၆ ရာဇဝင် 28
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Clementine Vulgate, 1598
1အာခတ် သည် အသက် နှစ်ဆယ် ရှိသော်၊ နန်းထိုင် ၍ ယေရုရှလင် မြို့၌ တဆယ် ခြောက် နှစ် စိုးစံ လေ၏။ ထိုမင်းသည် အဘ ဒါဝိဒ် ကဲ့သို့ မကျင့်၊ ထာဝရဘုရား ရှေ့ တော်၌ တရား သောအမှုကို မ ပြု။
1Viginti annorum erat Achaz cum regnare cœpisset, et sedecim annis regnavit in Jerusalem. Non fecit rectum in conspectu Domini sicut David pater ejus,
2ဣသရေလ ရှင် ဘုရင်တို့လိုက်သော လမ်း သို့ လိုက် ၍ ၊ ဗာလ ဘုရားတို့အဘို့ ရုပ်တု ဆင်းတုများကို သွန်း လေ၏။
2sed ambulavit in viis regum Israël, insuper et statuas fudit Baalim.
3ထာဝရဘုရား သည် ဣသရေလ အမျိုးသား ရှေ့ မှ နှင်ထုတ် တော်မူသော တပါးအမျိုးသား တို့၏ ရွံရှာ ဘွယ်ထုံးစံအတိုင်း ၊ ဟိန္နုံ သားချိုင့်၌ နံ့သာပေါင်းကိုမီးရှို့ ၍ ၊ မိမိ သား တို့ကိုလည်း မီး ဖြင့် ပူဇော် ၏။
3Ipse est qui adolevit incensum in valle Benennom, et lustravit filios suos in igne juxta ritum gentium quas interfecit Dominus in adventu filiorum Israël.
4မြင့် သောအရပ်၊ တောင် ပေါ်၊ သစ်ပင် အောက် တို့၌ ယဇ် ပူဇော်၍ ၊ နံ့သာပေါင်း ကို မီးရှို့တတ်၏။
4Sacrificabat quoque, et thymiama succendebat in excelsis, et in collibus, et sub omni ligno frondoso.
5ထိုကြောင့် ၊ သူ ၏ဘုရားသခင် ထာဝရဘုရား သည်၊ သူ့ ကို ရှုရိ ရှင်ဘုရင် လက် သို့ အပ် တော်မူသဖြင့် ၊ ရှုရိလူတို့သည် လုပ်ကြံ လျက်၊ များစွာ သော လူတို့ကို ဘမ်းဆီး ၍ ၊ ဒမာသက် မြို့သို့ သိမ်းသွား ကြ၏။
5Tradiditque eum Dominus Deus ejus in manu regis Syriæ, qui percussit eum, magnamque prædam cepit de ejus imperio, et adduxit in Damascum: manibus quoque regis Israël traditus est, et percussus plaga grandi.
6တဖန် ဣသရေလ ရှင်ဘုရင် လက် သို့ အပ် တော်မူသဖြင့် ၊ ထိုရှင်ဘုရင်ရေမလိ သား ပေကာ သည် ကြမ်းတမ်း စွာ လုပ်ကြံ ၍ ၊ ရဲရင့်သောယုဒ အမျိုးသားတသိန်း နှစ်သောင်းကို တနေ့ ခြင်းတွင် သတ် လေ၏။ အကြောင်း မူကား၊ သူ တို့သည် ဘိုးဘေး တို့၏ ဘုရားသခင် ထာဝရဘုရား ကို စွန့် ကြသတည်း။
6Occiditque Phacee filius Romeliæ, de Juda centum viginti millia in die uno, omnes viros bellatores: eo quod reliquissent Dominum Deum patrum suorum.
7ခွန်အား ကြီးသော ဧဖရိမ် သား ဇိခရိ သည်၊ ရှင်ဘုရင် သား မာသေယ ၊ နန်းတော် အုပ် အာဇရိကံ ၊ ရှင်ဘုရင် နောက်ဒုတိယ မင်း ဧလကာန ကို သတ် ၏။
7Eodem tempore occidit Zechri, vir potens ex Ephraim, Maasiam filium regis, et Ezricam ducem domus ejus, Elcanam quoque secundum a rege.
8ဣသရေလ အမျိုးသား တို့သည်လည်း ၊ မိမိ တို့နှင့် ပေါက်ဘော်တော်သော ယောက်ျား၊ မိန်းမ၊ သား၊ သမီး ပေါင်းနှစ်သိန်းကို ဘမ်းဆီးသိမ်းသွားကြ၏။ များစွာ သော ဥစ္စာ ကိုလည်း လုယူ ၍ ရှမာရိ မြို့သို့ ဆောင်သွား ကြ၏။
8Ceperuntque filii Israël de fratribus suis ducenta millia mulierum, puerorum, et puellarum, et infinitam prædam: pertuleruntque eam in Samariam.
9ဩဒက် အမည် ရှိသောထာဝရဘုရား ၏ ပရောဖက် တပါးရှိ ၍ ၊ ရှမာရိ မြို့သို့ ပြန်လာ သောတပ် ကို ဆီးကြို လျက် ၊ ဘိုးဘေး တို့၏ ဘုရားသခင် ထာဝရဘုရား သည် ယုဒ ပြည်ကို အမျက် တော်ထွက်သောကြောင့် ၊ သင် တို့လက် ၌ အပ် တော်မူသဖြင့်၊ သင်တို့သည် မိုဃ်း ကောင်းကင် သို့ ထိသော ဒေါသ အဟုန်နှင့် သူ တို့ကိုသတ် ကြပြီ တကား။
9Ea tempestate erat ibi propheta Domini, nomine Oded: qui egressus obviam exercitui venienti in Samariam, dixit eis: Ecce iratus Dominus Deus patrum vestrorum contra Juda, tradidit eos in manibus vestris, et occidistis eos atrociter, ita ut ad cælum pertingeret vestra crudelitas.
10ယခု တွင်လည်း ၊ ယုဒ ပြည်သူ ၊ ယေရုရှလင် မြို့သားယောက်ျား မိန်းမ တို့ကို အစေခံကျွန်လုပ်၍၊ နှိပ်စက်မည့်အကြံရှိကြသည်တကား။ သို့ပြုလျှင်သင် တို့၏ ဘုရားသခင် ထာဝရဘုရား ကို ပြစ်မှား ရာသို့ ရောက်သည် မ ဟုတ်လော။
10Insuper filios Juda et Jerusalem vultis vobis subjicere in servos et ancillas: quod nequaquam facto opus est: peccastis enim super hoc Domino Deo vestro.
11ငါ့ စကားကိုနားထောင် ကြလော့။ သင်တို့သည် ယခု ဘမ်းဆီး ၍ သိမ်းယူခဲ့သော သင် တို့၏ ညီအစ်ကို များကို လွှတ် လိုက်ကြလော့။ သို့မဟုတ်ထာဝရဘုရား ၏ ပြင်းစွာ သောအမျက် တော်သည် သင် တို့အပေါ် မှာ သက်ရောက်လိမ့်မည်ဟု သတိပေး၏။
11Sed audite consilium meum, et reducite captivos quos adduxistis de fratribus vestris, quia magnus furor Domini imminet vobis.
12ထိုအခါ ဧဖရိမ် အမျိုးသား အကြီးအကဲ ၊ ယောဟနန် သား အာဇရိ ၊ မေရှိလေမုတ် သား ဗေရခိ ၊ ရှလ္လုံ သား ဟေဇကိ ၊ ဟာဒလဲ သား အာမသာ တို့သည် စစ်တိုက် ရာမှ လာ သောသူတို့ ကို ဆီးတား ၍၊
12Steterunt itaque viri de principibus filiorum Ephraim, Azarias filius Johanan, Barachias filius Mosollamoth, Ezechias filius Sellum, et Amasa filius Adali, contra eos qui veniebant de prælio,
13သင်တို့သိမ်းယူခဲ့သောသူတို့ ကို ဤ မြို့ထဲသို့ မ သွင်း ရ။ ငါ တို့သည် ထာဝရဘုရား ကို ပြစ်မှား ပြီ။ အပြစ် ရင်းအပေါ်မှာထပ်၍ ပြစ်မှားစေဦးမည်ဟု သင်တို့ကြံစည်ကြသည်ကား။ ယခုတွင် ငါ တို့အပြစ် ကြီးလှ ၏။ ဣသရေ အမျိုး၌ ပြင်းစွာ အမျက် ထွက်လျက် ရှိသည်ဟု ဆို သောကြောင့်၊
13et dixerunt eis: Non introducetis huc captivos, ne peccemus Domino. Quare vultis adjicere super peccata nostra, et vetera cumulare delicta? grande quippe peccatum est, et ira furoris Domini imminet super Israël.
14စစ်သူရဲ တို့သည် သိမ်းယူ ခဲ့သောလူများနှင့် လု ယူခဲ့သောဥစ္စာများကို မင်း တို့ရှေ့၊ ပရိသတ် တို့ရှေ့ မှာထား ကြ၏။
14Dimiseruntque viri bellatores prædam, et universa quæ ceperant, coram principibus, et omni multitudine.
15အထက်ဆို ခဲ့ပြီးသော သူတို့သည် ထ လျက် ၊ သိမ်းယူ ခဲ့သောသူတို့ ကို ခေါ် ၍ ၊ အဝတ် မရှိသောသူတို့ ကို လက်ရဥစ္စာ ဖြင့် ဝတ်ဆင် စေကြ၏။ ခြေနင်း ကို စီးစေကြ ၏။ စား သောက် စရာဘို့ ပေးကြ၏။ ဆီ နှင့်လိမ်း စေကြ၏။ အား မရှိသောသူအပေါင်း တို့ကို မြည်း ပေါ်မှာ တင် ၍ ၊ သူ တို့ ပေါက်ဘော် ရှိ ရာ ယေရိခေါ မြို့တည်းဟူသောစွန်ပလွံပင် မြို့ သို့ ပို့ ပြီးမှ ၊ ရှမာရိ မြို့သို့ ပြန်သွား ကြ၏။
15Steteruntque viri quos supra memoravimus, et apprehendentes captivos, omnesque qui nudi erant, vestierunt de spoliis: cumque vestissent eos, et calceassent, et refecissent cibo ac potu, unxissentque propter laborem, et adhibuissent eis curam: quicumque ambulare non poterant, et erant imbecillo corpore, imposuerunt eos jumentis, et adduxerunt Jericho civitatem palmarum ad fratres eorum, ipsique reversi sunt in Samariam.
16ထိုအခါ အာရှုရိ ရှင်ဘုရင် လာ၍ ကူမ စေခြင်းငှါ ၊ အာခတ် မင်းကြီး သည် သံတမန်ကို စေလွှတ် လေ၏။
16Tempore illo misit rex Achaz ad regem Assyriorum, postulans auxilium.
17အကြောင်းမူကား၊ ဧဒုံ လူတို့သည် လာ ပြန် သဖြင့် ၊ ယုဒ ပြည်ကို လုပ်ကြံ ၍ ၊ လူများကိုဘမ်းဆီး သိမ်းသွားကြပြီ။
17Veneruntque Idumæi, et percusserunt multos ex Juda, et ceperunt prædam magnam.
18ဖိလိတ္တိ လူတို့သည်လည်း ၊ နိုင်ငံ အောက်ပိုင်းနှင့် ယုဒ ပြည်တောင် ပိုင်း၌ ရှိသောမြို့ တို့ကိုတိုက် ၍၊ ဗက်ရှေမက် မြို့၊ အာဇလုန် မြို့၊ ဂေဒရုတ် မြို့၊ ရှောခေါ မြို့ ရွာ၊ တိမနာ မြို့ ရွာ၊ ဂိမဇော မြို့ ရွာများကို ယူ ၍ နေရာ ချကြ၏။
18Philisthiim quoque diffusi sunt per urbes campestres, et ad meridiem Juda: ceperuntque Bethsames, et Ajalon, et Gaderoth, Socho quoque, et Thamnan, et Gamzo, cum viculis suis, et habitaverunt in eis.
19ယုဒ ရှင်ဘုရင် အာခတ် ကြောင့် ထာဝရဘုရား သည် ယုဒ ပြည်ကို အလွန်နှိမ့်ချ ၏။ ထိုမင်းသည် ယုဒပြည် ၏အဝတ်တန်ဆာကိုချွတ် ၍ ၊ ထာဝရဘုရား ကို ကြမ်းတမ်း စွာ ပြစ်မှား၏။
19Humiliaverat enim Dominus Judam propter Achaz regem Juda, eo quod nudasset eum auxilio, et contemptui habuisset Dominum.
20အာရှုရိ ရှင်ဘုရင် တိဂလတ် ပိလေသာလာ သော်လည်း ၊ အား ကိုမ ပေး၊ သာ၍ဆင်းရဲ စေ၏။
20Adduxitque contra eum Thelgathphalnasar regem Assyriorum, qui et afflixit eum, et nullo resistente vastavit.
21အကြောင်း မူကား၊ အာခတ် သည် ဗိမာန် တော် ဘဏ္ဍာနှင့် နန်းတော် ဘဏ္ဍာမှစ၍ ၊ မှူးမတ်အိမ်တို့၌ ရှိသောဥစ္စာများကိုခွဲပြီးလျှင်၊ အာရှုရိ ရှင်ဘုရင် အား ပေး သော်လည်း၊ ထိုရှင်ဘုရင်သည် ကျေးဇူးပြန်၍မပြု။
21Igitur Achaz, spoliata domo Domini, et domo regum ac principum, dedit regi Assyriorum munera, et tamen nihil ei profuit.
22အာခတ် မင်းကြီး သည် ဆင်းရဲ ဒုက္ခခံရသောအခါ ၊ ထာဝရဘုရား ကို သာ၍ ပြစ်မှား ၏။
22Insuper et tempore angustiæ suæ auxit contemptum in Dominum, ipse per se rex Achaz,
23ငါ့ကိုဒဏ် ပေးသော ဒမာသက် မြို့၏ ဘုရား တို့ကို ငါဆည်းကပ်မည်ဟူ၍၎င်း၊ ရှုရိ ရှင်ဘုရင် ကိုးကွယ်သောဘုရား တို့သည် ကျေးဇူး ပြုတတ်သောကြောင့် ၊ ငါ ၌လည်း ကျေးဇူး ပြုစေခြင်းငှါ၊ ထို ဘုရားတို့အား ယဇ် ပူဇော်မည်ဟူ၍၎င်း ဆိုသော်လည်း၊ ထိုဘုရားတို့သည် အာခတ်မင်းနှင့် ဣသရေလ အမျိုးအကျိုးနည်း စရာ အကြောင်း ဖြစ် သတည်း။
23immolavit diis Damasci victimas percussoribus suis, et dixit: Dii regum Syriæ auxiliantur eis, quos ego placabo hostiis, et aderunt mihi: cum e contrario ipsi fuerint ruinæ ei, et universo Israël.
24တဖန် အာခတ် သည် ဗိမာန် တော်တန်ဆာ တို့ကို စုထား ၍ အပိုင်းပိုင်းချိုးဖြတ် ၏။ ဗိမာန် တော်တံခါး တို့ကိုလည်း ပိတ် ထား၏။ ယေရုရှလင် မြို့ထောင့် များ၌ ယဇ် ပလ္လင် တို့ကို တည် ၏။
24Direptis itaque Achaz omnibus vasis domus Dei, atque confractis, clausit januas templi Dei, et fecit sibi altaria in universis angulis Jerusalem.
25အခြား တပါးသော ဘုရား တို့အား နံ့သာပေါင်းကို မီးရှို့ စရာဘို့။ယုဒ မြို့ အသီးအသီး တို့၌ မြင့် သောအရပ် တို့ကို တည် ၍ ဘိုးဘေး တို့၏ ဘုရားသခင် ထာဝရဘုရား ၏ အမျက် တော်ကို နှိုးဆော်လေ၏။
25In omnibus quoque urbibus Juda exstruxit aras ad cremandum thus, atque ad iracundiam provocavit Dominum Deum patrum suorum.
26အာခတ် ကျင့်ကြံ ပြုမူသော အမှု အရာကြွင်း လေသမျှအစ အဆုံး တို့သည် ယုဒ ရာဇဝင်နှင့် ဣသရေလ ရာဇဝင် ၌ ရေးထား လျက် ရှိ၏။
26Reliqua autem sermonum ejus, et omnium operum suorum priorum et novissimorum, scripta sunt in libro regum Juda et Israël.
27အာခတ် သည် ဘိုးဘေး တို့နှင့် အိပ်ပျော် ၍ ၊ ယေရုရှလင် မြို့ ၌ သင်္ဂြိုဟ် ခြင်းကို ခံရသော်လည်း ၊ ဣသရေလ ရှင် ဘုရင်တို့ သင်္ချိုင်း ၌ မ သင်္ဂြိုဟ် ကြ။ သားတော် ဟေဇကိ သည် ခမည်းတော် အရာ ၌ နန်း ထိုင်၏။
27Dormivitque Achaz cum patribus suis, et sepelierunt eum in civitate Jerusalem: neque enim receperunt eum in sepulchra regum Israël. Regnavitque Ezechias filius ejus pro eo.
Tip: use the ← and → keys to turn chapters.