၂ကောရိန္တု 4
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Petrus Canisius Bible, 1939 (De Heilige Schrift)
1ထိုကြောင့် ငါတို့သည် ထိုသို့သော တရား ၏ အမှုကိုဆောင်ရွက် သောသူဖြစ်၍၊ ကရုဏာ ကျေးဇူးတော်ကို ခံရသည်နှင့်အညီ ၊ အားလျော့ စိတ်ပျက်ခြင်းနှင့် ကင်းလွတ် ကြ၏။
1En dit is de reden, dat we onbeschroomd optreden, nu we eenmaal uit barmhartigheid deze bediening hebben ontvangen.
2ဆိတ်ကွယ် ရာအရပ်၌ပြုသော ရှက်ဘွယ် သော အမှုများကိုပယ် ကြ၏။ ပရိယာယ် ကိုမ သုံး ၊ ဘုရားသခင် နှုတ်ကပတ် တရားတော်ကိုထိမ်ဝှက် မှောက်လှန်ခြင်းမ ရှိ။ သမ္မာတရား ကိုအတည့်အလင်း ဖော်ပြ ၍ ၊ ဘုရားသခင့် ရှေ့ တော်၌ လူ အပေါင်း တို့၏ စိတ် အထင်အတိုင်း ချီးမွမ်းဘွယ်သော အကျင့်ဓလေ့ကို ကျင့်ကြ၏။
2Waarachtig, we hebben gebroken met schandelijke geheimzinnigheid, we houden ons niet met sluwheid op, noch vervalsen Gods woord; maar door openlijke verkondiging der waarheid zijn we voor Gods oog onze eigen aanbeveling bij ieder menselijk geweten.
3ငါ တို့ဟောပြောသော ဧဝံဂေလိ တရားသည် ဖုံးအုပ် လျက် ရှိ လျှင် ၊ ဆုံးရှုံး ခြင်းသို့ရောက်သော သူ တို့အားသာ ဖုံးအုပ် လျက်ရှိ ၏။
3En zo er nog een sluier ligt over ons Evangelie, dan is dit alleen voor hen, die verloren gaan,
4ထိုသို့ မယုံကြည် သောသူ တို့ကား၊ ဘုရားသခင် ၏ ပုံသဏ္ဍာန် တော် တည်းဟူသော ခရစ်တော် ၏ ဘုန်း အသရေနှင့်ပြည့်စုံသော ဧဝံဂေလိ တရား၏ အရောင် သည် အလင်း ကိုမ ပေးစေခြင်းငှာ၊ ဤ လောက ကို အစိုးရသော ဘုရား သည်သူ တို့၏ ဉာဏ် မျက်စိကိုကွယ် စေ၏။
4en wier ongelovig verstand de god dezer wereld heeft verblind, zodat ze de uitstraling niet zien van het Evangelie der heerlijkheid van Christus, die het beeld is van God.
5ငါတို့သည်ကိုယ် အကြောင်း ကို ဟောပြော ကြသည်မ ဟုတ်။ ယေရှု ခရစ် သည် သခင် ဖြစ်တော်မူကြောင်း ကို၎င်း ၊ ငါတို့သည်ယေရှု အတွက် သင် တို့၏ ကျွန် ဖြစ်ကြောင်းကို၎င်း ဟောပြောကြ၏။
5Wij toch preken niet onszelf, maar Christus Jesus den Heer, onszelf slechts als uw dienstknechten om Jesus’ wil.
6မှောင်မိုက် ထဲက အလင်း ထွန်းလင်း မည်အကြောင်း မိန့် တော်မူသောဘုရားသခင် သည်၊ ယေရှု ခရစ် ၏ မျက်နှာ ၌ ထွန်းလင်းသော ဘုရားသခင် ၏ ဘုန်း တော်ကိုသိ သော ဉာဏ်၏အရောင် ကိုပေးလိုသောငှာ၊ ငါ တို့စိတ် နှလုံးထဲ၌ အလင်းကို ထွန်းလင်း စေတော်မူ၏။
6Want God, die gezegd heeft: “Licht zal schijnen uit duisternis,” Hij heeft licht ontstoken in onze harten, opdat vandaar de kennis van Gods heerlijkheid, die op Christus’ aangezicht ligt, naar buiten zou stralen.
7သို့သော်လည်း တန်ခိုး တော်၏ဂုဏ်သရေ သည် ငါ တို့နှင့် မ ဆိုင်၊ ဘုရားသခင် နှင့် ဆိုင် မည်အကြောင်း ၊ ထို ဘဏ္ဍာ သည်မြေ အိုး ထဲမှာ ထည့်ထားလျက်ငါတို့၌ရှိ ၏။
7Maar we bezitten deze schat in lemen vaten; want de overvloed van kracht komt van God, en niet uit onszelf.
8ငါတို့သည်အမျိုးမျိုး သော နှောင့်ရှက် ခြင်းကို ခံရ သော်လည်း ၊ အကျိုး နည်းခြင်းသို့မ ရောက်။ မ ကြံစည်နိုင်အောင်ရှိသော်လည်း စိတ် မ ပျက်။
8Zo zijn we wel op allerlei wijze bestookt, maar niet benauwd; in twijfel, maar niet in vertwijfeling;
9ညှင်းဆဲ ခြင်းကိုခံရသော်လည်း ဆုံးရှုံး ခြင်းမ ရှိ။ အောက် သို့လှဲခြင်းကိုခံရသော်လည်း ဆုံး ရာသို့မ ရောက်။
9vervolgd, maar niet verlaten; neergeworpen, maar niet te gronde gericht;
10သခင်ယေရှု သည် အသက် ရှင်တော်မူကြောင်း ကို ငါ တို့ကိုယ်ခန္ဓါ ၌ ထင်ရှား စေခြင်းငှာ ။ ယေရှု ၏ သေ တော်မူခြင်းကိုအစဉ်မပြတ် ငါတို့၏ ကိုယ်ခန္ဓါ ၌ ဆောင် ရကြ၏။
10ten allen tijde dragen we Jesus’ doodslijden in het lichaam rond, opdat ook Jesus. leven door ons lichaam wordt geopenbaard.
11အဘယ်သို့ နည်းဟူမူကား၊ ယေရှု သည်အသက် ရှင်တော်မူကြောင်း ကို၊ ငါ တို့၏သေ တတ်သော ခန္ဓာ ကိုယ်၌ ထင်ရှား စေခြင်းငှာ ၊ ငါ တို့သည်အသက် ရှင်စဉ်တွင်ယေရှု ကြောင့် သေ ခြင်းလက်သို့ အစဉ် အပ်နှံ ခြင်း ကို ခံရကြ၏။
11Want tijdens ons leven worden we voortdurend ten dode overgeleverd om Jesus’ wil, opdat ook het leven van Jesus door ons sterflijk vlees wordt geopenbaard.
12သို့ဖြစ်၍ သေ ခြင်းတရားသည် ငါ တို့၌ ပြုပြင် တတ်၏။ သင် တို့၌ ကား ၊ အသက် ရှင်ခြင်းတရားသည် ပြုပြင်တတ်၏။
12Zó werkt de dood in ons, het leven in u.
13ထိုသို့သောယုံကြည် ခြင်းစိတ် ရှိ သည်ဖြစ်၍ ၊ ငါသည်ယုံကြည် သောကြောင့် မြွတ်ဆို ၏ဟု ကျမ်းစာ လာ သည်နှင့်အညီ ၊ ငါ တို့သည် ယုံကြည် ခြင်းစိတ်ရှိသောကြောင့် မြွတ်ဆိုဟောပြော ကြ၏။
13Maar in het bezit van dezelfde geest des geloofs, waarvan geschreven staat: “Ik heb geloofd, daarom heb ik gesproken,” geloven ook wij en spreken het daarom ook uit;
14သခင် ယေရှု ကို ထမြောက် စေတော်မူသောသူ သည် ယေရှု အားဖြင့် ငါ တို့ကိုလည်း ထမြောက် စေ၍ ၊ သင် တို့နှင့်အတူ အထံတော်၌ သွင်းတော်မူမည်ဟု ငါတို့သိ ကြ၏။
14wetend, dat Hij, die den Heer Jesus heeft opgewekt, ook ons met Jesus zal opwekken, en tegelijk met u voor Zich zal doen staan.
15အများ သောသူတို့သည် ကျေးဇူးတော်ကို ချီးမွမ်း သည်နှင့်၊ ထိုကြွယ်ဝ သောကျေးဇူးတော် သည် ဘုရားသခင် ၏ ဘုန်း အသရေတော်ကို ထင်ရှား စေမည် အကြောင်း ၊ ခပ်သိမ်း သော အရာတို့သည် သင် တို့အဘို့ အလို့ငှာဖြစ်သတည်း။
15Want om u is dit alles geschied, opdat de genade, door zoveel middelen tot volheid gebracht, ook de dankzegging doet overvloeien, ter ere van God.
16ထိုကြောင့် ငါတို့သည် အားလျော့ စိတ်ပျက်ခြင်းနှင့် ကင်းလွတ် ကြ၏။ ငါ တို့၏ပြင် လူ သည် ဖောက်ပြန် ပျက်စီးခြင်းသို့ရောက်သော်လည်း ၊ အတွင်း လူမူကား တစ်နေ့ ထက် တစ်နေ့ ပြုပြင် ခြင်းကိုခံရ၏။
16We worden dus niet kleinmoedig; maar al gaat onze uitwendige mens ook ten onder, onze inwendige herstelt zich iedere dag.
17အကြောင်းမူကား ၊ မျက်မှောက် ၌ထင်ရှား သော အရာ တို့သည် ခဏ သာတည်၍ မ ထင်ရှား သောအရာ တို့သည် အစဉ်အမြဲ တည်ကြောင်းကို ငါ တို့သည် ထောက်လျက်၊ ထင်ရှား သော အရာ တို့ကို မ ကြည့်မမှတ်ဘဲ မ ထင်ရှား သောအရာ တို့ကို ကြည့်မှတ်စဉ်အခါ၊
17Want de tijdelijke lichte verdrukking verwerft ons een onovertroffen eeuwig gewicht van heerlijkheid.
18ယခုခဏ ခံရ၍ ပေါ့ပါး သော ဆင်းရဲ ခြင်းဒုက္ခသည် အတိုင်း ထက်အလွန်ကြီးမြတ် လေးလံ သော နိစ္စ ထာဝရဘုန်း အသရေကို ငါ တို့အဖို့ ဖြစ် စေတတ်၏။
18En zó geven we geen acht op het zichtbare, maar op het onzichtbare; het zichtbare toch is tijdelijk, het onzichtbare eeuwig.
Tip: use the ← and → keys to turn chapters.