၄ ဓမ္မရာဇဝင် 17
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Freedom Bible (Thai)
1ယုဒ ရှင်ဘုရင် အာခတ် နန်းစံဆယ် နှစ် နှစ် တွင် ဧလာ သား ဟောရှေ သည် နန်းထိုင် ၍ ရှမာရိ မြို့၌ ဣသရေလ နိုင်ငံကို ကိုး နှစ်စိုးစံလေ၏
1ในปีที่สิบสองแห่งรัชกาลอาหัสกษัตริย์แห่งยูดาห์ โฮเชยาบุตรเอลาห์เริ่มครองราชย์เหนืออิสราเอลที่สะมาเรียเป็นเวลาเก้าปี
2ထိုမင်းသည် ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကိုပြု ၏။ သို့သော်လည်း သူ့ ရှေ့ မှာ ဖြစ် ဘူးသော ဣသရေလ ရှင်ဘုရင် တို့ပြုသောဒုစရိုက်ကိုမမှီ
2เขาทำสิ่งที่ชั่วร้ายในสายพระเนตรของพระยาห์เวห์ แต่ไม่เหมือนบรรดากษัตริย์แห่งอิสราเอลที่อยู่ก่อนเขา
3ထိုမင်း ကိုအာရှုရိ ရှင်ဘုရင် ရှာလမနေဇာ သည် စစ်ချီ ၍ ဟောရှေ သည် ကျွန် ခံသဖြင့် အခွန် ဆက် ရ၏
3ชัลมาเนเสอร์กษัตริย์แห่งอัสซีเรียยกทัพมาโจมตีเขา โฮเชยาจึงเป็นผู้รับใช้ของเขา และส่งเครื่องบรรณาการให้เขา
4နောက် တဖန်နှစ် တိုင်းဆက်ရသောအခွန် ကို မ ဆက်။ သွာအမည်ရှိသောအဲဂုတ္တု” ရှင်ဘုရင် ထံသို့ သံတမန် ကိုစေလွှတ် ၍ ၊ ပုန်ကန်မည့်အကြံရှိသည်ကို အာရှုရိ ရှင်ဘုရင် သိ သဖြင့် ၊ ဟောရှေ ကိုဘမ်းဆီး ၍ ထောင် ထဲမှာ ချုပ် ထားပြီးလျှင်၊ “
4กษัตริย์แห่งอัสซีเรียพบว่าโฮเชยาคบคิดกบฏ เพราะเขาส่งผู้นำสารไปหาโส กษัตริย์แห่งอียิปต์ และไม่ได้ส่งเครื่องบรรณาการให้กษัตริย์แห่งอัสซีเรียเหมือนทุกปี กษัตริย์แห่งอัสซีเรียจึงจับเขา และขังไว้ในคุก
5ဣသရေလပြည် တရှောက်လုံး သို့ စစ်ချီ ၍ ၊ ရှမာရိ မြို့သို့ ရောက် သော် သုံး နှစ် ဝိုင်း ထား၏
5แล้วกษัตริย์แห่งอัสซีเรียก็ยกทัพขึ้นมาทั่วทั้งแผ่นดินขึ้นไปยังสะมาเรีย และปิดล้อมเมืองนั้นไว้สามปี
6ဟောရှေ နန်းစံကိုး နှစ် တွင် ၊ အာရှုရိ ရှင် ဘုရင်သည် ရှမာရိ မြို့ကို ရ ပြီးလျှင် ၊ ဣသရေလ အမျိုးကို အာရှုရိ ပြည်သို့ သိမ်းသွား ၍ ဂေါဇန် မြစ် နား၊ ဟာလ မြို့၊ ဟာဗော် မြို့အစရှိသော မေဒိ နိုင်ငံမြို့ ရွာတို့၌ ထား ၏
6ในปีที่เก้าแห่งรัชกาลโฮเชยา กษัตริย์แห่งอัสซีเรียยึดสะมาเรียได้ และกวาดต้อนคนอิสราเอลไปอัสซีเรียให้ไปอยู่ที่ฮาลาห์ ริมฮาโบร์ แม่น้ำแห่งโกซาน และในเมืองต่างๆของชาวมีเดีย
7အကြောင်း မူကား၊ အဲဂုတ္တု ပြည် နှင့် အဲဂုတ္တု ဖာရော ဘုရင် လက် ထဲက ကယ်နှုတ် တော်မူသောမိမိ တို့ ဘုရား သခင်ထာဝရဘုရား ကို ဣသရေလ အမျိုးသား တို့ သည် ပြစ်မှား ၍ အခြား တပါးသော ဘုရား တို့ကို ရိုသေ ကြ၏
7เหตุการณ์นี้เกิดขึ้น เพราะลูกหลานอิสราเอลทำบาปต่อพระยาห์เวห์พระเจ้าของพวกเขาผู้ทรงนำพวกเขาขึ้นมาจากแผ่นดินอียิปต์ให้พ้นจากอำนาจของฟาโรห์กษัตริย์แห่งอียิปต์ และพวกเขายำเกรงพระอื่น
8သူတို့ရှေ့ မှ ထာဝရဘုရား နှင်ထုတ် တော်မူသော တပါးအမျိုးသား တို့ ထုံးစံနှင့် မိမိတို့ချီးမြှောက်သော ရှင် ဘုရင်တို့ ထုံးစံ သို့ လိုက် ကြ၏
8พวกเขาดำเนินตามกฎเกณฑ์ของบรรดาประชาชาติที่พระยาห์เวห์ทรงขับไล่ไปให้พ้นหน้าลูกหลานอิสราเอล และตามกฎเกณฑ์ที่บรรดากษัตริย์แห่งอิสราเอลตั้งขึ้น
9မိမိ တို့ ဘုရားသခင် ထာဝရဘုရား တဘက် ၌ မ တရား သောအမှု ကို မထင် မရှားပြုကြ၏။ ကင်းစောင့် သော မျှော်စင် ဖြစ်စေ ၊ ခိုင်ခံ့ သောမြို့ ဖြစ်စေ ၊ မြို့ရွာ အလုံးစုံ တို့၌ မြင့် သောအရပ်ကို တည် ကြ၏
9ลูกหลานอิสราเอลแอบทำสิ่งที่ไม่ถูกต้องต่อพระยาห์เวห์พระเจ้าของพวกเขา และสร้างสถานบูชาบนที่สูงสำหรับตนในทุกเมือง ตั้งแต่หอคอยของคนเฝ้ายามไปจนถึงเมืองที่มีป้อมปราการ
10ရုပ်တု ဆင်းတုနှင့် အာရှရ ပင်တို့ကို မြင့် သော ကုန်း ရှိသမျှ တို့ အပေါ် မှာ၎င်း ၊ စိမ်း သောသစ်ပင် ရှိသမျှ အောက် မှာ၎င်း ၊ တည်ထောင် ပြုစုကြ၏
10พวกเขาตั้งเสาต่างๆ และเสาอาเชราห์สำหรับตนบนเนินเขาสูงทุกแห่ง และใต้ต้นไม้เขียวสดทุกต้น
11သူ တို့ရှေ့ မှ ထာဝရဘုရား နှင်ထုတ် တော်မူသောတပါးအမျိုးသား ပြုသကဲ့သို့ မြင့် သောအရပ်ရှိသမျှ အပေါ် မှာ နံ့သာပေါင်းကိုမီးရှို့ ၍ ထာဝရဘုရား ၏ အမျက် တော် ကို နှိုးဆော်ခြင်းငှါ အဓမ္မ အမှု တို့ကို ပြု ကြ၏
11พวกเขาเผาเครื่องหอมบนสถานบูชาบนที่สูงทั้งหมดเหมือนที่บรรดาประชาชาติซึ่งพระยาห์เวห์ทรงกวาดต้อนไปให้พ้นหน้าพวกเขาเคยทำ พวกเขาทำสิ่งชั่วร้ายเพื่อยั่วยุพระยาห์เวห์ให้กริ้ว
12ထာဝရဘုရား ပညတ် တော်မူသော အမှု၊ ရုပ်တု ဆင်းတုတို့၌ ပူဇော် ခြင်းအမှုကို ပြုကြ၏
12พวกเขารับใช้รูปเคารพทั้งที่พระยาห์เวห์ตรัสกับพวกเขาว่า “พวกเจ้าอย่าทำสิ่งนี้”
13သို့ရာတွင် ထာဝရဘုရား က အဓမ္မ လမ်း တို့ကို ရှောင် ကြလော့။ ငါသည် သင် တို့ဘိုးဘေး တို့၌ ထား သော တရား ၊ ငါ့ ကျွန် ပရောဖက် တို့ဖြင့် ပေး လိုက်သောတရား ကို အကုန် အစင်ကျင့်၍၊ ငါ့ စီရင် ထုံးဖွဲ့ချက်တို့ကို စောင့်ရှောက် ကြလော့ဟု ပရောဖက် များနှင့် အနာဂတ် ဟော ဆရာများတို့ ဖြင့် ဣသရေလ အမျိုး၊ ယုဒ အမျိုး၌ သက်သေခံ တော်မူသော်လည်း၊”
13พระยาห์เวห์ทรงเตือนอิสราเอล และยูดาห์ผ่านผู้เผยพระวจนะ และผู้ทำนายทุกคนว่า “จงหันกลับจากทางชั่วของพวกเจ้า และรักษาบัญญัติ และกฎเกณฑ์ของเราตามธรรมบัญญัติทั้งหมดที่เราได้บัญชาแก่บรรพบุรุษของพวกเจ้า และส่งมายังพวกเจ้าผ่านบรรดาผู้เผยพระวจนะผู้รับใช้ของเรา”
14သူတို့သည်နား မ ထောင်။ မိမိ တို့ဘုရား သခင်ထာဝရဘုရား ကို မ ယုံကြည် သော ဘိုးဘေး တို့ လည်ပင်း ကဲ့သို့ မိမိ တို့လည်ပင်း ကို ခိုင်မာ စေကြ၏
14แต่พวกเขาไม่ยอมฟัง กลับดื้อรั้นเหมือนบรรพบุรุษของตนที่ไม่เชื่อในพระยาห์เวห์พระเจ้าของพวกเขา
15စီရင် တော်မူချက်၊ ဘိုးဘေး တို့နှင့် ဖွဲ့ တော်မူသော ပဋိညာဉ် ၊ သူ တို့၌ သက်သေခံ တော်မူသောသက်သေ တို့ကို ပယ် ၍ အနတ္တ တရားကို ကျင့် လျက် အချည်းနှီး သက်သက်ဖြစ်ကြ၏။ အကြင် တပါးအမျိုးသား ကျင့်သကဲ့သို့ မ ကျင့် ကြနှင့်ဟု ထာဝရဘုရား ပညတ် တော်မူ ၏၊ ပတ်လည် ၌နေသောထို အမျိုးသား နောက် သို့ လိုက်ကြ၏
15พวกเขาปฏิเสธกฎเกณฑ์ของพระองค์ พันธสัญญาที่พระองค์ทำกับบรรพบุรุษของพวกเขา และคำเตือนที่พระองค์ให้แก่พวกเขา พวกเขาติดตามสิ่งไร้ค่า และกลายเป็นคนไร้ค่า แล้วติดตามประชาชาติรอบข้างทั้งที่พระยาห์เวห์ทรงบัญชาพวกเขาไม่ให้ทำเหมือนคนเหล่านั้น
16မိမိ တို့ဘုရား သခင်ထာဝရဘုရား ၏ ပညတ် တော်ရှိသမျှ တို့ကို စွန့် ၍ နွားသငယ် တည်းဟူသောသွန်းသောရုပ်တု နှင့် အာရှရ ပင်ကို လုပ် ကြ၏။ မိုဃ်း ကောင်းကင်တန်ဆာ များကို ကိုးကွယ် ၍ ဗာလ ဘုရားကိုလည်း ဝတ်ပြု ကြ၏
16พวกเขาละทิ้งบัญญัติทั้งหมดของพระยาห์เวห์พระเจ้าของพวกเขา หล่อรูปเคารพสำหรับตนคือลูกวัวสองตัว สร้างเสาอาเชราห์ กราบไหว้ดวงดาวทั้งท้องฟ้า และรับใช้บาอัล
17သား သမီး တို့ကို မီး ဖြင့် ပူဇော် ကြ၏။ နတ် ဝိဇ္ဇာအတတ်၊ ပြုစား သောအတတ်ကို သုံးဆောင် ၍ ထာဝရဘုရား ၏ အမျက် တော်ကိုနှိုးဆော်ခြင်းငှါ ၊ ရှေ့ တော်၌ ဒုစရိုက် ကို ပြု မည်ဟု ကိုယ်ကိုရောင်း ကြ၏
17พวกเขาให้บุตรชาย และบุตรหญิงผ่านไฟ ใช้การทำนาย และเวทมนตร์ และยอมตนเป็นทาสเพื่อทำสิ่งที่ชั่วร้ายในสายพระเนตรของพระยาห์เวห์เพื่อยั่วยุพระองค์ให้กริ้ว
18ထိုကြောင့် ထာဝရဘုရား သည် ဣသရေလ အမျိုးကို ပြင်းစွာ အမျက် ထွက်၍ မျက်မှောက် တော်မှ ပယ်ရှား တော်မူ၏။ ယုဒ အမျိုး မှတပါး အခြားသော အမျိုးမ ကျန်ကြွင်း ရ
18เพราะฉะนั้นพระยาห์เวห์ทรงกริ้วอิสราเอลอย่างยิ่ง และทรงกำจัดพวกเขาออกไปจากสายตาของพระองค์ไม่เหลือผู้ใดนอกจากเผ่ายูดาห์เท่านั้น
19ယုဒ အမျိုးမူကား ၊ မိမိ တို့ဘုရား သခင်ထာဝရဘုရား ၏ပညတ် တရားတော်ကိုမ စောင့် ၊ ဣသရေလ အမျိုးလိုက် သော ထုံးစံ ဓလေ့သို့ လိုက် ကြ၏
19แม้แต่ยูดาห์ก็ไม่รักษาบัญญัติของพระยาห์เวห์พระเจ้าของพวกเขา แต่ดำเนินตามกฎเกณฑ์ของอิสราเอลที่พวกเขาตั้งขึ้น
20ထာဝရဘုရား သည်လည်း ၊ ဣသရေလ အမျိုး ရှိသမျှ ကို ရွံရှာ ၍ မျက်မှောက် တော်မှ မ နှင်ထုတ် မှီ တိုင်အောင်ဒဏ်ခတ် တော်မူ၏။ လုယက် သောသူတို့ လက် ၌ အပ် တော်မူ၏
20พระยาห์เวห์ทรงปฏิเสธเชื้อสายทั้งหมดของอิสราเอล ทรงทำให้พวกเขาทุกข์ยาก และมอบพวกเขาไว้ในอำนาจของพวกปล้นสะดมจนพระองค์ทรงขับพวกเขาออกไปจากสายตาของพระองค์
21ဣသရေလ အမျိုးကို ဒါဝိဒ် မင်းမျိုး မှ ဆုတ်ဖဲ့ ၍ ၊ သူတို့သည် နေဗတ် ၏ သား ယေရောဗောင် ကို ရှင် ဘုရင်အရာ၌ခန့်ထားကြ၏။ ယေရောဗောင် သည်လည်း ထာဝရဘုရား နောက် တော်သို့ လိုက်ရာလမ်းမှ ဣသရေလ အမျိုးကို လွှဲစေ ၍ ဒုစရိုက် ကြီး ကို ပြု စေ၏
21พระองค์ทรงแยกอิสราเอลออกจากราชวงศ์ดาวิด พวกเขาตั้งเยโรโบอัมบุตรเนบัทเป็นกษัตริย์ เยโรโบอัมทำให้อิสราเอลหันเหจากการติดตามพระยาห์เวห์ และทำให้พวกเขาทำบาปใหญ่หลวง
22သို့ဖြစ်၍ ယေရောဗောင် ပြု သော ဒုစရိုက် လမ်း သို့ ဣသရေလ အမျိုးသား တို့သည် အစဉ်တစိုက်လိုက် ကြ၏
22ลูกหลานอิสราเอลดำเนินตามบาปทั้งหมดที่เยโรโบอัมทำ และไม่ละจากบาปเหล่านั้น
23ထာဝရဘုရား သည် မိမိ ကျွန် ပရောဖက် အပေါင်း တို့ဖြင့် မိန့် တော်မူသည်အတိုင်း ၊ ဣသရေလ အမျိုးကို မျက်မှောက် တော်မှ ပယ်ရှား တော်မ မူမှီ တိုင်အောင်သူတို့သည် ထို ဒုစရိုက်အပြစ်ကို မ ရှောင် ဘဲလိုက်ကြ၏။ ထိုကြောင့် နေရင်းပြည် မှ အာရှုရိ ပြည်သို့ သိမ်းသွား ခြင်းကိုယနေ့ တိုင်အောင် ခံရကြ၏
23จนพระยาห์เวห์ทรงกำจัดอิสราเอลออกไปจากสายตาของพระองค์ตามที่พระองค์ตรัสผ่านผู้รับใช้ของพระองค์คือบรรดาผู้เผยพระวจนะ ดังนั้นอิสราเอลจึงถูกกวาดต้อนออกจากแผ่นดินของตนไปยังอัสซีเรียจนถึงทุกวันนี้
24အာရှုရိ ရှင် ဘုရင်သည်လည်း ၊ ဗာဗုလုန် မြို့သား၊ ကုသ မြို့သား၊ အာဝ မြို့သား၊ ဟာမတ် မြို့သား၊ သေဖရဝိမ် မြို့သားတို့ကို ဆောင်ခဲ့ ၍ ၊ ရှမာရိ မြို့ ရွာတို့တွင် ဣသရေလ အမျိုးသား ကိုယ်စား ထား သဖြင့် ထိုလူတို့သည် ရှမာရိ မြို့ ရွာတို့ကို သိမ်းယူ ၍ နေရာ ကျကြ၏
24กษัตริย์แห่งอัสซีเรียนำคนจากบาบิโลน คูธาห์ อัฟวา ฮามัท และเสฟารวาอิมมาไว้ในเมืองต่างๆของสะมาเรียแทนลูกหลานอิสราเอล คนเหล่านั้นเข้าครอบครองสะมาเรีย และอาศัยอยู่ในเมืองต่างๆของแคว้นนั้น
25နေရာ ကျစ က ထာဝရဘုရား ကို မ ရိုသေ သောကြောင့် ၊ ခြင်္သေ့ တို့ကို စေလွှတ် ၍ အချို့တို့ကို ကိုက် စေ တော်မူ၏
25ในช่วงแรกที่พวกเขาเข้ามาอาศัยอยู่ที่นั่น พวกเขาไม่ยำเกรงพระยาห์เวห์ ดังนั้นพระยาห์เวห์จึงส่งสิงโตเข้ามาท่ามกลางพวกเขา และสิงโตฆ่าพวกเขาบางคน
26ထိုကြောင့် အချို့တို့က၊ ကိုယ်တော်ပြောင်းစေ၍၊ ရှမာရိ မြို့ ရွာတို့၌ ထား တော်မူသောလူအမျိုးမျိုးတို့သည် ထိုပြည် စောင့်ဘုရား ၏တရား ကို နား မ လည်သောကြောင့် ၊ ထိုဘုရား သည် ခြင်္သေ့ တို့ကိုစေလွှတ် ၍ နေရာကျ သောသူ တို့ ကိုသတ် ပါသည်ဟု အာရှုရိ ရှင်ဘုရင် အား လျှောက် ကြသော်၊”
26พวกเขาจึงทูลกษัตริย์แห่งอัสซีเรียว่า “ประชาชาติที่ท่านกวาดต้อนมา และให้อยู่ในเมืองต่างๆของสะมาเรีย ไม่รู้จักกฎของพระแห่งแผ่นดินนั้น พระแห่งแผ่นดินนั้นจึงส่งสิงโตมาท่ามกลางพวกเขา และดูสิ สิงโตกำลังฆ่าพวกเขา เพราะพวกเขาไม่รู้จักกฎของพระแห่งแผ่นดินนั้น”
27အာရှုရိ ရှင် ဘုရင်က၊ ထို ပြည်မှ သိမ်း ခဲ့သော ယဇ်ပုရောဟိတ် တယောက် ကို ပြန် ပို့ကြ။ သူသည်သွား ၍ ထို ပြည် စောင့်ဘုရား ၏တရား ကို သွန်သင် လျက်နေပါလေ စေဟု မိန့် တော်မူသည်အတိုင်း၊ “
27กษัตริย์แห่งอัสซีเรียจึงบัญชาว่า “จงพาปุโรหิตคนหนึ่งที่พวกเจ้ากวาดต้อนมาจากที่นั่นกลับไปให้เขา ไปอาศัยอยู่ที่นั่น และให้เขาสอนพวกเขาถึงกฎของพระแห่งแผ่นดินนั้น”
28ရှမာရိ မြို့မှ သိမ်း ခဲ့သော ယဇ်ပုရောဟိတ် တယောက် သည် ပြန်၍ ဗေသလ မြို့၌ နေ လျက် ၊ ထာဝရဘုရား ကို အဘယ် သို့ရိုသေ ရမည်ကို သွန်သင် လေ၏
28ปุโรหิตคนหนึ่งที่พวกเขากวาดต้อนมาจากสะมาเรียจึงกลับมาอาศัยอยู่ที่เบธเอล และสอนพวกเขาว่าควรยำเกรงพระยาห์เวห์อย่างไร
29သို့သော်လည်း ထိုလူမျိုး အသီးအသီးတို့သည် မိမိ တို့ဘုရား ကို လုပ် ၍ နေရာ ကျသောမြို့ ရွာတွင် မြင့် သောအရပ်ပေါ်မှာ ရှမာရိ မြို့သားလုပ် နှင့်သော အိမ် တို့ ၌ တင် ထားကြ၏
29แต่ละประชาชาติยังสร้างพระของตนเอง และนำไปตั้งไว้ในวิหารของสถานบูชาบนที่สูงที่ชาวสะมาเรียสร้างไว้ แต่ละประชาชาติทำเช่นนี้ในเมืองที่ตนอาศัยอยู่
30ဗာဗုလုန် မြို့သား တို့သည် သုကုတ် ဗေနုတ်ဘုရား၊ ကုသ မြို့သား တို့သည် နေရဂါလ ဘုရား၊ ဟာမတ် မြို့သား တို့သည် အရှိမ ဘုရား၊”
30คนบาบิโลนสร้างสุคโคทเบโนท คนคูธสร้างเนอร์กัล และคนฮามัทสร้างอาชิมา
31အာဝ မြို့သားတို့သည် နိဗဟာဇ ဘုရားနှင့် တာတက် ဘုရားကို လုပ်ကြ ၏။ သေဖရဝိမ် မြို့သားတို့ သည်လည်း သေဖရဝိမ် မြို့စောင့်ဘုရား အာဒြမ္မေလက် နှင့် အာနမ္မေလက် ဘုရားတို့အား သားသမီး ကိုမီးရှို့ ၍ ပူဇော်ကြ၏
31ชาวอัฟวาสร้างนิบฮัส และทาร์ทัก ส่วนชาวเสฟารวาอิมเผาลูกหลานของตนในไฟถวายแด่อัดรัมเมเลค และอานัมเมเลค พระของเสฟารวาอิม
32ထာဝရဘုရား ကိုလည်း ရိုသေ ၍ သာမည လူတို့ကို မြင့် သော အရပ်ယဇ်ပုရောဟိတ် အရာ၌ ခန့်ထား သဖြင့်၊ သူတို့သည် မြင့် သောအရပ် အိမ် တို့၌ လူ များအဘို့ ယဇ်ပူဇော် ကြ၏
32พวกเขายำเกรงพระยาห์เวห์ แต่ก็ตั้งคนจากท่ามกลางพวกเขาเองเป็นปุโรหิตประจำสถานบูชาบนที่สูงเพื่อถวายเครื่องบูชาให้พวกเขาในวิหารของสถานบูชาบนที่สูง
33ထိုသို့ထာဝရဘုရား ကို ရိုသေ ကြ၏။ သိမ်းသွား ခြင်းကို ခံရသောလူမျိုး ပြုသကဲ့သို့ မိမိ တို့ဘုရား ကိုလည်း ဝတ်ပြု ကြ၏
33พวกเขายำเกรงพระยาห์เวห์ และในเวลาเดียวกันก็รับใช้พระของตนเองตามแบบของประชาชาติที่พวกเขาถูกกวาดต้อนมา
34ယနေ့ တိုင်အောင် ရှေး ထုံးစံ ဓလေ့သို့ လိုက် ကြသည် ဖြစ်၍ ၊ ထာဝရဘုရား ကို ရိုသေ ရာမ ရောက်။ ဣသရေလ အမျိုးခံရသောစီရင်ထုံးဖွဲ့ချက်တို့ကိုမစောင့်။ ဣသရေလအမည်ဖြင့် သမုတ်သော ယာကုပ် အမျိုးသားတို့၌ ထာဝရဘုရားထားတော်မူသောပညတ်တရားတို့ကိုမကျင့်ဘဲနေကြ၏
34จนถึงทุกวันนี้ พวกเขายังทำตามแบบเดิม พวกเขาไม่ยำเกรงพระยาห์เวห์ และไม่ทำตามกฎเกณฑ์ ข้อกำหนด ธรรมบัญญัติ หรือพระบัญชาที่พระยาห์เวห์ทรงบัญชาลูกหลานของยาโคบผู้ที่พระองค์ทรงตั้งชื่อว่าอิสราเอล
35ထာဝရဘုရား သည်ထိုအမျိုးသား တို့နှင့် ပဋိညာဉ် ဖွဲ့ ၍ ၊ သင်တို့သည်အခြား တပါးသောဘုရား တို့ကို မ ရိုသေ ၊ ဦး မ ညွှတ်၊ ဝတ် မ ပြု၊ ယဇ် မ ပူဇော်ရ
35พระยาห์เวห์ทรงทำพันธสัญญากับพวกเขา และบัญชาว่า “พวกเจ้าอย่ายำเกรงพระอื่น อย่ากราบลงต่อหน้าพระเหล่านั้น อย่ารับใช้หรือถวายเครื่องบูชาแก่พระเหล่านั้น
36သင် တို့ကို ကြီး သောတန်ခိုး ၊ ဆန့် သောလက်ရုံး တော်အားဖြင့် အဲဂုတ္တု ပြည် မှ ကယ်နှုတ် တော်မူသောထာဝရဘုရား ကိုသာ ရိုသေကိုးကွယ် ၍ ယဇ် ပူဇော်ရမည်
36แต่พวกเจ้าจงยำเกรงพระยาห์เวห์ผู้ทรงนำพวกเจ้าขึ้นจากแผ่นดินอียิปต์ด้วยฤทธานุภาพยิ่งใหญ่ และด้วยพระกรที่เหยียดออก พวกเจ้าจงกราบลงต่อหน้าพระองค์ และถวายเครื่องบูชาแด่พระองค์
37သင် တို့အဘို့ ရေးထား တော်မူသော စီရင် ထုံးဖွဲ့ချက်ပညတ် တရားတို့ကို အစဉ် အမြဲစောင့်ရှောက် ရမည်။ အခြား တပါးသော ဘုရား တို့ကိုမ ရိုသေ ရ
37พวกเจ้าต้องระมัดระวังทำตามกฎเกณฑ์ ข้อกำหนด ธรรมบัญญัติ และพระบัญชาซึ่งพระองค์ทรงเขียนไว้สำหรับพวกเจ้าตลอดไป พวกเจ้าอย่ายำเกรงพระอื่น
38သင် တို့နှင့် ငါ ဖွဲ့ သော ပဋိညာဉ် ကို မ မေ့လျော့ ရ။ အခြား တပါးသော ဘုရား တို့ကိုမ ရိုသေ ရ
38พวกเจ้าอย่าลืมพันธสัญญาที่เราทำกับพวกเจ้า และอย่ายำเกรงพระอื่น
39သင် တို့၏ဘုရား သခင်ထာဝရဘုရား ကိုသာ ရိုသေ ရမည်။ သို့ပြုလျှင် ရန်သူ အပေါင်း တို့လက် မှ ကယ်နှုတ် တော်မူ မည်ဟု မှာထားတော်မူသော်လည်း၊”
39แต่จงยำเกรงพระยาห์เวห์พระเจ้าของพวกเจ้า และพระองค์จะทรงช่วยพวกเจ้าให้พ้นจากอำนาจของศัตรูทั้งหมด”
40သူတို့သည်နား မ ထောင်ရှေး ထုံးစံ ဓလေ့သို့လိုက် ကြ၏
40แต่พวกเขาไม่ยอมฟัง และยังทำตามแบบเดิม
41ထိုလူ အမျိုးမျိုးကိုယ်တိုင်မှစ၍၊ သား မြေး မြစ်တို့သည် ထာဝရဘုရား ကိုရိုသေ ကြ၏။ ရုပ်တု ဆင်းတုတို့ကိုလည်း ဝတ်ပြု ကြ၏။ မိရိုးဘလာ သို့လိုက် ၍ ယနေ့ တိုင်အောင် ကျင့် နေကြ၏
41ประชาชาติเหล่านี้จึงยำเกรงพระยาห์เวห์ และในเวลาเดียวกันก็รับใช้รูปแกะสลักของตน ลูกหลานของพวกเขาก็ทำเช่นเดียวกัน และลูกหลานของลูกหลานก็เช่นกัน พวกเขาทำตามที่บรรพบุรุษทำจนถึงทุกวันนี้
Tip: use the ← and → keys to turn chapters.