ကမ္ဘာဦးကျမ်း 16
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Synodal Translation (Синодальный перевод)
1အာဗြံ ၏ မယား စာရဲ ၌ သားဘွား ခြင်းမ ရှိသဖြင့် ၊ အဲဂုတ္တု ပြည်သူဟာဂရ အမည် ရှိသောကျွန် မတယောက် ရှိသည်ဖြစ်၍၊
1Но Сара, жена Аврамова, не рождала ему. У ней была служанка Египтянка, именем Агарь.
2စာရဲ က၊ အကျွန်ုပ် အား သားဘွား ရသောအခွင့်ကို ထာဝရဘုရား ပေးတော်မမူ။ အကျွန်ုပ် ၏ ကျွန် မထံသို့ ဝင် ပါလော့။ သူ့ အားဖြင့် အကျွန်ုပ်သည် တည်ဆောက် ခြင်း ရှိကောင်းရှိပါလိမ့်မည်ဟု အာဗြံ အား ပြောဆို ၍ ၊ အာဗြံ သည် စာရဲ ၏စကား ကို နားထောင် လေ၏။
2И сказала Сара Авраму: вот, Господь заключил чрево мое, чтобы мне не рождать; войди же к служанке моей: может быть, я буду иметь детей от нее. Аврам послушался слов Сары.
3ထိုသို့ အာဗြံ သည် ခါနာန် ပြည် ၌ ဆယ် နှစ် နေ ပြီးမှ၊ အာဗြံ ၏မယား စာရဲ သည် မိမိ ကျွန် မအဲဂုတ္တ ပြည်သူဟာဂရ ကိုယူ ၍၊ မိမိ ခင်ပွန်း အာဗြံ သိမ်းပိုက် စေဘို့ အပ်နှင်း လေ၏။
3И взяла Сара, жена Аврамова, служанку свою, Египтянку Агарь, по истечении десяти лет пребывания Аврамова в земле Ханаанской, и дала ее Авраму, мужу своему, в жену.
4အာဗြံသည်လည်း ဟာဂရ ထံသို့ ဝင် ၍ ၊ ဟာဂရသည် ပဋိသန္ဓေ စွဲလေ၏။ ဟာဂရသည် မိမိတွင် ပဋိသန္ဓေ စွဲနေကြောင်း ကို သိ လျှင်၊ မိမိ သခင် မကို မထီမဲ့မြင် ပြုလေ၏။
4Он вошел к Агари, и она зачала. Увидев же, что зачала, она стала презирать госпожу свою.
5စာရဲ ကလည်း အကျွန်ုပ် ခံရ သောအပြစ်သည် ကိုယ်တော် ခေါင်းပေါ် ၌ တည်ရှိပါစေ။ အကျွန်ုပ် ၏ ကျွန် မကို ကိုယ်တော် ရင်ခွင် ၌ အကျွန်ုပ် အပ်နှင်း ပါပြီ။ သူသည် ကိုယ်၌ပဋိသန္ဓေ စွဲနေကြောင်း ကို သိ လျှင်၊ အကျွန်ုပ်ကို မထီမဲ့မြင် ပြုပါသည်တကား။ ထာဝရဘုရား သည် အကျွန်ုပ် နှင့် ကိုယ်တော် အမှု ကို စီရင် တော်မူပါစေ သောဟု၊ အာဗြံ အား ဆို လေ၏။
5И сказала Сара Авраму: в обиде моей ты виновен; я отдала служанку мою в недро твое; а она, увидев, что зачала, стала презирать меня; Господь пусть будет судьею между мною и между тобою.
6အာဗြံ ကလည်း ၊ သင် ၏ ကျွန် မသည် သင် ၏လက် ၌ ရှိ၏။ သူ ၌ ပြု ချင်သမျှပြု ပါလော့ဟု စာရဲ အား ပြန်ပြော လျှင်၊ စာရဲ သည် ကျွန် မကို ညှဉ်းဆဲ သဖြင့် ၊ ကျွန်မသည် သခင် မထံမှ ထွက် ပြေးလေ၏။
6Аврам сказал Саре: вот, служанка твоя в твоих руках; делай с нею, что тебе угодно. И Сара стала притеснять ее, и она убежала от нее.
7ထာဝရဘုရား ၏ ကောင်းကင်တမန် သည် ရှုရ မြို့သို့သွားရာတော လမ်း ၌ရှိသောစမ်း ရေ တွင်း နား မှာ ဟာဂရ ကိုတွေ့ လျှင်၊
7И нашел ее Ангел Господень у источника воды в пустыне, у источника на дороге к Суру.
8စာရဲ ကျွန် မဟာဂရ ၊ အဘယ် က လာ သနည်း။ အဘယ် အရပ်သို့ သွား မည်နည်းဟုမေးသော်၊ ကျွန်မ သည် သခင် မစာရဲ ထံမှ ပြေး လာပါသည်ဟု ဆို လေ၏။
8И сказал ей Ангел Господень: Агарь, служанка Сарина! откуда ты пришла и куда идешь? Она сказала: я бегу от лица Сары, госпожи моей.
9ထာဝရဘုရား ၏ ကောင်းကင် တမန်ကလည်း ၊ သင် ၏ သခင် မထံသို့ ပြန် ၍ ၊ သူ ၏အုပ်စိုး ခြင်းကိုခံ လော့ဟု အမိန့် ရှိ၏။
9Ангел Господень сказал ей: возвратись к госпоже своей и покорись ей.
10တဖန် ထာဝရဘုရား ၏ ကောင်းကင် တမန်က၊ သင် ၏ အမျိုးအနွယ် ကို မ ရေတွက် နိုင်အောင်၊ ငါအလွန် များပြား စေမည်ဟူ၍၎င်း၊
10И сказал ей Ангел Господень: умножая умножу потомство твое, так что нельзя будет и счесть его от множества.
11သင် သည် ကိုယ်ဝန် ဆောင်သည်ဖြစ်၍ ၊ သား ယောက်ျားကို ဘွားမြင် လိမ့်မည်။ ထို သားကို ဣရှမေလ အမည် ဖြင့် မှည့် ရမည်။ အကြောင်းမူကား ၊ ထာဝရဘုရား သည် သင် ၏ ဆင်းရဲ ဒုက္ခကို ကြား သိတော်မူပြီ။
11И еще сказал ей Ангел Господень: вот, ты беременна, и родишь сына, и наречешь ему имя Измаил, ибо услышал Господь страдание твое;
12သူ သည်လူ ရိုင်း ဖြစ် လိမ့်မည်။ လူ အပေါင်းတို့ကို ရန်ဘက်ပြုလိမ့်မည်။ သူ့ ကိုလည်း လူအပေါင်း တို့သည် ရန်ဘက်ပြုကြလိမ့်မည်။ မိမိ ညီအစ်ကို အပေါင်း တို့၏ အပါး ၌ နေ ရလိမ့်မည်ဟူ၍၎င်း မြွက်ဆိုလေ၏။
12он будет между людьми, как дикий осел; руки его на всех, и руки всех на него; жить будет он пред лицем всех братьев своих.
13ထိုသို့ မိန့် မြွက်တော်မူသောထာဝရဘုရား ကို၊ အာတောဧလရော ဟူသောအမည် ဖြင့် ခေါ်ဝေါ် ၍၊ ငါ့ ကိုမြင် တော်မူသောသူကို ဤ အရပ်၌ပင် ငါဖူး မြင်ရသည်တကားဟု ဟာဂရဆို လေ၏။
13И нарекла Агарь Господа, Который говорил к ней, сим именем: Ты Бог видящий меня. Ибо сказала она: точно я видела здесь в след видящего меня.
14ထို အကြောင်းကိုအစွဲပြု၍၊ ထို ရေတွင်းကို ဗေရလဟဲရော ဟု သမုတ် ကြ၏။ ကာဒေရှ မြို့နှင့် ဗေရက် မြို့၏စပ်ကြား မှာ ရှိသတည်း။
14Посему источник тот называется: Беэр-лахай-рои. Он находится между Кадесом и между Баредом.
15ထိုနောက် ဟာဂရ သည် အာဗြံ အား သား ကို ဘွားမြင် ၏။ အာဗြံ လည်း ဟာဂရ တွင် မြင် သော သား ကို ဣရှမေလ အမည် ဖြင့် မှည့် လေ၏။
15Агарь родила Авраму сына; и нарек Аврам имя сыну своему, рожденному от Агари: Измаил.
16အာဗြံ သည် သား ဣရှမေလ ကို ဟာဂရ ဘွားမြင် သောအခါ ၊ အသက် ရှစ် ဆယ်ခြောက် နှစ် ရှိသတည်း။
16Аврам был восьмидесяти шести лет, когда Агарь родила Авраму Измаила.
Tip: use the ← and → keys to turn chapters.