ဟေရှာယ

Old Testament

Chapter 30
Judson Burmese Bible (18…
vs Clementine Vulgate…
Aa
Text size
Line width
Verse numbers

ဟေရှာယ 30

Judson Burmese Bible (1840)
Clementine Vulgate, 1598
1ထာဝရဘုရား မိန့် တော်မူသည်ကား၊ ပုန်ကန် သော အမျိုးသား တို့သည် အမင်္ဂလာ ရှိကြ၏။ သူတို့သည် ငါ့ ကို အမှီမ ပြုဘဲ အချင်းချင်းတိုင်ပင် ကြ၏။ ငါ့ ဝိညာဉ် အခွင့်မ ရှိဘဲ မိဿဟာယ ဖွဲ့၍ အထပ်ထပ် အပြစ် ရောက် ကြ၏။
1[Væ filii desertores, dicit Dominus, ut faceretis consilium, et non ex me, et ordiremini telam, et non per spiritum meum, ut adderetis peccatum super peccatum;
2ဖာရော ဘုရင်၏ ဘုန်း ကိုအမှီပြု၍၊ အဲဂုတ္တု အရိပ် ကို ခိုလှုံ ခြင်းငှါ ၊ ငါ့ နှုတ် ထွက်ကို အခွင့် မ ပန်ဘဲ၊ အဲဂုတ္တု ပြည်သို့ ရောက် အောင် သွား ကြ၏။
2qui ambulatis ut descendatis in Ægyptum, et os meum non interrogastis, sperantes auxilium in fortitudine Pharaonis, et habentes fiduciam in umbra Ægypti !
3သို့ဖြစ်၍သင် တို့သည် ဖာရော ဘုရင်၏ ဘုန်း ကို အမှီပြုသောကြောင့် ရှက်ကြောက် ကြလိမ့်မည်။ အဲဂုတ္တု အရိပ် ကို ခိုလှုံ သောကြောင့် မျက်နှာ ပျက်ကြလိမ့်မည်။
3Et erit vobis fortitudo Pharaonis in confusionem, et fiducia umbræ Ægypti in ignominiam.
4သူ တို့မင်း တို့သည် ဇောန မြို့၌ ရှိ ကြပြီ။ သံတမန် တို့သည် ဟာနက် မြို့သို့ ရောက် ကြပြီ။
4Erant enim in Tani principes tui, et nuntii tui usque ad Hanes pervenerunt.
5အသုံး မ ဝင်၊ အကူအညီ မ ပေး၊ ကျေးဇူး မ ပြုနိုင် ဘဲ ရှက် ကြောက်ခြင်း၊ အသရေ ပျက်ခြင်း အကြောင်းသာ ဖြစ်သော လူမျိုး ကို သူတို့ရှိသမျှ သည် ရှက် ကြောက်ကြ၏။
5Omnes confusi sunt super populo qui eis prodesse non potuit: non fuerunt in auxilium et in aliquam utilitatem, sed in confusionem et in opprobrium.]
6ခြင်္သေ့ မ၊ ခြင်္သေ့ ပျို၊ မြွေဆိုး ၊ ပျံ တတ်သော မီး မြွေ များသဖြင့်၊ အလွန်ခဲယဉ်း ၍ ဆင်းရဲ သောပြည် ကို ရှောက် လျက်၊ တောင် မျက်နှာသို့သွားသော တိရစ္ဆာန်တို့အပေါ် မှာ တင်သော ဝန်များကို ကြည့်ရှုကြလော့။ မြည်း ပခုံး ပေါ်မှာ ဥစ္စာ ပစ္စည်းများကို၎င်း ၊ ကုလားအုပ် ၏ ဘို့ ပေါ် မှာ ဘဏ္ဍာ များကို၎င်း တင် ၍၊ ကျေးဇူး မ ပြုနိုင်သော လူမျိုး ထံသို့ ဆောင်သွားကြသည်တကား။
6Onus jumentorum austri. [In terra tribulationis et angustiæ leæna, et leo ex eis, vipera et regulus volans; portantes super humeros jumentorum divitias suas, et super gibbum camelorum thesauros suos, ad populum qui eis prodesse non poterit.
7အဲဂုတ္တု ပြည်သည် အချည်းနှီး သက်သက်၊ အကျိုး မပေး နိုင်။ ထိုကြောင့်၊ မ လှုပ်ဘဲနေတတ်သောရာခပ် ဟု ငါ သမုတ် ပေ၏။
7Ægyptus enim frustra et vane auxiliabitur. Ideo clamavi super hoc: Superbia tantum est, quiesce.
8သင်သည်ယခု သွား ၍ သူ တို့ရှေ့မှာသင်ပုန်း ၌ ရေး ထားရသောအချက်၊ နောင် ကာလ အစဉ် အဆက် တည် စေခြင်းငှါ၊ စာစီ ၍ မှတ်သားရသောအချက်ဟူမူကား၊
8Nunc ergo ingressus, scribe ei super buxum, et in libro diligenter exara illud, et erit in die novissimo in testimonium usque in æternum.
9ဤ လူမျိုး သည် ပုန်ကန် တတ်၏။ ဖောက်ပြန် သောအမျိုးသား ၊ ထာဝရဘုရား ၏ တရား တော်ကို နာယူ ခြင်းငှါအလို မ ရှိသော အမျိုးသား ဖြစ်ကြ၏။
9Populus enim ad iracundiam provocans est: et filii mendaces, filii nolentes audire legem Dei;
10သူတို့ကလည်း၊ ဗျာဒိတ် တော်ကို မ ခံပါနှင့် ဟု ဗျာဒိတ် ခံသောသူတို့အား ၎င်း၊ မှန် သောစကားကို ငါ တို့ အား မ ဟော ပါနှင့်။ ချော့မော့ သောစကားကို ပြောကြပါ။ လှည့်စား သောစကား ကို ဟော ကြပါ။
10qui dicunt videntibus: Nolite videre, et aspicientibus: Nolite aspicere nobis ea quæ recta sunt; loquimini nobis placentia: videte nobis errores.
11လမ်း လွှဲ ကြပါ။ မှန်သောလမ်း ကို ရှောင် ကြပါ။ ဣသရေလ အမျိုး၏ သန့်ရှင်း သောဘုရားကို ငါ တို့ရှေ့ မှာ ကွယ် ထားကြပါဟု ပရောဖက် တို့အား ၎င်း ဆို တတ်ကြ၏။
11Auferte a me viam; declinate a me semitam; cesset a facie nostra Sanctus Israël.
12သို့ဖြစ်၍၊ ဣသရေလ အမျိုး၏ သန့်ရှင်း သော ဘုရား မိန့် တော်မူသည်ကား ၊ သင် တို့သည် နှုတ်ကပတ် တော်ကို ပယ် ၍ ၊ လိမ် ကောက် ယိုယွင်းခြင်းကို သာ မှီဝဲ ခိုလှုံ သောကြောင့်၊
12Propterea hæc dicit Sanctus Israël: Pro eo quod reprobastis verbum hoc, et sperastis in calumnia et in tumultu, et innixi estis super eo;
13သင် တို့အပြစ် သည် ပြို ကျ လုသော အုတ်ရိုးပျက် ကဲ့သို့ ၎င်း၊ မြင့် သောအုတ်ထရံ ၌ မညီမညွတ်ထွက်ဝင်သ ကဲ့သို့၎င်း ဖြစ်လိမ့်မည်။ ထို ထရံ သည် အလျင် တဆောချက်ခြင်း ပြိုပျက် တတ်၏။
13propterea erit vobis iniquitas hæc sicut interruptio cadens, et requisita in muro excelso, quoniam subito, dum non speratur, veniet contritio ejus.
14မြေအိုး ကွဲ သကဲ့သို့ ကွဲ ရလိမ့်မည်။ ကွဲရာတွင် လည်း မီးဖို ထဲက မီးခဲ ခံ စရာဘို့ ၊ ရေကန် ထဲက ရေ ခပ် စရာ ဘို့ အိုးခြမ်း တခုမျှ မ ရှိ စေခြင်းငှါ၊ နှမြော ခြင်း မ ရှိဘဲ ခွဲ ခြင်း ကိုခံ ရလိမ့်မည်။
14Et comminuetur sicut conteritur lagena figuli contritione pervalida, et non invenietur de fragmentis ejus testa in qua portetur igniculus de incendio, aut hauriatur parum aquæ de fovea.
15ဣသရေလ အမျိုး၏ သန့်ရှင်း တော်မူသောဘုရား၊ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သင်တို့ သည် ပြောင်းလဲ ၍ ငြိမ်ဝပ် စွာ နေလျှင်၊ ကယ်တင် ခြင်း သို့ ရောက်ကြလိမ့်မည်။ ငြိမ်ဝပ် စွာနေခြင်း၊ ယုံကြည် ခြင်း အားဖြင့် ခွန်အား အစွမ်းကို ရ ကြလိမ့်မည်။ သင် တို့သည် ထိုသို့သော အလို မ ရှိကြ။
15Quia hæc dicit Dominus Deus, Sanctus Israël: Si revertamini et quiescatis, salvi eritis; in silentio et in spe erit fortitudo vestra. Et noluistis,
16ငါတို့သည် ထိုသို့မ နေ၊ မြင်း စီး ၍ ပြေး မည်ဟု ဆို သောကြောင့် ၊ သူတပါးတို့သည် သင်တို့ကို ပြေး စေမည်။ ငါတို့သည် လျင်မြန် စွာ စီး သွားမည်ဟု ဆိုသောကြောင့် ၊ သင် တို့ကို လိုက် သောသူတို့သည် လျင်မြန် ကြ လိမ့်မည်။
16et dixistis: Nequaquam, sed ad equos fugiemus: ideo fugietis; et: Super veloces ascendemus: ideo velociores erunt qui persequentur vos.
17သင်တို့သည် တောင် ထိပ် ပေါ် မှာ စိုက်သောမှတ်တိုင် ကဲ့သို့ ၎င်း ၊ ကုန်း ပေါ်မှာထူသော အလံကဲ့သို့ ၎င်း ဖြစ် ရသည်တိုင်အောင် ၊ တ ယောက်သောသူသည် ခြိမ်း လျှင်၊ တ ထောင် သောသူတို့သည် ပြေးကြလိမ့်မည်။ ငါး ယောက်ခြိမ်း လျှင်၊ တသောင်းပြေး ကြလိမ့်မည်။
17Mille homines a facie terroris unius; et a facie terroris quinque fugietis, donec relinquamini quasi malus navis in vertice montis, et quasi signum super collem.
18သို့သော်လည်း၊ ထာဝရဘုရား သည် သင် တို့၌ ကျေးဇူး ပြုလိုသောငှါ မြော်လင့် တော်မူမည်။ ကရုဏာ ပြု လိုသောငှါ ချီးမြှောက် ခြင်းကိုခံ တော်မူမည်။ အကြောင်း မူကား၊ ထာဝရဘုရား သည် တရား သော ဘုရား သခင်ဖြစ်တော်မူ၏။ ကိုယ်တော် ကို မြော်လင့် သောသူအပေါင်း တို့သည် မင်္ဂလာ ရှိကြ၏။
18Propterea exspectat Dominus ut misereatur vestri; et ideo exaltabitur parcens vobis, quia Deus judicii Dominus: beati omnes qui exspectant eum !
19ယေရုရှလင် မြို့၌ နေ သောဇိအုန် အမျိုး ၊ သင် သည် အစဉ်ငိုကြွေး ရမည် မဟုတ်။ သင် အော်ဟစ် သံ ကို နားထောင်၍ ကယ်မ သနားတော်မူလိမ့်မည်။ ထိုအသံကို ကြား သောအခါ ထူး တော်မူလိမ့်မည်။
19Populus enim Sion habitabit in Jerusalem: plorans nequaquam plorabis: miserans miserebitur tui, ad vocem clamoris tui: statim ut audierit, respondebit tibi.
20ထာဝရဘုရား သည် သင့် အား ဒုက္ခ မုန့် ကို ကျွေး ၍ ၊ ဆင်းရဲ ခြင်းရေ ကို တိုက်တော်မူသော်လည်း ၊ သင် ၏ ဆရာ တို့သည် နောက် တဖန် ပုန်းရှောင် ၍ မ နေရကြ။ ကိုယ် မျက်စိ နှင့် ကိုယ် ဆရာ တို့ကို မြင် ရလိမ့်မည်။
20Et dabit vobis Dominus panem arctum, et aquam brevem; et non faciet avolare a te ultra doctorem tuum; et erunt oculi tui videntes præceptorem tuum.
21သင်သည် လက်ျာ ဘက်၊ လက်ဝဲ ဘက်သို့လမ်းလွဲလျှင်၊ ဤမည်သောလမ်းသည် မှန်၏။ ဤ လမ်း ၌သွား လော့ဟု သင့် နောက် ၌ ပြောသောစကား သံကို ကိုယ် နား နှင့် ကြား ရလိမ့်မည်။
21Et aures tuæ audient verbum post tergum monentis: Hæc est via; ambulate in ea, et non declinetis neque ad dexteram, neque ad sinistram.
22ထုလုပ်သောငွေ ရုပ်တု တန်ဆာ နှင့် သွန်းသော ရွှေ ရုပ်တု တန်ဆာ များကို မရို မသေပြု၍၊ ညစ်ညူးသော အဝတ် ကဲ့သို့ ပစ် ပယ်လျက်၊ သွား တော့ဟု ဆို ရလိမ့်မည်။
22Et contaminabis laminas sculptilium argenti tui, et vestimentum conflatilis auri tui, et disperges ea sicut immunditiam menstruatæ. Egredere, dices ei.
23သင် သည် လယ် ၌ကြဲ သော မျိုးစေ့ ဘို့ မိုဃ်း ကို ရွာ စေတော်မူလိမ့်မည်။ မြေ အသီး အနှံမှ ဖြစ်သော မုန့် ကို အလွန်ကြွယ်ဝ စွာ ပေး သနားတော်မူလိမ့်မည်။ ထိုအခါ သင် ၏သိုး နွားတို့သည် ကျယ် သော အရပ် ၌ ကျက်စား ရကြ လိမ့်မည်။
23Et dabitur pluvia semini tuo, ubicumque seminaveris in terra, et panis frugum terræ erit uberrimus et pinguis; pascetur in possessione tua in die illo agnus spatiose,
24စံကော နှင့် ဆန်ခါ ဖြင့် သန့်ရှင်း စေ၍၊ ကောင်းမွန် စွာ ရောနှော သောစပါးကိုသာ မြေ ၌လုပ် သောနွား နှင့် မြည်း တို့သည်လည်း စား ရကြလိမ့်မည်။
24et tauri tui, et pulli asinorum, qui operantur terram, commistum migma comedent sicut in area ventilatum est.
25များ စွာသော လူတို့ကိုသတ် ၍၊ ရဲတိုက် တို့သည် ပြိုလဲ သောအခါ ၊ မြင့် သောတောင် ရှိသမျှ နှင့် ထင်ရှား သော ကုန်း ရှိသမျှ တို့အပေါ် မှာ ရေ စီး ရာမြစ် နှင့် ချောင်း များရှိ ကြလိမ့်မည်။
25Et erunt super omnem montem excelsum, et super omnem collem elevatum, rivi currentium aquarum, in die interfectionis multorum, cum ceciderint turres:
26ထာဝရဘုရား သည် မိမိ လူ တို့၏ ကျိုး ပျက်ရာကို ပြုပြင် ၍၊ သူ တို့ခံရသောဒဏ်ချက် ရာကို ပျောက် စေတော်မူသောအခါ၊ လ ၏အလင်း သည် နေ ၏အလင်း ကဲ့သို့ ဖြစ် ၍ ၊ နေ ၏အလင်း သည်လည်း ပကတိ ထက် ခုနစ် ဆလင်း လိမ့်မည်။
26et erit lux lunæ sicut lux solis, et lux solis erit septempliciter sicut lux septem dierum, in die qua alligaverit Dominus vulnus populi sui, et percussuram plagæ ejus sanaverit.
27ကြည့်ရှု လော့။ ထာဝရဘုရား ၏ နာမ တော်သည် ဝေး သောအရပ်မှ လာ ၏။ အမျက်တော်လောင်၍ မီးလျှံဟုန်းလေ၏။ နှုတ်တော်သည် အမျက်နှင့် ပြည့်၍၊ လျှာ တော်သည် မီးရှို့သကဲ့သို့ဖြစ်လေ၏။
27Ecce nomen Domini venit de longinquo, ardens furor ejus, et gravis ad portandum; labia ejus repleta sunt indignatione, et lingua ejus quasi ignis devorans.
28ထွက် သက်တော်သည်လည်း၊ လူမျိုး တို့ကို ရှင်းရှင်းဖျက်ဆီး ခြင်းငှါ ၊ လွှမ်းမိုး သောရေ ကဲ့သို့ လည်ပင်း ကို မှီ လိမ့်မည်။ လမ်း လွဲစေသောဇက် ကို သူ တို့ပစပ် ၌ ခွံ့တော်မူလိမ့်မည်။
28Spiritus ejus velut torrens inundans usque ad medium colli, ad perdendas gentes in nihilum, et frenum erroris quod erat in maxillis populorum.
29သင်တို့သည် ပွဲခံ သောနေ့ ညဉ့် တွင် ပြုသကဲ့သို့ သီချင်း ဆိုရကြလိမ့်မည်။ ဣသရေလ အမျိုး၏ ကျောက် ၊ ထာဝရဘုရား ၏ တောင် တော်သို့ ပုလွေ မှုတ်လျက် သွား သကဲ့သို့ ဝမ်းမြောက် ရကြလိမ့်မည်။
29Canticum erit vobis sicut nox sanctificatæ solemnitatis, et lætitia cordis sicut qui pergit cum tibia, ut intret in montem Domini ad Fortem Israël.
30ထာဝရဘုရား သည်လည်း ဘုန်းကြီး သောအသံ တော်ကို လွှတ် တော်မူလိမ့်မည်။ လက်ရုံး တော် သက်ရောက် ခြင်း၊ ပြင်းစွာအမျက် ထွက်ခြင်း၊ မီးလျှံ လောင် ခြင်း၊ မိုဃ်းသီး ပါလျက်၊ မိုဃ်းသက် မုန်တိုင်း များတို့ကို ပြ တော်မူလိမ့်မည်။
30Et auditam faciet Dominus gloriam vocis suæ, et terrorem brachii sui ostendet in comminatione furoris, et flamma ignis devorantis: allidet in turbine, et in lapide grandinis.
31သို့ ဖြစ်၍၊ အာရှုရိ လူသည် ထာဝရဘုရား ၏ အသံ တော်အားဖြင့် လှဲ ချခြင်း၊ လှံတံ တော်အားဖြင့် ဒဏ်ခတ် ခြင်းကိုခံရလိမ့်မည်။
31A voce enim Domini pavebit Assur virga percussus.
32ထာဝရဘုရား စီရင် ၍၊ သူ ၏အပေါ် မှာ လေးစွာ ချ ထားတော်မူသော လှံတံ သည် ရှောက် သွားရာရာ ၌ စောင်း ၊ ပတ်သာ တီးခြင်းနှင့်တကွ ဖြစ် လိမ့်မည်။ သူ့ ကို ပြင်းစွာစစ် တိုက် တော်မူလိမ့်မည်။
32Et erit transitus virgæ fundatus, quam requiescere faciet Dominus super eum in tympanis et citharis; et in bellis præcipuis expugnabit eos.
33အကြောင်း မူကား၊ တောဖက် အရပ်သည် ရှေး ကာလ၌ စီရင် လျက်ရှိ၏။ အကယ်စင်စစ်ရှင်ဘုရင် အဘို့ ပြင်ဆင် လျက်ရှိ၏။ နက်နဲ ကျယ်ဝန်း စေခြင်းငှါဖန်ဆင်းတော်မူပြီ။ မီး ရှို့ဘို့ ထင်း ပုံကြီးလည်း ရှိ၏။ ထာဝရဘုရား ၏ ထွက် သက်တော်သည် အရည် ကျိုသောကန့် ကဲ့သို့၊ ထို ထင်းပုံ ကို မီးရှို့ ရလိမ့်မည်။
33Præparata est enim ab heri Topheth, a rege præparata, profunda, et dilatata. Nutrimenta ejus, ignis et ligna multa; flatus Domini sicut torrens sulphuris succendens eam.]

Tip: use the ← and → keys to turn chapters.