ကမ္ဘာဦးကျမ်း 32
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Synodal Translation (Синодальный перевод)
1ယာကုပ် သည် ခရီး သွားပြန် ၍ ၊ ဘုရားသခင် ၏ ကောင်းကင် တမန်တို့သည် ကြိုဆို ခြင်းငှါ လာကြသည်ကို၊
1А Иаков пошел путем своим. И, взглянув, увидел ополчение Божие ополчившееся. И встретили его Ангелы Божии.
2ယာကုပ် မြင် လျှင် ဘုရားသခင် ၏ တပ် တော်ဖြစ် သည်ဟု ဆို ၍ ၊ ထို အရပ် ကို မဟာနိမ် အမည် ဖြင့် မှည့် လေ ၏။
2Иаков, увидев их, сказал: это ополчение Божие. И нарек имя месту тому: Маханаим.
3ထိုအခါ ယာကုပ် သည်၊ အစ်ကို ဧသော နေရာ ဧဒုံ ပြည် တည်းဟူသောစိရ ပြည် သို့ ၊ တမန် တို့ကို မိမိ ရှေ့ မှာ စေလွှတ် ၍ မှာလိုက်သည်ကား၊
3И послал Иаков пред собою вестников к брату своему Исаву в землю Сеир, в область Едом,
4ကိုယ်တော် ၏ကျွန် ယာကုပ် က၊ ကျွန်တော်သည် လာဗန် ထံ မှာတည်းခို ၍ ၊ ယခု တိုင်အောင် နေ ပါပြီ။
4и приказал им, сказав: так скажите господину моему Исаву: вот что говорит раб твой Иаков: я жил у Лавана и прожил доныне;
5ကျွန်တော် ၌ နွား ၊ မြည်း ၊ သိုး ၊ ဆိတ်၊ ကျွန် ယောက်ျား မိန်းမ များ ရှိ ကြပါ၏။ ကျွန်တော် သည် သခင် ၏ စိတ် တော်နှင့် တွေ့ စေခြင်းငှါ ၊ လျှောက်ကြားလိုက်ပါသည် ဟု၊ ငါ့ သခင် ဧသော ကို လျှောက် ကြဟု မှာ လိုက် လေ၏။
5и есть у меня волы и ослы и мелкий скот, и рабы и рабыни; и я послал известить о себе господина моего Исава, дабы приобрести рабу твоему благоволение пред очами твоими.
6တမန် တို့လည်း ယာကုပ် ထံ သို့ပြန်လာ ၍ ၊ ကျွန်တော်တို့သည်၊ ကိုယ်တော် ၏အစ်ကို ဧသော ထံ သို့ ရောက် ခဲ့ပါပြီ။ သူ သည်ကိုယ်တော် ကို တွေ့ ခြင်းငှါ ၊ လူ လေး ရာ နှင့် ချီ လာပါသည်ဟု လျှောက် ကြ၏။
6И возвратились вестники к Иакову и сказали: мы ходили к брату твоему Исаву; он идет навстречу тебе, и с ним четыреста человек.
7ထိုအခါ ယာကုပ် သည်၊ အလွန် ကြောက် ၍ စိတ် ပူပန်လျှင်၊ မိမိ တွင်ပါ သော လူ စု၊ သိုး ဆိတ်စု၊ နွား စု၊ ကုလားအုပ် များတို့ကို နှစ် စု ခွဲ ၍ ထားလေ၏။
7Иаков очень испугался и смутился; и разделил людей, бывших с ним, и скот мелкий и крупный и верблюдов на два стана.
8အကြောင်း မူကား၊ တ စု ကို ဧသော တွေ့၍ လုပ်ကြံ လျှင် ၊ ကြွင်း သော တစု လွတ် လိမ့်မည်ဟု ဆို ၏။
8И сказал Иаков: если Исав нападет на один стан и побьет его, то остальной стан может спастись.
9တဖန် ယာကုပ် က၊ အကျွန်ုပ် အဘ အာဗြဟံ ၏ ဘုရားသခင် ၊ အကျွန်ုပ် အဘ ဣဇာက် ၏ဘုရားသခင် ၊ ထာဝရဘုရား ကိုယ်တော်က၊ သင် ၏ပြည် သင် ၏ အမျိုးသား ချင်းတို့ ထံ သို့ပြန် လော့။ ငါသည် သင် ၌ ကျေးဇူး ပြုမည် ဟု မိန့် တော်မူပါပြီ။
9И сказал Иаков: Боже отца моего Авраама и Боже отца моего Исаака, Господи Боже, сказавший мне: возвратись в землю твою, на родину твою, и Я буду благотворить тебе!
10ကိုယ်တော် ကျွန် ၌ ပြ တော်မူသောကရုဏာ သစ္စာ တော်အငယ်ဆုံးကို မျှ အကျွန်ုပ်မ ခံထိုက်ပါ။ အကျွန်ုပ်သည် အထက်က၊ ဤ ယော်ဒန် မြစ်ကို လက်စွဲတောင်ဝေး နှင့် သာ ကူး ပါ၏။ ယခု မူကား ၊ အပေါင်းအသင်း နှစ် စုဖြစ် ပါ၏။
10Недостоин я всех милостей и всех благодеяний, которые Ты сотворил рабу Твоему, ибо я с посохом моим перешел этот Иордан, а теперь у меня два стана.
11သို့ဖြစ်၍ ၊ အကျွန်ုပ် ကို အစ်ကို ဧသော လက် မှ ကယ်လွှတ် တော်မူမည်အကြောင်း ဆုတောင်းပါ၏။ သူသည် လာ ၍ အကျွန်ုပ် ကို၎င်း ၊ သား မယား တို့ကို၎င်းသတ် မည်ဟု အလွန်စိုးရိမ် ပါ၏။
11Избавь меня от руки брата моего, от руки Исава, ибо я боюсь его, чтобы он, придя, не убил меня и матери с детьми.
12ကိုယ်တော်က၊ ငါသည်သင် ၌ အမှတ်ကျေးဇူး ပြု၍ ၊ မ ရေတွက် နိုင်အောင် များပြား သော သမုဒ္ဒရာ သဲ လုံး နှင့်အမျှ သင် ၏အမျိုးအနွယ် ကို ငါဖြစ် စေမည်ဟု မိန့် တော်မူပါပြီဟု တောင်းလျောက်လေ၏။
12Ты сказал: Я буду благотворить тебе и сделаю потомство твое, как песок морской, которого не исчислить от множества.
13ထို အရပ်၌ တညဉ့် ပတ်လုံး နေ ပြီးမှ ၊ မိမိ လက် ရှိ ဥစ္စာ စုထဲက အစ်ကို ဧသော အား လက်ဆောင် ဆက်စရာ ဘို့၊
13И ночевал там Иаков в ту ночь. И взял из того, что у него было, и послал в подарок Исаву, брату своему:
14ဆိတ် မနှစ် ရာ၊ ဆိတ် ထီးနှစ် ဆယ်၊ သိုး မနှစ် ရာ၊ သိုး ထီးနှစ် ဆယ်၊
14двести коз, двадцать козлов, двести овец, двадцать овнов,
15နို့စို့သား ငယ်နှင့်တကွ ၊ နို့ညှစ်ကုလားအုပ် မ သုံး ဆယ်၊ နွား မလေး ဆယ်၊ နွား ထီးတ ဆယ်၊ မြည်း မ နှစ် ဆယ်နှင့် မြည်း ကလေးတ ဆယ်တို့ကို ယူ၍၊
15тридцать верблюдиц дойных с жеребятами их, сорок коров, десять волов, двадцать ослиц, десять ослов.
16အသီးအသီးတစု တခြားစီ ခွဲသန့်လျက်၊ ကျွန် တို့ လက် သို့ အပ် ပြီးလျှင် ၊ သင်တို့သည် ငါ့ ရှေ့ မှာကူး သွား၍ ၊ တစု နှင့် တစု ကို ခရီးကွာ စေလော့ဟု၊ ကျွန် တို့အား မှာ ထားလေ၏။
16И дал в руки рабам своим каждое стадо особо и сказал рабам своим: пойдите предо мною и оставляйте расстояние от стада до стада.
17ရှေ့ဦးစွာ သွားသောသူကိုလည်း၊ ငါ့ အစ်ကို ဧသော သည် သင့် ကိုတွေ့ ၍ ၊ သင် ကား၊ အဘယ်သူ ၏ လူဖြစ်သနည်း၊ အဘယ် အရပ်သို့ သွား သနည်း။ သင့် ရှေ့ မှာရှိသော တရိစ္ဆာန် များကား အဘယ်သူ ၏ ဥစ္စာ ဖြစ်သနည်းဟုမေး လျှင်၊
17И приказал первому, сказав: когда брат мой Исав встретится тебе и спросит тебя, говоря: чей ты? и куда идешь? и чье это стадо идет пред тобою?
18ကိုယ်တော် ကျွန် ယာကုပ် ၏ဥစ္စာဖြစ်ပါ၏။ သခင် ဧသော အား ဆက်သ လိုက်သော လက်ဆောင် ဖြစ်ပါ၏။ သူ သည်လည်း နောက် မှာ ရှိပါ၏ဟု၊ လျှောက် ရမည်ဟု မှာ ထားလေ၏။
18то скажи: раба твоего Иакова; это подарок, посланный господину моему Исаву; вот, и сам он за нами идет.
19ထိုနည်းတူ ၊ ဒုတိယ သူ၊ တတိယ သူမှစ၍ ၊ အစုစု တို့နှင့် လိုက် သောသူအပေါင်း ကိုလည်း ၊ သင် တို့သည် ဧသော နှင့် တွေ့ လျှင် ၊ ဤ သို့လျှောက် ရမည်ဟူ၍၎င်း၊
19То же что первому приказал он и второму, и третьему, и всем, которые шли за стадами, говоря: так скажите Исаву, когда встретите его;
20ကိုယ်တော် ကျွန် ယာကုပ် သည်လည်း နောက် မှာ ရှိပါ၏ဟု၊ ကြား လျှောက်ရမည်ဟူ၍ ၎င်း မှာထားလေ၏။ ယာကုပ်က၊ ယခု ငါ့ ရှေ့ တွင် ထွက်သွား သော လက်ဆောင် ဖြင့် ၊ သူ၏စိတ်ကို ငါဖြေ မည်။ နောက်မှ မျက်နှာချင်းဆိုင် တွေ့ သောအခါ၊ ငါ့ ကိုလက်ခံ ကောင်း လက်ခံလိမ့်မည်ဟု အကြံ ရှိသတည်း။
20и скажите: вот, и раб твой Иаков идет за нами. Ибо он сказал сам в себе: умилостивлю его дарами, которые идут предо мною, и потом увижу лице его; может быть, и примет меня.
21ထိုသို့ ယာကုပ် ရှေ့မှာ လက်ဆောင် သည် အရင် ကူး သွား၍ ၊ သူ ကိုယ်တိုင်ထို ညဉ့် ၌ လူ အစုအဝေးနှင့်အတူ အိပ် ၍ နေ၏။
21И пошли дары пред ним, а он ту ночь ночевал в стане.
22ညဉ့် မကုန်မှီထ ၍ မယား နှစ် ယောက်၊ ကျွန် မနှစ် ယောက်၊ သား တဆယ် နှင့် တ ယောက်တို့ကို ဆောင်ယူ ၍ ၊ ယဗ္ဗုတ် ချောင်းရေတိမ်ရာအရပ် ကိုကူး လေ၏။
22И встал в ту ночь, и, взяв двух жен своих и двух рабынь своих, и одиннадцать сынов своих, перешел через Иавок вброд;
23ထိုသို့ သူ တို့ကိုယူ ၍ မိမိ ဥစ္စာရှိသမျှနှင့်တကွချောင်း တစ် ဖက်သို့ ကူး စေပြီးမှ၊
23и, взяв их, перевел через поток, и перевел все, что у него было.
24ယာကုပ် သည် တယောက် တည်းနေရစ် ၍ ၊ လူ တဦးသည် မိုဃ်းလင်း သည်တိုင်အောင် သူ နှင့် လုံး ထွေး လေ၏။
24И остался Иаков один. И боролся Некто с ним до появления зари;
25ထိုသူသည် မိမိ မ နိုင် မှန်းကို သိ လျှင် ၊ ယာကုပ် ပေါင် ချန် ကို ထိုး ၍ ၊ လုံးထွေး စဉ် တွင်ပေါင် ဆစ် ပြုတ် လေ ၏။
25и, увидев, что не одолевает его, коснулся состава бедра его и повредил состав бедра у Иакова, когда он боролся с Ним.
26ထိုသူကလည်း၊ ငါ့ ကိုလွှတ် ပါ၊ မိုဃ်းလင်း ဆဲရှိ ပြီ ဟုဆို လျှင် ၊ ယာကုပ်က၊ ကိုယ်တော် သည် အကျွန်ုပ် ကို ကောင်းကြီး မ ပေးလျှင် ၊ မ သွား ရဟုဆို ၏။
26И сказал ему: отпусти Меня, ибо взошла заря. Иаков сказал: не отпущу Тебя, пока не благословишь меня.
27ထိုသူ က လည်း ၊ သင် ၏အမည် ကား အဘယ်သို့ နည်းဟုမေး လျှင် ၊ ယာကုပ် ဖြစ်ပါသည်ဟု ပြန်ဆို ၏။
27И сказал: как имя твое? Он сказал: Иаков.
28နောင် ၌ သင် ၏အမည် ကို ယာကုပ် ဟူ၍မ ခေါ် ရ၊ ဣသရေလ ဟူ၍ခေါ်ရမည်။ အကြောင်း မူကား၊ သင်သည် ဘုရားသခင် နှင့် ၎င်း ၊ လူ နှင့် ၎င်း ၊ မင်းကဲ့သို့ပြိုင် ၍ နိုင် လေပြီဟု မိန့် တော်မူ၏။
28И сказал ему: отныне имя тебе будет не Иаков, а Израиль, ибо ты боролся с Богом, и человеков одолевать будешь.
29ယာကုပ် ကလည်း ၊ နာမ တော်ကား အဘယ်သို့နည်း။ အကျွန်ုပ်အား ဘော်ပြ တော်မူပါဟု မေးလျှောက် လျှင် ၊ ငါ့ နာမ ကို အဘယ်ကြောင့် မေး သနည်းဟု ဆို ၍ ၊ ထို အရပ်၌ ကောင်းကြီး ပေးတော်မူ၏။
29Спросил и Иаков, говоря: скажи мне имя Твое. И Он сказал: на что ты спрашиваешь о имени Моем? оно чудно. И благословил его там.
30ထိုအရပ် ကို ပေညေလ ဟူ၍၊ ယာကုပ် သည် သမုတ် လေ၏။ အကြောင်း မူကား၊ ငါသည် ဘုရားသခင် ကို မျက်နှာချင်းဆိုင် ၍ ဖူးမြင် ရသော်လည်း၊ အသက် ချမ်းသာ ပြီဟု ဆိုသတည်း။
30И нарек Иаков имя месту тому: Пенуэл; ибо, говорил он, я видел Бога лицем к лицу, и сохранилась душа моя.
31ပေနွေလ အရပ်ကို ယာကုပ်လွန် သွားသောအခါ ၊ နေ ထွက် ချိန်ရှိ၍ ၊ သူ သည် ထော့နဲ့ သွားလေ၏။
31И взошло солнце, когда он проходил Пенуэл; и хромал он на бедро свое.
32ထိုသို့ ယာကုပ် ၏ပေါင်ချန် အကြောကြီးကို ထိုး တော်မူသောကြောင့် ၊ ဣသရေလ အမျိုးသား တို့သည်၊ ပေါင်ချန် ၌ ရှိသောအကြော ကြီးကို ယနေ့ တိုင်အောင် မ စား ရှောင်လေ့ရှိကြ၏။
32Поэтому и доныне сыны Израилевы не едят жилы, которая на составе бедра, потому что Боровшийся коснулся жилы на составе бедра Иакова.
Tip: use the ← and → keys to turn chapters.