၂ပေတရု

Old Testament

Chapter 3

၂ပေတရု

Judson Burmese Bible (18…
vs Bíblia Portuguesa …
Aa
Text size
Line width
Verse numbers

၂ပေတရု 3

Judson Burmese Bible (1840)
Bíblia Portuguesa Mundial (Brazilian Portuguese)
1ချစ်သူ တို့၊ ဤ ဒုတိယ ဩဝါဒစာ ကို သင် တို့အား ယခု ငါရေး ၍ ပေးလိုက်၏။
1Esta é agora, amados, a segunda carta que lhes escrevo; e em ambas procuro estimular o pensamento sincero de vocês por meio de lembranças,
2သန့်ရှင်း သော ပရောဖက် တို့သည်၊ အထက်က ဟောပြော သော စကား များကို၎င်း ၊ ကယ်တင် တော်မူသော အရှင်သခင် ဘုရား၏ တမန်တော် ဖြစ်သော ငါတို့ ပညတ် ကို၎င်း၊ သင် တို့သည် အောက်မေ့ စေခြင်းငှာ၊ ဤ စာနှစ်စောင်၌ သင် တို့၏ ကြည်ဖြူ သော စိတ် ဝိညာဉ် တို့ကို ငါသတိပေး ၍ နှိုးဆော် ၏။
2para que se lembrem das palavras ditas no passado pelos santos profetas e do mandamento que nós, apóstolos do Senhor e Salvador, lhes demos;
3ရှေ့ဦးစွာ သိမှတ် အပ်သောအရာ ဟူမူကား၊ နောက်ဆုံး သော ကာလ ၌ ပြက်ယယ်ပြု တတ်သော သူတို့သည်၊ မိမိ တို့တပ်မက် ခြင်းအတိုင်း ကျင့် နေ၍ ၊
3sabendo primeiramente isto: que nos últimos dias virão zombadores, andando segundo as suas próprias paixões
4သခင် ဘုရားကြွလာ မည်ဟူသော ဂတိ တော် သည် အဘယ်မှာ ရှိ သနည်း။ ဘိုးဘေး များ အိပ်ပျော် သည်နောက်၊ ခပ်သိမ်း သော အရာတို့သည် ဖန်ဆင်း စ က ဖြစ်သကဲ့သို့ ၊ ဖြစ်မြဲ ဖြစ်ကြလိမ့်မည်။
4e dizendo: “Onde está a promessa da sua vinda? Porque, desde o dia em que os pais adormeceram, todas as coisas continuam como eram desde o princípio da criação.”
5ရှေး ကာလ၌ မိုဃ်း ကောင်းကင်ကို၎င်း၊ ရေ ထဲက ထွက်၍ရေ ဖြင့် တည် သောမြေကြီး ကို၎င်း၊ ဘုရားသခင် ၏ နှုတ်ကပတ် တော်သည် ဖြစ်စေတော်မူကြောင်းနှင့်၊
5Pois eles esquecem voluntariamente que existiam céus desde a antiguidade e uma terra formada da água e no meio da água pela palavra de Deus;
6ဖြစ်ဘူးသောလောက ဓါတ်ကို ထိုသို့ အားဖြင့် ရေ နှင့် လွှမ်း မြှုပ်၍ ဖျက်ဆီး ကြောင်းကို ထိုသူတို့သည် မှတ်မိချင်သောစိတ်မရှိကြ။
6por esses meios, o mundo que então existia pereceu, inundado pelas águas.
7ယခု ရှိသော မိုဃ်း ကောင်းကင်နှင့် မြေကြီး မူကား ၊ တရား ဆုံးဖြတ်၍ အဓမ္မ လူ တို့ကို ဖျက်ဆီး သော နေ့ရက် တိုင်အောင်၊ ထိုနှုတ်ကပတ် တော်အားဖြင့် သိုထား လျက် ရှိ ၍၊ မီးရှို့ ခြင်းအဘို့အလိုငှာ နေရစ်သတည်း။
7Mas os céus e a terra que agora existem, pela mesma palavra, estão reservados para o fogo, sendo guardados para o dia do juízo e da destruição dos homens ímpios.
8ချစ်သူ တို့၊ ထာဝရ ဘုရားမှာ ကာလ တ ရက် သည်၊ အနှစ် တထောင် ကဲ့သို့ ၎င်း ၊ အနှစ် တထောင် သည် တ ရက် ကဲ့သို့ ၎င်း ဖြစ် သည် အရာ တစ်ခုကို မ မေ့လျော့ ကြ နှင့်။
8Mas não se esqueçam desta única coisa, amados: que um dia para o Senhor é como mil anos, e mil anos como um dia.
9လူအချို့ တို့သည်၊ နှေး ခြင်းကိုမှတ် သည်အတိုင်း ၊ ထာဝရ ဘုရားသည် ဂတိ တော်အရာ မှာ နှေး တော်မ မူ။ ငါတို့တွင်အဘယ်သူ မျှမ ပျက်စီး ဘဲ၊ ရှိသမျှ တို့သည် နောင်တရ စေခြင်းငှာအလို တော်ရှိ၍၊ ငါ တို့ကို သည်းခံ တော်မူ၏။
9O Senhor não demora em cumprir a sua promessa, como alguns consideram a demora; mas ele é paciente conosco, não desejando que ninguém pereça, mas que todos cheguem ao arrependimento.
10သူခိုး သည် ညဉ့်အခါလာသကဲ့သို့ ၊ ထာဝရ ဘုရား၏ နေ့ရက် သည် လာ လိမ့်မည်။ ထိုနေ့ ၌ မိုဃ်း ကောင်းကင်သည် ကြီးစွာ သောအသံနှင့်တကွပျောက်သွား လိမ့်မည်။ မြေကြီး ကိုယ်မှစ၍ ၊ မြေကြီးပေါ်မှာပြုလုပ် သမျှသောအရာတို့သည် လောင်ကျွမ်း ကြလိမ့်မည်။
10Mas o dia do Senhor virá como um ladrão na noite, no qual os céus passarão com grande estrondo, e os elementos se desfarão pelo fogo intenso; e a terra e as obras que nela há serão queimadas.
11သို့ဖြစ်၍ ၊ ဤ အရာအလုံးစုံ တို့သည် ကုန်စင်မည်မှန်သောကြောင့်၊
11Portanto, uma vez que todas estas coisas serão destruídas desta maneira, que tipo de pessoas vocês devem ser, vivendo em santidade e piedade,
12မိုဃ်း ကောင်းကင်သည် မီး နှင့်ပျက် ၍ လောကဓာတ်တို့သည် ပူအားကြီးလျက်၊ အရည်ကျိုခြင်းကို ခံရသော နေ့တည်းဟူသော၊ ဘုရားသခင် ၏ နေ့ ရောက် လိမ့်မည်ဟုသင် တို့သည် မြော်လင့် တောင့်တလျက်၊ သန့်ရှင်း သောအကျင့်ကိုကျင့် ခြင်း၊ ဘုရား ဝတ်၌ မွေ့လျော်ခြင်းအားဖြင့်၊ အဘယ်သို့ သောသူ ဖြစ် အပ် ကြသနည်း။
12aguardando e desejando ardentemente a vinda do dia de Deus, que fará com que os céus em chamas se desfaçam e os elementos se derretam com o fogo intenso?
13ယခုရှိသမျှသောအရာတို့သည် ပျက်ရသော်လည်း ၊ ဖြောင့်မတ် ခြင်းတရားတည်နေရာမိုဃ်း ကောင်းကင်သစ် နှင့် မြေကြီး သစ် ကို ငါတို့သည် ဂတိ တော် နှင့်အညီ မြော်လင့် ကြ၏။
13Mas, de acordo com a sua promessa, aguardamos novos céus e uma nova terra, nos quais habita a justiça.
14ထိုသို့ မြော်လင့် ခြင်းရှိသောကြောင့်၊ ချစ်သူ တို့၊ သင်တို့သည် အညစ်အကြေး နှင့် ကင်းစင်၍ အဘယ် အပြစ် မျှမပါဘဲ၊ ရှေ့တော်သို့ ငြိမ်ဝပ် စွာရောက်မည် အကြောင်း ကြိုစား အားထုတ်ကြလော့။
14Portanto, amados, visto que vocês aguardam estas coisas, empenhem-se para que ele os encontre em paz, sem mancha e irrepreensíveis.
15ငါ တို့ချစ် သော ညီ ပေါလု သည်၊ မိမိခံရသော ဉာဏ် ပညာအတိုင်း သင် တို့အား ရေး ၍ ပေး လိုက်သော စာ၌၎င်း၊ သူ သည်ဤ အရာများ ကိုပြော ၍ စီရင်သော ဩဝါဒစာရှိသမျှတို့၌ ၎င်း ပါသည်နှင့်အညီ ၊ ငါ တို့ သခင် ဘုရားသည်းခံ တော်မူခြင်းသည် ကယ်တင် မည် အကြောင်း ဖြစ်သည်ဟုမှတ် ကြလော့။
15Considerem a paciência do nosso Senhor como salvação; assim como o nosso amado irmão Paulo também lhes escreveu, de acordo com a sabedoria que lhe foi dada,
16ထို စာ တို့၌ ခက်ခဲ သောအရာအချို့ ရှိ ၏။ မတတ် သောသူ၊ တည်ကြည် ခြင်းမရှိသောသူ တို့သည်၊ ထို အရာမှစ၍ ကြွင်းသောကျမ်းစာ ၏ အနက်ကို မှောက်လှန်၍၊ ကိုယ်ကိုကိုယ် ဖျက်ဆီး တတ်ကြ၏။
16como também em todas as suas cartas, falando nelas sobre estas coisas. Nelas, há algumas coisas difíceis de entender, as quais os ignorantes e instáveis distorcem, como também o fazem com as demais Escrituras, para a sua própria destruição.
17သို့ဖြစ်၍ ၊ ချစ်သူ တို့၊ မတရား သော သူ တို့၏ ပရိယာယ် အားဖြင့် ၊ သင် တို့သည်လည်း သွေးဆောင်ရာသို့ လိုက်၍၊ သင်တို့တည်ကြည် ခြင်းမှ မ ရွေ့လျော့ မည် အကြောင်း၊ ဤအရာများကို သိ နှင့်ပြီဖြစ်၍၊ ကိုယ်ကိုကိုယ်စောင့်ရှောက် ကြလော့။
17Vocês, portanto, amados, sabendo destas coisas de antemão, tenham cuidado para não serem levados pelo erro dos perversos e caírem da sua própria firmeza.
18ကျေးဇူး တော်၌ ၎င်း ၊ ငါ တို့ကို ကယ်တင် တော်မူသော အရှင် သခင် ယေရှု ခရစ် ကို သိကျွမ်း ခြင်း၌ ၎င်း ကြီးပွား ကြလော့။ ထိုသခင် သည် ယခု မှစ၍ ထာဝရ နေ့ရက် ကာလပတ်လုံးဘုန်း အသရေရှိ တော်မူစေ သတည်း။ အာမင် ။
18Mas cresçam na graça e no conhecimento de nosso Senhor e Salvador Jesus Cristo. A ele seja a glória, tanto agora como eternamente. Amém.

Tip: use the ← and → keys to turn chapters.