တရားဟောရာ 3
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Londona Biblio (Esperanto, 1910)
1ထိုအခါ ငါတို့သည်လှည့် ၍ ၊ ဗာရှန် ပြည်သို့ ခရီး သွား ကြ၏။ ဗာရှန် ရှင်ဘုရင် ဩဃ သည်လည်း မိမိ လူ အပေါင်း တို့နှင့်တကွ ဧဒြိ အရပ်မှာ စစ်တိုက် ခြင်းငှါ ချီ လာ၏။
1Kaj ni turnis nin kaj ekiris laŭ la vojo al Baŝan. Kaj eliris kontraŭ nin Og, la reĝo de Baŝan, li kaj lia tuta popolo, por batalo apud Edrei.
2ထာဝရဘုရား ကလည်း ၊ သူ့ ကိုမ ကြောက် နှင့်။ သူ နှင့်တကွ သူ ၏ လူ အပေါင်း တို့ကို၎င်း ၊ သူ့ မြေ ကို၎င်း၊ သင့် လက် ၌ ငါအပ် ပေးမည်။ ဟေရှဘုန် မြို့နေ အာမောရိ ရှင်ဘုရင် ရှိဟုန် ကို ပြု သကဲ့သို့ ဤ မင်းကိုလည်း ပြု ရ မည်ဟု ငါ့ အား မိန့် တော်မူ၏။
2Kaj la Eternulo diris al mi: Ne timu lin; ĉar en vian manon Mi transdonis lin kaj lian tutan popolon kaj lian landon, kaj vi faros al li, kiel vi faris al Siĥon, la reĝo de la Amoridoj, kiu loĝis en Ĥeŝbon.
3ထိုသို့ ငါ တို့ဘုရား သခင်ထာဝရဘုရား သည်၊ ဗာရှန် ရှင်ဘုရင် ဩဃ နှင့် သူ ၏လူ အပေါင်း တို့ကို ငါ တို့လက် ၌ အပ် တော်မူသဖြင့် ၊ တယောက်မျှ မ ကြွင်း စေခြင်းငှါ လုပ်ကြံ ကြ၏။
3Kaj la Eternulo, nia Dio, transdonis en nian manon ankaŭ Ogon, la reĝon de Baŝan, kaj lian tutan popolon; kaj ni batis lin tiel, ke neniu restis ĉe li.
4ထိုအခါ ငါတို့သည် မြို့ ခြောက်ဆယ် နှင့် ပြည့်စုံ သော အာဂေါဘ တိုင်း ၊ ဗာရှန် ရှင်ဘုရင်ဩဃ မင်း၏ နိုင်ငံ ကို၊ တမြို့ မျှ မ ကြွင်းစေခြင်းငှါ တိုက်ယူ ကြ၏။
4Kaj ni militakiris tiam ĉiujn liajn urbojn; ne estis urbo, kiun ni ne prenis de ili: sesdek urbojn, la tutan distrikton de Argob, la regnon de Og la Baŝana.
5ထို မြို့ ရှိသမျှ တို့သည် မြင့် သောမြို့ရိုး ၊ မြို့တံခါး များ၊ ကန့်လန့်ကျင် များနှင့် ခိုင်ခံ့သော မြို့ ဖြစ်သတည်း။ ထိုမှတပါး များစွာ သော ရွာ တို့ကိုလည်း တိုက်ယူ၍ ရှင်းရှင်းဖျက်ဆီး ကြ၏။
5Ĉiuj tiuj urboj estis fortikigitaj per alta muro, per pordegoj kaj rigliloj, krom la tre multaj urboj ne fortikigitaj.
6ဟေရှဘုန် ရှင်ဘုရင် ရှိဟုန် ကို ပြု သကဲ့သို့ ၊ အရပ်ရပ် ၌ ယောက်ျား မိန်းမ သူငယ် တို့ကို သုတ်သင် ပယ်ရှင်းကြ၏။
6Kaj ni ekstermis ilin, kiel ni faris al Siĥon, la reĝo de Ĥeŝbon, ni ekstermis en ĉiu urbo la virojn, la virinojn, kaj la infanojn;
7တိရစ္ဆာန် များ၊ မြို့ ရွာ၌ လက်ရဥစ္စာ များ ရှိသမျှ တို့ ကို ကိုယ် ဘို့ သိမ်းယူ ကြ၏။
7sed ĉiujn brutojn kaj la rabaĵon el la urboj ni prenis al ni, kiel militakiraĵon.
8ထိုအခါ အာနုန် မြစ် မှစ၍ ဟေရမုန် တောင် တိုင်အောင် ၊ ယော်ဒန် မြစ်အရှေ့ ဘက်၌ ရှိ သောမြေ ကို ငါတို့သည် သိမ်းယူ ကြ၏။
8Kaj ni prenis tiam el la manoj de la du reĝoj de la Amoridoj la landon, kiu estas transe de Jordan, de la torento Arnon ĝis la monto Ĥermon
9ဟေရမုန် တောင်ကို ဇိဒုန် လူတို့သည် စိရုန် ဟူ၍၎င်း ၊ အာမောရိ လူတို့သည် ရှုနိရ ဟူ၍၎င်း ခေါ်ဝေါ် ကြ၏။
9la Cidonanoj nomas Ĥermonon Sirjon, kaj la Amoridoj nomas ĝin Senir),
10ချိုင့်၌ ရှိသမျှ သောမြို့ တို့နှင့် ဂိလဒ် ပြည် တရှောက်လုံး ၊ ဩဃ မင်း၏ နိုင်ငံ အဝင်၊ သာလက မြို့၊ ဧဒြိ မြို့တိုင်အောင် ဗာရှန် ပြည်တရှောက်လုံး ကို သိမ်းယူကြ၏။
10ĉiujn urbojn sur la ebenaĵo, kaj la tutan Gileadon kaj la tutan Baŝanon ĝis Salĥa kaj Edrei, urboj de la regno de Og la Baŝana.
11အလွန်ကြီးမားသော လူမျိုးမှ ဆင်းသက်သော ဗာရှန် ရှင်ဘုရင် ဩဃ တယောက်တည်း သာ ကျန်ကြွင်း ၏။ လူ အတောင် အားဖြင့် အလျား ကိုး တောင် ၊ အနံ လေး တောင် ရှိသောသူ ၏ သံ ခုတင် သည် အမ္မုန် ပြည် ရဗ္ဗတ် မြို့ ၌ ရှိသည်မဟုတ်လော။
11Ĉar nur Og, la reĝo de Baŝan, estis restinta el la resto de la Rafaidoj. Jen estas lia lito, fera lito, jen ĝi estas en Raba de la Amonidoj: naŭ ulnoj estas ĝia longeco kaj kvar ulnoj estas ĝia larĝeco, laŭ la ulnoj de viro.)
12ထိုအခါ ငါတို့သိမ်းယူ သောမြေ ကို၊ အာနုန် မြစ် နား တွင်ရှိသော အာရော် မြို့မှစ၍ ဂိလဒ် တောင် တဝက် တိုင်အောင် ၊ မြို့ များနှင့်တကွ ရုဗင် အမျိုးသား၊ ဂဒ် အမျိုးသား တို့အား ငါပေး ၏။
12Kaj tiun landon ni ekposedis en tiu tempo: de Aroer, kiu estas apud la torento Arnon, kaj duonon de la monto Gilead kun ĝiaj urboj mi donis al la Rubenidoj kaj al la Gadidoj;
13ဂိလဒ် တောင်တဝက် နှင့် ဩဃ မင်းအစိုးရသောနိုင်ငံအဝင်၊ အလွန် ကြီးမားသော လူမျိုးနေရာ ဟူ၍ခေါ်ဝေါ် သော အာဂေါဘ တိုင်း ၊ ဗာရှန် ပြည် တပြည်လုံး ကို မနာရှေ အမျိုးသား တဝက် အား ငါပေး ၏။
13kaj la ceteran parton de Gilead kaj la tutan Baŝanon, la regnon de Og, mi donis al duono de la tribo de Manase, la tutan distrikton de Argob. (La tutan tiun Baŝanon oni nomas lando de Rafaidoj.
14မနာရှေ အမျိုးသား ယာဣရ သည်၊ အာဂေါဘ တိုင်း တတိုင်းလုံး ကို ဂေရှုရ ရွာ ၊ မာခါ ရွာအထိ သိမ်းယူ ပြီးမှ ၊ ယနေ့ တိုင်အောင် မိမိ အမည် ကို လိုက် ၍ ဗာရှန် ဟာဝုတ် ယာဣရ ပြည်ဟု သမုတ် လေ၏။
14Jair, filo de Manase, prenis la tutan distrikton de Argob ĝis la limo de la Geŝuridoj kaj Maaĥatidoj, kaj li donis al Baŝan laŭ sia nomo la nomon Vilaĝoj de Jair, tiel estas ĝis nun.)
15ဂိလဒ် မြို့ကိုကား ၊ မာခိရ အမျိုးသားတို့အား ငါပေး ၏။
15Kaj al Maĥir mi donis Gileadon.
16ရုဗင် အမျိုးသား၊ ဂဒ် အမျိုးသားတို့အား လည်း ၊ ဂိလဒ် မြို့မှ အာနုန် မြစ် တိုင်အောင် ၊ မြစ် ကွေ့သော မြေ နှင့်တကွ ၊ အမ္မုန် ပြည် အပိုင်း အခြားဖြစ်သော ယဗ္ဗုတ် မြစ် တိုင်အောင် မြေတရှောက်လုံးကို၎င်း၊
16Kaj al la Rubenidoj kaj al la Gadidoj mi donis de Gilead ĝis la torento Arnon, kun la mezo de la valo por limo; ankaŭ ĝis la torento Jabok, limo de la Amonidoj;
17လွင်ပြင် နှင့်တကွ ယော်ဒန် မြစ်နား၊ ဂင်္နေသရက် အရပ်မှ လွင်ပြင် နှင့်ဆိုင်သော သောဒုံ အိုင် အရှေ့ ၊ အာဇုတ် ပိသဂါ မြို့တိုင်အောင် ၊ မြေတရှောက်လုံးကို၎င်းငါပေး၏။
17kaj la stepon, kun Jordan por limo, de Kineret ĝis la maro de la ebenaĵo, la Sala Maro, ĉe la bazo de Pisga en la oriento.
18ထိုအခါ ငါက၊ သင် တို့၏ဘုရား သခင်ထာဝရဘုရား သည် ဤ မြေ ကို သင် တို့အား အပိုင် ပေး တော်မူပြီ။ သို့ရာတွင်စစ်တိုက် တတ်သော သူအပေါင်း တို့သည် လက်နက်ကိုကိုင်၍၊ သင် တို့ညီအစ်ကို ဣသရေလ အမျိုးသား တို့ရှေ့ မှာ ကူး သွားရကြမည်။
18Kaj mi faris al vi ordonon en tiu tempo, dirante: La Eternulo, via Dio, donis al vi ĉi tiun landon, por ke vi posedu ĝin; armitaj iru antaŭ viaj fratoj la Izraelidoj, ĉiuj militkapablaj.
no verse 19 in this text
19Nur viaj edzinoj kaj viaj infanoj kaj viaj brutaroj — mi scias, ke vi havas grandnombrajn brutarojn — restu en viaj urboj, kiujn mi donis al vi;
20ထာဝရဘုရား သည် သင် တို့အားချမ်းသာ ပေးတော်မူသည်နည်းတူ ၊ ညီအစ်ကို တို့အား ပေးတော်မ မူမှီတိုင်အောင်၎င်း၊ ယော်ဒန် မြစ်တဘက် ၌ သင် တို့၏ဘုရားသခင် ထာဝရဘုရား ပေး တော်မူသော မြေ ကို သူ တို့သည်မသိမ်း မယူမှီတိုင်အောင်၎င်း၊ သင် တို့မယား ၊ သား သူငယ် များ၊ တိရစ္ဆာန် များတို့သည် ငါပေး သော မြို့ တို့၌ နေ ရကြမည်။ သင် တို့တွင် တိရစ္ဆာန် များစွာ ရှိသည် ကိုငါသိ ၏။ အမှုပြီးမှငါပေး နှင့်သည်အတိုင်း၊ သင်တို့ရှိသမျှသည်အသီးအသီး ပိုင်ထိုက် သောမြေသို့ ပြန်လာ ရကြမည်ဟု သင် တို့အား ငါမှာ ထား၏။
20ĝis la Eternulo donos ripozon al viaj fratoj, kiel al vi, kaj ili ankaŭ ekposedos la landon, kiun la Eternulo, via Dio, donas al ili transe de Jordan; tiam vi reiros ĉiu al sia posedaĵo, kiun mi donis al vi.
21ထိုအခါ ယောရှု ကိုလည်း၊ သင် ၏ဘုရား သခင်ထာဝရဘုရား သည် ဤ ရှင်ဘုရင် နှစ်ပါး ၌ ပြု တော်မူသော အမှု အလုံးစုံ ကို သင်သည် ကိုယ်တိုင်မြင် ရပြီ။ ထိုအတူ၊ ထာဝရဘုရား သည် သင်ရောက်သမျှသောတိုင်း နိုင်ငံတို့၌ ပြု တော်မူလိမ့်မည်။
21Kaj al Josuo mi ordonis en tiu tempo, dirante: Viaj okuloj vidis ĉion, kion la Eternulo, via Dio, faris al tiuj du reĝoj; tiel la Eternulo faros al ĉiuj regnoj, kiujn vi trairos.
22ထိုသူ တို့ကို မ ကြောက် နှင့်။ သင် ၏ဘုရား သခင်ထာဝရဘုရား သည် သင့် ဘက် ၌ စစ်ကူ တော်မူမည်ဟု ငါမှာထားလေ၏။
22Ne timu ilin; ĉar la Eternulo, via Dio, batalas por vi.
23ထိုအခါ ထာဝရဘုရား ကို ငါတောင်းပန် သည် ကား၊
23Kaj mi preĝis al la Eternulo en tiu tempo, dirante:
24အိုအရှင် ထာဝရဘုရား ၊ ကိုယ်တော် သည် ကိုယ်တော် ကျွန် အား တန်ခိုး အာနုဘော်တော်ကို၎င်း၊ အားကြီး သော လက် တော်ကို၎င်း ပြ စ ပြုတော်မူပြီ။ ကိုယ်တော် စီရင် ၍ တန်ခိုး တော်ကို ပြသည်အတိုင်း ၊ ကောင်းကင် မြေကြီး ပေါ် မှာအဘယ် မည်သော ဘုရား ပြု နိုင်ပါ သနည်း။
24Mia Sinjoro, ho Eternulo! Vi komencis montradi al Via servanto Vian grandecon kaj Vian fortan manon; ĉar kie estas dio en la ĉielo aŭ sur la tero, kiu povus fari simile al Viaj faroj kaj al Via potenco?
25အကျွန်ုပ်သည် ယော်ဒန် မြစ်တဘက် သို့ ကူး ၍၊ ထို ကောင်းမွန် သောပြည် နှင့် လေဗနုန် တောင်မှစ၍ တင့်တယ် သော တောင် များကို မြင် ရမည်အကြောင်း အခွင့်ပေးတော်မူပါဟု တောင်းပန်သော်လည်း၊
25Mi dezirus transiri kaj vidi tiun bonan landon, kiu estas transe de Jordan, tiun belan monton kaj Lebanonon.
26ထာဝရဘုရား သည် သင် တို့အတွက် ငါ့ ကို အမျက် ထွက်တော်မူသောကြောင့် ၊ ငါ့ စကားကို နားထောင် တော်မ မူ။ ထာဝရဘုရား ကလည်း ၊ တန် တော့၊ ဤ အမှု နှင့် ဆိုင်သော စကားကို နောက် တဖန် မ လျှောက် နှင့်။
26Sed la Eternulo ekkoleris kontraŭ mi pro vi kaj ne aŭskultis min; kaj la Eternulo diris al mi: Sufiĉe, ne parolu al Mi plu pri tio.
27ပိသဂါ တောင်ထိပ် ပေါ်သို့ တက် ပြီးလျှင် ၊ အရှေ့ ၊ အနောက် ၊ တောင် ၊ မြောက် လေးမျက်နှာသို့မြော် ၍ ထို ပြည်ကို ကြည့်ရှု လော့။ ယော်ဒန် မြစ်ကို မ ကူး ရ။
27Supreniru sur la supron de Pisga, kaj direktu viajn okulojn al okcidento kaj al nordo kaj al sudo kaj al oriento kaj rigardu per viaj okuloj; ĉar vi ne transiros ĉi tiun Jordanon.
28သို့ရာတွင် ယောရှု ကိုမှာ ခဲ့၍ အား ပေးလော့။ မစ ထောက်ပင့်လော့။ သူ သည် ဤ လူမျိုး ရှေ့ မှာသွား ၍ ၊ သင်မြင် ရသော ပြည် ကို အမွေခံ စေရမည်ဟု ငါ့အား မိန့်တော်မူ၏။
28Kaj donu instrukciojn al Josuo kaj fortigu kaj kuraĝigu lin, ĉar li transiros antaŭ ĉi tiu popolo, kaj li posedigos al ili la landon, kiun vi vidos.
29ထိုသို့ ငါတို့သည် ဗက်ပေဂုရ မြို့တဘက် ၌ ရှိသောချိုင့် တွင် နေ ရကြ၏။
29Kaj ni restis en la valo, kontraŭ Bet-Peor.
Tip: use the ← and → keys to turn chapters.