၆ ရာဇဝင် 35
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Modern Hebrew Bible
1တဖန် ယောရှိ မင်းသည် ယေရုရှလင် မြို့၌ ထာဝရဘုရား အဘို့ ပသခါ ပွဲကို ခံ တော်မူ၍ ပဌမ လ တဆယ် လေး ရက်နေ့တွင် ၊ ပသခါ သိုးသငယ်ကိုသတ် ကြ၏။
1ויעש יאשיהו בירושלם פסח ליהוה וישחטו הפסח בארבעה עשר לחדש הראשון׃
2ယဇ် ပုရောဟိတ်တို့ကို မိမိ တို့အရာ ၌ ခန့်ထား ၍ ၊ ဗိမာန် တော်အမှု ကို စောင့်စေခြင်းငှါနှိုးဆော် တော်မူ၏။
2ויעמד הכהנים על משמרותם ויחזקם לעבודת בית יהוה׃
3ဣသရေလ အမျိုးရှိသမျှ ကို သွန်သင် ၍ ၊ ထာဝရဘုရား အဘို့ သန့်ရှင်း သောလေဝိ သားတို့ကိုခေါ်၍၊ ဣသရေလ ရှင်ဘုရင် ဒါဝိဒ် သား ရှောလမုန် တည်ဆောက် သော အိမ် ၌ သန့်ရှင်း သော သေတ္တာ တော်ကို သွင်း ထား ကြလော့။ နောက်တဖန် သေတ္တာတော်ကို မ ထမ်း ဘဲ၊ သင် တို့၏ ဘုရားသခင် ထာဝရ ဘုရား၏အမှု၊ ဘုရားသခင် ၏လူ ဣသရေလ အမျိုး၏ အမှု ကို ထမ်းကြလော့။
3ויאמר ללוים המבונים לכל ישראל הקדושים ליהוה תנו את ארון הקדש בבית אשר בנה שלמה בן דויד מלך ישראל אין לכם משא בכתף עתה עבדו את יהוה אלהיכם ואת עמו ישראל׃
4ဣသရေလ ရှင်ဘုရင် ဒါဝိဒ် မှတ်စာ ၊ သား တော် ရှောလမုန် မှတ်စာ နှင့်အညီ သင်းဖွဲ့ သည်အတိုင်း ၊ အဆွေအမျိုး အလိုက် ကိုယ်ကိုပြင်ဆင် ၍၊
4והכונו לבית אבותיכם כמחלקותיכם בכתב דויד מלך ישראל ובמכתב שלמה בנו׃
5ပြည်သူ ပြည်သားဖြစ်သော သင် တို့ညီအစ်ကို အဘ တို့ အဆွေအမျိုး နှင့် လေဝိ သား အဆွေအမျိုး အသီးအသီးနေရာ ရှိသည်အတိုင်း ၊ သန့်ရှင်း ရာဌာနတော်၌ ရပ် နေကြလော့။
5ועמדו בקדש לפלגות בית האבות לאחיכם בני העם וחלקת בית אב ללוים׃
6ထိုသို့ ပသခါ သိုးသငယ်ကိုသတ် ၍ ကိုယ်ကိုသန့်ရှင်း စေကြလော့။ သင် တို့ညီအစ်ကို တို့သည် မောရှေ အားဖြင့် ထာဝရဘုရား မှာထား တော်မူသည် အတိုင်း ပြု စေခြင်းငှါ ၊ သူတို့ကိုလည်း ပြင်ဆင် ကြလော့ဟု မိန့်တော်မူ၏။
6ושחטו הפסח והתקדשו והכינו לאחיכם לעשות כדבר יהוה ביד משה׃
7စည်းဝေးသောသူအပေါင်း တို့သည် ပသခါ ပွဲခံ စရာဘို့၊ ယောရှိ မင်းသည် မိမိဥစ္စာ၊ သိုးသငယ်၊ ဆိတ် သငယ်သုံး သောင်းနှင့် နွား သုံး ထောင် ကိုပေး တော်မူ၏။
7וירם יאשיהו לבני העם צאן כבשים ובני עזים הכל לפסחים לכל הנמצא למספר שלשים אלף ובקר שלשת אלפים אלה מרכוש המלך׃
8မှူးမတ် တို့သည်လည်း ၊ စေတနာ စိတ်ရှိ၍ လူ များ၊ ယဇ်ပုရောဟိတ် ၊ လေဝိ သားတို့အား ပေး ကြ၏။ ဗိမာန် တော်မှူး ဟိလခိ ၊ ဇာခရိ ၊ ယေဟေလ သည်လည်း ၊ ပသခါ ပွဲခံစရာဘို့ သိုးဆိတ်နှစ်ထောင် ခြောက်ရာနှင့် နွား သုံး ရာကို ယဇ်ပုရောဟိတ် တို့အား ပေး ကြ၏။
8ושריו לנדבה לעם לכהנים וללוים הרימו חלקיה וזכריהו ויחיאל נגידי בית האלהים לכהנים נתנו לפסחים אלפים ושש מאות ובקר שלש מאות׃
9လေဝိ သားအကြီးအကဲ ၊ ကောနနိ ၊ ရှေမာယ ၊ ဟာရှဘိ ၊ ယေယေလ ၊ ယောဇဗဒ် ၊ နာသနေလ နှင့် သူ ၏ညီ များတို့သည်လည်း ၊ ပသခါ ပွဲခံစရာဘို့ သိုးဆိတ် ငါး ထောင်နှင့် နွား ငါး ရာကိုလေဝိ သားတို့အား ပေး ကြ၏။
9וכונניהו ושמעיהו ונתנאל אחיו וחשביהו ויעיאל ויוזבד שרי הלוים הרימו ללוים לפסחים חמשת אלפים ובקר חמש מאות׃
10ထိုသို့ ရှင်ဘုရင် အမိန့် တော်အတိုင်း ၊ ဝတ်ပြုစရာ ပြင်ဆင်၍ ယဇ် ပုရောဟိတ်တို့သည် မိမိ တို့နေရာ ၌ ရပ် ၍ ၊ လေဝိ သားတို့သည် မိမိ တို့ အမှု ကို ဆောင်ရွက် ကြ၏။
10ותכון העבודה ויעמדו הכהנים על עמדם והלוים על מחלקותם כמצות המלך׃
11ပသခါ သိုးသငယ်ကိုသတ် ၍ ၊ ယဇ် ပုရောဟိတ်တို့ သည် အသွေးကို လက် နှင့် ဖြန်း လျက် ၊ လေဝိ သားတို့သည် အရေ ကိုခွာလျက် ပြုကြ၏။
11וישחטו הפסח ויזרקו הכהנים מידם והלוים מפשיטים׃
12မောရှေ ကျမ်းစာ ၌ ရေး ထားသည်အတိုင်း ၊ ထာဝရဘုရား အား ပူဇော် စရာဘို့ လူ များအဆွေအမျိုး အလိုက် အသီးအသီး တို့အား ပေး ဝေခြင်းငှါ ၊ မီးရှို့ ရာယဇ်များ နှင့် နွား များကို ခွဲ ထားကြ၏။
12ויסירו העלה לתתם למפלגות לבית אבות לבני העם להקריב ליהוה ככתוב בספר משה וכן לבקר׃
13ထုံးဖွဲ့ တော်မူသည်အတိုင်း ၊ ပသခါ သိုးသငယ်ကို မီး နှင့် ကင် ကြ၏။ သန့်ရှင်း သော ပူဇော်သက္ကာအခြား တို့ကို မြေအိုး၊ သံအိုး၊ သံကရား ၌ ပြုတ် ၍ လူ အပေါင်း တို့အား အလျင်အမြန် ဝေဖန်ကြ၏။
13ויבשלו הפסח באש כמשפט והקדשים בשלו בסירות ובדודים ובצלחות ויריצו לכל בני העם׃
14ထိုနောက်မှ ကိုယ် အဘို့ နှင့် ယဇ်ပုရောဟိတ် အဘို့ ကို ပြင်ဆင် ကြ၏။ အာရုန် သား ယဇ် ပုရောဟိတ်တို့ သည် ညဦး တိုင်အောင် မီးရှို့ ရာယဇ်နှင့် ဆီဥ ကိုပူဇော် လျက် နေရသောကြောင့် ၊ လေဝိ သားတို့သည် ကိုယ် အဘို့ ကို၎င်း ၊ အာရုန် သား ယဇ်ပုရောဟိတ် အဘို့ ကို၎င်း ပြင်ဆင် ကြ၏။
14ואחר הכינו להם ולכהנים כי הכהנים בני אהרן בהעלות העולה והחלבים עד לילה והלוים הכינו להם ולכהנים בני אהרן׃
15ဒါဝိဒ် နှင့် ရှင်ဘုရင် ၏ ပရောဖက် အာသပ် ၊ ဟေမန် ၊ ယေဒုသုန် တို့စီရင် သည်အတိုင်း ၊ အာသပ် အမျိုးသား သီချင်းသည် တို့သည် မိမိ တို့နေရာ ၌ ရှိကြ၏။ တံခါး စောင့် တို့သည် မိမိ တို့အမှု ကို မ ရှောင် ၊ တံခါး ရှိသမျှတို့ ကိုစောင့်ကြ၏။ သူ တို့ညီအစ်ကို လေဝိ သားတို့သည် သူ တို့အဘို့ ပြင်ဆင် ကြ၏။
15והמשררים בני אסף על מעמדם כמצות דויד ואסף והימן וידתון חוזה המלך והשערים לשער ושער אין להם לסור מעל עבדתם כי אחיהם הלוים הכינו להם׃
16ထိုသို့ ယောရှိ မင်းကြီး မိန့် တော်မူသည်အတိုင်း ပသခါ ပွဲကိုခံ ၍ ထာဝရဘုရား ၏ယဇ် ပလ္လင်ပေါ် မှာ မီးရှို့ ရာယဇ်တို့ကို ပူဇော် ခြင်းငှါ၊ ထာဝရ ဘုရားအား ပြု ရ သော ဝတ်အလုံးစုံ ကို၊ ထို နေ့ ခြင်းတွင် ပြင်ဆင် ကြ၏။
16ותכון כל עבודת יהוה ביום ההוא לעשות הפסח והעלות עלות על מזבח יהוה כמצות המלך יאשיהו׃
17စည်းဝေး သောဣသရေလ အမျိုးသား တို့သည်၊ ထိုအခါ ပသခါ ပွဲကို၎င်း၊ အဇုမ ပွဲ ကို၎င်း ၊ ခုနစ် ရက် ပတ်လုံးခံ ကြ၏။
17ויעשו בני ישראל הנמצאים את הפסח בעת ההיא ואת חג המצות שבעת ימים׃
18ယောရှိ မင်းနှင့် ယဇ်ပုရောဟိတ် ၊ လေဝိ သား၊ စည်းဝေးသောယုဒ ပြည်၊ ဣသရေလ ပြည်သား၊ ယေရုရှလင် မြို့သား အပေါင်းတို့ခံ သော ထို ပသခါ ပွဲကဲ့သို့ သော ပွဲကို ပရောဖက် ရှမွေလ လက်ထက် မှစ၍ ဣသရေလ နိုင်ငံ၌ မ ခံ။ထိုသို့သော ပသခါ ပွဲကို ဣသရေလ ရှင်ဘုရင် တယောက် မျှ မ ခံ။
18ולא נעשה פסח כמהו בישראל מימי שמואל הנביא וכל מלכי ישראל לא עשו כפסח אשר עשה יאשיהו והכהנים והלוים וכל יהודה וישראל הנמצא ויושבי ירושלם׃
19ယောရှိ မင်းနန်းစံ ဆယ် ရှစ် နှစ် တွင် ၊ ထို ပသခါ ပွဲကိုခံ ကြ၏။
19בשמונה עשרה שנה למלכות יאשיהו נעשה הפסח הזה׃
20ထိုနောက်မှ ၊ ယောရှိ သည် ဗိမာန် တော်ကို ပြင်ဆင် ပြီးမှ ၊ အဲဂုတ္တု ရှင်ဘုရင် နေခေါ သည် ဥဖရတ် မြစ်နား ၊ ခါခေမိတ် မြို့သို့ စစ်ချီ သည်တွင် ၊ ယောရှိ မင်းသည် ဆီးတား ခြင်းငှါ ထွက် လေ၏။
20אחרי כל זאת אשר הכין יאשיהו את הבית עלה נכו מלך מצרים להלחם בכרכמיש על פרת ויצא לקראתו יאשיהו׃
21အဲဂုတ္တုရှင်ဘုရင်က၊ အိုယုဒ ရှင်ဘုရင် ၊ သင် သည် ငါ နှင့် အဘယ်သို့ ဆိုင်သနည်း။ သင့် ကို ယနေ့ ငါ စစ်ချီ သည်မ ဟုတ်။ ငါနှင့်စစ်တိုက်ဘက် ဖြစ်သော အမျိုးကိုစစ်ချီ၏။ ငါ အလျင် အမြန်ပြ မည်အကြောင်း ဘုရားသခင် မှာထားတော်မူပြီ။ ငါ့ ဘက်၌ ရှိသောဘုရားသခင် ကို ဆန့်ကျင်ဘက်မပြုဘဲနေလော့။ သို့မဟုတ် သင့် ကိုဖျက်ဆီး တော်မူမည်ဟု သံတမန် ကို စေလွှတ် ၍ မှာ လိုက်လေ၏။
21וישלח אליו מלאכים לאמר מה לי ולך מלך יהודה לא עליך אתה היום כי אל בית מלחמתי ואלהים אמר לבהלני חדל לך מאלהים אשר עמי ואל ישחיתך׃
22သို့ရာတွင် ယောရှိ သည် မ လွှဲ မရှောင်၊ နေခေါ ဆင့်ဆို သော ဘုရားသခင် ၏ အမိန့် တော်ကို နား မ ထောင်၊ စစ်တိုက် ခြင်းငှါ ခြားနားသော အယောင် ကို ဆောင်လျက် ၊ မေဂိဒ္ဒေါ ချိုင့် ၌ စစ် ပွဲထဲသို့ ဝင် လေ၏။
22ולא הסב יאשיהו פניו ממנו כי להלחם בו התחפש ולא שמע אל דברי נכו מפי אלהים ויבא להלחם בבקעת מגדו׃
23လေးသူရဲတို့သည် ယောရှိ မင်းကြီး ကိုပစ်၍ မှန် သဖြင့်၊ မင်းကြီး က ငါ့ ကိုဆောင် သွားလော့။ ပြင်းစွာ အထိအခိုက် ခံရသည်ဟု ကျွန် တို့အား ဆို လျှင်၊
23וירו הירים למלך יאשיהו ויאמר המלך לעבדיו העבירוני כי החליתי מאד׃
24ကျွန် တို့သည် ရထား တော်ပေါ်က ချ ၍၊ ဒုတိယ ရထား တော်ပေါ် ၌ တင် ပြီးလျှင် ၊ ယေရုရှလင် မြို့သို့ ဆောင်သွား သောအခါ ၊ အနိစ္စ ရောက်၍ ဘိုးဘေး တို့ သင်္ချိုင်း ၌ သင်္ဂြိုဟ် ခြင်းကိုခံ လေ၏။ ယုဒ ပြည်သူ၊ ယေရုရှလင် မြို့သားအပေါင်း တို့သည်၊ ယောရှိ မင်းအနိစ္စ ရောက်သောကြောင့် ငိုကြွေး မြည်တမ်းခြင်းကို ပြုကြ၏။
24ויעבירהו עבדיו מן המרכבה וירכיבהו על רכב המשנה אשר לו ויוליכהו ירושלם וימת ויקבר בקברות אבתיו וכל יהודה וירושלם מתאבלים על יאשיהו׃
25ယေရမိ သည်လည်း မြည်တမ်း သောစကားကို စီရင်၍ သီချင်း သည်ယောက်ျားမိန်းမ ရှိသမျှ တို့သည်၊ ယနေ့ တိုင်အောင် ယောရှိ မင်းကို အောက်မေ့ လျက် ၊ ထိုမြည်တမ်းသောစကားကို သုံးဆောင်သဖြင့်၊ ဣသရေလ ထုံးစံ ဖြစ်လေ၏။ ထိုစကားသည် မြည်တမ်း စာ၌ ရေး ထားလျက်ရှိသတည်း။
25ויקונן ירמיהו על יאשיהו ויאמרו כל השרים והשרות בקינותיהם על יאשיהו עד היום ויתנום לחק על ישראל והנם כתובים על הקינות׃
26ယောရှိ ပြုမူသော အမှုအရာ ကြွင်း လေသမျှ တို့နှင့် ထာဝရဘုရား ၏ ပညတ္တိ ကျမ်း၌ ရေး ထားသည် အတိုင်း ကျေးဇူး ပြုခြင်း၊
26ויתר דברי יאשיהו וחסדיו ככתוב בתורת יהוה׃
27အကျင့်ကျင့်ခြင်းအရာအစ အဆုံး တို့သည်၊ ဣသရေလ ရာဇဝင်နှင့် ယုဒ ရာဇဝင် ၌ ရေး ထားလျက် ရှိ၏။
27ודבריו הראשנים והאחרנים הנם כתובים על ספר מלכי ישראל ויהודה׃
Tip: use the ← and → keys to turn chapters.