ဒံယေလ 7
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Modern Hebrew Bible
1ဗာဗုလုန် ရှင် ဘုရင်ဗေလရှာဇာ နန်းစံပဌမ နှစ် တွင် ၊ ဒံယေလ သည် အိပ်မက် ကို မြင် ၍ အိပ်ပျော်စဉ်၊ စိတ်ထဲ၌အာရုံ ပြုပြီးမှမြင်မက် သော အရာတို့ကို ရေး ထားသော အချက် ကား၊
1בשנת חדה לבלאשצר מלך בבל דניאל חלם חזה וחזוי ראשה על משכבה באדין חלמא כתב ראש מלין אמר׃
2ငါ ဒံယေလ သည် ညဉ့် အခါ အာရုံ ပြု၍၊ မိုဃ်း ကောင်းကင်လေး မျက်နှာ၌ လေ တို့သည် မဟာသမုဒ္ဒရာ ပေါ်မှာ အချင်းချင်းတိုက် ကြလျှင်၊
2ענה דניאל ואמר חזה הוית בחזוי עם ליליא וארו ארבע רוחי שמיא מגיחן לימא רבא׃
3သဏ္ဌာန်ချင်းမ တူသော သားရဲ လေး ကောင်တို့ သည် သမုဒ္ဒရာ ထဲက ထွက် လာကြ၏။ ပဌမ သားရဲသည် ခြင်္သေ့ နှင့် တူ၏။ ရွှေလင်းတ အတောင် လည်း ရှိ၏။
3וארבע חיון רברבן סלקן מן ימא שנין דא מן דא׃
4ငါ ကြည့်ရှု ၍ နေစဉ်၊ သူ၏အတောင် ကို နှုတ် ကြ၏။ မြေ မှ ကိုယ်ကိုချီ ကြွလျက် လူ ကဲ့သို့ ခြေ ဖြင့် မတ်တပ် ရပ်၍ ၊ လူ စိတ် သဘောကိုလည်း ရ ၏။ ဒုတိယ သားရဲ သည် ဝံ နှင့် တူ၏။
4קדמיתא כאריה וגפין די נשר לה חזה הוית עד די מריטו גפיה ונטילת מן ארעא ועל רגלין כאנש הקימת ולבב אנש יהיב לה׃
5တဘက် ၌ ကိုယ်ကိုကိုယ်ချီ ကြွ၏။ ပစပ် ၌ နံရိုး သုံး ချောင်းကို ကိုက်လျက်ရှိ၏။ သင်ထ လော့။ အသား များကို ကိုက်စား လော့ဟု သူ့အား ပြော ကြ၏။
5וארו חיוה אחרי תנינה דמיה לדב ולשטר חד הקמת ותלת עלעין בפמה בין שניה וכן אמרין לה קומי אכלי בשר שגיא׃
6တဖန်ငါကြည့်ရှု ပြန်၍၊ ကျားသစ် နှင့် တူသော သားရဲတကောင်သည် ထင်ရှား၏။ ကျော ပေါ် မှာ ငှက် အတောင် လေး ခုရှိ၏။ ခေါင်း လေး လုံးနှင့်ပြည့်စုံ၏။ အုပ်စိုး ရသောအခွင့်လည်းရှိ၏။
6באתר דנה חזה הוית וארו אחרי כנמר ולה גפין ארבע די עוף על גביה וארבעה ראשין לחיותא ושלטן יהיב לה׃
7ထိုညဉ့် အခါ၊ တဖန်ငါသည် အာရုံ ပြုစဉ်၊ ကြီးစွာ သော ခွန်အား နှင့်ပြည့်စုံ၍ အလွန်ကြောက်မက် ဘွယ် သော စတုတ္ထ သားရဲ သည် ထင်ရှား၏။ ကြီး စွာသော သံ သွား လည်းရှိ၏။ ကိုက်စား ချိုးဖဲ့ ၍ ကြွင်း သော အရာကို ခြေ ဖြင့် နင်း ချေ၏။ သူသည်အရင် သားရဲ ရှိသမျှ တို့ထက် ထူးခြား ၏။ ချို ဆယ် ချောင်းလည်း ရှိ၏။
7באתר דנה חזה הוית בחזוי ליליא וארו חיוה רביעיה דחילה ואימתני ותקיפא יתירא ושנין די פרזל לה רברבן אכלה ומדקה ושארא ברגליה רפסה והיא משניה מן כל חיותא די קדמיה וקרנין עשר לה׃
8ထိုချို တို့ကို ငါကြည့်ရှုစဉ်၊ ချိုများအလယ် ၌ ချို ငယ် တချောင်းသည် ပေါက် ပြန်၏။ ထိုချိုငယ်ရှေ့မှာ အရင် ချို သုံး ချောင်းကို အမြစ် နှင့်တကွနှုတ်လေ၏။ ထို ချို ငယ်သည် လူ မျက်စိ ကဲ့သို့ သော မျက်စိ နှင့်၎င်း ၊ ကြီး စွာသော စကားကို ပြော တတ်သော နှုတ် နှင့်၎င်း ပြည့်စုံ၏။
8משתכל הוית בקרניא ואלו קרן אחרי זעירה סלקת ביניהון ותלת מן קרניא קדמיתא אתעקרו מן קדמיה ואלו עינין כעיני אנשא בקרנא דא ופם ממלל רברבן׃
9ထိုအခါ ငါကြည့်ရှု စဉ် ၊ ရာဇ ပလ္လင်များကို တည် ထားလျက်ရှိ၍ ၊ အသက်ကြီးသော သူတဦးသည် ထိုင် တော်မူ၏။ အဝတ် တော်သည် မိုဃ်းပွင့် ကဲ့သို့ ဖြူ ၏။ ဆံပင် တော်သည် ဖြူ သော သိုးမွှေး နှင့် တူ၏။ ပလ္လင် တော်သည် မီး လျှံ ဖြစ်၏။ ပလ္လင်တော်အောက်၌ မီး စက်လှည်းဘီး ရှိ၏။
9חזה הוית עד די כרסון רמיו ועתיק יומין יתב לבושה כתלג חור ושער ראשה כעמר נקא כרסיה שביבין די נור גלגלוהי נור דלק׃
10မျက်နှာတော်မှ မီး ရောင်ခြည်ထွက် လေ၏။ အတိုင်းမသိများစွာသောသူတို့ သည် အမှု တော်ကို ဆောင်ရွက်၍ ၊ ကုဋေသင်္ချေမက ရှေ့ တော်၌ ခစား ၍ နေကြ၏။ တရား စီရင်ခြင်းငှါပြင်ဆင်၍ စာစောင် များ ကိုဖွင့် ထားကြ၏။
10נהר די נור נגד ונפק מן קדמוהי אלף אלפים ישמשונה ורבו רבון קדמוהי יקומון דינא יתב וספרין פתיחו׃
11ထိုအခါ ချို ငယ်ပြော သော စကား ကြီး အသံ ကြောင့် ငါကြည့်ရှု ၍ နေစဉ်၊ ထိုသားရဲ အသက်ကိုသတ် ပြီးလျှင်သူ၏ ကိုယ် ကိုမီး ရှို့၍ ဖျက်ဆီး ကြ၏။
11חזה הוית באדין מן קל מליא רברבתא די קרנא ממללה חזה הוית עד די קטילת חיותא והובד גשמה ויהיבת ליקדת אשא׃
12အခြား သော သားရဲ မူကား၊ အစိုးရ သောအခွင့် တန်ခိုးရှုံး သော်လည်း၊ ချိန်းချက်သော ကာလ ပတ်လုံး အသက် ရှင်ရကြ၏။
12ושאר חיותא העדיו שלטנהון וארכה בחיין יהיבת להון עד זמן ועדן׃
13ထိုညဉ့် အခါ ငါသည် အာရုံ ပြု၍၊ လူ သား နှင့် တူသောသူတဦးသည် မိုဃ်းတိမ် ကိုစီးလျက်၊ အသက်ကြီးသောသူ ၏အထံ တော်သို့ ရောက် လာ၏။ ထိုသူကို အထံ တော်ပါးသို့သွင်းကြ၏။
13חזה הוית בחזוי ליליא וארו עם ענני שמיא כבר אנש אתה הוה ועד עתיק יומיא מטה וקדמוהי הקרבוהי׃
14အရပ်ရပ်တို့၌နေ၍ အသီးသီးအခြားခြားသော ဘာသာ စကားကို ပြောသောလူမျိုး တကာ တို့ကို အုပ်စိုးစေခြင်းငှာ၊ ထိုသူသည် နိုင်ငံ နှင့်တကွ အာဏာစက် တန်ခိုးကိုရ ၏။ အာဏာစက် တော် သည် ကမ္ဘာ အဆက်ဆက်တည်၏။ နိုင်ငံ တော်သည် ပျက်စီး ခြင်းသို့ မ ရောက်နိုင်ရာ။
14ולה יהיב שלטן ויקר ומלכו וכל עממיא אמיא ולשניא לה יפלחון שלטנה שלטן עלם די לא יעדה ומלכותה די לא תתחבל׃
15ငါ ဒံယေလ သည် ကိုယ်ခန္ဓါ တုန်လှုပ် ၍ ၊ ထိုရူပါရုံ ကြောင့် စိတ် ပူပန်ခြင်းရှိလျှင်
15אתכרית רוחי אנה דניאל בגוא נדנה וחזוי ראשי יבהלנני׃
16အနား၌ ရပ် နေသောသူတယောက် ထံသို့ သွား ၍ ယခုမြင်သမျှ ကား၊ အဘယ်သို့ဆိုလိုသနည်းဟုမေးမြန်း သော်၊
16קרבת על חד מן קאמיא ויציבא אבעא מנה על כל דנה ואמר לי ופשר מליא יהודענני׃
17ထိုသူက၊ ဤ သားရဲ လေး ကောင်တို့သည် မြေကြီး ပေါ်မှာ ပေါ် လတံ့သော နိုင်ငံ လေး ပါးဖြစ်၏။
17אלין חיותא רברבתא די אנין ארבע ארבעה מלכין יקומון מן ארעא׃
18သို့သော်လည်း၊ အမြင့်ဆုံး သော ဘုရား၏ သန့်ရှင်း သူတို့သည် နိုင်ငံ ကိုသိမ်းယူ၍ ကမ္ဘာ အဆက်ဆက်စံစား ကြလတံ့ဟု အနက် အဓိပ္ပါယ်ကို ကြား ပြော၏။
18ויקבלון מלכותא קדישי עליונין ויחסנון מלכותא עד עלמא ועד עלם עלמיא׃
19ထိုအခါ အခြားသော သားရဲထက်ထူးခြား ၍ အလွန် ကြောက်မက် ဘွယ်ဖြစ်လျက်၊ သံ သွား နှင့်၎င်း ၊ ကြေးဝါ လက်သည်း ခြေသည်းနှင့်၎င်း ပြည့်စုံသဖြင့်၊ ကိုက်စား ချိုးဖဲ့ ၍ ကြွင်း သမျှကို ခြေ ဖြင့်နင်း ချေတတ်သော စတုတ္ထ သားရဲ ကား၊ အဘယ်သို့ဆိုလိုသည်ကို၎င်း၊
19אדין צבית ליצבא על חיותא רביעיתא די הות שניה מן כלהון דחילה יתירה שניה די פרזל וטפריה די נחש אכלה מדקה ושארא ברגליה רפסה׃
20သူ၏ခေါင်း ၌ ရှိသော ချို ဆယ် ချောင်းကား၊ အဘယ်သို့ဆိုလိုသည်ကို၎င်း၊ နောက်ပေါက်၍ အရင်ချို သုံး ချောင်းကိုနှုတ်၍၊ ကြီး စွာသော စကားကို ပြော တတ် သော နှုတ် နှင့် မျက်စိ ရှိသဖြင့်၊ မိမိအဘော် တို့ ထက် သာ၍ရဲရင့်သော မျက်နှာအဆင်း ရှိသောချိုတချောင်းကား၊ အဘယ်သို့ဆိုလို သည်ကို၎င်းသိခြင်းငှါငါအလို ရှိ၏။
20ועל קרניא עשר די בראשה ואחרי די סלקת ונפלו מן קדמיה תלת וקרנא דכן ועינין לה ופם ממלל רברבן וחזוה רב מן חברתה׃
21ငါကြည့်ရှု စဉ်တွင် အသက်ကြီး သောသူသည်ရောက်လာ လျှင်၊ အမြင့်ဆုံး သောဘုရား၏သန့်ရှင်း သောသူတို့အား စီရင် ရသောအခွင့်ကိုပေး ၍၊
21חזה הוית וקרנא דכן עבדה קרב עם קדישין ויכלה להון׃
22ထိုသူတို့သည် နိုင်ငံ ကိုသိမ်းယူ ဝင်စား သောအချိန် ရောက်သည့် တိုင်အောင် ထို ချို သည် သန့်ရှင်း သူတို့ကို စစ် တိုက် ၍ နိုင် လေ၏။
22עד די אתה עתיק יומיא ודינא יהב לקדישי עליונין וזמנא מטה ומלכותא החסנו קדישין׃
23ထိုသူကလည်း စတုတ္ထ သားရဲ သည် မြေကြီး ပေါ် မှာ အခြားသော နိုင်ငံ ရှိသမျှ တို့ထက် ထူးခြား သော စတုတ္ထ နိုင်ငံ ဖြစ်၏။ ထိုနိုင်ငံသည် မြေကြီး ရှိသမျှ ကို ကိုက်စား ချိုးဖဲ့ နင်းချေ လိမ့်မည်။
23כן אמר חיותא רביעיתא מלכו רביעיא תהוא בארעא די תשנא מן כל מלכותא ותאכל כל ארעא ותדושנה ותדקנה׃
24ထိုနိုင်ငံ ၌ ပေါက်သော ချို ဆယ် ချောင်းသည် ပေါ် လတံ့သော မင်းကြီး ဆယ် ပါးဖြစ်၏။ သူ တို့နောက် အခြား သော မင်းကြီးပေါ် လာလိမ့်မည်။ အရင် မင်းကြီးထက် ထူးခြား ၍ သုံး ပါးတို့ကို နှိမ့်ချ လိမ့်မည်။
24וקרניא עשר מנה מלכותה עשרה מלכין יקמון ואחרן יקום אחריהון והוא ישנא מן קדמיא ותלתה מלכין יהשפל׃
25အမြင့်ဆုံး သော ဘုရားကို ဆန့်ကျင် ဘက်ပြု၍၊ ကြီးစွာသော စကား ကို ပြော လိမ့်မည်။ အမြင့်ဆုံး သော ဘုရား၏သန့်ရှင်း သူတို့ကို ညှဉ်းဆဲ နှိပ်စက်လိမ့်မည်။ ကာလ အချိန်နှင့် ပညတ် တရားတို့ကို ပြောင်းလဲ စေခြင်းငှါ ကြံစည် လိမ့်မည်။ တကာလ ၊ နှစ်ကာလ ၊ ကာလ တဝက် ပတ်လုံးသူသည် အခွင့်ရ လိမ့်မည်။
25ומלין לצד עליא ימלל ולקדישי עליונין יבלא ויסבר להשניה זמנין ודת ויתיהבון בידה עד עדן ועדנין ופלג עדן׃
26ထိုနောက်မှတရား စီရင်ခြင်းဖြစ်လိမ့်မည်။ ထိုအခါသူ၏ တန်ခိုး အာဏာကို နှုတ် ၍ရှင်းရှင်းဖျက်ဆီး ကြလိမ့်မည်။
26ודינא יתב ושלטנה יהעדון להשמדה ולהובדה עד סופא׃
27ကောင်းကင် အောက် ၌ နိုင်ငံ နှင့်တကွအာဏာစက် ဘုန်း တန်ခိုးရှိသမျှကို အမြင့်ဆုံး သော ဘုရား၏ သန့်ရှင်း သော အမျိုးသား တို့သည် ရ ကြလိမ့်မည်။ ထို ဘုရားသခင်၏ နိုင်ငံ တော်သည် ထာဝရ နိုင်ငံ ဖြစ်၏။ မင်းကြီး အပေါင်း တို့သည် တိုးဝင်၍ ကျွန် ခံရကြလိမ့်မည်။
27ומלכותה ושלטנא ורבותא די מלכות תחות כל שמיא יהיבת לעם קדישי עליונין מלכותה מלכות עלם וכל שלטניא לה יפלחון וישתמעון׃
28ဤရွေ့ကား ၊ အနက်အဓိပ္ပါယ်ပေတည်းဟု ဆိုလေ၏။ ငါ ဒံယေလ သည် စိတ် ပူပန် ခြင်းသို့ရောက်၍ မျက်နှာ ညှိုးငယ်ခြင်းရှိ၏။ သို့သော်လည်း၊ မြင်ရသောအာရုံများကို စိတ် နှလုံးထဲ၌ သိုထား ၏။
28עד כה סופא די מלתא אנה דניאל שגיא רעיוני יבהלנני וזיוי ישתנון עלי ומלתא בלבי נטרת׃
Tip: use the ← and → keys to turn chapters.