တရားဟောရာ

Old Testament

Chapter 27
Judson Burmese Bible (18…
Compare
Aa
Text size
Line width
Verse numbers

တရားဟောရာ 27

1တဖန် မောရှေ သည်၊ ဣသရေလ အမျိုး၌ အသက်ကြီး သူတို့နှင့်တကွ လူ များတို့ကို မှာ ထားသည်ကား၊ ယနေ့ ငါ ထား သမျှ သောပညတ် တို့ကို စောင့်ရှောက် ကြလော့။

2သင်သည် ယော်ဒန် မြစ်ကို ကူး ၍ ၊ သင် ၏ဘုရားသခင် ထာဝရဘုရား ပေး တော်မူသော ပြည် သို့ ရောက် သောအခါ ၊ ကြီး သောကျောက် တို့ကို ထူထောင် ၍ အင်္ဂတေ နှင့် မွမ်းမံ ရမည်။

3ဘိုးဘေး တို့ ကိုးကွယ်သော ဘုရားသခင် ထာဝရဘုရား သည်၊ ဂတိ တော်ရှိသည်အတိုင်း သင့် အား ပေး တော်မူသော ပြည် ၊ နို့ နှင့် ပျားရည် စီး သောပြည် သို့ ဝင်စား အံ့သောငှာ ကူး သွားပြီးမှ ၊ ဤ တရား စကား တော် အလုံးစုံ တို့ကို ထို ကျောက်ပေါ် မှာ ရေးထား ရမည်။

4ယော်ဒန် မြစ်ကို ကူး ပြီးမှ ၊ ယနေ့ ငါ မှာထား သော ကျောက် တို့ကို ဧဗလ တောင် ပေါ် မှာ ထူထောင် ၍ အင်္ဂတေ နှင့် မွမ်းမံ ရမည်။

5ထို အရပ်၌လည်း သင် ၏ဘုရားသခင် ထာဝရဘုရား အဘို့၊

6ယဇ် ပလ္လင်ကို ကျောက် နှင့်တည် ရမည်။ သံ တန်ဆာကို မ သုံးဆောင် ဘဲ၊ မ ကွဲမပြတ်သော ကျောက် တို့နှင့် တည် ရမည်။ သင် ၏ဘုရားသခင် ထာဝရဘုရား အား မီးရှို့ ရာယဇ်တို့ကို ထိုပလ္လင် ပေါ် မှာ ပူဇော် ရမည်။

7မိဿဟာယ ယဇ်တို့ကိုလည်း ပူဇော် ၍ ၊ ထို အရပ် တွင် စား သောက်လျက် ရှေ့ တော်၌ ပျော်မွေ့ ခြင်းကို ပြုရမည်။

8ထိုကျောက် ပေါ် မှာ ဤ တရား စကား တော် အလုံးစုံ တို့ကို သေချာ စွာ ရေးထား ရမည်ဟု ပြောဆိုကြ၏။

9တဖန် မောရှေ နှင့် ယဇ် ပုရောဟိတ်များ၊ လေဝိ သားများတို့က၊ အိုဣသရေလ အမျိုး၊ သတိ နှင့် နားထောင် လော့။ ယနေ့ သင်သည် သင် ၏ဘုရားသခင် ထာဝရဘုရား ၏ လူမျိုး ဖြစ် လေပြီ။

10သို့ဖြစ်၍ ၊ သင် ၏ဘုရားသခင် ထာဝရဘုရား ၏ စကား တော်ကို နားထောင် ရမည်။ ယနေ့ ငါ တို့ ဆင့်ဆိုသော စီရင်ထုံးဖွဲ့တော်မူချက်တို့ကို ကျင့်ရမည်ဟု ဣသရေလအမျိုးသားအပေါင်းတို့အား ပြောဆိုကြ၏။

11တဖန် မောရှေ သည် ထို နေ့၌ လူ များတို့ကို မှာထား သည်မှာ၊

12သင် တို့သည် ယော်ဒန် မြစ်ကို ကူး သောနောက် ၊ လူ များတို့အား ကောင်းကြီး ပေးခြင်းအလိုငှာ ဂေရဇိမ် တောင် ပေါ် မှာ ရပ် ရသောသူဟူမူကား ၊ ရှိမောင် ၊ လေဝိ ၊ ယုဒ ၊ ဣသခါ ၊ ယောသပ် ၊ ဗင်္ယာမိန် တည်း။

13ကျိန် ခြင်းအလိုငှာ ၊ ဧဗလ တောင် ပေါ် မှာ ရပ် ရသော သူဟူမူကား ၊ ရုဗင် ၊ ဂဒ် ၊ အာရှာ ၊ ဇာဗုလုန် ၊ ဒန် ၊ နဿလိ တည်း။

14ထိုအခါ လေဝိ သားတို့သည် ကြီး သောအသံ နှင့် ဣသရေလ အမျိုးသား အပေါင်း တို့အား ဟစ်ကြော် ရ သောစကားဟူမူကား၊

15ထာဝရဘုရား စက်ဆုပ် ရွံရှာသောအရာ၊ လက်သမား လက် နှင့် ထု လုပ်သော ရုပ်တု ၊ သွန်း သော ဆင်းတုကို လုပ်၍ မ ထင်ရှားသော အရပ်၌ ထား သောသူ သည် အမင်္ဂလာရှိစေသတည်းဟု ကျိန် လျှင်၊ လူ အပေါင်း တို့က အာမင် ဟု ဝန်ခံ ရကြမည်။

16မိဘ ကို မထီမဲ့မြင် ပြုသောသူသည် အမင်္ဂလာ ရှိစေသတည်းဟု ကျိန် လျှင်၊ လူ အပေါင်း တို့က အာမင် ဟု ဝန်ခံ ရကြမည်။

17အိမ်နီးချင်း ၏ မြေ မှတ်တိုင်ကို ရွှေ့ သောသူသည် အမင်္ဂလာရှိစေသတည်းဟု ကျိန် လျှင်၊ လူ အပေါင်း တို့က အာမင် ဟု ဝန်ခံ ရကြမည်။

18မျက်စိ မမြင်သောသူကို လမ်းလွဲ စေသောသူသည် အမင်္ဂလာရှိစေသတည်းဟု ကျိန် လျှင်၊ လူ အပေါင်း တို့က အာမင် ဟု ဝန်ခံ ရကြမည်။

19တရား တွေ့ခြင်းအမှုမှာတပါး အမျိုးသား၊ မိဘ မရှိသောသူ၊ မုတ်ဆိုးမ ကို မ တရားသဖြင့် အရှုံးပေးသောသူသည် အမင်္ဂလာရှိစေသတည်းဟု ကျိန် လျှင်၊ လူ အပေါင်း တို့က အာမင် ဟု ဝန်ခံ ရကြမည်။

20အဘ နှင့် သာဆိုင်သော အဘ ၏ မယား နှင့် ပေါင်းဘော် သောသူသည် အမင်္ဂလာရှိစေသတည်းဟု ကျိန် လျှင်၊ လူ အပေါင်း တို့က အာမင် ဟု ဝန်ခံ ရကြမည်။

21တိရစ္ဆာန် တစုံ တမျိုးနှင့် ပေါင်းဘော် သောသူသည် အမင်္ဂလာရှိစေသတည်းဟု ကျိန် လျှင်၊ လူ အပေါင်း တို့က အာမင် ဟု ဝန်ခံ ရကြမည်။

22အဘ ၏ သမီး ၊ အမိ ၏ သမီး တည်းဟူသောမိမိ အစ်မ နှမနှင့် ပေါင်းဘော် သောသူသည် အမင်္ဂလာ ရှိစေသတည်းဟု ကျိန် လျှင်၊ လူ အပေါင်း တို့က အာမင် ဟု ဝန်ခံ ရကြမည်။

23မယား ၏ အမိနှင့် ပေါင်းဘော် သောသူသည် အမင်္ဂလာ ရှိစေသတည်းဟု ကျိန် လျှင်၊ လူ အပေါင်း တို့က အာမင် ဟု ဝန်ခံ ရကြမည်။

24အိမ်နီးချင်း ကို မ ထင်မရှား ရိုက် သောသူသည် အမင်္ဂလာရှိစေသတည်းဟု ကျိန် လျှင်၊ လူ အပေါင်း တို့က အာမင် ဟု ဝန်ခံ ရကြမည်။

25အပြစ် မရှိသောသူ ၏ အသက် ကို သတ် ခြင်းငှာ အခ ကို ယူ သောသူသည် အမင်္ဂလာရှိစေသတည်းဟု ကျိန် လျှင်၊ လူ အပေါင်း တို့က အာမင် ဟု ဝန်ခံ ရကြမည်။

26ဤ ပညတ် တရားစကား တို့ကို အမြဲမ ကျင့် သောသူ သည် အမင်္ဂလာရှိစေသတည်းဟု ကျိန် လျှင်၊ လူ အပေါင်း တို့က အာမင် ဟု ဝန်ခံ ရကြမည်။

Tip: use the ← and → keys to turn chapters.