ကမ္ဘာဦးကျမ်း 44
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Synodal Translation (Синодальный перевод)
1ယောသပ်သည်လည်း ဝန်စာရေး ကို ခေါ် ၍ ထိုသူ တို့အိတ် များ၌ ရိက္ခါ ပါနိုင် သမျှ အပြည့် ထည့် လော့။ လူတိုင်း ဆိုင်သောငွေ ကို မိမိ တို့အိတ် ဝ တွင် ၎င်း၊
1И приказал Иосиф начальнику дома своего, говоря: наполни мешки этих людей пищею, сколько они могут нести, и серебро каждого положи в отверстие мешка его,
2စပါးအဘိုးငွေ နှင့် ငါ ငွေဖလား ကို၊ အငယ်ဆုံး သောသူ ၏အိတ် ဝ တွင် ၎င်း ထည့် ထားလော့ဟု မှာ သည် အတိုင်း ဝန်စာရေးပြု လေ၏။
2а чашу мою, чашу серебряную, положи в отверстие мешка к младшему вместе с серебром за купленный им хлеб. И сделал тот по слову Иосифа, которое сказал он.
3နံနက် မိုဃ်းလင်း သောအခါ ၊ ထိုသူ တို့ကို မြည်း များနှင့်တကွ လွှတ် လိုက်လေ၏။
3Утром, когда рассвело, эти люди были отпущены, они и ослы их.
4မြို့ ပြင်သို့ရောက် ၍ မ ဝေး သေးသောအခါ ၊ ယောသပ် သည် ဝန်စာရေး ကို ခေါ် ၍၊ ထိုသူ တို့ကို မြန်မြန်လိုက် လော့။ မှီ သောအခါ သင်တို့သည် ကျေးဇူး ကို မကောင်း သောအမှုနှင့် အဘယ်ကြောင့် ဆပ် ကြသနည်း။
4Еще не далеко отошли они от города, как Иосиф сказал начальнику дома своего: ступай, догоняй этих людей и, когда догонишь, скажи им: для чего вы заплатили злом за добро? для чего украли у меня серебряную чашу?
5ငါ့ သခင် သောက် သော ဖလား မ ဟုတ်လော။ ထူးဆန်းသော ဉာဏ်ကိုဖြစ်စေတတ်သော ဖလားမဟုတ် လော။ သင်တို့ပြု သောဤအမှု သည် မ ကောင်းပါတကား ဟု ပြောဆိုလော့ဟု မှာသည်အတိုင်း၊
5Не та ли это, из которой пьет господин мой и он гадает на ней? Худо это вы сделали.
6ဝန်စာရေးလိုက်၍ မှီ သောအခါ ပြော ဆိုလေ၏။ သူ တို့က လည်း ဤ စကား ကို သခင် သည် အဘယ်ကြောင့် ပြော ပါသနည်း။
6Он догнал их и сказал им эти слова.
7ကိုယ်တော် ကျွန် တို့နှင့် ထို သို့သော အမှု ဝေး ပါ စေသတည်း။
7Они сказали ему: для чего господин наш говорит такие слова? Нет, рабы твои не сделают такого дела.
8ယမန်ကအိတ် ဝ တွင် တွေ့ သောငွေ ကို၊ ခါနာန် ပြည် မှ ကိုယ်တော် ထံ သို့တဖန်ဆောင် ခဲ့ပါပြီ။ သို့ဖြစ်လျှင်ကိုယ်တော် ၏သခင် အိမ် ၌ ရွှေ ငွေ ကို အဘယ်ကြောင့် ခိုး ရပါအံ့နည်း။
8Вот, серебро, найденное нами в отверстии мешков наших, мы обратно принесли тебе из земли Ханаанской: как же нам украсть из дома господина твоего серебро или золото?
9ကိုယ်တော် ၏ကျွန် တို့တွင် မည် သူ၌ တွေ့ လျှင်၊ ထိုသူကိုသေ စေ။ ကျွန်တော် တို့သည်လည်း သခင် ၏ကျွန် ခံ ကြပါမည်ဟု ဆိုကြ၏။
9У кого из рабов твоих найдется чаша, тому смерть, и мы будем рабами господину нашему.
10ဝန်စာရေးကလည်း၊ သင် တို့စကား အတိုင်း ဖြစ်စေ။ သို့သော်လည်းမည် သူ၌ တွေ့ လျှင်၊ ထိုသူ သည် ငါ့ ကျွန် ဖြစ်စေ။ သင် တို့မူကား အပြစ် လွှတ်ကြ စေဟု ဆိုသော်၊
10Он сказал: хорошо; как вы сказали, так пусть и будет: у кого найдется чаша, тот будет мне рабом, а вы будете не виноваты.
11ထိုသူအပေါင်းတို့သည် အသီးအသီး မိမိ တို့အိတ် များကို မြေ ၌ ချ ၍ ဖွင့် ကြ၏။
11Они поспешно спустили каждый свой мешок на землю и открыли каждый свой мешок.
12ဝန်စာရေးသည်လည်၊ အကြီး မှ စ ၍ အငယ် တိုင်အောင် ရှာ သဖြင့် ဗင်္ယာမိန် အိတ် ၌ ဖလား ကိုတွေ့ ၏။
12Он обыскал, начал со старшего и окончил младшим; и нашлась чаша в мешке Вениаминовом.
13ထိုအခါ သူတို့သည် မိမိ အဝတ် ကိုဆုတ် ၍ လူ တိုင်းမိမိ မြည်း ပေါ် မှာ ဝန် ကို တင်ပြန်သဖြင့် မြို့ သို့ ပြန် သွားကြ၏။
13И разодрали они одежды свои, и, возложив каждый на осла своего ношу, возвратились в город.
14ယုဒ နှင့် ညီအစ်ကို တို့သည် ယောသပ် အိမ် သို့ ရောက် ၍ ၊ သူ သည်အိမ် ၌ရှိ သေးသဖြင့် ၊ သူ့ ရှေ့ မှာ ပြပ်ဝပ် လျက် နေကြ၏။
14И пришли Иуда и братья его в дом Иосифа, который был еще дома, и пали пред ним на землю.
15ယောသပ် ကလည်း၊ သင်တို့သည် အဘယ်သို့ ပြု ပြီးသနည်း။ ငါ ကဲ့သို့ သောယောက်ျား သည် ထူးဆန်း သောဉာဏ်ရှိကြောင်း ကို သင်တို့မ သိ ကြသလောဟု ဆို ၏။
15Иосиф сказал им: что это вы сделали? разве вы не знали, что такой человек, как я, конечно угадает?
16ယုဒ ကလည်း ၊ ကျွန်တော် တို့သည် သခင် အား အဘယ် စကားဖြင့် လျှောက် ရပါအံ့နည်း။ အဘယ်သို့ ပြော ရပါအံ့နည်း။ ဤအမှုနှင့် အဘယ်သို့ လွတ် နိုင်ပါအံ့နည်း။ ကိုယ်တော် ကျွန် တို့၏အပြစ် ကို ဘုရားသခင် စစ်၍ တွေ့ တော်မူပြီ။ အကြင်သူ ၌ ဖလား တော်ကိုတွေ့ ၏။ ထို သူမှစ၍ ကျွန်တော် တို့ ရှိသမျှသည် သခင် ၏ ကျွန် ဖြစ်ကြပါ၏ဟု လျှောက် လေသော်၊
16Иуда сказал: что нам сказать господину нашему? что говорить? чем оправдываться? Бог нашел неправду рабов твоих; вот, мы рабы господину нашему, и мы, и тот, в чьих руках нашлась чаша.
17ထိုသို့ငါမပြုရ။ အကြင်သူ ၏လက် ၌ ငါ့ဖလား ကို တွေ့ ၏။ ထိုသူ သည် ငါ့ ကျွန် ဖြစ်စေ။ သင် တို့မူကား အဘ ထံ သို့ငြိမ်ဝပ် စွာသွား ကြလောဟု စီရင် လေ၏။
17Но Иосиф сказал: нет, я этого не сделаю; тот, в чьих руках нашлась чаша, будет мне рабом, а вы пойдите с миром к отцу вашему.
18ထိုအခါ ယုဒ သည်ချဉ်းကပ်လျက်၊ သခင် ဘုရား၊ ကိုယ်တော် ကျွန် သည် စကား တခွန်းဖြင့် နား တော်လျှောက် ရသောအခွင့်ကိုပေး တော်မူပါ။ ကိုယ်တော် ကျွန် ၌ အမျက် ထွက် တော်မ မူပါနှင့်။ ကိုယ်တော် သည် ဖါရော ဘုရင်ကဲ့သို့ ဖြစ် တော်မူ၏။
18И подошел Иуда к нему и сказал: господин мой, позволь рабу твоему сказать слово в уши господина моего, и не прогневайся на раба твоего, ибо ты то же, что фараон.
19သခင် က၊ သင် တို့သည် အဘ ရှိသလော။ ညီ ရှိ သလောဟု ကျွန်တော် တို့အား မေး တော်မူလျှင်၊
19Господин мой спрашивал рабов своих, говоря: есть ли у вас отец или брат?
20ကျွန်တော်တို့က၊ ကျွန်တော် တို့အဘ အသက် ကြီး သောသူရှိပါ၏။ အဘအသက် ကြီးစဉ်အခါ ရသောသား ငယ် တယောက်ရှိ ပါ၏။ သူ ၏အစ်ကို သေ ပါပြီ။ သူ့ အမိ ဘွားသောသားတို့တွင် သူတယောက်တည်း ကျန်ရစ် ပါ၏။ ထိုကြောင့်သူ ၏အဘ သည် သူ့ ကို ချစ် ပါ၏ဟု သခင် အား ပြန်လျှောက် လေသော်၊
20Мы сказали господину нашему, что у нас есть отец престарелый, и у него младший сын, сын старости, которого брат умер, а он остался один от матери своей, и отец любит его.
21ကိုယ်တော်က၊ ထိုသူ ကို ငါ ကြည့်ရှု ရ အောင် ငါ့ ထံ သို့ခေါ် ခဲ့ကြဟု ကိုယ်တော် ကျွန် တို့အား မိန့် တော်မူ ၏။
21Ты же сказал рабам твоим: приведите его ко мне, чтобы мне взглянуть на него.
22ကျွန်တော် တို့က ထိုသူငယ် ကို အဘ နှင့်မ ခွါ နိုင် ပါ။ အဘ နှင့်ခွါ လျှင် အဘသေ ပါလိမ့်မည်ဟု သခင် အား လျှောက် လေသော်လည်း၊
22Мы сказали господину нашему: отрок не может оставить отца своего, и если он оставит отца своего, то сей умрет.
23ကိုယ်တော်က၊ သင် တို့ညီ မ ပါ လျှင် သင်တို့သည် ငါ့ မျက်နှာ ကိုနောက် တဖန်မ မြင် ရဟု ကိုယ်တော် ကျွန် တို့ အား မိန့် တော်မူ၏။
23Но ты сказал рабам твоим: если не придет с вами меньший брат ваш, то вы более не являйтесь ко мне на лице.
24ထိုနောက် ကျွန်တော်တို့သည် ကိုယ်တော် ကျွန် တည်းဟူသောကျွန်တော် တို့ အဘ ထံ သို့ပြန်၍ ရောက် သောအခါ ၊ သခင် စကား တော်ကို အဘ အား ပြန် ကြားပါ၏။
24Когда мы пришли к рабу твоему, отцу нашему, то пересказали ему слова господина моего.
25ကျွန်တော် တို့အဘ ကလည်း ၊ တဖန်သွား ၍ ငါ တို့ စားစရာ အနည်းငယ် ကို ဝယ် ကြပါဟုဆို သောအခါ၊
25И сказал отец наш: пойдите опять, купите нам немного пищи.
26ကျွန်တော်တို့က၊ အကျွန်ုပ်တို့သည် မ သွား နိုင် ပါ။ ညီ ပါ လျှင် သွား နိုင်ပါ၏။ ညီ မ ပါ လျှင် ထိုသူ ၏ မျက်နှာ ကိုမ မြင် ရ ပါဟု ပြန်ပြော ပါ၏။
26Мы сказали: нельзя нам идти; а если будет с нами меньший брат наш, то пойдем; потому что нельзя нам видеть лица того человека, если не будет с нами меньшого брата нашего.
27ကိုယ်တော် ကျွန် ၊ ကျွန်တော် အဘ ကလည်း ၊ သင် တို့သိ သည့်အတိုင်း ငါ့ မယား သည် ငါ့ အား သား နှစ် ယောက်ကို ဘွား၏။
27И сказал нам раб твой, отец наш: вы знаете, что жена моя родила мне двух сынов;
28တ ယောက်ကား ငါ့ ထံ မှ ထွက်သွား ၏။ အကယ် စင်စစ်သူသည် အပိုင်းအပိုင်း ကိုက် ဖြတ်ခြင်းကိုခံရပါပြီ တကားဟု ငါဆို ရ၏။ ထိုကာလမှစ၍သူ့ ကိုငါမ မြင် ရ။
28один пошел от меня, и я сказал: верно он растерзан; и я не видал его доныне;
29ဤ သူကိုလည်း ငါ့ ထံ မှယူ သွား၍ သူ ၌ဘေး ရောက် လျှင် ၊ သင်တို့သည် ငါ့ ဆံပင် ဖြူကို ဝမ်းနည်း ခြင်း နှင့်တကွ မရဏာ နိုင်ငံသို့ သက်ရောက် စေကြလိမ့်မည်ဟု ကျွန်တော် တို့အား ဆို ပါ၏။
29если и сего возьмете от глаз моих и случится с ним несчастье, то сведете вы седину мою с горестью во гроб.
30သို့ဖြစ်၍ ကျွန်တော်သည် ကိုယ်တော် ကျွန် ၊ ကျွန်တော် အဘ ထံ သို့ရောက် သောအခါ ၊ သူငယ် မ ပါ လျှင် အဘ ၏အသက် သည် သူငယ် ၏အသက် ၌ မှီ လျက်ရှိသောကြောင့်၊
30Теперь если я приду к рабу твоему, отцу нашему, и не будет с нами отрока, с душею которого связана душа его,
31သူငယ် မ ရှိသည်ကို မြင် သောအခါ အဘသေ ပါလိမ့်မည်။ ကိုယ်တော် ကျွန် တို့သည်၊ ကိုယ်တော် ကျွန် တည်းဟူသောကျွန်တော် တို့အဘ ဆံပင် ဖြူကို ဝမ်းနည်း ခြင်းနှင့်တကွ မရဏာ နိုင်ငံသို့ သက်ရောက် စေကြပါ လိမ့်မည်။
31то он, увидев, что нет отрока, умрет; и сведут рабы твои седину раба твоего, отца нашего, с печалью во гроб.
32ကိုယ်တော် ကျွန် က၊ အကျွန်ုပ် သည် တဖန် သူငယ် ကို အဘ ထံ သို့ ပြန်၍မ ဆောင် ခဲ့လျှင် ၊ အစဉ်မပြတ် အဘ ရှေ့ မှာ အပြစ် ကိုခံပါစေဟုဆို သဖြင့် ၊ အဘ ထံ မှာ သူငယ် ၏အာမခံ ဖြစ်ပါ၏။
32Притом я, раб твой, взялся отвечать за отрока отцу моему, сказав: если не приведу его к тебе и не поставлю его пред тобою, то останусь я виновным пред отцом моим во все дни жизни.
33သို့ဖြစ်၍ ကိုယ်တော် ကျွန် သည် သူငယ် အတွက် နေရစ် ၍ သခင် ထံ ကျွန် ခံရသောအခွင့်၊ သူငယ် ကိုကား အစ်ကို တို့နှင့်အတူ သွား ရသောအခွင့်ကိုပေး တော်မူပါ။
33Итак пусть я, раб твой, вместо отрока останусь рабом у господина моего, а отрок пусть идет с братьями своими:
34သူငယ် သည် ကျွန်တော် တို့၌ မ ပါလျှင်၊ ကျွန်တော် အဘ ထံ သို့ အဘယ်သို့ ကျွန်တော်သွား နိုင်ပါမည်နည်း။ သို့ပြုလျှင် ကျွန်တော် အဘ ၌ ရောက် လတံ့သော ဘေးဥပဒ် ကို ကျွန်တော်မြင် ရပါလိမ့်မည်တကားဟု လျှောက် လေ၏။
34ибо как пойду я к отцу моему, когда отрока не будет со мною? я увидел бы бедствие, которое постигло бы отца моего.
Tip: use the ← and → keys to turn chapters.