တရားဟောရာ

Old Testament

Chapter 19
Judson Burmese Bible (18…
vs Chinese Union Vers…
Aa
Text size
Line width
Verse numbers

တရားဟောရာ 19

Judson Burmese Bible (1840)
Chinese Union Version, punctuated (Simplified)
1သင် ၏ဘုရားသခင် ထာဝရဘုရား ပေး တော်မူသော ပြည် ၌ နေသောလူမျိုး တို့ကို သင် ၏ဘုရားသခင် ထာဝရဘုရား ပယ်ဖြတ် တော်မူသဖြင့် ၊ သင်သည် သူ တို့ အရာ၌ ဝင်စား ၍ ၊ သူ တို့မြို့ ၊ သူ တို့အိမ် ၌ နေ သောအခါ၊
1「耶和华—你 神将列国之民剪除的时候,耶和华—你 神也将他们的地赐给你,你接着住他们的城邑并他们的房屋,
2သင် ၏ဘုရားသခင် ထာဝရဘုရား သည် အပိုင် ပေး တော်မူသော ထိုပြည် အတွင်း ၌ မြို့ သုံး မြို့တို့ကို ခွဲ ထား ရမည်။
2就要在耶和华—你 神所赐你为业的地上分定三座城。
3လူအသက်ကိုသတ် မိသောသူအပေါင်း တို့သည် ထို မြို့သို့ ပြေး နိုင် မည်အကြောင်း ၊ သင့် အမွေခံစရာဘို့ သင် ၏ဘုရားသခင် ထာဝရဘုရား ပေး တော်မူသော ပြည် ကို သုံးပိုင်း ပိုင်း၍ လမ်း ခရီးကိုလည်း ပြင်ဆင် ရမည်။
3要将耶和华—你 神使你承受为业的地分为三段;又要预备道路,使误杀人的,都可以逃到那里去。
4လူအသက်ကိုသတ် မိ၍ ၊ ကိုယ်အသက် ချမ်းသာစေခြင်းငှာ ၊ ထို မြို့သို့ ပြေး ရသောသူ ၏အမှု ဟူမူကား ၊ လူသည် ထင်း ခုတ် ခြင်းငှာ အဘော် နှင့် တော သို့ သွား ၍ သစ်ပင် ကိုခုတ်လှဲ စဉ်အခါ ၊ ပုဆိန် သည် အရိုးကျွတ်၍အဘော် ကိုထိ သောကြောင့်၊ မိမိအဘော်သေအောင်ပြုမိသောသူနှင့်တူ၍၊
4「误杀人的逃到那里可以存活,定例乃是这样:凡素无仇恨,无心杀了人的,
5ရန်ငြိုးဖွဲ့ ခြင်းမ ရှိဘဲမိမိ အဘော် ကိုအမှတ်တမဲ့ သတ်မိ သောသူသည်၊ ထို မြို့ တစုံတမြို့ သို့ ပြေး ၍ အသက် ချမ်းသာရလိမ့်မည်။
5就如人与邻舍同入树林砍伐树木,手拿斧子一砍,本想砍下树木,不料,斧头脱了把,飞落在邻舍身上,以致于死,这人逃到那些城的一座城,就可以存活,
6သို့မဟုတ် သေ စားသေစေသောသူသည် စိတ် မာန် ထစဉ်အခါ၊ လူ သတ်ကို လိုက် လျက် ခရီး ဝေး သောကြောင့် မှီ ၍ သတ် လိမ့်မည်။ ထိုသို့ မသတ်သင့်။ အကြောင်းမူကား၊ ထိုသူသည် မိမိအဘော်ကို ရန်ငြိုး ဖွဲ့ ခြင်း မ ရှိသောကြောင့် အသေ သတ်ခြင်းကို မ ခံထိုက်။
6免得报血仇的,心中火热追赶他,因路远就追上,将他杀死;其实他不该死,因为他与被杀的素无仇恨。
7ထိုကြောင့် မြို့ သုံး မြို့ကို ခွဲ ထားရမည်ဟု ငါ မှာ ထား၏။
7所以我吩咐你说,要分定三座城。
8ယနေ့ ငါ မှာထား သမျှ သော ဤ ပညတ် တော်တို့ကိုကျင့်စောင့် ၍၊ သင်၏ဘုရားသခင်ထာဝရဘုရားကို ချစ် သောစိတ်နှင့် အစဉ်အမြဲ လမ်း တော်သို့ လိုက် လျှင်၎င်း၊
8耶和华—你 神若照他向你列祖所起的誓扩张你的境界,将所应许赐你列祖的地全然给你,
9သင် ၏ဘုရားသခင် ထာဝရဘုရား သည်၊ သင် ၏ဘိုးဘေး တို့အား ပေး ခြင်းငှာ ဂတိထား သော ပြည် ရှိသမျှ ကို သင့် အား ပေး တော်မူ၍ ၊ သင် ၏ဘိုးဘေး တို့အား ကျိန်ဆို သည်အတိုင်း ၊ သင့် နေရာပြည် ကို ကျယ်ဝန်း စေတော်မူလျှင် ၎င်း၊
9你若谨守遵行我今日所吩咐的这一切诫命,爱耶和华—你的 神,常常遵行他的道,就要在这三座城之外,再添三座城,
10သင် ၏ဘုရားသခင် ထာဝရဘုရား သည် သင့် အမွေခံစရာ ဘို့ပေး တော်မူသော ပြည် ၌ အသေမခံထိုက်သောသူသည်အသေခံ၍ လူ့အသက်ကိုသတ်သောအပြစ်သည် သင့် အပေါ်မှာ မ ရောက်မည် အကြောင်း၊ ယခု ဆိုခဲ့ပြီးသောမြို့သုံး မြို့မှတပါး၊ အခြား သောမြို့ သုံး မြို့ကိုထပ်၍ ခွဲထားရမည်။
10免得无辜之人的血流在耶和华—你 神所赐你为业的地上,流血的罪就归于你。
11တနည်းကား၊ မိမိ အဘော် ကို ရန်ငြိုး ဖွဲ့သဖြင့် ချောင်းမြောင်း ၍ သေအောင်တိုက်သောသူသည် ထိုမြို့ တစုံတမြို့သို့ ပြေး၍ ရောက်သော်လည်း၊
11「若有人恨他的邻舍,埋伏着起来击杀他,以致于死,便逃到这些城的一座城,
12သူ့ နေရာမြို့ ၌ အသက်ကြီး သူတို့သည် လူကို စေလွှတ် ၍ ထိုသူ ကို ဆောင် ခဲ့သဖြင့် ၊ သေ စေခြင်းငှာ သေစား သေစေသောသူ၏ လက် ၌ အပ် လိုက်ရကြမည်။
12本城的长老就要打发人去,从那里带出他来,交在报血仇的手中,将他治死。
13သင်၏မျက်စိ သည် သူ့ ကို မ သနား ရ၊ သင် သည် ချမ်းသာ ရမည်အကြောင်း ၊ လူ့ အသက်သတ်ခြင်းအပြစ်ကို ဣသရေလ အမျိုးမှ ပယ်ရှင်း ရမည်။
13你眼不可顾惜他,却要从 以色列 中除掉流无辜血的罪,使你可以得福。」
14သင် ၏ဘုရားသခင် ထာဝရဘုရား သည် သင့် အား အပိုင် ပေး တော်မူသော ပြည် မှာ အမွေခံ ရာ မြေ၌ ရှေး လူဟောင်းတို့သည် စိုက် ထားနှင့်သော အိမ်နီးချင်း ၏ မြေ မှတ်တိုင်ကို မ ရွှေ့ ရ။
14「在耶和华—你 神所赐你承受为业之地,不可挪移你邻舍的地界,那是先人所定的。」
15လူ သည် ပြုမိသော ဒုစရိုက်၊ ပြစ်မှားမိသော အပြစ်ကို စစ်ကြောသောအခါ၊ သက်သေခံ တဦး တည်း ရှိလျှင် သူ၏စကားမ တည် ရ။ သက်သေခံ နှစ် ဦး၊ သုံး ဦးအားဖြင့် စကား ရှိသမျှ တို့သည် တည် ရလိမ့်မည်။
15「人无论犯什么罪,作什么恶,不可凭一个人的口作见证,总要凭两三个人的口作见证才可定案。
16မမှန်သော သက်သေခံတယောက်သည်၊ သူတပါး တဘက် ၌ မ မှန်သောသက်သေ ကို ခံ လျှင်၊
16若有凶恶的见证人起来,见证某人作恶,
17တရား တွေ့သောသူနှစ် ယောက်တို့သည် ထာဝရဘုရား ရှေ့ တော်သို့၎င်း ၊ ထို ကာလ ၌ ရှိသောယဇ် ပုရောဟိတ်၊ တရားသူကြီး ရှေ့ သို့၎င်း လာ သဖြင့်၊
17这两个争讼的人就要站在耶和华面前,和当时的祭司,并审判官面前,
18တရားသူကြီး တို့သည် စေ့စေ့ စစ်ကြော ၍ ထိုသက်သေ ခံသောသူသည် မိမိ အဘော် တဘက် ၌ မ မှန် သောသက်သေ ကို ခံ ပြီးလျှင်၊
18审判官要细细地查究,若见证人果然是作假见证的,以假见证陷害弟兄,
19မိမိ အဘော် ၌ ပြု မည်ဟု အကြံ ရှိသည်အတိုင်း သူ ၌ ပြု ရမည်။ ဒုစရိုက် အပြစ်ကို သင် တို့အထဲ က ထိုသို့ ပယ်ရှား ရမည်။
19你们就要待他如同他想要待的弟兄。这样,就把那恶从你们中间除掉。
20ကြွင်း သောသူတို့သည်လည်း ထိုသိတင်းကို ကြား ၍ ကြောက် သောကြောင့် ၊ နောက် တဖန် ထိုသို့ သော ဒုစရိုက် ကို မ ပြု ဘဲနေကြလိမ့်မည်။
20别人听见都要害怕,就不敢在你们中间再行这样的恶了。
21သင် ၏မျက်စိ သည် မ သနား ရ။ အသက် အတွက် အသက် ကို၎င်း ၊ မျက်စိ အတွက် မျက်စိ ကို၎င်း၊ သွား အတွက် သွား ကို၎င်း၊ လက် အတွက် လက် ကို၎င်း၊ ခြေ အတွက် ခြေ ကို၎င်း ဒဏ်ပေးရမည်။
21你眼不可顾惜,要以命偿命,以眼还眼,以牙还牙,以手还手,以脚还脚。」

Tip: use the ← and → keys to turn chapters.