ဧသတာ

Old Testament

Chapter 7

ဧသတာ

Judson Burmese Bible (18…
vs Chinese Union Vers…
Aa
Text size
Line width
Verse numbers

ဧသတာ 7

Judson Burmese Bible (1840)
Chinese Union Version, punctuated (Simplified)
1တဖန် ရှင်ဘုရင် နှင့် ဟာမန် သည်၊ မိဖုရား ဧသတာ နှင့်အတူ စပျစ်ရည်သောက် အံ့သောငှါ သွား ကြ၏။
1王带着 哈曼 来赴王后 以斯帖 的筵席。
2ဒုတိယ နေ့ ရက်၌ စပျစ်ရည် သောက်ပွဲ ခံစဉ်၊ ရှင် ဘုရင်က မိဖုရား ဧသတာ ၊ သင် သည် အဘယ် အလို ရှိသနည်း။ အလိုရှိသည်အတိုင်း ငါပေး မည်။ အဘယ်ဆု ကို တောင်း ချင်သနည်း။ တောင်းသမျှကို နိုင်ငံ တော် တဝက် တိုင်အောင် ငါပေး မည်ဟု မိန့် တော်မူလျှင်၊
2这第二次在酒席筵前,王又问 以斯帖 说:「王后 以斯帖 啊,你要什么,我必赐给你;你求什么,就是国的一半也必 为你 成就。」
3မိဖုရား ဧသတာ က၊ အရှင်မင်းကြီး ၊ ကျွန်တော်မ ကို စိတ်နှင့်တွေ့ တော်မူလျှင် ၎င်း ၊ အလို တော်ရှိလျှင် ၎င်း၊ ကျွန်တော် မအလို အတိုင်း ကျွန်တော် မအသက် နှင့် ကျွန်တော် မတောင်းပန် သည်အတိုင်း ၊ အမျိုးသား ချင်းအသက်ကို ချမ်းသာပေးတော်မူပါ။
3王后 以斯帖 回答说:「我若在王眼前蒙恩,王若以为美,我所愿的,是愿王将我的性命赐给我;我所求的,是求王将我的本族赐给我。
4ကျွန်တော် မနှင့် ကျွန်တော် မအမျိုးသား ချင်း တို့ကို သတ်ဖြတ် သုတ်သင် ပယ်ရှင်း ခြင်းငှါ ရောင်း ပါပြီ။ ကျွန် ယောက်ျား ကျွန် မိန်းမဖြစ်စေခြင်းငှါ ရောင်း လျှင် ၊ ရန်သူသည် ရှင်ဘုရင် အကျိုးနည်းခြင်းအတွက် အဘိုးကိုပေး နိုင်သော်လည်း၊ ကျွန်တော်မတိတ်ဆိတ်စွာ နေပါမည် ဟု လျှောက်လေ၏။
4因我和我的本族被卖了,要剪除杀戮灭绝我们。我们若被卖为奴为婢,我也闭口不言;但王的损失,敌人万不能补足。」
5ရှင်ဘုရင် အာရွှေရု ကလည်း ၊ ထိုသို့ ပြု မည်ဟု ကြံဝံ့သောသူကား အဘယ် သူနည်း။ အဘယ်မှာရှိသနည်း ဟု မိဖုရား ဧသတာ အား မေး တော်မူလျှင်၊
5亚哈随鲁 王问王后 以斯帖 说:「擅敢起意如此行的是谁?这人在哪里呢?」
6ဧသတာ က၊ ရန် ဘက်ပြုသောရန်သူ သည် ဤ ဆိုးညစ် သော ဟာမန် ဖြစ်ပါ၏ဟု လျှောက် သော်၊ ဟာမန် သည် ရှင်ဘုရင် နှင့် မိဖုရား ရှေ့ မှာ ကြောက်ရွံ့ ခြင်း သို့ ရောက်လေ၏။
6以斯帖 说:「仇人敌人就是这恶人 哈曼 !」 哈曼 在王和王后面前就甚惊惶。
7ထိုအခါ ရှင် ဘုရင်သည် အမျက် ထွက်သဖြင့် ၊ စပျစ်ရည် သောက်ပွဲ မှ ထ ၍ ဥယျာဉ် တော်သို့ သွားတော်မူ ၏။ အပြစ် ပေးတော်မူမည်ဟု ဟာမန် သည်ရိပ်မိ ၍ အသက် ချမ်းသာရမည်အကြောင်းမိဖုရား ဧသတာ ရှေ့ မှာ တောင်းပန် ခြင်းငှါ ထ ၏။
7王便大怒,起来离开酒席往御园去了。 哈曼 见王定意要加罪与他,就起来,求王后 以斯帖 救命。
8ရှင် ဘုရင်သည် ဥယျာဉ် တော်မှ စပျစ်ရည် သောက်ပွဲ ခံရာအရပ် သို့ ဝင်ပြန် သောအခါ ၊ ဧသတာ ထိုင် သော သာလွန် နား မှာ ဟာမန် သည် ပြပ်ဝပ် လျက်နေသည် ကို မြင်လျှင်၊ ဤသူသည် နန်းတော် ၌ ငါ့ ရှေ့မှာ မိဖုရား ကို အဓမ္မ ပြုရမည်လောဟု မိန့် တော်မူစဉ်တွင်၊ အခြံအရံတို့သည် ဟာမန် ၏ မျက်နှာ ကိုဖုံး ကြ၏။
8王从御园回到酒席之处,见 哈曼 伏在 以斯帖 所靠的榻上;王说:「他竟敢在宫内、在我面前凌辱王后吗?」这话一出王口,人就蒙了 哈曼 的脸。
9မိန်းမစိုး ဟာဗောန ကလည်း ၊ အရှင်မင်းကြီး၏ အကျိုးတော်ကို စောင့်၍ လျှောက်ထားသော မော်ဒကဲ အဘို့ ဟာမန် လုပ် ၍ အတောင် ငါးဆယ် မြင့် သော လည်ဆွဲ ချတိုင်သည်၊ ဟာမန် အိမ် ၌ စိုက် ထားလျက် ရှိပါ၏ဟု နားတော်လျှောက်သော်၊ ထိုတိုင်၌ လည်ဆွဲ ချစေဟု ရှင်ဘုရင် မိန့် တော်မူ၏။
9伺候王的一个太监名叫 哈波拿 ,说:「 哈曼 为那救王有功的 末底改 做了五丈高的木架,现今立在 哈曼 家里。」王说:「把 哈曼 挂在其上。」
10ထိုသို့ မော်ဒကဲ အဘို့ လုပ် သော လည်ဆွဲ ချတိုင်၌ ဟာမန် ကို ဆွဲ ချကြ၏။ ရှင်ဘုရင် လည်း စိတ် ပြေ တော်မူ ၏။
10于是人将 哈曼 挂在他为 末底改 所预备的木架上。王的忿怒这才止息。

Tip: use the ← and → keys to turn chapters.