၁ ဓမ္မရာဇဝင် 3
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Freedom Bible (フリーダム・バイブル)
1သူငယ် ရှမွေလ သည်၊ ဧလိ ရှေ့ တွင် ထာဝရဘုရား ၏ အမှု တော်ကို ဆောင်ရွက်လေ၏။ ထို ကာလ ၌ ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် နည်းပါး ၏။ ထင်ရှားသော ရူပါရုံ မ ရှိ။
1子どものサムエルはエリの前で主に仕えていた。その頃、主の言葉はまれで、幻もほとんどなかった。
2တရံရောအခါဧလိ သည် မိမိ နေရာ ၌ အိပ် လျက်၊ သူ ၏ မျက်စိ မှုန် သောကြောင့် မ မြင် နိုင် သည်ကာလ၊
2その頃、エリは自分の場所で横になっていた。彼の目はかすみ始め、見ることができなかった。
3ဘုရား သခင်၏ သေတ္တာ တော်ရှိ ရာထာဝရဘုရား အိမ် တော်၌ မီးခွက် မ သေ မှီ၊ ရှမွေလ သည်လည်း အိပ် လျက်ရှိသောအခါ၊
3神のともしびはまだ消えておらず、サムエルは神の箱がある主の神殿で横になっていた。
4ထာဝရဘုရား သည် ရှမွေလ ကို ခေါ် တော်မူ၍ ၊ ရှမွေလက အကျွန်ုပ် ရှိ ပါသည်ဟု ထူး သဖြင့်၊
4その時、主はサムエルを呼ばれた。彼は「はい、ここにおります」と言った。
5ဧလိ ထံသို့ ပြေး ၍ ၊ ကိုယ်တော်ခေါ် သောကြောင့် အကျွန်ုပ် လာပါသည်ဟု ဆို လျှင်၊ ဧလိက ငါမ ခေါ် ၊ အိပ် တော့ဟု ဆို သည်အတိုင်း ၊ ရှမွေလသွား ၍ အိပ် ပြန်လေ၏။
5彼はエリのところに走って行き、「はい、ここにおります。あなたがわたしを呼ばれたからです」と言った。 エリは「わたしは呼んでいない。戻って寝なさい」と言った。そこで彼は行って横になった。
6တဖန် ထာဝရဘုရား က၊ ရှမွေလ ဟု ခေါ် တော်မူလျှင် ၊ ရှမွေလ သည် ထ ပြီးလျှင် ၊ ဧလိ ထံသို့ သွား ၍ ၊ ကိုယ်တော်ခေါ် သောကြောင့် အကျွန်ုပ် လာပါသည်ဟု ဆို သော်၊ ဧလိက ငါမ ခေါ် ငါ့ သား ၊ အိပ် တော့ဟု ဆို ၏။
6主は再び「サムエルよ」と呼ばれた。 サムエルは起きてエリのところに行き、「はい、ここにおります。あなたがわたしを呼ばれたからです」と言った。 彼は答えた。「わたしは呼んでいない、わたしの子よ。戻って寝なさい。」
7ရှမွေလ သည် ထာဝရဘုရား ကို မ သိ သေး။ ဗျာဒိတ် တော်ကို မ ခံရ သေး။
7サムエルはまだ主を知らず、主の言葉もまだ彼に啓示されていなかった。
8တတိယ အကြိမ် ထာဝရဘုရား က၊ ရှမွေလ ဟု ခေါ် တော်မူလျှင် ၊ ရှမွေလထ ပြီးလျှင် ဧလိ ထံသို့ သွား ၍ ၊ ကိုယ်တော်ခေါ် သောကြောင့် အကျွန်ုပ် လာပါသည်ဟုဆို သော်၊ ထာဝရဘုရား သည် ထိုသူငယ် ကို ခေါ် တော်မူကြောင်း ကို ဧလိ သည် ရိပ်မိ လျှင်၊
8主は三度目に再びサムエルを呼ばれた。彼は起きてエリのところに行き、「はい、ここにおります。あなたがわたしを呼ばれたからです」と言った。 エリはその時、主がその子を呼んでおられることを悟った。
9သင်သွား ၍ အိပ် ဦးတော့၊ နောက် တဖန်ခေါ် လျှင် ၊ အိုထာဝရဘုရား အမိန့် ရှိတော်မူပါ။ ကိုယ်တော် ကျွန် ကြား ပါသည်ဟု လျှောက် ရမည်အကြောင်းရှမွေလ ကို မှာ ထားသည်အတိုင်း ၊ ရှမွေလ သွား ၍ မိမိ နေရာ ၌ အိပ် လေ၏။
9そこでエリはサムエルに言った。「行って横になりなさい。もし主があなたを呼ばれたら、あなたは『主よ、お話しください。しもべは聞いております』と言いなさい。」こうしてサムエルは行って自分の場所で横になった。
10ထာဝရဘုရား သည်လည်း ရှေ့နည်းတူလာ ရပ် လျက် ၊ ရှမွေလ ၊ ရှမွေလ ဟု ခေါ်တော်မူလျှင်၊ ရှမွေလ က၊ အိုထာဝရဘုရား အမိန့် ရှိတော်မူပါ။ ကိုယ်တော် ကျွန် ကြား ပါသည်ဟု လျှောက် လေသော်၊
10主が来て立たれ、他の時のように「サムエルよ、サムエルよ」と呼ばれた。 するとサムエルは言った。「お話しください。しもべは聞いております。」
11ထာဝရဘုရား က၊ သိတင်းကြား သောသူ တိုင်း နား နှစ် ဘက်ခါး စေခြင်းငှါ ငါ သည် ဣသရေလ အမျိုး၌ တစုံတခု ကိုပြု မည်။
11主はサムエルに言われた。「見よ、わたしはイスラエルにおいて一つのことを行う。それを聞く者は皆、両耳が鳴るであろう。
12ဧလိ အိမ်သား တို့တဘက် ၌ ငါပြော သမျှ အတိုင်း ထို နေ့ တွင် ငါပြုမည်။ ပြု စရှိပြီးမှ လက်စသတ် မည်။
12その日、わたしはエリの家についてわたしが語ったすべてのことを、初めから終わりまでエリに対して実行する。
13ထိုသူ ၏သား တို့သည် ကိုယ်ယုတ်မာ သည်တိုင်အောင်၊ ကိုယ်ပြုသောဒုစရိုက် အပြစ်ကို သူသိ သော်လည်း ကျပ်တည်း စွာ မ ဆုံးမဘဲနေသောကြောင့် ၊ သူ ၏ အိမ်သား တို့၌ ငါ သည် အစဉ်အမြဲ ဒဏ် ပေး မည်ဟု ငါပြော ပြီ။
13わたしは彼に、彼の家を永遠にさばくことを告げた。それは彼が知っている咎のためである。彼の息子たちが自分たちの上にのろいを招いたのに、彼が彼らを戒めなかったからである。
14ထိုကြောင့် ဧလိ ၏အိမ်သား တို့ အပြစ် သည် ယဇ် နှင့် ပူဇော် သက္ကာအားဖြင့် မ ဖြေ ၊ အစဉ်အမြဲ တည် ရမည် အကြောင်းသူတို့အား ငါ ကျိန်ဆို ပြီဟု မိန့် တော်မူ၏။
14それゆえ、わたしはエリの家について誓った。エリの家の咎は、いけにえやささげ物によって永遠に取り除かれることはない。」
15ရှမွေလ သည် နံနက် တိုင်အောင် အိပ် ပြီးမှ ၊ ထာဝရဘုရား ၏ အိမ် တော်တံခါး တို့ကို ဖွင့် လေ၏။ မြင်ရသော ရူပါရုံ ကို ဧလိ အား မကြားမ ပြော ဝံ့။
15サムエルは朝まで横たわり、主の家の戸を開けた。サムエルはその幻をエリに告げることを恐れた。
16ဧလိ က၊ ငါ့ သား ရှမွေလ ဟုခေါ် လျှင် ၊ ရှမွေလ က အကျွန်ုပ် ရှိပါသည်ဟု ထူး လေ၏။
16しかしエリはサムエルを呼んで言った。「サムエル、わたしの子よ。」 彼は「はい、ここにおります」と言った。
17ဧလိကလည်း၊ အဘယ်သို့ မိန့် တော်မူသနည်း။ ငါ့ အား ဝှက် မ ထားပါနှင့်။ မိန့် တော်မူသမျှ တစုံတခုကို ငါ့ အား ဝှက်ထား လျှင် ၊ မိန့်တော်မူသည်အတိုင်းမကသင် ၌ ပြု တော်မူပါစေသောဟု ဆို လေသော်၊
17エリは言った。「主があなたに語られた言葉は何であったか。どうか、わたしに隠さないでほしい。もし主があなたに語られたすべての言葉のうち、一つでもわたしに隠すなら、神があなたにそうされ、さらにそれ以上のことをされるように。」
18ရှမွေလ သည် တစုံတခုကိုမျှ ဝှက် မ ထား အလုံးစုံ တို့ကို ပြန် ကြား၏။ ဧလိကလည်း၊ ထာဝရဘုရား ဖြစ် လျှင် အလိုတော်ရှိသည်အတိုင်း ပြု တော်မူပါစေသောဟု ဝန်ခံ လေ၏။
18サムエルは彼にすべてを告げ、彼に何も隠さなかった。 彼は言った。「主である。主のよいと思われることを、主がなさるがよい。」
19ရှမွေလ သည် အစဉ်အတိုင်းကြီး ၍ ၊ ထာဝရဘုရား သည် သူ နှင့်အတူ ရှိ တော်မူသဖြင့် ၊ သူ ၏ စကား တခွန်းမျှ ပျက် စေခြင်းငှါအခွင့်ပေးတော်မ မူ။
19サムエルは成長し、主は彼とともにおられ、彼のどの言葉も地に落ちることはなかった。
20သူသည် ထာဝရဘုရား ၏ ပရောဖက် စစ် ဖြစ်ကြောင်း ကို ဣသရေလ အမျိုးသားအပေါင်း တို့သည်၊ ဒန် မြို့မှစ၍ ဗေရရှေဘ မြို့တိုင်အောင် သိ ကြ၏။
20ダンからベエル・シェバに至るまでの全イスラエルは、サムエルが主の預言者として立てられたことを知った。
21ထာဝရဘုရား သည် ရှိလော မြို့၌ အထပ်ထပ် ထင်ရှား တော်မူ၍၊ ထာဝရဘုရား ၏ နှုတ်ကပတ် တော် အားဖြင့် ရှမွေလ အား ဗျာဒိတ် ပေးတော်မူ၏။ ရှမွေလစကားသည်လည်း၊ ဣသရေလအမျိုးတရှောက်လုံးကို နှံ့ပြားလေ၏။
21主は再びシロに現れられた。主はシロで、主の言葉によってご自身をサムエルに現された。
Tip: use the ← and → keys to turn chapters.