တရားဟောရာ

Old Testament

Chapter 5
Judson Burmese Bible (18…
vs Londona Biblio (Es…
Aa
Text size
Line width
Verse numbers

တရားဟောရာ 5

Judson Burmese Bible (1840)
Londona Biblio (Esperanto, 1910)
1တဖန် မောရှေ သည် ဣသရေလ အမျိုးသားအပေါင်း တို့ကိုခေါ် ၍ ၊ အိုဣသရေလ အမျိုးသားတို့၊ ယနေ့ သင် တို့အား ငါ ဟောပြော သော စီရင် ထုံးဖွဲ့ချက်တို့ကို သင်တို့သည် သွန်သင် ၍ ကျင့် ခြင်းငှာ သတိ ပြုမည် အကြောင်းနားထောင် ကြလော့။
1Kaj Moseo kunvokis ĉiujn Izraelidojn, kaj diris al ili: Aŭskultu, ho Izrael, la leĝojn kaj la regulojn, kiujn mi diras en viajn orelojn hodiaŭ, kaj lernu ilin kaj observu plenumi ilin.
2ငါ တို့ဘုရား သခင်ထာဝရဘုရား သည် ဟောရပ် တောင်၌ ငါ တို့နှင့် ပဋိညာဉ် ပြု တော်မူ၏။
2La Eternulo, nia Dio, faris kun ni interligon sur Ĥoreb.
3ထို ပဋိညာဉ် တရားကို ထာဝရဘုရား သည် ငါ တို့ ဘိုးဘေး များနှင့် သာ ပြု တော်မူသည်မ ဟုတ်။ ယနေ့ ပင် အသက်ရှင် ၍ ဤ အရပ် ၌ ရှိသမျှ သော ငါ တို့နှင့် ပြုတော်မူ၏။
3Ne kun niaj patroj la Eternulo faris tiun interligon, sed kun ni, kun ni, kiuj nun ĉi tie ĉiuj vivas.
4ထာဝရဘုရား သည် တောင် ပေါ် မှာ မီး ထဲက သင် တို့နှင့် မျက်နှာ ချင်းဆိုင်၍ မိန့် မြွက်တော်မူ၏။
4Vizaĝon kontraŭ vizaĝo la Eternulo parolis kun vi sur la monto el meze de la fajro;
5ထိုအခါ သင်တို့သည် မီး ကိုကြောက် ၍ တောင် ပေါ် သို့ မ တက် ဝံ့သောကြောင့် ၊ ငါ သည် ထာဝရဘုရား ၏ အမိန့် တော်ကို ဆင့်ဆို ခြင်းငှာ ၊ ထာဝရဘုရား နှင့် သင် တို့စပ်ကြား မှာ ရပ် နေ၏။
5mi tiam staris inter la Eternulo kaj vi, por transdiri al vi la vorton de la Eternulo, ĉar vi timis la fajron kaj ne supreniris sur la monton. Kaj Li diris:
6မိန့်မြွက်တော်မူသောစကားဟူမူကား၊ ငါ သည် သင့် ကို ကျွန် ခံနေရာ အဲဂုတ္တု ပြည် မှ ကယ်နှုတ် ဆောင်ယူခဲ့ ပြီးသော သင် ၏ဘုရား သခင်ထာဝရဘုရား ဖြစ်၏။
6Mi estas la Eternulo, via Dio, kiu elkondukis vin el la lando Egipta, el la domo de sklaveco.
7ငါ မှတပါး အခြား သောဘုရား ကို မ ကိုးကွယ် နှင့်။
7Ne ekzistu ĉe vi aliaj dioj antaŭ Mi.
8အထက် မိုဃ်း ကောင်းကင်၌ ၎င်း၊ အောက် အရပ် မြေကြီး ပေါ် ၌၎င်း၊ မြေကြီး အောက် ရေ ထဲ ၌၎င်း ရှိသော အရာ နှင့် ပုံ သဏ္ဍာန်တူစွာ ရုပ်တု ဆင်းတုကို ကိုယ် အဘို့ မ လုပ် နှင့်။
8Ne faru al vi idolon, nek bildon de io, kio estas en la ĉielo supre aŭ sur la tero malsupre aŭ en la akvo sub la tero;
9ဦး မ ချ၊ ဝတ် မ ပြုနှင့်။ အကြောင်း မူကား၊ သင် ၏ဘုရား သခင်၊ ငါ ထာဝရဘုရား သည် သင်၌ အပြစ်ရှိသည်ဟု ယုံလွယ်သောဘုရား၊ ငါ့ ကိုမုန်း သောသူတို့ ၏ အမျိုးအစဉ်အဆက်၊ တတိယ အဆက်၊ စတုတ္ထ အဆက်တိုင်အောင် ၊ အဘ တို့၏ အပြစ် ကို သား တို့၌ ဆပ် ပေးစီရင်သောဘုရား၊
9ne kliniĝu antaŭ ili kaj ne servu ilin; ĉar Mi, la Eternulo, via Dio, estas Dio severa, kiu la malbonagon de la patroj punas sur la idoj en la tria kaj kvara generacioj ĉe Miaj malamantoj,
10ငါ့ ကိုချစ် ၍ ငါ့ ပညတ် တို့ကိုကျင့် သောသူတို့ ၏ အမျိုးအစဉ်အဆက် အထောင် အသောင်းတိုင်အောင် ကရုဏာ ကို ပြ သောဘုရား ဖြစ်၏။
10kaj kiu faras favorkoraĵon por miloj al Miaj amantoj kaj al la plenumantoj de Miaj ordonoj.
11သင် ၏ဘုရား သခင်ထာဝရဘုရား ၏ နာမတော် ကို မုသာ နှင့် ဆိုင်၍ မ မြွက် မဆိုနှင့်။ အကြောင်း မူကား၊ နာမ တော်ကို မုသာ နှင့် ဆိုင်၍ မြွက်ဆို သောသူ ကို အပြစ်မရှိဟု ထာဝရဘုရား မှတ် တော်မ မူ။
11Ne malbonuzu la nomon de la Eternulo, via Dio; ĉar la Eternulo ne lasos senpuna tiun, kiu malbonuzas Lian nomon.
12သင် ၏ဘုရားသခင် ထာဝရဘုရား မှာ ထား တော်မူသည်အတိုင်း ၊ ဥပုသ် နေ့ ကို သန့်ရှင်း စေခြင်းငှာ ၊ ထိုနေ့ရက်ကို စောင့် လော့။
12Observu la tagon sabatan, ke vi tenu ĝin sankta, kiel ordonis al vi la Eternulo, via Dio.
13ခြောက် ရက် ပတ်လုံးအလုပ် မျိုး ကို ကြိုးစား ၍ လုပ်ဆောင် လော့။
13Dum ses tagoj laboru kaj faru ĉiujn viajn aferojn;
14သတ္တမ နေ့ရက် သည် သင် ၏ဘုရားသခင် ထာဝရဘုရား ၏ ဥပုသ် နေ့ဖြစ်၏။ ထိုနေ့၌ သင် မှစ၍သင် ၏သား သမီး ၊ ကျွန် ယောက်ျား မိန်းမ ၊ နွား မြည်း အစရှိသောသင် ၏တိရစ္ဆာန် ၊ သင် ၏တံခါး အတွင်း ၌ နေသော ဧည့်သည် အာဂန္တုသည် အလုပ် မ လုပ် ရ။ သင် သည် ငြိမ်ဝပ်စွာ နေသကဲ့သို့ ၊ သင် ၏ကျွန် ယောက်ျား မိန်းမ တို့သည် ငြိမ်ဝပ် စွာ နေရကြမည်။
14sed la sepa tago estas sabato de la Eternulo, via Dio; faru nenian laboron, nek vi, nek via filo, nek via filino, nek via sklavo, nek via sklavino, nek via bovo, nek via azeno, nek ia via bruto, nek via fremdulo, kiu estas inter viaj pordegoj; por ke ripozu via sklavo kaj via sklavino, kiel vi.
15သင်သည် အဲဂုတ္တု ပြည် ၌ ကျွန် ခံ ကြောင်း ကို၎င်း ၊ သင် ၏ဘုရားသခင် ထာဝရဘုရား သည် အားကြီး သော လက်ရုံး တော်ကို ဆန့် ၍ ၊ ထို ပြည်မှ သင့် ကို နှုတ်ဆောင် တော်မူကြောင်း ကို၎င်းအောက်မေ့ လော့။ ထို အကြောင်းကြောင့်၊ သင်သည် ဥပုပ် နေ့ကို စောင့် ရမည်ဟု သင် ၏ ဘုရားသခင် ထာဝရဘုရား မှာ ထားတော်မူ၏။
15Kaj memoru, ke vi estis sklavo en la lando Egipta, kaj la Eternulo, via Dio, elkondukis vin el tie per mano forta kaj per brako etendita; pro tio ordonis al vi la Eternulo, via Dio, observi la tagon sabatan.
16သင် ၏ဘုရားသခင် ထာဝရဘုရား ပေး သနား တော်မူသောပြည် ၌ သင် သည် အသက်တာ ရှည် ၍ ကောင်းစား ရမည်အကြောင်း ၊ သင် ၏ဘုရားသခင် ထာဝရဘုရား မှာ ထားတော်မူသည်အတိုင်း ၊ သင်၏ မိဘ ကို ရိုသေ စွာပြုလော့။
16Respektu vian patron kaj vian patrinon, kiel ordonis al vi la Eternulo, via Dio; por ke longe daŭru via vivo, kaj por ke estu al vi bone sur la tero, kiun la Eternulo, via Dio, donas al vi.
17လူအသက်ကို မ သတ် နှင့်။
17Ne mortigu.
18သူ့မယားကိုမ ပြစ်မှား နှင့်။
18Kaj ne adultu.
19သူ့ဥစ္စာကို မ ခိုး နှင့်။
19Kaj ne ŝtelu.
20ကိုယ် နှင့်စပ်ဆိုင် သောသူ တဘက် ၌ မ မှန်သော သက်သေ ကို မ ခံ နှင့်။
20Kaj ne parolu kontraŭ via proksimulo malveran ateston.
21ကိုယ် နှင့်စပ်ဆိုင် သောသူ ၏မယား ကို တပ်မက် သောစိတ် မ ရှိစေနှင့်။ ကိုယ် နှင့်စပ်ဆိုင် သောသူ ၏အိမ် ၊ လယ်ယာ ၊ ကျွန် ယောက်ျား မိန်းမ ၊ နွား မြည်း မှစ၍ ကိုယ် နှင့်စပ်ဆိုင် သောသူ ၏ ဥစ္စာ တစုံ တခုမျှ တပ်မက် လိုချင်သောစိတ် မ ရှိစေနှင့်ဟု မိန့်တော်မူ၏။
21Kaj ne deziru la edzinon de via proksimulo; kaj ne deziru la domon de via proksimulo, nek lian kampon, nek lian sklavon, nek lian sklavinon, nek lian bovon, nek lian azenon, nek ion, kio apartenas al via proksimulo.
22ထို စကား တော်ကို ထာဝရဘုရား သည် တောင် ပေါ် မှာ မီး ၊ မိုဃ်းတိမ် ၊ ထူထပ် သော မှောင်မိုက်ထဲက ကြီးစွာ သောအသံ နှင့် သင် တို့စည်းဝေးရာ ပရိသတ် အပေါင်း တို့အား မိန့် မြွက်တော်မူ၏။ ထပ် ၍မိန့်မြွက် တော်မမူ။ ထိုစကားတော်ကိုလည်း ကျောက် ပြား နှစ် ပြား ပေါ် မှာရေး ၍ ငါ ၌ အပ် တော်မူ၏။
22Tiujn vortojn diris la Eternulo al via tuta anaro sur la monto, el meze de la fajro, nubo, kaj nebulo, per voĉo laŭta; kaj Li nenion plu aldonis. Kaj Li skribis ilin sur du ŝtonaj tabeloj kaj donis ilin al mi.
23သင် တို့သည် မှောင်မိုက် ထဲက စကား သံကို ကြား ၍ ၊ တောင်ထိပ် သည် မီး လောင် လျက်ရှိသောအခါ ၊ သင် တို့မျိုးနွယ် တို့၌ မင်း ဖြစ်သောသူ၊ အသက်ကြီး သူတို့ သည် ငါ့ ထံသို့ ချဉ်းကပ် ၍၊
23Kaj kiam vi aŭdis la voĉon el la mallumo, dum la monto brulis per fajro, tiam vi aliris al mi, ĉiuj viaj tribestroj kaj plejaĝuloj;
24အကျွန်ုပ် တို့ ဘုရားသခင် ထာဝရဘုရား သည် ဘုန်း တန်ခိုး အာနုဘော်တော်ကို အကျွန်ုပ် တို့အား ပြ တော်မူပြီ။ မီး ထဲက စကားတော်အသံ ကို အကျွန်ုပ်တို့သည် ကြား ရပါပြီ။ ဘုရားသခင် သည် လူ နှင့် နှုတ်ဆက် တော်မူ သော်လည်း ၊ လူသည် အသက်ရှင် သေးသည်ကို၊ ယနေ့ ၌ အကျွန်ုပ်တို့သည် သိမြင် ရပါပြီ။
24kaj vi diris: Jen la Eternulo, nia Dio, montris al ni Sian majeston kaj Sian grandecon, kaj Lian voĉon ni aŭdis el meze de la fajro; en tiu tago ni vidis, ke parolas Dio al homo, kaj ĉi tiu restas vivanta.
25အကျွန်ုပ်တို့သည် အဘယ် ကြောင့်ယခု သေ ရပါ မည်နည်း။ ဤ ကြီးစွာ သောမီး ဖြင့် အကျွန်ုပ်တို့သည် ဆုံးရှုံး ပါလိမ့်မည်။ အကျွန်ုပ် တို့ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသောအသံ တော်ကိုတဖန် ကြား ရလျှင် သေ ရပါလိမ့်မည်။
25Sed nun por kio ni mortu? nin ja formanĝos ĉi tiu granda fajro; se ni plue aŭskultos la voĉon de la Eternulo, nia Dio, ni mortos.
26အသက်ရှင် တော်မူသောဘုရားသခင် သည်မီး ထဲက မိန့် မြွက်တော်မူ သောအသံ တော်ကို အကျွန်ုပ် တို့ ကြားရ သကဲ့သို့ အဘယ် လူ သတ္တဝါသည် ကြား ၍ အသက်ရှင် သနည်း။
26Ĉar kie ekzistas ia karno, kiu aŭdis la voĉon de la vivanta Dio, parolantan el meze de fajro, kiel ni, kaj restis vivanta?
27ကိုယ်တော် သည် အနီးအပါးသို့ ချဉ်း သွား၍ ၊ အကျွန်ုပ် တို့ဘုရားသခင် ထာဝရဘုရား မိန့် တော်မူသမျှ ကို နားထောင် တော်မူပါ။ အကျွန်ုပ် တို့ဘုရား သခင်ထာဝရဘုရား သည် ကိုယ်တော် အား မိန့် တော်မူသမျှ ကို ဆင့်ဆို တော်မူပါ။ အကျွန်ုပ်တို့သည် နားထောင် ၍ ပြု ပါမည်ဟု လျှောက်ဆိုကြ၏။
27Alproksimiĝu vi, kaj aŭskultu ĉion, kion diros la Eternulo, nia Dio; kaj vi transdiros al ni ĉion, kion diros la Eternulo, nia Dio, kaj ni aŭskultos kaj ni plenumos.
28ထိုသို့ သင် တို့သည် ငါ့ အား လျှောက် သော စကား ကို ထာဝရဘုရား ကြား တော်မူ၏။ ထာဝရဘုရား ကလည်း ၊ ဤ လူမျိုး သည် သင့် အား လျှောက် သော စကား သံ ကို ငါကြား ရပြီ။ လျှောက် လေသမျှ သော စကား သည် လျောက်ပတ် ပေ၏။
28Kaj la Eternulo aŭdis la voĉon de viaj vortoj, kiam vi parolis al mi; kaj la Eternulo diris al mi: Mi aŭdis la voĉon de la vortoj de ĉi tiu popolo, kiujn ili diris al vi; bona estas ĉio, kion ili diris.
29သူ တို့နှင့် သား မြေးအစဉ် အဆက်တို့သည် ချမ်းသာ ရမည်အကြောင်း ၊ ငါ့ ကို ကြောက်ရွံ့ ၍ ငါ ပညတ် သမျှ တို့ကို အစဉ် စောင့်ရှောက် ချင်သောစိတ် နှင့် ပြည့်စုံ ကြပါစေသော။
29Ho, se ilia koro restus ĉe ili tia, ke ili timu Min kaj observu ĉiujn Miajn ordonojn ĉiutempe, por ke estu bone al ili kaj al iliaj filoj eterne!
30တဲ များသို့ ပြန် သွား ကြလော့ဟု သူ တို့အား ပြော လော့။
30Iru, diru al ili: Reiru en viajn tendojn.
31သင် မှာမူကား ၊ ဤ အရပ်၌ ငါ့ အနားမှာ ရပ် နေ လော့။ သူ တို့အား ငါ အပိုင် ပေး သော ပြည် ၌ သူတို့ကျင့် ဘို့ရာ သင်သည် သူ တို့အား သွန်သင် ရသော စီရင် ထုံးဖွဲ့ ချက်၊ ပညတ် တရားအလုံးစုံ တို့ကို ငါ မြွက်ဆိုမည်ဟု ငါ့အား မိန့်တော်မူ၏။
31Kaj vi ĉi tie restu kun Mi, kaj Mi eldiros al vi ĉiujn ordonojn kaj leĝojn kaj regulojn, kiujn vi instruos al ili, por ke ili plenumadu ilin en la lando, kiun Mi donas al ili kiel posedaĵon.
32သို့ဖြစ်၍ သင် တို့၏ ဘုရားသခင် ထာဝရဘုရား မှာ ထားတော်မူသည်အတိုင်း ၊ သင် တို့သည် ကျင့် အံ့သောငှာ စောင့် နေရကြမည်။ လက်ျာ ဘက်၊ လက်ဝဲ ဘက်သို့ မ လွှဲ မရှောင်ရကြ။
32Kaj observu, ke vi faru, kiel ordonis al vi la Eternulo, via Dio; ne forflankiĝu dekstren, nek maldekstren.
33သင်တို့ဝင်စား လတံ့သော ပြည် ၌ သင် တို့သည် သေဘေး လွတ်လျက် ချမ်းသာ ရ၍ ၊ အသက်တာ ရှည်မည် အကြောင်း ၊ သင် တို့၏ ဘုရား သခင်ထာဝရဘုရား မှာ ထားတော်မူသော လမ်း အပေါင်း တို့၌ ရှောက်သွား ရကြမည်။
33Laŭ tiu tuta vojo, kiun ordonis al vi la Eternulo, via Dio, iradu, por ke vi vivu kaj por ke estu bone al vi, kaj por ke longe daŭru via restado en la lando, kiun vi ekposedos.

Tip: use the ← and → keys to turn chapters.