ဒေသနာ 5
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Modern Hebrew Bible
1ဘုရား သခင့်အိမ် တော်သို့ သွား သောအခါ ၊ သင့် ခြေ တို့ကို စောင့် လော့။ လူမိုက် ပြု သောယဇ် ပူဇော်ခြင်းအမှုထက် ၊ တရားနာခြင်းအမှုကိုသာ၍ ကြိုးစားလော့။ လူမိုက် တို့သည် ကိုယ်အပြစ် ကိုမ ဆင်ခြင် တတ် ကြ။
1שמר רגליך כאשר תלך אל בית האלהים וקרוב לשמע מתת הכסילים זבח כי אינם יודעים לעשות רע׃
2သင် ၏နှုတ် သည် သတိ မ လစ်စေနှင့်။ ဘုရား သခင့်ရှေ့ တော်၌ စကား ပြောခြင်းငှါ ၊ သင် ၏စိတ် နှလုံးမ လျင် မမြန်စေနှင့်။ ဘုရား သခင်သည် ကောင်းကင် ဘုံ၌ ရှိတော်မူ၏။ သင် သည် မြေကြီး ပေါ် မှာရှိ၏။ ထိုကြောင့် သင် ၏စကား မ များစေ နှင့်။
2אל תבהל על פיך ולבך אל ימהר להוציא דבר לפני האלהים כי האלהים בשמים ואתה על הארץ על כן יהיו דבריך מעטים׃
3အမှု များ သောအားဖြင့် အိပ်မက် မြင် တတ်သကဲ့သို့ ၊ စကား များ သောအားဖြင့် မိုက် သောသူ ၏အသံ ကို ကြားရ၏။
3כי בא החלום ברב ענין וקול כסיל ברב דברים׃
4ဘုရား သခင့်ထံ တော်၌ သစ္စာဂတိ ပြု မိလျှင် ၊ သစ္စာဝတ်ကို မ ဖြေ ဘဲမနေနှင့်။ မိုက် သောသူတို့ကို အားရနှစ်သက် တော်မ မူ။ သစ္စာဂတိ ပြုသည်အတိုင်း ဝတ် ကို ဖြေလော့။
4כאשר תדר נדר לאלהים אל תאחר לשלמו כי אין חפץ בכסילים את אשר תדר שלם׃
5သစ္စာဂတိ ပြု၍ ဝတ်ကိုမ ဖြေ ဘဲနေသည်ထက်၊ သစ္စာဂတိ အလျှင်းမ ပြုဘဲနေသော် သာ၍ ကောင်း ၏။
5טוב אשר לא תדר משתדור ולא תשלם׃
6သင် ၏နှုတ် သည် သင် ၏ကိုယ်ခန္ဓါ ၌ အပြစ် မ ရောက်စေနှင့်။ အကျွန်ုပ်မှား ပါပြီဟု၊ တမန်တော် ရှေ့ မှာ ပြော ရသော အကြောင်းမ ရှိစေနှင့်။ ဘုရား သခင်သည် သင် ၏စကား သံကို အမျက် တော်ထွက်၍၊ သင် ပြုစု သောအမှု ကို အဘယ်ကြောင့် ဖျက်ဆီး တော်မူရမည်နည်း။
6אל תתן את פיך לחטיא את בשרך ואל תאמר לפני המלאך כי שגגה היא למה יקצף האלהים על קולך וחבל את מעשה ידיך׃
7အိပ်မက် များ ရာ၌ ၎င်း၊ စကား များ ရာ၌၎င်း ၊ အချည်းနှီး သောအကြောင်းအရာပါတတ်၏။ သင် မူကား ဘုရား သခင်ကို ကြောက်ရွံ့ လော့။
7כי ברב חלמות והבלים ודברים הרבה כי את האלהים ירא׃
8ကျေးရွာ ၌ ဆင်းရဲသား တို့ကို ညှဉ်းဆဲ ခြင်း၊ တရား လမ်း မှလွှဲ၍ ၊ မတရားသဖြင့် အနိုင်အထက်စီရင် ဆုံးဖြတ်ခြင်းအမှုကိုမြင်လျှင်၊ ထိုသို့သောအကြံရှိသည် ကို အံ့ဩ ခြင်းမ ရှိနှင့်။ ကြီးမြင့်သောသူတယောက်ကို တယောက် ကြည့်မှတ်သကဲ့သို့၊ အကြီးဆုံး၊ အမြင့်ဆုံးသောသူသည် ကြည့်မှတ်လျက်ရှိတော်မူ၏။
8אם עשק רש וגזל משפט וצדק תראה במדינה אל תתמה על החפץ כי גבה מעל גבה שמר וגבהים עליהם׃
9မြေကြီး ကဖြစ် သော စီးပွါးသည်အလုံးစုံ တို့အဘို့ ဖြစ်၏။ ရှင်ဘုရင် သော်လည်း၊ လယ် ၏ ကျေးဇူး ကိုခံရ၏။
9ויתרון ארץ בכל היא מלך לשדה נעבד׃
10ငွေ ကိုတပ်မက် သောသူသည် ငွေ နှင့် အလိုဆန္ဒ မ ပြေနိုင်။ စည်းစိမ် ကို တပ်မက် သောသူသည် စည်းစိမ် တိုးပွားသော်လည်း မ ရောင့်ရဲနိုင်။ ထို အမှုအရာသည် လည်း အနတ္တ ဖြစ်၏။
10אהב כסף לא ישבע כסף ומי אהב בהמון לא תבואה גם זה הבל׃
11ဥစ္စာ တိုးပွား သောအခါ စား ရသောသူတို့သည် လည်း တိုးပွား များပြားကြ၏။ ဥစ္စာ ရှင်သည် မျက်စိ နှင့်ကြည့်ရှု ခြင်း ကျေးဇူးမှတပါး အဘယ် ကျေးဇူး ရှိသနည်း။
11ברבות הטובה רבו אוכליה ומה כשרון לבעליה כי אם ראית עיניו׃
12အလုပ်လုပ် သောသူသည် များစွာ စား သည် ဖြစ်စေ ၊ အနည်းငယ် စားသည်ဖြစ်စေ ၊ အအိပ် မြိန် တတ်၏။ ရတတ် သောသူ၏ စည်းစိမ် မူကား ၊ စည်းစိမ် ရှင်ကို အအိပ် ပျက် စေတတ်၏။
12מתוקה שנת העבד אם מעט ואם הרבה יאכל והשבע לעשיר איננו מניח לו לישון׃
13စည်းစိမ် ရှင်သည် ကိုယ် အကျိုး ပျက်သည်တိုင်အောင် ၊ စည်းစိမ် ကိုသိုထား ခြင်းတည်းဟူသော၊ နေ အောက် ၌ အလွန် ဆိုးသောအမှုအရာကို ငါမြင် ပြီ။
13יש רעה חולה ראיתי תחת השמש עשר שמור לבעליו לרעתו׃
14ထို စည်းစိမ် သည် မကောင်း သောအမှု အားဖြင့် ပျောက်ပျက် တတ်၏။ စည်းစိမ်ရှင်မြင် သော သား သည် လည်း လက်ချည်း နေရ၏။
14ואבד העשר ההוא בענין רע והוליד בן ואין בידו מאומה׃
15သို့မဟုတ်၊ စည်းစိမ် ရှင်သည် အမိ ဝမ်း ထဲက အလျှင်း မပါဘဲ ထွက် လာသကဲ့သို့ ၊ ထိုနည်းတူ ပြန် သွား ရမည်။ ကြိုးစား အားထုတ်၍ ရ သောဥစ္စာ တစုံတခုကိုမျှ လက် နှင့် စွဲကိုင် လျက် ယူ ၍မ သွားရ။
15כאשר יצא מבטן אמו ערום ישוב ללכת כשבא ומאומה לא ישא בעמלו שילך בידו׃
16သူသည်လာ သကဲ့သို့ အလျှင်းမခြားနားဘဲ၊ သွား ရသောအမှုအရာသည် အလွန် ဆိုးသောအမှုအရာဖြစ်၏။ လေ ကို ရအံ့သောငှါ ကြိုးစား အားထုတ်သောသူသည် အဘယ် ကျေးဇူး ရှိသနည်း။
16וגם זה רעה חולה כל עמת שבא כן ילך ומה יתרון לו שיעמל לרוח׃
17သူ ၏နေ့ရက် ကာလကို မှောင်မိုက် ၌ လွန် စေ တတ်၏။ များစွာ သောနှောင့်ရှက် ခြင်း၊ ညှိုးငယ် ခြင်း၊ အမျက် ထွက်ခြင်းကို ခံရ၏။
17גם כל ימיו בחשך יאכל וכעס הרבה וחליו וקצף׃
18ငါ သိ မြင်သောအရာဟူမူကား ၊ စား သောက် ခြင်း အမှု၊ နေ အောက် ၌ ဘုရား သခင်ပေး တော်မူသောအသက် ရှည်သမျှ ကာလ ပတ်လုံး၊ ကြိုးစား အားထုတ်၍ ရ သောအကျိုး၌ ပျော်မွေ့ ခြင်းအမှုကို ပြုကောင်း ၏။ လျောက်ပတ် ၏။ ထို အမှုသည် လူ ၏အဘို့ ဖြစ်၏။
18הנה אשר ראיתי אני טוב אשר יפה לאכול ולשתות ולראות טובה בכל עמלו שיעמל תחת השמש מספר ימי חיו אשר נתן לו האלהים כי הוא חלקו׃
19ဘုရား သခင်ပေး သနားတော်မူသောစည်းစိမ် ဥစ္စာ ကိုရသော လူတိုင်း မိမိ အဘို့ ကိုခံ ၍ ဝင်စား ခြင်းငှါ ၎င်း၊ ကြိုးစား အားထုတ်ရာ၌ ပျော်မွေ့ ခြင်းငှါ ၎င်း၊ ဘုရား သခင့်ကျေးဇူးတော် ကြောင့် အခွင့် ရှိ၏။
19גם כל האדם אשר נתן לו האלהים עשר ונכסים והשליטו לאכל ממנו ולשאת את חלקו ולשמח בעמלו זה מתת אלהים היא׃
20လွန် သောနေ့ရက် ကာလကို များစွာ မ အောက်မေ့ ရ။ စိတ် နှလုံးရွှင်လန်း သောအခွင့်ကို ဘုရား သခင်ပေး သနားတော်မူ၏။
20כי לא הרבה יזכר את ימי חייו כי האלהים מענה בשמחת לבו׃
Tip: use the ← and → keys to turn chapters.