၆ ရာဇဝင်

Old Testament

Chapter 16
Judson Burmese Bible (18…
vs Chinese Union Vers…
Aa
Text size
Line width
Verse numbers

၆ ရာဇဝင် 16

Judson Burmese Bible (1840)
Chinese Union Version, punctuated (Traditional)
1အာသ မင်းနန်းစံ သုံးဆယ် ခြောက် နှစ် တွင် ၊ ဣသရေလ ရှင်ဘုရင် ဗာရှာ သည် ယုဒ ပြည်သို့ စစ်ချီ ၍ ၊ ယုဒ ရှင်ဘုရင် အာသ ထံ သို့ အဘယ်သူ မျှမထွက်မဝင်စေခြင်းငှါ၊ ရာမ မြို့ကိုတည် ၏။
1亞撒 三十六年, 以色列 王 巴沙 上來攻擊 猶大 ,修築 拉瑪 ,不許人從 猶大 王 亞撒 那裏出入。
2ထိုအခါ ဗိမာန် တော် ဘဏ္ဍာ နှင့် နန်းတော်ဘဏ္ဍာတည်းဟူသောရွှေ ငွေ ရှိသမျှကို၊ အာသ သည် ထုတ် ၍၊ ဒမာသက် မြို့၌ နေ သော ရှုရိ ရှင်ဘုရင် ဗင်္ဟာဒဒ် ထံသို့ ပေး လိုက်၍၊
2於是 亞撒 從耶和華殿和王宮的府庫裏拿出金銀來,送與住 大馬士革 的 亞蘭 王 便‧哈達 ,說:
3ငါ သည်သင် နှင့် ၎င်း၊ ငါ့ ခမည်းတော် သည် သင့် ခမည်းတော် နှင့် ၎င်း၊ မိဿဟာယဖွဲ့ခြင်းရှိသည်ဖြစ်၍၊ ရွှေ ငွေ ကို ငါပေး လိုက်၏။ ဣသရေလ ရှင်ဘုရင် ဗာရှာ သည် ငါ့ ထံမှ ထွက် သွားစေခြင်းငှါ ၊ သူနှင့်ဖွဲ့သော မိဿဟာယကို ဖျက်၍လာ ပါဟု မှာလိုက်လေ၏။
3「你父曾與我父立約,我與你也要立約。現在我將金銀送給你,求你廢掉你與 以色列 王 巴沙 所立的約,使他離開我。」
4အာသ မင်းကြီး ၏ စကားကို ဗင်္ဟာဒဒ် သည် နားထောင် ၍ ၊ ဣသရေလ မြို့ ရွာတို့ကို စစ်ချီ စေခြင်းငှါ ၊ မိမိ ဗိုလ် များကို စေလွှတ် သဖြင့် ၊ သူတို့သည်ဣယုန် မြို့၊ ဒန် မြို့၊ အာဗေလမိမ် မြို့မှစ၍ ၊ နဿလိ ပြည်၌ရှိသမျှ သော ဘဏ္ဍာ မြို့ တို့ကို လုပ်ကြံ ကြ၏။
4便‧哈達 聽從 亞撒 王的話,派軍長去攻擊 以色列 的城邑。他們就攻破 以雲 、 但 、 亞伯‧瑪音 ,和 拿弗他利 一切的積貨城。
5ထိုသိတင်းကို ဗာရှာ သည်ကြား သောအခါ ၊ ရာမ မြို့ကို လက်စမသတ်ဘဲ အလုပ် ကိုဖြတ် ၍နေ၏။
5巴沙 聽見就停工,不修築 拉瑪 了。
6ထိုအခါ အာသ မင်းကြီး သည် ယုဒ လူအပေါင်း ကို ခေါ် သဖြင့် ၊ ရာမ မြို့၌ ဗာရှာ မင်းသွင်း သော ကျောက် နှင့် သစ်သား ကိုယူ သွား၍၊ ဂေဘ မြို့နှင့် မိဇပါ မြို့ကိုတည် ၏။
6於是 亞撒 王率領 猶大 眾人,將 巴沙 修築 拉瑪 所用的石頭、木頭都運去,用以修築 迦巴 和 米斯巴 。
7ထိုအခါ ပရောဖက် ဟာနန် သည် ယုဒ ရှင်ဘုရင် အာသ ထံ သို့လာ ၍ ၊ မင်းကြီးသည် မိမိ ဘုရားသခင် ထာဝရဘုရား ကို မ ခိုလှုံ ၊ ရှုရိ ရှင်ဘုရင် ကို ခိုလှုံ သောကြောင့် ၊ ရှုရိ ရှင် ဘုရင်၏ ဗိုလ်ခြေ တို့သည် မင်းကြီး လက် မှ လွတ် သွားကြပြီ။
7那時,先見 哈拿尼 來見 猶大 王 亞撒 ,對他說:「因你仰賴 亞蘭 王,沒有仰賴耶和華-你的上帝,所以 亞蘭 王的軍兵脫離了你的手。
8ကုရှ လူနှင့် လိဗု လူတို့သည် ရထား များ၊ မြင်းစီး သူရဲများနှင့်တကွ ၊ အားကြီး သော အလုံး အရင်းဖြစ် သည် မ ဟုတ်လော။သို့သော်လည်းမင်းကြီးသည် ထာဝရဘုရား ကို ခိုလှုံ သောကြောင့် ၊ ထိုအလုံးအရင်းကို မင်းကြီးလက် သို့ အပ်နှံ တော်မူပြီ။
8古實 人、 路比 人的軍隊不是甚大嗎?戰車馬兵不是極多嗎?只因你仰賴耶和華,他便將他們交在你手裏。
9ထာဝရဘုရား သည် စုံလင် သော စေတနာစိတ် ရှိသောသူ တို့ဘက် ၌၊ ခိုင်ခံ့ စွာ နေခြင်းငှါ ၊ မြေကြီး တပြင်လုံး ကို အနှံ့အပြား ကြည့်ရှု လျက် ရှိတော်မူ၏။ ဤ အမှု၌ မင်းကြီးသည် မိုက် စွာပြုပြီ။ ယခု မှစ၍ စစ်မှု ရှိ လိမ့်မည်ဟု ဆို၏။
9耶和華的眼目遍察全地,要顯大能幫助向他心存誠實的人。你這事行得愚昧;此後,你必有爭戰的事。」
10ထိုသို့ဆိုသောကြောင့် ၊ အာသ သည် ပရောဖက် ကို အမျက် ထွက်၍ ထောင် ထဲမှာ လှောင် ထား၏။ ထို ကာလ ၌ ပြည်သူ ပြည်သားအချို့တို့ကိုလည်း ညှဉ်းဆဲ ၏။
10亞撒 因此惱恨先見,將他囚在監裏。那時 亞撒 也虐待一些人民。
11အာသ မင်းပြုမူသော အမှု အရာအစ အဆုံး တို့ သည်၊ ဣသရေလ ရာဇဝင် နှင့် ယုဒ ရာဇဝင်၌ ရေးထား လျက်ရှိ၏။
11亞撒 所行的事,自始至終都寫在 猶大 和 以色列 諸王記上。
12နန်းစံ သုံးဆယ် ကိုး နှစ် တွင် ၊ ခြေ တော်၌ အနာ ရောဂါစွဲ ၍ ပြင်းစွာ ခံရသော်လည်း ၊ ထာဝရဘုရား ကို မ ဆည်းကပ် ၊ ဆေး သမားတို့ကိုသာ ဆည်းကပ်လေ၏။
12亞撒 作王三十九年,他腳上有病,而且甚重。病的時候沒有求耶和華,只求醫生。
13အာသ သည် ဘိုးဘေး တို့နှင့် အိပ်ပျော် ၍ ၊ နန်းစံ လေးဆယ် တ နှစ် တွင် အနိစ္စ ရောက်သဖြင့်၊
13他作王四十一年而死,與他列祖同睡,
14ဒါဝိဒ် မြို့ မှာ မိမိ အဘို့ မိမိ လုပ် နှင့်သော သင်္ချိုင်း ၌ ၊ ပြည်သားတို့သည် သင်္ဂြိုဟ် သောအခါ ၊ မွှေးကြိုင်သော နံ့သာမျိုးတို့ကို၊ ဆေးသမား အတတ်ဖြင့် ဘော် ၍ ၊ တလား၌ အပြည့်ထည့်ပြီးလျှင်၊ အလောင်း တော်ကို တင် ထားကြ၏။ အလွန် ကြီး သောမီးရှို့ ပွဲကိုလည်း ခံ ကြ၏။
14葬在 大衛城 自己所鑿的墳墓裏,放在床上,其床堆滿各樣馨香的香料,就是按做香的作法調和的香料,又為他燒了許多的物件。

Tip: use the ← and → keys to turn chapters.