ဟောရှေ 10
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Septuagint (Greek Old Testament), second edition
1ဣသရေလ သည် အသီး များစွာ သီးသော စပျစ်နွယ် ပင်ဖြစ်၏။ ကိုယ် အလိုအလျောက်သီး တတ်၏။ အသီး တိုးပွား သည်အတိုင်း အမျိုးသားတို့သည် ယဇ်ပလ္လင် တို့ကို များပြား စေကြ၏။ သူ တို့ပြည် ကောင်း သည်အတိုင်း ကောင်းသော ရုပ်တု ဆင်းတုတို့ကို လုပ် ကြသည်တကား။
1ΑΜΠΕΛΟΣ εὐκληματοῦσα Ἰσραήλ, ὁ καρπὸς εὐθηνῶν αὐτῆς· κατὰ τὸ πλῆθος τῶν καρπῶν αὐτῆς ἐπλήθυνε τὰ θυσιαστήρια, κατὰ τὰ ἀγαθὰ τῆς γῆς αὐτοῦ ᾠκοδόμησε στήλας.
2သူ တို့၌ စိတ် နှစ်ခွ ရှိ၏။ ချက်ခြင်း အပြစ်ဒဏ် ကိုခံရကြမည်။ သူ တို့ ယဇ်ပလ္လင် တို့ကို ကိုယ်တော် တိုင် ဖြိုချ ၍၊ ရုပ်တု ဆင်းတုတို့ကိုလည်း ဖျက်ဆီး တော်မူမည်။
2ἐμέρισαν καρδίας αὐτῶν, νῦν ἀφανισθήσονται· αὐτὸς κατασκάψει τὰ θυσιαστήρια αὐτῶν, ταλαιπωρήσουσιν αἱ στῆλαι αὐτῶν.
3ငါ တို့သည် ထာဝရဘုရား ကို မ ကြောက်ရွံ့ သောကြောင့် ရှင်ဘုရင် မ ရှိ။ ရှင်ဘုရင် ရှိသော်လည်း ၊ ငါ တို့အဘို့ အဘယ်သို့ ပြု နိုင်မည်နည်းဟု ချက်ခြင်းဆို ရကြမည်။
3διότι νῦν ἐροῦσιν· οὐκ ἔστι βασιλεὺς ἡμῖν, ὅτι οὐκ ἐφοβήθημεν τὸν Κύριον, ὁ δὲ βασιλεὺς τί ποιήσει ἡμῖν;
4သူတို့ ကျိန်ဆို သော စကားသည် စကားသက်သက် ဖြစ်၍၊ မိဿဟာယ ဖွဲ့ သောအခါ မုသာ စကား ကိုသာ ပြော တတ်ကြ၏။ တရား စီရင်ခြင်းအမှုသည် လယ် ကန်ဆည်ရိုး ပေါ် မှာ ဘင်းခါး ပင်ကဲ့သို့ ပေါက် ရ လိမ့်မည်။
4λαλῶν ρήματα προφάσεις ψευδεῖς διαθήσεται διαθήκην· ἀνατελεῖ ὡς ἄγρωστις κρίμα ἐπὶ χέρσον ἀγροῦ.
5ရှမာရိ မြို့ သားတို့သည် ဗေသဝင် နွားသငယ် အဘို့ ကြောက် ကြလိမ့်မည်။ ထိုနွားသငယ်၏ ဘုန်းအတွက် သူ ၏တကာ တို့သည် ငိုကြွေး မြည်တမ်း၍ ၊ ယဇ် ပုရောဟိတ်တို့သည် တုန်လှုပ်ကြလိမ့်မည်။ အကြောင်းမူကား ၊ ရန်သူတို့သည် ထိုဘုန်းကို လုယူ၍၊
5τῷ μόσχῳ τοῦ οἴκου Ὦν παροικήσουσιν οἱ κατοικοῦντες Σαμάρειαν, ὅτι ἐπένθησε λαὸς αὐτοῦ ἐπ᾿ αὐτόν· καὶ καθὼς παρεπίκραναν αὐτόν, ἐπιχαροῦνται ἐπὶ τὴν δόξαν αὐτοῦ, ὅτι μετῳκίσθη ἀπ᾿ αὐτοῦ.
6နွားသငယ် နှင့်အတူ အာရှုရိ ပြည်သို့ ယူသွား ပြီးလျှင် ၊ ရှင်ဘုရင် ယာရက် အား ဆက် ရကြလိမ့်မည်။ ဧဖရိမ် သည် အသရေ ပျက်၍ ဣသရေလ သည် မိမိ အကြံ အစည်အားဖြင့် ရှက်ကြောက် ရလိမ့်မည်။
6καὶ αὐτὸν εἰς Ἀσσυρίους δήσαντες ἀπήνεγκαν ξένια τῷ βασιλεῖ Ἰαρείμ· ἐν δόματι Ἐφραὶμ δέξεται, καὶ αἰσχυνθήσεται Ἰσραὴλ ἐν τῇ βουλῇ αὐτοῦ.
7ရှမာရိ သည် ပျက် ရ၏။ ရှမာရိ ရှင် ဘုရင်သည် ရေမြှုပ် သက်သက်ဖြစ်၏။
7ἀπέρριψε Σαμάρεια βασιλέα αὐτῆς ὡς φρύγανον ἐπὶ προσώπου ὕδατος.
8ဣသရေလ ပြစ်မှား ရာ အာဝင်မြို့ကုန်း တို့သည် ပြိုကျ ၍ ၊ ဆူး ပင်အမျိုးမျိုးတို့သည် သူ တို့ ယဇ် ပလ္လင်များကို လွှမ်းမိုး ကြလိမ့်မည်။ မြို့သားတို့ကလည်း၊ အိုတောင် များ တို့၊ ငါ တို့ကို ဖုံးအုပ် ကြပါ။ အိုကုန်း များတို့၊ ငါ တို့အပေါ် ၌ ကျ ကြပါဟု ခေါ် ကြလိမ့်မည်။
8καὶ ἐξαρθήσονται βωμοὶ Ὦν, ἁμαρτήματα τοῦ Ἰσραήλ· ἄκανθαι καὶ τρίβολοι ἀναβήσονται ἐπὶ τὰ θυσιαστήρια αὐτῶν· καὶ ἐροῦσι τοῖς ὄρεσι· καλύψατε ἡμᾶς, καὶ τοῖς βουνοῖς· πέσατε ἐφ᾿ ἡμᾶς.
9ဂိဗာ မြို့လက်ထက် ၌ အပြစ်ကြီးသည်ထက် ဣသရေလ သည် အပြစ်သာ၍ကြီး၏။ ထို မြို့၌ ရပ် နေကြ ၏။ ဂိဗာ မြို့၌ အဓမ္မ လူ တို့ကို စစ်တိုက် သောအခါ မ ရှုံး ကြ။
9Ἀφ᾿ οὗ οἱ βουνοί, ἥμαρτεν Ἰσραήλ, ἐκεῖ ἔστησαν· οὐ μὴ καταλάβῃ αὐτοὺς ἐν τῷ βουνῷ πόλεμος ἐπὶ τὰ τέκνα ἀδικίας;
10ငါ သည် ကိုယ် အလိုအလျောက်သူ တို့ကို ဆုံးမ မည်။ သူ တို့ အပြစ် နှစ် ပါးကြောင့် ချည် ထားလျက်ရှိသောအခါ ၊ သူ တို့တဘက် ၌ လူများစည်းဝေး ရကြလိမ့်မည်။
10ἦλθε παιδεῦσαι αὐτούς, καὶ συναχθήσονται ἐπ᾿ αὐτοὺς λαοὶ ἐν τῷ παιδεύεσθαι αὐτοὺς ἐν ταῖς δυσὶν ἀδικίαις αὐτῶν.
11ဧဖရိမ် သည် ယဉ် ၍ စပါးကို နင်း ချင်သော နွားမ ပျိုဖြစ်သော်လည်း၊ ငါ သည် ထမ်းဘိုးကို ထမ်း စေ သဖြင့် ၊ ဧဖရိမ် သည် ကခြင်းကိုခံ ၍၊ ယုဒ သည် ထွန် လျက်၊ ယာကုပ် သည်လည်း မြေစိုင်ကို ခွဲ လျက်ရှိရလိမ့်မည်။
11Ἐφραὶμ δάμαλις δεδιδαγμένη ἀγαπᾶν νεῖκος, ἐγὼ δὲ ἀπελεύσομαι ἐπὶ τὸ κάλλιστον τοῦ τραχήλου αὐτῆς· ἐπιβιβῶ Ἐφραὶμ καὶ παρασιωπήσομαι Ἰούδαν, ἐνισχύσει αὐτῷ Ἰακώβ.
12ကိုယ် အဘို့ ဖြောင့်မတ် ခြင်းမျိုးစေ့ကို ကြဲ ၍၊ ကရုဏာ တော် အသီးအနှံ ကို ရိတ် ကြလော့။ မလုပ်သေး သော လယ် ကို ထွန် ကြလော့။ ထာဝရဘုရား သည် ကြွ လာ ၍ ၊ သင် တို့အပေါ် သို့ ဖြောင့်မတ် ခြင်း မိုဃ်းကို ရွာ စေတော် မ မူမှီတိုင်အောင်၊ ကိုယ်တော် ကို ရှာ ရသောအချိန် ရောက်လေပြီ။
12σπείρατε ἑαυτοῖς εἰς δικαιοσύνην, τρυγήσατε εἰς καρπὸν ζωῆς, φωτίσατε ἑαυτοῖς φῶς γνώσεως, ἐκζητήσατε τὸν Κύριον ἕως τοῦ ἐλθεῖν γενήματα δικαιοσύνης ὑμῖν.
13သင်တို့သည် ဒုစရိုက် မျိုးစေ့ကို ကြဲလို၍ လယ်ထွန် သောကြောင့်၊ အပြစ် စပါးကိုရိတ် ရကြ၏။ မုသာ အသီးအနှံ ကို စား ရကြ၏။ အကြောင်း မူကား၊ ကိုယ် ကြံစည် ပြုမူခြင်းကို၎င်း၊ ကိုယ် ၌ များစွာ သော သူရဲ တို့ကို၎င်းကိုးစား တတ်၏။
13ἱνατὶ παρεσιωπήσατε ἀσέβειαν καὶ τὰς ἀδικίας αὐτῆς ἐτρυγήσατε; ἐφάγετε καρπὸν ψευδῆ, ὅτι ἤλπισας ἐν τοῖς ἁμαρτήμασί σου, ἐν πλήθει δυνάμεώς σου.
14ထိုကြောင့် ၊ သင် ၏လူ တို့သည် ရုန်းရင်းခတ် ကြ လိမ့်မည်။ ရှာလမန် မင်းသည် ဗေသာဗေလ မြို့ကို စစ်တိုက် သောအခါ ဖျက်ဆီး သကဲ့သို့ ၊ သင် ၏ရဲတိုက် ရှိသမျှ တို့ သည် ပျက်စီး ရကြလိမ့်မည်။ အမိ သည် သား တို့နှင့်အတူ မြေပေါ်မှာ ဆောင့်ဖွပ် ခြင်းကိုခံရလိမ့်မည်။
14καὶ ἐξαναστήσεται ἀπώλεια ἐν τῷ λαῷ σου, καὶ πάντα τὰ περιτετειχισμένα σου οἰχήσεται· ὡς ἄρχων Σαλαμὰν ἐκ τοῦ οἴκου τοῦ Ἱεροβάαλ, ἐν ἡμέραις πολέμου μητέρα ἐπὶ τέκνοις ἠδάφισαν.
15ထိုသို့ ဗေသလ သည် သင် တို့ဒုစရိုက် အပြစ်များ ကြောင့် သင် တို့၌ ပြု လိမ့်မည်။ နံနက် အချိန်သည် လွန်တတ်သကဲ့သို့၊ ဣသရေလ ရှင် ဘုရင်သည် ရှင်းရှင်းကွယ်ပျောက် ရလိမ့်မည်။
15οὕτως ποιήσω ὑμῖν, οἶκος τοῦ Ἰσραήλ, ἀπὸ προσώπου ἀδικίας κακιῶν ὑμῶν.
Tip: use the ← and → keys to turn chapters.