို သင်သိမ်းယူ ရသည်မဟုတ် လော။ ထိုအတူ ငါ တို့ ဘုရား သခင်ထာဝရဘုရား နှင်ထုတ် တော်မူသောသူတို့၏မြေကို ငါ တို့သည် သိမ်းယူ ရ၏။
24あなたは、自分の神ケモシュが与えるものを所有するのではないか。私たちも、私たちの神、主が私たちの前から追い払われた者の地を所有する。
25သင် သည် မောဘ ရှင်ဘုရင် ဇိဖော် မင်း၏သား ဗာလက် ထက် သာ၍ မြတ်သလော။ သူသည် ဣသရေလ အမျိုးနှင့် ရန်တွေ့ ဘူးသလော။ စစ်တိုက် ဘူးသလော။
25今、あなたはモアブの王ツィポルの子バラクにまさっているというのか。彼はかつてイスラエルと争っただろうか。あるいは彼らと戦っただろうか。
26ဣသရေလ အမျိုးသည် ဟေရှဘုန် မြို့ ရွာတို့၌ ၎င်း ၊ အာရော် မြို့ ရွာတို့၌ ၎င်း ၊ အာနုန် မြစ် နားမှာ ရှိသော မြို့ ရွာအလုံးစုံ တို့၌၎င်း အနှစ် သုံး ရာ ပတ်လုံးနေစဉ်တွင် အဘယ်ကြောင့် သင်တို့သည် မ ရ ပြန်သနည်း။
26イスラエルがヘシュボンとその町々、アロエルとその町々、またアルノン沿いのすべての町々に三百年の間住んでいたのに、なぜあなたがたはその間にそれらを取り戻さなかったのか。
27သင့် ကို ငါမ ပြစ်မှား။ သင် သည် စစ်တိုက် ၍ ငါ့ ကို ညှဉ်းဆဲ ၏။ ထာဝရဘုရား သည် တရားသူကြီးလုပ်၍ ဣသရေလ အမျိုးသား၊ အမ္မုန် အမျိုးသားတို့ စပ်ကြား မှာ ယနေ့ တရားစီရင် ဆုံးဖြတ် တော်မူပါစေသောဟု မှာလိုက် လေ၏။
27それゆえ、私はあなたに対して罪を犯していないが、あなたは私に対して戦いを仕掛けて悪を行っている。さばき主である主が今日、イスラエルの人々とアンモンの子らとの間をさばかれますように。」
28သို့သော်လည်း ယေဖသ မှာ လိုက်သော စကား ကို အမ္မုန် ရှင်ဘုရင် သည် နား မ ထောင်ဘဲနေ၏။
28しかし、アンモンの子らの王は、エフタが遣わした言葉に聞き入れなかった。
29ထိုအခါ ထာဝရဘုရား ၏ ဝိညာဉ် တော်သည် ယေဖသ အပေါ် မှာ သက်ရောက် ၍ ၊ သူသည် ဂိလဒ် ပြည်၊ မနာရှေ ပြည်ကို ရှောက် လျက် ဂိလဒ် ပြည် မိဇပါ မြို့ကို လွန် ၍ အမ္မုန် လူတို့ရှိရာသို့ ချီ သွားလေ၏။
29そのとき主の霊がエフタに臨んだ。彼はギルアデとマナセを通り、ギルアデのミツパへ進み、そこからアンモン人のところへ渡って行った。
30ယေဖသ သည် ထာဝရဘုရား အား သစ္စာ ဂတိထားလျက် ၊ အကယ်၍ ကိုယ်တော်သည် အမ္မုန် အမျိုးသားတို့ကို အကျွန်ုပ် လက် ၌ အပ် တော်မူလျှင်၊
30エフタは主に誓願を立てて言った。「もしあなたが本当に、アンモンの子らを私の手に渡してくださるなら、
31အကျွန်ုပ်သည် အမ္မုန် အမျိုးသားတို့ရှိရာမှ ငြိမ်ဝပ် စွာ ပြန်လာ သောအခါ ၊ အကျွန်ုပ် ကို ခရီး ဦးကြိုပြုအံ့သောငှါ အကျွန်ုပ် အိမ် တံခါးဝ မှ ထွက် လာသောသူ မည်သည်ကို ထာဝရဘုရား အား အမှန်ဆက်သ၍ မီးရှို့ ရာယဇ်ပူဇော် ပါမည်ဟု သစ္စာဂတိထားပြီးမှ၊
31私がアンモン人のところから無事に帰るとき、私の家の戸口から私を迎えに出て来るものは主のものとなり、私はそれを全焼のささげ物としてささげます。」
32အမ္မုန် အမျိုးသားတို့ကို တိုက် ခြင်းငှါ ချီ သွား၍ ၊ ထာဝရဘုရား သည် သူ တို့ကို ယေဖသ လက် ၌ အပ် တော်မူသဖြင့်၊
32そこでエフタはアンモンの子らと戦うために彼らのところへ渡って行った。主は彼らを彼の手に渡された。
33အာရော် မြို့မှစ၍ မိန္နိတ် မြို့တိုင်အောင် ၎င်း ၊ အာဗေလ ခေရမိမ်မြို့တိုင်အောင် ၎င်း ၊ မြို့ နှစ်ဆယ် တို့ကို ကြီးစွာ သောလုပ်ကြံ ခြင်းအားဖြင့် သူ တို့ကို တိုက်သတ် လေ၏။ ထိုသို့ အမ္မုန် အမျိုးသားတို့သည် ဣသရေလ အမျိုးသားတို့ ရှေ့ မှာ ရှုံး ရကြ၏။
33彼はアロエルからミニテに至るまで二十の町を打ち、さらにアベル・ケラミムまで大打撃を与えた。こうしてアンモン人はイスラエルの人々の前に屈服した。
34ယေဖသ သည် မိဇပါ မြို့ မိမိ အိမ် သို့ ရောက် လာသောအခါ ၊ မိမိ သမီး သည် ပတ်သာ တီးလျက် ၊ က လျက် ခရီး ဦးကြိုပြုအံ့သောငှါ ထွက် လာ၏။ သူ သည် တယောက် တည်းသော သမီးဖြစ်၍၊ သူ မှတပါး သား သမီး မ ရှိ။
34エフタがミツパの自分の家に帰って来ると、娘がタンバリンを鳴らし、踊りながら迎えに出て来た。彼女は彼の一人娘であった。彼女のほかに彼には息子も娘もいなかった。
35ယေဖသသည် သူ့ ကို မြင် လျှင် ၊ မိမိ အဝတ် ကို ဆုတ် ၍ ၊ အို ငါ့ သမီး ၊ သင် သည် ငါ့ ကို အလွန်နှိမ့်ချ ပြီ တကား။ ငါ့ ကို နှောင့်ရှက် သော သူတယောက်ဖြစ် ပါသည်တကား။ ထာဝရဘုရား အား ငါ လျှောက် ထားပြီ။ နှုတ် ရသောအခွင့်မ ရှိ ဟု ဆို သော်၊
35彼女を見ると、エフタは衣を裂いて言った。「ああ、娘よ。おまえは私を打ちのめした。おまえまでが私を苦しめる者となった。私は主に口を開いて誓った。もう取り消すことはできない。」
36သမီးက၊ ခမည်းတော် သည် ထာဝရဘုရား အား လျှောက် ထားလျှင်၊ လျှောက် ထားသည်အတိုင်း ကျွန်မ ၌ ပြု ပါ။ အကြောင်းမူကား၊ ထာဝရဘုရား သည် ခမည်းတော် ၏ရန်သူ အမ္မုန် အမျိုးသားတို့၌ ခမည်းတော်၏စိတ်ပြေစေခြင်းငှါအပြစ် ပေး တော်မူပြီ။
36彼女は彼に言った。「私の父よ。あなたは主に口を開かれたのですから、あなたの口から出たとおりに私にしてください。主があなたの敵であるアンモンの子らに、あなたのために復讐してくださったからです。」
37သို့ရာတွင်ကျွန်မ သည် အပေါင်းအဘော် တို့နှင့်တကွ တောင်ရိုး ပေါ် မှာ လှည့်လည် ၍ ၊ ကျွန်မ ၏ အပျို ကညာဖြစ်ခြင်းကို ငိုကြွေး မြည်တမ်းရမည်အကြောင်း၊ နှစ် လ ပတ်လုံးအလွတ် နေပါရစေဟု အဘ အား အခွင့်တောင်း သည်အတိုင်း၊
37彼女は父に言った。「このことを私にさせてください。二か月の間、私をそのままにしてください。私が出かけて山々へ行き、私の処女であることを友たちとともに嘆き悲しむためです。」
38အဘက၊ သွား လေတော့ဟုဆို လျက် နှစ် လ ကို ချိန်းချက်၍ လွှတ် လိုက်လျှင် ၊ အပေါင်းအဘော် တို့နှင့်တကွ သွား ၍ တောင်ရိုး ပေါ် မှာ မိမိ အပျို ကညာဖြစ်ခြင်းကို ငိုကြွေး မြည်တမ်းလေ၏။
38彼は「行きなさい」と言った。彼は彼女を二か月の間送り出し、彼女は友たちとともに去って行き、山々で自分の処女であることを嘆き悲しんだ。
39နှစ် လ စေ့ သောအခါ အဘ ထံ သို့ ပြန်လာ ၍ ၊ အဘသည် သစ္စာ ဂတိရှိသည်အတိုင်း ပြု လေ၏။ ထို မိန်းမသည် ယောက်ျား နှင့် မ ဆက်ဆံ သောသူဖြစ်၏။
39二か月の終わりに彼女は父のもとへ帰った。父は誓った誓願のとおりに彼女に行った。彼女は男を知らなかった。このことから、イスラエルでは一つの慣わしが生まれ、
40ထိုနောက်မှ ဣသရေလ အမျိုးသမီး တို့သည်၊ ဂိလဒ် အမျိုးသားယေဖသ ၏သမီး ကြောင့် တနှစ် တနှစ်လျှင် လေး ရက် ပတ်လုံးငိုကြွေး မြည်တမ်းခြင်းငှါ သွား ရသော ဣသရေလ ထုံးစံ ဓလေ့ဖြစ် လေ၏။
40イスラエルの娘たちは毎年四日間、ギルアデ人エフタの娘をしのぶために出て行くようになった。
Tip: use the ← and → keys to turn chapters.