ဟေရှာယ 49
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Daničić–Karadžić Bible (1868), Cyrillic
1တကျွန်း တနိုင်ငံအရပ်တို့၊ ငါ့ စကားကို ကြားကြလော့။ ဝေးစွာသော လူမျိုးတို့၊ စေ့စေ့နားထောင်ကြလော့။ ငါဘွားစကပင် ထာဝရဘုရားသည် ငါ့ကို ခေါ်တော်မူ၏။ အမိဝမ်းထဲမှစ၍ ငါ၏နာမကို မှတ်တော်မူ၏။
1Послушајте ме, острва, и пазите народи далеки. Господ ме позва од утробе; од утробе матере моје помену име моје.
2ငါ့ နှုတ် ကို ထက် သော ထား ကဲ့သို့ ဖြစ် စေ၍ ၊ လက် တော်အရိပ် ၌ ဖုံး ထားတော်မူ၏။ ငါ့ ကိုလည်း ဦးသစ် သော စည်းသွားဖြစ် စေ၍၊ မိမိ မြှား ထောင့်ထဲမှာ ဝှက် ထားတော်မူ၏။
2И учинио је уста моја да су као оштар мач, у сену руке своје сакри ме; учинио ме је сјајном стрелом, и тулу свом сакри ме.
3အိုဣသရေလ ၊ သင် သည် ငါ ၏ ကျွန် ဖြစ်၏။ သင့် အားဖြင့် ငါ့ဘုန်း သည် ထင်ရှားလိမ့်မည်ဟု ငါ့ အား မိန့် တော်မူပြီ။
3И рече ми: Ти си слуга мој, у Израиљу ћу се тобом прославити.
4ငါ ကလည်း၊ အကျိုး မရှိဘဲ ငါလုပ် ဆောင်ရပြီ။ အချည်းနှီး သက်သက်ငါ့ ခွန်အား ကုန် ရပြီ။ သို့သော်လည်း ၊ ငါ့ အမှု သည် ထာဝရဘုရား ရှေ့တော်၌ရှိ၏။ ငါ ခံရသောအခ လည်း ငါ၏ဘုရားသခင်လက်တော်၌ရှိသည်ဟု ဆို၏။
4А ја рекох: Узалуд се трудих, узалуд и напразно потроших силу своју; али опет суд је мој у Господа и посао мој у Бога мог.
5ငါသည် ထာဝရဘုရား ရှေ့ တော်၌ အသရေထင်ရှား ၍ ၊ ငါ ၏ဘုရား သခင်သည် ငါ့ ကို ခိုင်ခံ့ စေ တော်မူသည်အကြောင်းနှင့်တကွ၊ ဣသရေလ အမျိုးသည် အထံ တော်၌ စုဝေး စေခြင်းကို မခံသော်လည်း၊ ငါသည် ယာကုပ် အမျိုးကို အထံ တော်သို့ တဖန် ဆောင် ခဲ့ရသောကျွန် ဖြစ် စေမည်အကြောင်း၊ ငါ့ ကို အမိဝမ်း ထဲ မှစ၍ဖန်ဆင်း တော်မူသောထာဝရဘုရား မိန့် တော်မူသည် ကား၊
5А сада говори Господ, који ме је саздао од утробе материне да сам Му слуга, да Му доведем натраг Јакова; ако се Израиљ и не сабере, опет ћу се прославити пред Господом, и Бог ће мој бити сила моја.
6သင်သည် ယာကုပ် ၏ အမျိုးအနွယ် တို့ကို ချီးမြှောက် ခြင်း၊ ဘေးလွတ် သော ဣသရေလ သားတို့ကို အရင်ကဲ့သို့ဖြစ်စေခြင်းအလိုငှါသာ၊ ငါ့အမှုကို ဆောင်ရွက် သောအမှုသည် သာမညအမှုဖြစ်၏။ ထိုအမှုမက၊ သင်သည် မြေကြီးစွန်းတိုင်အောင်ငါ ၏ ကယ်တင်ခြင်းကို ပြု စိမ့်သောငှါ ၊ သင့် ကို တပါးအမျိုးသား တို့ လင်း စရာဘို့ ငါခန့် ထားသည်ဟု မိန့် တော်မူ၏။
6И рече ми: Мало је да ми будеш слуга да се подигне племе Јаковљево и да се врати остатак Израиљев, него те учиних виделом народима да будеш моје спасење до крајева земаљских.
7ဣသရေလ အမျိုးကို ရွေးနှုတ်တော်မူ၍၊ ထို အမျိုး၏ သန့်ရှင်း သော ထာဝရဘုရား သည်၊ အဘယ်သူမျှ မနှစ်သက် ၊ တပြည် လုံး ရွံရှာ ဘွယ်ဖြစ်၍၊ မင်း ထံ၌ ကျွန် ခံရသောသူအား မိန့် တော်မူသည်ကား ၊ သစ္စာ ရှိတော်မူ သော ထာဝရဘုရား ၊ သင့် ကို ရွေးကောက် တော်မူသောဣသရေလ အမျိုး၏ သန့်ရှင်း သော ဘုရား၏ ကျေးဇူးတော်ကြောင့် ၊ ရှင် ဘုရင်တို့သည် မြင် ၍ ထ ကြလိမ့်မည်။ မင်းသား တို့သည်လည်း ကိုးကွယ် ကြလိမ့်မည်။
7Овако вели Господ, Избавитељ Израиљев, Светац његов, ономе кога презиру, на кога се гади народ, слузи оних који господаре: цареви ће видети и устати, и кнезови ће се поклонити ради Господа, који је веран, ради Свеца Израиљевог, који те је изабрао.
8ထာဝရဘုရား မိန့် တော်မူသည်ကား ၊ နှစ်သက် ဘွယ်သော အချိန် ၌ သင် ၏စကားကို ငါနားထောင် ပြီ။ ကယ်တင် ရာကာလ ၌ သင့် ကို မစ ပြီ။ သင့် ကိုလည်း ငါ စောင့်ရှောက် ၍ ၊ သင်သည် ပြည် တော်ကို ပြုပြင် လျက်၊ ဆိတ်ညံ သော အမွေ ခံရာအရပ်တို့ကို အမွေ ပေးစေမည် အကြောင်း၊
8Овако вели Господ: У време милосно услиших те, и у дан спасења помогох ти; и чуваћу те и даћу те да будеш завет народу да утврдиш земљу и наследиш опустело наследство;
9ထွက် ကြလော့ဟု ချုပ်ထား သောသူတို့ အား ၎င်း၊ ပေါ် လာကြလော့ဟု မှောင်မိုက် ထဲမှာ နေသောသူ တို့အား ၎င်း ပြော စေမည်အကြောင်း ၊ လူမျိုးအား ပဋိညာဉ်တရား ကို ပြုစရာဘို့ သင့်ကို ခန့်ထားမည်။ သို့ဖြစ်၍၊ ထိုသူတို့ သည် လမ်း ခရီးတို့အနား မှာ စား ရ၍ ၊ မြင့် သော အရပ်ရပ်တို့၌ ကျက်စား ရာကို တွေ့ရကြလိမ့်မည်။
9Да кажеш сужњима: Изађите; онима који су у мраку: Покажите се. Они ће покрај путева пасти, и паша ће им бити по свим високим местима.
10သူတို့သည် ရေစာကို မ ငတ် မ မွတ် ရ။ အပူ ကို လည်း မ ခံ ရကြ။ နေ ရောင်ခြည်မထိရ။ အကြောင်း မူကား၊ သူ တို့ကို သနား သောသူသည် သူ တို့ကို ပို့ဆောင် ၍ ၊ စမ်း ရေ တွင်းအနား သို့ လမ်းပြ လိမ့်မည်။
10Неће бити гладни ни жедни, неће их бити врућина ни сунце; јер коме их је жао, он ће их водити, и покрај извора водених проводиће их.
11ငါ ၏တောင် ရှိသမျှ တို့ကို သွားရာလမ်း ဖြစ်စေမည်။ ငါ ၏မြေတန်တား များကိုလည်း ငါဖို့ မည်။
11И све горе своје обратићу у путеве, и стазе ће моје бити повишене.
12ကြည့် ရှုလော့။ ဤ သူတို့သည် ဝေး သောအရပ်မှ လာ ကြလိမ့်မည်။ ကြည့် ရှုလော့။ ထို သူတို့သည် မြောက် မျက်နှာနှင့် အနောက် မျက်နှာမှ ၎င်း၊ ထို သူတို့သည်လည်း ၊ သိနိမ် ပြည် မှ ၎င်း လာကြလိမ့်မည်ဟု မိန့်တော်မူ၏။
12Гле, ови ће из далека доћи, гле, и они од севера и од запада, и они из земље синске.
13အို မိုဃ်းကောင်းကင် တို့၊ သီချင်းဆို ကြလော့။ အိုမြေကြီး ၊ ဝမ်းမြောက် ခြင်းရှိလော့။ အိုတောင် များတို့၊ ရွှင်လန်းစွာ သီချင်း ဆို ကြလော့။ အကြောင်း မူကား၊ ထာဝရဘုရား သည် မိမိ လူ တို့ကို နှစ်သိမ့် စေတော်မူ၏။ ဆင်းရဲ ခံရသောမိမိ လူတို့ကို ကယ်မသနား တော်မူ၏။
13Певајте, небеса, и весели се, земљо, подвикујте, горе, весело; јер Господ утеши свој народ, и на невољнике своје смилова се.
14ဇိအုန် ကလည်း ၊ ထာဝရဘုရား သည် ငါ့ ကို စွန့်ပစ် တော်မူပြီ။ ဘုရား ရှင်သည် ငါ့ ကို မေ့လျော့ တော်မူပြီဟု ဆို လေသော်၊
14Али Сион рече: Остави ме Господ, и заборави ме Господ.
15မိန်းမ သည် မိမိဘွား သော သား ကို မသနား သည်တိုင်အောင်၊ မိမိ နို့စို့ သူငယ်ကို မေ့လျော့ နိုင်သလော။ အကယ်၍မေ့လျော့ သော်လည်း ၊ သင့် ကို ငါ မ မေ့လျော့။
15Може ли жена заборавити пород свој да се не смилује на чедо утробе своје? А да би га и заборавила, ја нећу заборавити тебе.
16ငါသည် ကိုယ်လက်ဝါး ၌ သင့် ကို စာထိုး ပြီ။ သင် ၏ မြို့ရိုး သည် ငါ့ ရှေ့ မှာ အစဉ် ရှိ၏။
16Гле, на длановима сам те изрезао; зидови су твоји једнако преда мном.
17သင် ၏သားသမီး တို့သည် အလျင်အမြန် ပြုကြ လိမ့်မည်။ သင့် ကို လုယူဖျက်ဆီး သောသူတို့ သည် သင့် ထံမှ ထွက်သွား ကြလိမ့်မည်။
17Похитаће синови твоји, а који те раскопаваше и пустошише, отићи ће од тебе.
18အရပ်ရပ် သို့ မျှော် ကြည့်လော့။ ဤသူ အပေါင်း တို့သည် စုဝေး ၍ သင့် ထံသို့ လာ ကြ၏။ ထာဝရဘုရား မိန့် တော်မူသည်ကား၊ ငါ အသက် ရှင်သည်ဖြစ်၍၊ သင် သည် တင့်တယ်သော အဝတ် ကို ဝတ် သကဲ့သို့ ၊ ဤသူ အပေါင်း တို့ကို ဝတ်လိမ့်မည်။ မင်္ဂလာဆောင်သတို့သမီး ပြုသည် နည်းတူ တန်ဆာဆင် လိမ့်မည်။
18Подигни очи своје унаоколо, и види: сви се они скупљају и иду к теби. Тако био ја жив, вели Господ, свима њима као накитом заоденућеш се, и уресићеш се њима као невеста.
19သင် ၌ သုတ်သင် ပယ်ရှင်းသော အရပ်၊ ပျက်စီး သော ပြည် သည် နေ သူများသောကြောင့် ကျဉ်း ကြ လိမ့်မည်။ သင့် ကို ကိုက်စား သောသူတို့ သည်လည်း ဝေး ကြ လိမ့်မည်။
19Јер развалине твоје и пустолине и потрвена земља твоја биће тада тесна за становнике кад се удаље они који те прождираше.
20သင်၏သားများဆုံးပြီးမှ၊ တဖန်ရပြန် သော သား တို့က၊ နေရာ မ လောက်ပါ။ နေ စရာ အရပ်ကိုပေး ပါ ဟု သင့် အား တောင်း ကြလေဦးမည်။
20И деца коју ћеш имати, пошто си била без деце, рећи ће да чујеш: Тесно ми је ово место, помакни се да се могу настанити.
21သင်ကလည်း ၊ ဤ သူတို့ကို ငါ့ အား အဘယ်သူ ဖြစ်ဘွား စေသနည်း။ ငါ သည် သား ဆုံးသောသူ၊ ဆိတ်ညံ လျက်နေရသောသူ၊ နှင်ထုတ် ခြင်းကိုခံ ရသဖြင့် ၊ အဝေးသို့ လည်ရသောသူဖြစ်၍ ၊ ဤ သူတို့ကို အဘယ်သူ မွေးစား သနည်း။ ငါ သည် တယောက် တည်း နေ ရသည်ဖြစ်၍၊ ဤ သူ တို့သည် အဘယ်မှာ ရှိကြသနည်းဟု အောက်မေ့ လိမ့်မည်။
21А ти ћеш рећи у срцу свом: Ко ми их роди, јер бејах сирота и инокосна, заробљена и прогнана? И ко их отхрани? Ето, ја бејах остала сама, а где они беху?
22အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ကြည့် ရှုလော့။ ငါသည် အတိုင်းတိုင်းအပြည်ပြည်၌နေသော လူမျိုးတို့အား လက် ကို ချီ ၍ အလံ ကို ထူ သဖြင့် ၊ သူတို့သည် သင် ၏သားသမီး တို့ကို လက် နှင့် ပွေ့လျက်၊ ပခုံး ပေါ် မှာ ထမ်းလျက်ဆောင် ခဲ့ကြလိမ့်မည်။
22Овако вели Господ Господ: Ево, подигнућу руку своју к народима, и к племенима ћу подигнути заставу своју, и донеће синове твоје у наручју, и кћери твоје на раменима ће се носити.
23ရှင် ဘုရင်တို့သည် သင် ၏ ဘထွေး ၊ မိဖုရား တို့ သည် သင့် ကို မွေးစား သော အမိဖြစ် ကြလိမ့်မည်။ သင့် ရှေ့ မှာ ဦးညွှတ်ပြပ်ဝပ် ၍၊ သင် ၏ခြေ ၌ မြေမှုန့် ကို လျက် ကြလိမ့်မည်။ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်းကို ၎င်း၊ ငါ့ ကို မြော်လင့် သောသူတို့သည် ရှက် ကြောက်ခြင်းမ ရှိ ကြောင်းကို ၎င်းသင်သိ လိမ့်မည်။
23И цареви ће бити хранитељи твоји и царице њихове твоје дојкиње, и клањаће ти се лицем до земље, и прах с ногу твојих лизаће, и познаћеш да сам ја Господ, и да се неће осрамотити они који мене чекају.
24လုယူရာ ဥစ္စာကို အားကြီး သောသူ ၏ လက်မှ ယူ ရမည်လော။ တရား သော သူသိမ်း သွားသော လူတို့ကို နှုတ် ရမည်လော။
24Хоће ли се јунаку узети плен и хоће ли се отети робље праведноме?
25ထာဝရဘုရား မိန့် တော်မူသည်ကား ၊ အကယ် စင်စစ် အားကြီး သောသူ သိမ်း သွားသော လူတို့ကို ယူ ရမည်။ ကြောက်မက် ဘွယ်သောသူ လုယူရာဥစ္စာ ကို နှုတ် ရ လိမ့်မည်။ အကြောင်း မူကား၊ သင် နှင့် ရန်တွေ့ သောသူကို ငါ သည် ရန်တွေ့ ၍ ၊ သင် ၏သား တို့ကို ကယ်တင် မည်။
25Јер овако говори Господ: и робље јунаку узеће се и плен јакоме отеће се, јер ћу се ја прети с онима који се с тобом пру, и синове твоје ја ћу избавити;
26သင့် ကို ညှဉ်းဆဲ သောသူတို့ ကို သူ တို့၏အသား နှင့် ငါကျွေး မည်။ ချိုသော စပျစ်ရည် ကို သောက်သကဲ့သို့ ၊ သူတို့သည် မိမိ အသွေး ကိုဝစွာ သောက် ရကြမည်။ သို့ဖြစ်၍ ၊ ငါ ထာဝရဘုရား သည် သင့် ကို ကယ်တင် သော အရှင်၊ သင့် ကို ရွေးနှုတ် သောသခင်၊ ယာကုပ် အမျိုး၌ တန်ခိုးကြီး သော ဘုရားဖြစ်ကြောင်းကို လူ အပေါင်း တို့ သည် သိ ရကြလိမ့်မည်ဟု မိန့်တော်မူ၏။
26И који ти криво чине, нахранићу их њиховим месом и опиће се својом крвљу као новим вином; и познаће свако тело да сам ја Господ Спаситељ твој и Избавитељ твој, јаки Бог Јаковљев.
Tip: use the ← and → keys to turn chapters.