၆ ရာဇဝင်

Old Testament

Chapter 27
Judson Burmese Bible (18…
Compare
Aa
Text size
Line width
Verse numbers

၆ ရာဇဝင် 27

1ယောသံ သည် အသက် နှစ်ဆယ် ငါး နှစ်ရှိသော်၊ နန်းထိုင် ၍ ယေရုရှလင် မြို့၌ တဆယ် ခြောက် နှစ် စိုးစံ လေ၏။ မယ်တော် ကား ၊ ဇာဒုတ် သမီး ယေရုရှာ အမည် ရှိ၏။

2ထိုမင်း သည်ခမည်းတော် ဩဇိ ကျင့် သမျှ အတိုင်း ၊ ထာဝရဘုရား ရှေ့ တော်၌ တရား သောအမှုကိုပြု ၏။ သို့ရာတွင် ထာဝရ ဘုရား၏ ဗိမာန် တော်ထဲသို့ မ ဝင် ။ပြည်သူ ပြည်သားတို့သည် မ တရားသဖြင့် ပြုကြသေး ၏။

3ထိုမင်းသည် ဗိမာန် တော်အထက် တံခါး ကို လုပ် ၍ ၊ ဩဖေလ မြို့ရိုး ကို အလွန် ခိုင်ခံ့ စေ၏။

4ယုဒ တောင်ရိုး ပေါ် မှာ မြို့ များကို၎င်း ၊ တော ၌ ရဲတိုက် များနှင့် ပြအိုး များကို၎င်း တည်ထောင် လေ၏။

5အမ္မုန် ရှင် ဘုရင်ကိုလည်း စစ်တိုက် ၍ နိုင် သဖြင့် ၊ နိုင်သောနှစ် တွင် အမ္မုန် သား တို့သည် ငွေ အခွက် တထောင်၊ ဂျုံ ကောရ တသောင်း ၊ မုယော တသောင်း ကိုပေး ရကြ၏။ ဒုတိယ နှစ် နှင့် တတိယ နှစ်တွင် ထို အတူ ပေးရကြ၏။

6ထိုသို့ ယောသံ သည် မိမိ ဘုရားသခင် ထာဝရဘုရား ရှေ့ တော်၌ မိမိ အကျင့် တို့ကို ပြင်ဆင် သောကြောင့် တန်ခိုး တိုးပွါးသတည်း။

7ယောသံ ပြုမူသောအမှု အရာ ကြွင်း လေသမျှ၊ စစ်တိုက် ခြင်းအကျင့် ကျင့်ခြင်းအမှုအရာ အလုံးစုံ တို့ သည်၊ ဣသရေလ ရာဇဝင် နှင့် ယုဒ ရာဇဝင်၌ ရေးထား လျက် ရှိ၏။

8-

9ယောသံ သည် ဘိုးဘေး တို့နှင့် အိပ်ပျော် ၍ ၊ ဒါဝိဒ် မြို့ ၌ သင်္ဂြိုဟ် ခြင်းကိုခံ လေ၏။ သား တော်အာခတ် သည် ခမည်းတော် အရာ ၌ နန်း ထိုင်၏။

Tip: use the ← and → keys to turn chapters.