ဒံယေလ 3
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Modern Hebrew Bible
1တရံရောအခါနေဗုခဒ်နေဇာ မင်းကြီး သည် အမြင့် အတောင် ခြောက် ဆယ်၊ အနံ ခြောက် တောင် ရှိသောရွှေ ရုပ်တု ကို လုပ် ပြီးမှ၊ ဗာဗုလုန် ကျေးလက် ဒုရ လွင်ပြင် ၌ တည် ထားတော်မူ၍၊
1נבוכדנצר מלכא עבד צלם די דהב רומה אמין שתין פתיה אמין שת אקימה בבקעת דורא במדינת בבל׃
2စော်ဘွား ၊ မြို့ဝန် ၊ စစ်ကဲ ၊ တရားသူကြီး ၊ အခွန် တော်ဝန်၊ တိုင်ပင် မှူးမတ်၊ မြို့ စာရေး၊ နိုင်ငံ တော် အရာရှိ အပေါင်း တို့သည် မင်းကြီး တည် ထားတော်မူသော ရုပ်တု ကို သာဓု အနုမောဒနာခေါ်သောပွဲသို့ စုဝေး စေခြင်းငှါ အမိန့်တော်ရှိ၍၊
2ונבוכדנצר מלכא שלח למכנש לאחשדרפניא סגניא ופחותא אדרגזריא גדבריא דתבריא תפתיא וכל שלטני מדינתא למתא לחנכת צלמא די הקים נבוכדנצר מלכא׃
3စော်ဘွား ၊ မြို့ဝန် ၊ စစ်ကဲ ၊ တရားသူကြီး ၊ အခွန် တော်ဝန်၊ တိုင်ပင် မှူးမတ်၊ မြို့ စာရေး၊ နိုင်ငံ တော် အရာရှိ အပေါင်း တို့သည် စုဝေး ရောက်လာ၍၊ တည် ထား တော်မူသော ရုပ်တု ရှေ့ မှာ ရပ် နေကြ၏။
3באדין מתכנשין אחשדרפניא סגניא ופחותא אדרגזריא גדבריא דתבריא תפתיא וכל שלטני מדינתא לחנכת צלמא די הקים נבוכדנצר מלכא וקאמין לקבל צלמא די הקים נבוכדנצר׃
4ထိုအခါ သံတော်ဆင့် တယောက်က၊ အသီးသီးအခြားခြားသော ဘာသာ စကားကို ပြောသော လူ အမျိုးမျိုးတို့၊
4וכרוזא קרא בחיל לכון אמרין עממיא אמיא ולשניא׃
5တံပိုး ၊ ခရာ၊ စောင်း ၊ ပုလွေ ၊ တယော၊ ပတ်သာအစရှိသော တုရိယာ မျိုး တီးမှုတ်ခြင်းအသံ ကို ကြား သောအခါ ၊ နေဗုခဒ်နေဇာ မင်းကြီး တည် ထားတော်မူသော ရွှေ ရုပ်တု ကို ပြပ်ဝပ် ကိုးကွယ် ရကြမည်။
5בעדנא די תשמעון קל קרנא משרוקיתא קיתרס סבכא פסנתרין סומפניה וכל זני זמרא תפלון ותסגדון לצלם דהבא די הקים נבוכדנצר מלכא׃
6မ ပြပ်ဝပ် မကိုးကွယ် ဘဲနေသော သူ မည်သည်ကို မီး လောင် လျက်ရှိသောမီးဖို ထဲသို့ ချက်ခြင်းချ ပစ်စေဟု အမိန့် တော်မြတ်ရှိသည်ဟု ဟစ်ကြော် ၏။
6ומן די לא יפל ויסגד בה שעתא יתרמא לגוא אתון נורא יקדתא׃
7ထိုကြောင့် ၊ လူ အပေါင်း တို့သည် တံပိုး ၊ ခရာ၊ စောင်း ၊ ပုလွေ ၊ တယော၊ ပတ်သာအစရှိသော တူရိယာ မျိုး တီးမှုတ်ခြင်း အသံ ကို ကြား သောအခါ ၊ အသီးသီးအခြားခြားသော ဘာသာ စကားကိုပြောသော လူ အမျိုးမျိုးအပေါင်း တို့သည် ပြပ်ဝပ် ၍ ၊ နေဗုခဒ်နေဇာ မင်းကြီး တည် ထားသော ရွှေ ရုပ်တု ကို ကိုးကွယ် ကြ၏။
7כל קבל דנה בה זמנא כדי שמעין כל עממיא קל קרנא משרוקיתא קיתרס שבכא פסנטרין וכל זני זמרא נפלין כל עממיא אמיא ולשניא סגדין לצלם דהבא די הקים נבוכדנצר מלכא׃
8ထိုအခါ၊ ခါလဒဲ လူ အချို့တို့သည် နေဗုခဒ်နေဇာမင်းကြီးထံ တော်သို့ ချဉ်းကပ် လျက်၊
8כל קבל דנה בה זמנא קרבו גברין כשדאין ואכלו קרציהון די יהודיא׃
9အရှင် မင်းကြီး၊ အသက် တော်အစဉ်အမြဲ ရှင်ပါစေ ။
9ענו ואמרין לנבוכדנצר מלכא מלכא לעלמין חיי׃
10တံပိုး ၊ ခရာ၊ စောင်း ၊ ပုလွေ ၊ တယော၊ ပတ်သာအစရှိသော တုရိယာ မျိုး တီးမှုတ်ခြင်းအသံ ကို ကြား သော သူ ရှိသမျှ တို့သည် ရွှေ ရုပ်တု ကို ပြပ်ဝပ် ကိုးကွယ် ရကြမည်။
10אנתה מלכא שמת טעם די כל אנש די ישמע קל קרנא משרקיתא קיתרס שבכא פסנתרין וסיפניה וכל זני זמרא יפל ויסגד לצלם דהבא׃
11မ ပြပ်ဝပ် မကိုးကွယ် ဘဲ နေသော သူ မည်သည်ကို မီး လောင် လျက်ရှိသောမီးဖို ထဲသို့ ချ ပစ်စေဟု အမိန့် တော်မြတ်ရှိပါ၏။
11ומן די לא יפל ויסגד יתרמא לגוא אתון נורא יקדתא׃
12အရှင် မင်းကြီး၊ ကိုယ်တော်သည် ဗာဗုလုန် နိုင်ငံ တွင် ဝန်အရာ၌ ခန့်ထား တော်မူသော ယုဒ လူ ရှာဒရက် ၊ မေရှက် ၊ အဗေဒနေဂေါ အမည်ရှိသောသူ တို့ သည် အာဏာတော်ကို ပမာဏ မ ပြုပါ။ ကိုယ်တော် ၏ ဘုရား တို့ကို ဝတ် မ ပြုပါ။ တည် ထားတော်မူသော ရွှေ ရုပ်တု ကို လည်း မ ကိုးကွယ် ပါဟု၊ ယုဒလူတို့ကို အပြစ်တင် ၍ လျှောက်ထားကြ၏။
12איתי גברין יהודאין די מנית יתהון על עבידת מדינת בבל שדרך מישך ועבד נגו גבריא אלך לא שמו עליך מלכא טעם לאלהיך לא פלחין ולצלם דהבא די הקימת לא סגדין׃
13ထိုအခါ နေဗုခဒ်နေဇာ မင်းကြီးသည် ပြင်းစွာ အမျက်ထွက်၍၊ ရှာဒရက် ၊ မေရှက် ၊ အဗေဒနေဂေါ တို့ကို ခေါ်ချေဟုမိန့် တော်မူသည်အတိုင်း၊ သူ တို့သည် အထံ တော်သို့ ရောက် လျှင်၊
13באדין נבוכדנצר ברגז וחמה אמר להיתיה לשדרך מישך ועבד נגו באדין גבריא אלך היתיו קדם מלכא׃
14ဟယ်၊ ရှာဒရက် ၊ မေရှက် ၊ အဗေဒနေဂေါ တို့၊ ငါ ၏ဘုရား တို့ကို ဝတ် မ ပြုလော။ ငါတည် ထားသော ရွှေ ရုပ်တု ကို မ ကိုးကွယ် လော။
14ענה נבכדנצר ואמר להון הצדא שדרך מישך ועבד נגו לאלהי לא איתיכון פלחין ולצלם דהבא די הקימת לא סגדין׃
15ယခု တွင် တံပိုး ၊ ခရာ၊ စောင်း ၊ ပုလွေ ၊ တယော၊ ပတ်သာအစရှိသော တုရိယာ မျိုး တီးမှုတ်ခြင်း အသံ ကို ကြား သောအခါ ၊ ငါလုပ် သော ရွှေရုပ်တု ကို ပြပ်ဝပ် ကိုးကွယ်အံ့သောငှါအသင့် နေကြ။ သို့မဟုတ်လျှင်၊ မီး လောင် လျက်ရှိသောမီးဖို ထဲသို့ ချက်ခြင်းချ ပစ်မည်။ ငါ ၏လက် မှ ကယ် လွှတ်နိုင်သော ဘုရား ကား၊ အဘယ် ဘုရားရှိသနည်းဟု မိန့် တော်မူ၏။
15כען הן איתיכון עתידין די בעדנא די תשמעון קל קרנא משרוקיתא קיתרס שבכא פסנתרין וסומפניה וכל זני זמרא תפלון ותסגדון לצלמא די עבדת והן לא תסגדון בה שעתה תתרמון לגוא אתון נורא יקדתא ומן הוא אלה די ישיזבנכון מן ידי׃
16ရှာဒရက် ၊ မေရှက် ၊ အဗေဒနေဂေါ တို့ကလည်း၊ အရှင် မင်းကြီးနေဗုခဒ်နေဇာ ၊ အကျွန်ုပ် တို့သည် ဤ အမှု၌ ပြန် လျှောက်ရမည်အကြောင်းမ ရှိပါ။
16ענו שדרך מישך ועבד נגו ואמרין למלכא נבוכדנצר לא חשחין אנחנה על דנה פתגם להתבותך׃
17အကျွန်ုပ် တို့ကိုးကွယ် သော ဘုရား သခင်သည်မီး လောင် လျက်ရှိသောမီးဖို ထဲက အကျွန်ုပ် တို့ကို ကယ်လွှတ် နိုင် တော်မူ၏။ ကိုယ်တော် ၏ လက် မှ လည်း ကယ် လွှတ်တော်မူလိမ့်မည်။
17הן איתי אלהנא די אנחנא פלחין יכל לשיזבותנא מן אתון נורא יקדתא ומן ידך מלכא ישיזב׃
18ထိုသို့ကယ်လွှတ်တော်မမူသော်လည်းအရှင် မင်းကြီး၊ ကိုယ်တော် ၏ဘုရား တို့ကို အကျွန်ုပ်တို့သည် ဝတ်မပြုပါ။ တည် ထားတော်မူသော ရွှေ ရုပ်တု ကို လည်း မ ကိုးကွယ် ပါဟု ပြန် လျှောက်ကြ၏။
18והן לא ידיע להוא לך מלכא די לאלהיך לא איתנא פלחין ולצלם דהבא די הקימת לא נסגד׃
19ထိုအခါ နေဗုခဒ်နေဇာ မင်းကြီးသည် ပြင်းစွာအမျက် ထွက်သဖြင့်၊ ရှာဒရက် ၊ မေရှက် ၊ အဗေဒနေဂေါ တို့ကို ကြည့်ရှု၍ မျက်နှာ တော်ပျက် လျက်၊ မီးဖို ကို အရင်ထက် ခုနစ် ဆတိုး၍ ပူ စေခြင်းငှါ ၎င်း ၊
19באדין נבוכדנצר התמלי חמא וצלם אנפוהי אשתנו על שדרך מישך ועבד נגו ענה ואמר למזא לאתונא חד שבעה על די חזה למזיה׃
20ခွန်အား ကြီးသော စစ် သူရဲတို့သည် ရှာဒရက် ၊ မေရှက် ၊ အဗေဒနေဂေါ တို့ကို တုပ်နှောင်၍၊ မီး လောင် လျက်ရှိသောမီးဖို ထဲသို့ ချ ပစ်စေခြင်းငှါ ၎င်း အမိန့် တော် ရှိသည်အတိုင်း၊
20ולגברין גברי חיל די בחילה אמר לכפתה לשדרך מישך ועבד נגו למרמא לאתון נורא יקדתא׃
21ထို သူသုံးယောက်တို့ကို ပေါင်းဘီ ၊ အင်္ကျီ ၊ ဝတ်လုံ အစရှိသည် တို့နှင့်တကွတုပ် နှောင်၍၊ မီး လောင် လျက် ရှိသောမီးဖို ထဲသို့ ချ ပစ်ကြသောအခါ ၊
21באדין גבריא אלך כפתו בסרבליהון פטישיהון וכרבלתהון ולבשיהון ורמיו לגוא אתון נורא יקדתא׃
22ရှင် ဘုရင်၏ အမိန့် တော်ကျပ်တည်း ၍ မီးဖို သည် အလွန် ပူ သောကြောင့် ၊ ရှာဒရက် ၊ မေရှက် ၊ အဗေဒနေဂေါ တို့ကို ဆွဲချ သော သူ တို့ သည် မီး လျှံ အရှိန်ကြောင့် သေ ကြ၏။
22כל קבל דנה מן די מלת מלכא מחצפה ואתונא אזה יתירא גבריא אלך די הסקו לשדרך מישך ועבד נגו קטל המון שביבא די נורא׃
23ထို သူသုံး ယောက်တို့မူကား၊ တုပ် နှောင်လျက် ပြင်းစွာလောင် သော မီးဖို ထဲသို့ ကျရောက် လေ၏။
23וגבריא אלך תלתהון שדרך מישך ועבד נגו נפלו לגוא אתון נורא יקדתא מכפתין׃
24ထိုအခါ နေဗုခဒ်နေဇာ မင်းကြီး သည် အံ့ဩမိန်းမော၍ အလျင် တဆောထ ပြီးလျှင်၊ လူ သုံး ယောက် တို့ကို တုပ် နှောင်၍ မီးထဲသို့ ချ ပစ်သည် မ ဟုတ်လောဟု တိုင်ပင် မှူးမတ်တို့အား မေး တော်မူ၏။ မှူးမတ်တို့ကလည်း ၊ မှန်ပါ၏ဘုရားဟု ပြန် လျှောက်ကြလျှင်၊
24אדין נבוכדנצר מלכא תוה וקם בהתבהלה ענה ואמר להדברוהי הלא גברין תלתא רמינא לגוא נורא מכפתין ענין ואמרין למלכא יציבא מלכא׃
25ရှင်ဘုရင်က၊ လူ လေး ယောက်တို့သည် မ တုပ် မနှောင်ဘဲ မီး ထဲ၌ သွား လာ၍ ဘေးဥပဒ် နှင့် ကင်းလွတ် သည်ကို ငါ မြင် သည်တကား။ စတုတ္ထ သူသည်ဘုရား သား ၏ အဆင်း သဏ္ဌာန်ရှိ သည်ဟု မိန့် တော်မူ၍၊
25ענה ואמר הא אנה חזה גברין ארבעה שרין מהלכין בגוא נורא וחבל לא איתי בהון ורוה די רביעיא דמה לבר אלהין׃
26မီး လောင် လျက်ရှိသောမီးဖိုဝ နားသို့ ချဉ်းကပ် ပြီးလျှင်၊ အမြင့် ဆုံးသော ဘုရား သခင်၏ကျွန် ၊ ရှာဒရက် ၊ မေရှက် ၊ အဗေဒနေဂေါ တို့၊ ထွက် ၍လာကြလော့ဟု မိန့် တော်မူသည်အတိုင်း၊ သူတို့သည် မီး ထဲက ထွက် လာကြ ၏။
26באדין קרב נבוכדנצר לתרע אתון נורא יקדתא ענה ואמר שדרך מישך ועבד נגו עבדוהי די אלהא עליא פקו ואתו באדין נפקין שדרך מישך ועבד נגו מן גוא נורא׃
27စော်ဘွား ၊ မြို့ဝန် ၊ စစ်ကဲ၊ အတွင်းဝန် တို့သည် ဝိုင်း ၍မီး မ လောင် နိုင်သော ထို သူတို့ကို ကြည့်ရှု ကြ၏။ သူ တို့ဆံခြည် တပင်မျှ မ မြိုက် ၊ ဝတ်လုံ လည်း ခြားနား ခြင်း မ ရှိ၊ မီးလောင်သောအနံ့ လည်းကင်းလွတ် ၏။
27ומתכנשין אחשדרפניא סגניא ופחותא והדברי מלכא חזין לגבריא אלך די לא שלט נורא בגשמהון ושער ראשהון לא התחרך וסרבליהון לא שנו וריח נור לא עדת בהון׃
28နေဗုခဒ်နေဇာ မင်းကြီးကလည်း၊ ရှာဒရက် ၊ မေရှက် ၊ အဗေဒနေဂေါ တို့၏ ဘုရား သခင်သည် မင်္ဂလာ ရှိတော်မူစေသတည်း။ မိမိ တို့ဘုရား မှတပါး အခြား သော ဘုရား ကို ဝတ်ပြု ကိုးကွယ်ခြင်းနှင့် ကင်းလွတ် မည်အကြောင်း၊ ဘုရားသခင်ကို ယုံကြည် ကိုးစား၍ မင်းကြီး အမိန့် တော်ကို ဆန် လျက်၊ မိမိ တို့ကိုယ် ကိုပင် အပ်နှံ သော ကျွန် တော်ရင်း တို့ရှိရာသို့ ၊ ထိုဘုရားသခင်သည် ကောင်းကင် တမန်ကို စေလွှတ် ၍ ကယ်တင် တော်မူပြီ။
28ענה נבוכדנצר ואמר בריך אלההון די שדרך מישך ועבד נגו די שלח מלאכה ושיזב לעבדוהי די התרחצו עלוהי ומלת מלכא שניו ויהבו גשמיהון די לא יפלחון ולא יסגדון לכל אלה להן לאלההון׃
29ထိုကြောင့်၊ အရပ်ရပ်တို့၌ နေ၍အသီးသီးအခြားခြားသော ဘာသာ စကားကို ပြောသော လူ အမျိုးမျိုး တို့တွင် တစုံတယောက်သောသူသည်၊ ရှာဒရက် ၊ မေရှက် ၊ အဗေဒနေဂေါ တို့၏ ဘုရား သခင်အား ပြစ်မှားသော စကား ကို ပြောလျှင်၊ ထိုသူကို အပိုင်းပိုင်း စဉ်း စေ။ သူ ၏အိမ် ကိုလည်း နောက်ချေးပုံ ဖြစ်စေဟု ငါ အမိန့် တော် ရှိ၏။ အကြောင်း မူကား၊ ထိုမျှလောက် သော ကယ်တင် ခြင်းကို ထိုဘုရားသခင်မှတပါး အဘယ်ဘုရား မျှ မ ပြုနိုင် ဟု မိန့်တော်မူပြီးမှ၊
29ומני שים טעם די כל עם אמה ולשן די יאמר שלה על אלההון די שדרך מישך ועבד נגוא הדמין יתעבד וביתה נולי ישתוה כל קבל די לא איתי אלה אחרן די יכל להצלה כדנה׃
30ဗာဗုလုန် နိုင်ငံ တွင် ရှာဒရက် ၊ မေရှက် ၊ အဗေဒနေဂေါ တို့ကို ချီးမြှောက် တော်မူ၏။
30באדין מלכא הצלח לשדרך מישך ועבד נגו במדינת בבל׃
Tip: use the ← and → keys to turn chapters.