၆ ရာဇဝင် 30
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Modern Hebrew Bible
1တဖန် ဧဖရိမ် အမျိုး၊ မနာရှေ အမျိုးနှင့်တကွ ဣသရေလ အမျိုး၊ ယုဒ အမျိုးသားအပေါင်း တို့သည် ယေရုရှလင် မြို့၊ ဗိမာန် တော်သို့ လာ ၍ ၊ ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား အား ၊ ပသခါ ပွဲကို ခံ စေခြင်းငှါ ၊ ဟေဇကိ သည် စာ ရေး ၍ ပေး လိုက်လေ၏။
1וישלח יחזקיהו על כל ישראל ויהודה וגם אגרות כתב על אפרים ומנשה לבוא לבית יהוה בירושלם לעשות פסח ליהוה אלהי ישראל׃
2ဒုတိယ လ တွင် ၊ ပသခါ ပွဲကိုခံ ခြင်းငှါ ရှင် ဘုရင်သည် တိုင်ပင် ၍ ၊ မှူး တော်မတ်တော်တို့နှင့် ယေရုရှလင် မြို့၌ စည်းဝေး သော သူအပေါင်း တို့သည် စီရင်ကြပြီ။
2ויועץ המלך ושריו וכל הקהל בירושלם לעשות הפסח בחדש השני׃
3ယဇ် ပုရောဟိတ်တို့သည် အမှုတော်ကို ဆောင်ရွက် နိုင်မည်အကြောင်း၊ ကိုယ်ကိုသန့်ရှင်း စွာမ ပြုကြသေး။ ပြည်သူ ပြည်သားတို့သည် ယေရုရှလင် မြို့၌ မ စည်းဝေး သောကြောင့် လွန်ခဲ့သောလတွင် ထိုပွဲကို မ ခံ နိုင် ကြ။
3כי לא יכלו לעשתו בעת ההיא כי הכהנים לא התקדשו למדי והעם לא נאספו לירושלם׃
4ရှင်ဘုရင် နှင့် စည်းဝေး သော သူအပေါင်း တို့ သည် ထိုအမှု ကို နှစ်သက် သောကြောင့် ၎င်း၊ ကျမ်းစာ ၌ လာသည်အတိုင်း ၊ ကြာမြင့်စွာသော ကာလပတ်လုံး၊ ပသခါပွဲကို မခံသောကြောင့်၎င်း၊
4ויישר הדבר בעיני המלך ובעיני כל הקהל׃
5အရပ်ရပ်တို့ကလာ ၍၊ ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား အား ၊ ယေရုရှလင် မြို့၌ ပသခါ ပွဲကိုခံ စေခြင်းငှါ ၊ ဣသရေလ ပြည်တရှောက်လုံး ၊ ဗေရရှေဘ မြို့မှစ၍ ဒန် မြို့တိုင်အောင် ၊ ကြော်ငြာစေမည် အကြောင်းအမိန့်တော်နှင့်စီရင်ကြ၏။
5ויעמידו דבר להעביר קול בכל ישראל מבאר שבע ועד דן לבוא לעשות פסח ליהוה אלהי ישראל בירושלם כי לא לרב עשו ככתוב׃
6ရှင်ဘုရင် နှင့် မှူးမတ် တို့ပေးလိုက်သောစာ ကို စာပို့ လုလင်တို့သည် ယူ၍၊ အမိန့် တော်အတိုင်း ဣသရေလ ပြည်နှင့် ယုဒ ပြည်တရှောက်လုံးသို့ ပြေးကြ၏။ စာ၌ ပါသောစကားဟူမူကား၊ အိုဣသရေလအမျိုးသားတို့၊ အာဗြဟံ ၊ ဣဇာက် ၊ ယာကုပ်တို့၏ဘုရားသခင် ထာဝရဘုရား ထံ တော်သို့ပြန်လာ ကြလော့။ အာရှုရိ ရှင် ဘုရင်တို့လက် မှ လွတ် ၍ ၊ ကျန်ကြွင်းသေးသောသူတို့ ရှိရာသို့ ပြန် လာတော်မူမည်။
6וילכו הרצים באגרות מיד המלך ושריו בכל ישראל ויהודה וכמצות המלך לאמר בני ישראל שובו אל יהוה אלהי אברהם יצחק וישראל וישב אל הפליטה הנשארת לכם מכף מלכי אשור׃
7ဘိုးဘေး တို့၏ ဘုရားသခင် ထာဝရဘုရား ကို ပြစ်မှား သော သင် တို့၏အဘ များ၊ ညီအစ်ကို များကဲ့သို့ မ ပြု ကြနှင့်။ ပြစ်မှားသော ထိုသူ တို့ကို သင် တို့မြင် သည် အတိုင်း ၊ သုတ်သင် ပယ်ရှင်းခြင်းသို့ အပ် တော်မူပြီ။
7ואל תהיו כאבותיכם וכאחיכם אשר מעלו ביהוה אלהי אבותיהם ויתנם לשמה כאשר אתם ראים׃
8သင် တို့အဘ များကဲ့သို့ ခိုင်မာ သောသဘော မ ရှိကြနှင့်။ ထာဝရဘုရား ၌ ကိုယ်ကို အပ်နှံ ကြလော့။ အစဉ် သန့်ရှင်း စေတော်မူသော သန့်ရှင်း ရာဌာနတော်သို့ လာ ကြလော့။ ပြင်းစွာ သော အမျက် တော်သည် သင် တို့မှ လွှဲ သွားမည်အကြောင်း ၊ သင် တို့၏ဘုရားသခင် ထာဝရဘုရား ၏အမှု တော်ကို စောင့်ကြလော့။
8עתה אל תקשו ערפכם כאבותיכם תנו יד ליהוה ובאו למקדשו אשר הקדיש לעולם ועבדו את יהוה אלהיכם וישב מכם חרון אפו׃
9သင် တို့သည် ထာဝရဘုရား ထံတော်သို့ ပြန်လာ လျှင် ၊ သင် တို့၏ညီအစ်ကို သားသမီး တို့သည် သိမ်းသွား သောသူတို့ ထံ မှာ၊ ကရုဏာစိတ်နှင့်တွေ့ကြုံ၍၊ ဤ ပြည် သို့ တဖန် ပြန် လာကြလိမ့်မည်။ သင် တို့၏ ဘုရားသခင် ထာဝရဘုရား သည် ကျေးဇူး ပြုချင်သောသဘော၊ သနား တတ်သောသဘောရှိသောကြောင့် ၊ သင် တို့သည် အထံ တော်သို့ ပြန် လာလျှင် ၊ မျက်နှာ တော်ကို သင်တို့မှ လွှဲ တော် မ မူဟု စာ၌ပါသတည်း။
9כי בשובכם על יהוה אחיכם ובניכם לרחמים לפני שוביהם ולשוב לארץ הזאת כי חנון ורחום יהוה אלהיכם ולא יסיר פנים מכם אם תשובו אליו׃
10စာပို့ လုလင်တို့သည် ဧဖရိမ် ခရိုင် ၊ မနာရှေ ခရိုင် တရှောက်လုံး၊ ဇာဗုလုန် ခရိုင်တိုင်အောင် တမြို့ မှ တမြို့သို့ ပြေး ကြ၏။ ပြည်သား တို့သည် ပြက်ယယ် ပြု၍ ကဲ့ရဲ့ ကြ၏။
10ויהיו הרצים עברים מעיר לעיר בארץ אפרים ומנשה ועד זבלון ויהיו משחיקים עליהם ומלעגים בם׃
11သို့ရာတွင် အာရှာ ခရိုင်သား၊ မနာရှေ ခရိုင်သား၊ ဇာဗုလုန် ခရိုင်သား အချို့တို့သည် ကိုယ်ကိုနှိမ့်ချ ၍ ယေရုရှလင် မြို့သို့ လာ ကြ၏။
11אך אנשים מאשר ומנשה ומזבלון נכנעו ויבאו לירושלם׃
12ယုဒ ပြည်သားတို့သည် ထာဝရဘုရား အမိန့် တော်အတိုင်း ၊ ရှင်ဘုရင် နှင့် မှူးမတ် တို့ စီရင် သည်အတိုင်း၊ တညီညွတ် တည်း ပြု ချင်သော စေတနာစိတ်ကို၊ ဘုရားသခင် တန်ခိုး တော်ကြောင့် ရ ကြ၏။
12גם ביהודה היתה יד האלהים לתת להם לב אחד לעשות מצות המלך והשרים בדבר יהוה׃
13ဒုတိယ လ တွင် အဇုမ ပွဲ ကို ခံ လိုသောငှါ ၊ များစွာ သောလူ တို့သည် ယေရုရှလင် မြို့၌ စည်းဝေး ကြ၍ ၊ အလွန် ကြီး သောပရိသတ် ဖြစ်လေ၏။
13ויאספו ירושלם עם רב לעשות את חג המצות בחדש השני קהל לרב מאד׃
14သူတို့သည်ထ ၍ ၊ ယေရုရှလင် မြို့၌ ရှိသောယဇ် ပလ္လင်တို့ကို၎င်း ၊ နံ့သာပေါင်း မီးရှို့ရာ ယဇ်ပလ္လင်ရှိသမျှ တို့ကို၎င်းပယ်ရှင်း ၍ ၊ ကေဒြုန် ချောင်း ထဲသို့ ပစ်ချ ကြ၏။
14ויקמו ויסירו את המזבחות אשר בירושלם ואת כל המקטרות הסירו וישליכו לנחל קדרון׃
15ဒုတိယ လ တဆယ် လေး ရက်နေ့တွင် ၊ ပသခါ သိုးသငယ်ကိုသတ် ကြ၏။ ယဇ်ပုရောဟိတ် ၊ လေဝိ သားတို့ သည် သတိရ ၍ ကိုယ်ကိုသန့်ရှင်း စေလျက် ၊ မီးရှို့ ရာယဇ် တို့ကို ဗိမာန် တော်ထဲသို့ သွင်း ကြ၏။
15וישחטו הפסח בארבעה עשר לחדש השני והכהנים והלוים נכלמו ויתקדשו ויביאו עלות בית יהוה׃
16ဘုရားသခင် ၏လူ မောရှေ ပညတ် တရား၌ စီရင် သော ထုံးစံအတိုင်း ၊ မိမိ တို့နေရာ ၌ ရပ် နေလျက် ၊ ယဇ် ပုရောဟိတ်တို့သည် လေဝိ သားတို့ လက် မှ အသွေး ကို ယူ၍ ဖြန်း ကြ၏။
16ויעמדו על עמדם כמשפטם כתורת משה איש האלהים הכהנים זרקים את הדם מיד הלוים׃
17မ သန့်ရှင်း သောသူ အများ တို့သည် ပရိသတ် ၌ ပါသောကြောင့် ၊ ထိုမ သန့်ရှင်း သောသူ ရှိသမျှ တို့ကို၊ ထာဝရဘုရား အဘို့ သန့်ရှင်း စေခြင်းငှါ ၊ ပသခါ သိုးသငယ်သတ် ခြင်းအမှုကို၊ လေဝိ သားတို့သည် စောင့်ရကြ၏။
17כי רבת בקהל אשר לא התקדשו והלוים על שחיטת הפסחים לכל לא טהור להקדיש ליהוה׃
18များစွာ သောလူ တည်းဟူသော၊ ဧဖရိမ် အမျိုး၊ မနာရှေ အမျိုး၊ ဣသခါ အမျိုး၊ ဇာဗုလုန် အမျိုးသားအများ တို့သည် ကျမ်းစာ ၌ ပါသောတရားသို့မ လိုက်၊ ကိုယ်ကိုမ သန့်ရှင်း စေဘဲ၊ ပသခါ သိုးသငယ်ကိုစား ကြ ၏။
18כי מרבית העם רבת מאפרים ומנשה יששכר וזבלון לא הטהרו כי אכלו את הפסח בלא ככתוב כי התפלל יחזקיהו עליהם לאמר יהוה הטוב יכפר בעד׃
19သို့ရာတွင် ၊ ဟေဇကိ က၊ သန့်ရှင်း ရာဌာနထုံးစံအတိုင်း ၊ သန့်ရှင်းခြင်း မရှိသော်လည်း ၊ ဘိုးဘေး တို့၏ ဘုရားသခင် ထာဝရဘုရား ကို ဆည်းကပ် ခြင်းငှါ ၊ သဘောကျသောသူအပေါင်းတို့၏ အပြစ်ကို ကောင်းမြတ် သော ထာဝရဘုရား သည် လွှတ် တော်မူပါစေသောဟု ထိုသူ တို့ အဘို့ ဆုတောင်း သဖြင့်၊
19כל לבבו הכין לדרוש האלהים יהוה אלהי אבותיו ולא כטהרת הקדש׃
20ထာဝရဘုရား သည် ဟေဇကိ စကားကို နားထောင် တော်မူ၍ ၊ လူများတို့ကို ချမ်းသာပေးတော်မူ၏။
20וישמע יהוה אל יחזקיהו וירפא את העם׃
21ယေရုရှလင် မြို့၌ စည်းဝေး သောဣသရေလ အမျိုးသား တို့သည်၊ ခုနစ် ရက် ပတ်လုံးအလွန် ရွှင်လန်း သောစိတ်နှင့် အဇုမ ပွဲ ကိုခံ ကြ၏။ ယဇ်ပုရောဟိတ် လေဝိ သားတို့သည် အသံကျယ်သောတူရိယာမျိုးကို တီးမှုတ်လျက်၊ နေ့ ညဉ့် မပြတ် ထာဝရဘုရား အား ထောမနာ သီချင်းဆိုကြ၏။
21ויעשו בני ישראל הנמצאים בירושלם את חג המצות שבעת ימים בשמחה גדולה ומהללים ליהוה יום ביום הלוים והכהנים בכלי עז ליהוה׃
22ထာဝရဘုရား ၏ တရား တော်မြတ် ကို သွန်သင် သော လေဝိ သားအပေါင်း တို့ကို၊ ဟေဇကိ သည် အားပေးသောစကား နှင့်နှုတ်ဆက်သဖြင့်၊ သူတို့သည် ခုနစ် ရက် ပတ်လုံးပွဲခံစဉ်အခါ၊ စားသောက်လျက်မိဿဟာယ ပူဇော် သက္ကာကိုပြုလျက်၊ ဘိုးဘေး တို့၏ ဘုရားသခင် ထာဝရဘုရား အား တောင်းပန် လျက်နေကြ၏။
22וידבר יחזקיהו על לב כל הלוים המשכילים שכל טוב ליהוה ויאכלו את המועד שבעת הימים מזבחים זבחי שלמים ומתודים ליהוה אלהי אבותיהם׃
23စည်းဝေး သောသူအပေါင်း တို့သည် ခုနစ် ရက် ထပ်၍ ပွဲခံ ခြင်းငှါ တိုင်ပင် ပြီးမှ ၊ ရွှင်လန်း သောစိတ်နှင့် ခုနစ် ရက် ထပ်၍ပွဲခံ ကြ၏။
23ויועצו כל הקהל לעשות שבעת ימים אחרים ויעשו שבעת ימים שמחה׃
24ယုဒ ရှင်ဘုရင် ဟေဇကိ သည် နွား တထောင် နှင့် သိုး ခုနစ် ထောင် တို့ကို၎င်း၊ မှူးမတ် တို့သည် နွား တထောင် နှင့် သိုး တသောင်း ကို၎င်း ၊ စည်းဝေး သောသူတို့အား ပေး ကြ ၏။ များစွာ သောယဇ် ပုရောဟိတ်တို့သည် ကိုယ်ကိုသန့်ရှင်း စေကြ၏။
24כי חזקיהו מלך יהודה הרים לקהל אלף פרים ושבעת אלפים צאן והשרים הרימו לקהל פרים אלף וצאן עשרת אלפים ויתקדשו כהנים לרב׃
25ယဇ်ပုရောဟိတ် ၊ လေဝိ သားတို့နှင့်တကွ ယုဒ ပရိတ်သတ် များ၊ ဣသရေလ ပြည်မှ လာ သော ပရိတ်သတ် များ ၊ ယုဒ ပြည်၌ နေ သောတပါးအမျိုးသား၊ ဣသရေလ ပြည် မှ လာ သော တပါး အမျိုးသားတို့သည် ဝမ်းမြောက် ဝမ်းသာကြ၏။
25וישמחו כל קהל יהודה והכהנים והלוים וכל הקהל הבאים מישראל והגרים הבאים מארץ ישראל והיושבים ביהודה׃
26ထိုသို့ ယေရုရှလင် မြို့၌ ကြီးစွာ သောဝမ်းမြောက် ခြင်းရှိ ၏။ ဣသရေလ ရှင်ဘုရင် ဒါဝိဒ် သား ရှောလမုန် လက်ထက် မှသည်၊ နောက်တဖန်ယေရုရှလင် မြို့၌ ထိုမျှလောက် ကြီးစွာသော ဝမ်းမြောက်ခြင်းမ ရှိ။
26ותהי שמחה גדולה בירושלם כי מימי שלמה בן דויד מלך ישראל לא כזאת בירושלם׃
27ထိုအခါ ယဇ်ပုရောဟိတ် ၊ လေဝိ သားတို့သည် ထ ၍ လူ များတို့ကို ကောင်းကြီး ပေးကြ၏။ သူ တို့စကား သံကို ဘုရားသခင်ကြား တော်မူ၏။ သန့်ရှင်း သော ကျိန်းဝပ် တော်မူရာ၊ ကောင်းကင် ဘုံသို့ ပဌနာ စကားတက် လေ၏။
27ויקמו הכהנים הלוים ויברכו את העם וישמע בקולם ותבוא תפלתם למעון קדשו לשמים׃
Tip: use the ← and → keys to turn chapters.