၁ ဓမ္မရာဇဝင်

Old Testament

Chapter 17
Judson Burmese Bible (18…
vs Septuagint (Greek …
Aa
Text size
Line width
Verse numbers

၁ ဓမ္မရာဇဝင် 17

Judson Burmese Bible (1840)
Septuagint (Greek Old Testament), second edition
1ဖိလိတ္တိ လူတို့သည် ဗိုလ်ခြေ များကို နှိုးဆော်၍ ယုဒ ခရိုင် ရှောခေါ မြို့၌ စုဝေး သဖြင့် ၊ ရှောခေါ မြို့နှင့် အဇေကာ မြို့စပ်ကြား ဒမိမ် အရပ်မှာ တပ်ချ ကြ၏။
1ΚΑΙ συνάγουσιν ἀλλόφυλοι τὰς παρεμβολὰς αὐτῶν εἰς πόλεμον καὶ συνάγονται εἰς Σοκχὼθ τῆς Ἰουδαίας καὶ παρεμβάλλουσιν ἀνὰ μέσον Σοκχὼθ καὶ ἀνὰ μέσον Ἀζηκὰ Ἐφερμέμ.
2ရှောလု နှင့် ဣသရေလ လူ တို့သည် စုဝေး ၍ ဧလာချိုင့် နားမှာ တပ်ချ ၍ ဖိလိတ္တိ လူတို့ကို တိုက် မည်ဟု စစ်ခင်းကျင်း ကြ၏။
2καὶ Σαοὺλ καὶ οἱ ἄνδρες Ἰσραὴλ συνάγονται καὶ παρεμβάλλουσιν ἐν τῇ κοιλάδι αὐτοὶ καὶ παρατάσσονται εἰς πόλεμον ἐξεναντίας τῶν ἀλλοφύλων.
3ဖိလိတ္တိ လူအချို့တို့သည် ချိုင့်တစ်ဘက်၌ တောင် ပေါ် မှာရပ် လျက်၊ ဣသရေလ လူအချို့တို့သည် ချိုင့် တစ်ဘက် ၌ တောင် ပေါ် မှာ ရပ် လျက်ရှိကြ၏။
3καὶ ἀλλόφυλοι ἵστανται ἐπὶ τοῦ ὄρους ἐνταῦθα, καὶ Ἰσραὴλ ἵσταται ἐπὶ τοῦ ὄρους ἐνταῦθα, καὶ ὁ αὐλὼν ἀνὰ μέσον αὐτῶν.
4ခြောက် တောင် နှင့် တထွာ အရပ် မြင့်သော ဂါသ မြို့သားဂေါလျတ် အမည် ရှိသောသူရဲသည် ဖိလိတ္တိ တပ် ထဲက ထွက် လာ၏။
4καὶ ἐξῆλθεν ἀνὴρ δυνατὸς ἐκ τῆς παρατάξεως τῶν ἀλλοφύλων Γολιὰθ ὄνομα αὐτῶν ἐκ Γέθ, ὕψος αὐτοῦ τεσσάρων πήχεων καὶ σπιθαμῆς·
5သူသည် ခေါင်း ပေါ် မှာ ကြေးဝါ ခမောက်လုံး ကို ဆောင်း၍ အခွက်ငါးဆယ်အချိန် ရှိသောကြေးဝါချပ်အင်္ကျီကို ဝတ် ၏။
5καὶ περικεφαλαία ἐπὶ τῆς κεφαλῆς αὐτοῦ, καὶ θώρακα ἁλυσιδωτὸν αὐτὸς ἐνδεδυκώς, καὶ ὁ σταθμὸς τοῦ θώρακος αὐτοῦ πέντε χιλιάδες σίκλων χαλκοῦ καὶ σιδήρου·
6ကြေးဝါ ခြေ စွပ်ကို စွပ်လျက် ပခုံး ကြား မှာ ကြေးဝါ ကိဒုန် လက်နက်ကို ဆွဲလျက်ရှိ၏။
6καὶ κνημῖδες χαλκαῖ ἐπὶ τῶν σκελῶν αὐτοῦ, καὶ ἀσπὶς χαλκῆ ἀνὰ μέσον τῶν ὤμων αὐτοῦ·
7လှံ ရိုး ကား ရက်ကန်း လက်လိပ်နှင့်အမျှ ကြီး၏။ လှံ ကိုယ်ကား သံ ခြောက် ပိဿာ အချိန်ရှိ၏။ သူ့ ရှေ့ မှာ ဒိုင်း လွှားကို ဆောင် သောသူတယောက်သည် သွား ရ၏။
7καὶ ὁ κοντὸς τοῦ δόρατος αὐτοῦ ὡσεὶ μέσακλον ὑφαινόντων, καὶ ἡ λόγχη αὐτοῦ ἑξακοσίων σίκλων σιδήρου· καὶ ὁ αἴρων τὰ ὅπλα αὐτοῦ προεπορεύετο αὐτοῦ.
8ထိုသူရဲသည် ရပ် လျက် သင်တို့သည် စစ် ပြိုင်ခြင်းငှါ အဘယ်ကြောင့် ထွက် လာကြသနည်း။ ငါ သည် ဖိလိတ္တိ လူ၊ သင် တို့သည် ရှောလု ၏ ကျွန် ဖြစ်ကြသည် မ ဟုတ်လော။ လူ တယောက်ကို ရွေးကောက် ၍ ငါ နှင့်တိုက်ခြင်းငှါလာ ပါစေ။
8καὶ ἔστη καὶ ἀνεβόησεν εἰς τὴν παράταξιν Ἰσραὴλ καὶ εἶπεν αὐτοῖς· τί ἐκπορεύεσθε παρατάξασθαι πολέμῳ ἐξεναντίας ἡμῶν; οὐκ ἐγώ εἰμι ἀλλόφυλος καὶ ὑμεῖς Ἑβραῖοι τοῦ Σαούλ; ἐκλέξασθε ἑαυτοῖς ἄνδρα καὶ καταβήτω πρός με,
9သူသည် ငါ့ ကို တိုက် ၍ သတ် နိုင် လျှင် ငါတို့သည် သင် တို့၏ ကျွန် ခံ မည်။ သို့မဟုတ်ထိုသူ ကို ငါ နိုင် ၍ သတ် လျှင် ၊ သင်တို့သည် ငါ တို့၏ ကျွန် ခံ ၍ ငါ တို့အမှု ကို ဆောင်ရွက်ရကြမည်ဟု ဣသရေလ ဗိုလ်ခြေ တို့ကို ဟစ် ၍ ပြော ဆို၏။
9καὶ ἐὰν δυνηθῇ πολεμῆσαι πρός με καὶ ἐὰν πατάξῃ με, καὶ ἐσόμεθα ὑμῖν εἰς δούλους· ἐὰν δὲ ἐγὼ δυνηθῶ καὶ πατάξω αὐτόν, ἔσεσθε ἡμῖν εἰς δούλους καὶ δουλεύσετε ἡμῖν.
10တဖန် ထိုဖိလိတ္တိ လူက၊ ဣသရေလ ဗိုလ်ခြေ တို့ကို ယနေ့ ငါ ကြိမ်းပ ၏။ လူချင်းတိုက် စေခြင်းငှါလူ တယောက်ကို ပေး ကြလော့ဟု ဆို ၏။
10καὶ εἶπεν ὁ ἀλλόφυλος· ἰδοὺ ἐγὼ ὠνείδισα τὴν παράταξιν Ἰσραὴλ σήμερον ἐν τῇ ἡμέρᾳ ταύτῃ· δότε μοι ἄνδρα, καὶ μονομαχήσομεν ἀμφότεροι.
11ဖိလိတ္တိ လူပြောသော ထို စကား ကို ရှောလု နှင့် ဣသရေလ လူအပေါင်း တို့သည် ကြား လျှင် စိတ်ပျက် ၍ အလွန် ကြောက်ရွံ့ ကြ၏။
11καὶ ἤκουσε Σαοὺλ καὶ πᾶς Ἰσραὴλ τὰ ρήματα τοῦ ἀλλοφύλου ταῦτα καὶ ἐξέστησαν καὶ ἐφοβήθησαν σφόδρα. [
12ယုဒ ပြည်၊ ဗက်လင် မြို့၊ ဧဖရတ် အရပ်သားဖြစ်သော ဒါဝိဒ် ၏ အဘယေရှဲ သည် သား ရှစ် ယောက် ရှိ၏။ ရှောလု လက်ထက် ၌ ထိုသူသည် အသက် ကြီးသောသူ ၏ အရာရှိ၏။
12Καὶ εἶπε Δαυὶδ υἱὸς ἀνθρώπου Ἐφραθαίου· οὗτος ἐκ Βηθλεὲμ Ἰούδα, καὶ ὄνομα αὐτῷ Ἰεσσαί, καὶ αὐτῷ ὀκτῳ υἱοί· καὶ ὁ ἀνὴρ ἐν ταῖς ἡμέραις Σαοὺλ πρεσβύτερος ἐληλυθὼς ἐν ἀνδράσι.
13ယေရှဲ ၏သား တို့တွင် အသက် အကြီးဆုံး သောသူ သုံး ယောက်တို့သည် စစ်မှု ကို ထမ်း၍ ရှောလု နောက် သို့ လိုက် ကြ၏။ သူတို့အမည် ကား သားဦး ဧလျာဘ ၊ ဒုတိယ သားအဘိနဒပ် ၊ တတိယ သားရှိမာ တည်း။
13καὶ ἐπορεύθησαν οἱ τρεῖς υἱοὶ Ἰεσσαὶ οἱ μείζονες ὀπίσω Σαοὺλ εἰς πόλεμον, καὶ ὄνομα τῶν υἱῶν αὐτοῦ τῶν πορευθέντων εἰς τὸν πόλεμον, Ἐλιὰβ ὁ πρωτότοκος αὐτοῦ καὶ ὁ δεύτερος αὐτοῦ Ἀμιναδὰβ καὶ ὁ τρίτος αὐτοῦ Σαμμά.
14ဒါဝိဒ် သည် အငယ်ဆုံး သော သားဖြစ်၏။ သားကြီး သုံး ယောက်တို့သည် ရှောလု နောက် တော်သို့ လိုက် ကြသော်လည်း၊
14καὶ Δαυὶδ αὐτός ἐστιν ὁ νεώτερος καὶ οἱ τρεῖς οἱ μείζονες ἐπορεύθησαν ὀπίσω Σαούλ.
15ဒါဝိဒ် သည် မလိုက်၊ ဗက်လင် မြို့မှာ မိမိ အဘ ၏ သိုး တို့ကို ထိန်းကျောင်း ခြင်းငှါ ပြန် သွားလေ၏။
15Καὶ Δαυὶδ ἀπῆλθε καὶ ἀνέστρεψεν ἀπὸ τοῦ Σαούλ, ποιμαίνων τὰ πρόβατα τοῦ πατρὸς αὐτοῦ ἐν Βηθλεέμ.
16ဖိလိတ္တိ လူသည် အရက် လေး ဆယ်ပတ်လုံး၊ နံနက် တခါ၊ ညဦး တခါ ချဉ်းကပ် ၍ ကိုယ်ကို ပြ ၏။
16καὶ προῆγεν ὁ ἀλλόφυλος ὀρθρίζων καὶ ὀψίζων καὶ ἐστηλώθη τεσσαράκοντα ἡμέρας.
17ထိုအခါ ယေရှဲ သည် မိမိ သား ဒါဝိဒ် ကို ခေါ်၍၊ သင့် အစ်ကို တို့အဘို့ ဤ ပေါက်ပေါက် တဧဖာ နှင့် ဤ မုန့် ဆယ် လုံးတို့ကို ယူ ၍ အစ်ကို တို့ရှိရာတပ် တော်သို့ ပြေး သွားလော့။
17καὶ εἶπεν Ἰεσσαὶ πρὸς Δαυίδ· λαβὲ δὴ τοῖς ἀδελφοῖς σου οἰφὶ τοῦ ἀλφίτου καὶ δέκα ἄρτους τούτους καὶ διάδραμε εἰς τὴν παρεμβολὴν καὶ δὸς τοῖς ἀδελφοῖς σου,
18ဤ ဒိန်ခဲ ဆယ် လုံးကိုလည်း ယူ ၍ သူတို့တပ်မှူး အား ဆက်လော့။ သင့် အစ်ကို တို့သည် ကျန်းမာ ခြင်း ရှိသည် မရှိသည်ကို ကြည့်ရှု ပြီးမှ ၊ သူ တို့ထံမှာသက်သေ တစုံတခုကို ခံယူ လော့ဟုမှာ လိုက်လေ၏။
18καὶ τὰς δέκα τρυφαλίδας τοῦ γάλακτος τούτου εἰσοίσεις τῷ χιλιάρχῳ, καὶ τοὺς ἀδελφούς σου ἐπισκέψῃ εἰς εἰρήνην, καὶ ὅσα ἂν χρῃ£ζωσι γνώσῃ.
19ထိုကာလ၌ ရှောလု မှစ၍ ဒါဝိဒ်အစ်ကိုတို့နှင့် ဣသရေလ လူ အပေါင်း တို့သည် ဧလာချိုင့် မှာ ဖိလိတ္တိ လူတို့ကို စစ်တိုက် လျက် ရှိကြ၏။
19καὶ Σαοὺλ αὐτὸς καὶ πᾶς ἀνὴρ Ἰσραὴλ ἐν τῇ κοιλάδι τῆς δρυὸς πολεμοῦντες μετὰ τῶν ἀλλοφύλων.
20ဒါဝိဒ် သည် နံနက် စောစောထ ၍ သိုး တို့ကို သိုးထိန်း ၌ အပ် ပြီးလျှင် ၊ အဘမှာ လိုက်သည် အတိုင်း စားစရာကိုယူသွား၍၊ ရိက္ခါလှည်းထားရာသို့ ရောက် သောအခါ၊
20καὶ ὤρθρισε Δαυὶδ τὸ πρωΐ, καὶ ἀφῆκε τὰ πρόβατα φύλακι, καὶ ἔλαβε καὶ ἀπῆλθε, καθὰ ἐνετείλατο αὐτῷ Ἰεσσαί· καὶ ἦλθεν εἰς τὴν στρογγύλωσιν καὶ δύναμιν τὴν ἐκπορευομένην εἰς τὴν παράταξιν· καὶ ἠλάλαξαν ἐν τῷ πολέμῳ.
21ဣသရေလ တပ်သားတို့နှင့် ဖိလိတ္တိ တပ်သားတို့သည် စစ်ခင်းကျင်း ၍ စစ် တလင်းသို့ ချီ လျက် ၊ စစ်တိုက် မည်အသံနှင့် ကြွေးကြော် ကြ၏။
21καὶ παρετάξαντο Ἰσραὴλ καὶ οἱ ἀλλόφυλοι παράταξιν ἐξεναντίας παρατάξεως.
22ဒါဝိဒ် သည် မိမိ ၌ ပါသောအရာ တို့ကို ရိက္ခါ စောင့် လက် ၌ အပ် ထားပြီးလျှင် ၊ တပ်သားစုထဲသို့ ပြေး ၍ မိမိ အစ်ကို တို့ကို နှုတ်ဆက် ၏။
22καὶ ἀφῆκε Δαυὶδ τὰ σκεύη αὐτοῦ ἀφ᾿ ἑαυτοῦ ἐπὶ χεῖρα φύλακος καὶ ἔδραμεν εἰς τὴν παράταξιν καὶ ἦλθε καὶ ἠρώτησε τοὺς ἀδελφοὺς αὐτοῦ εἰς εἰρήνην.
23သူ တို့နှင့် ပြော စဉ်တွင်၊ ဖိလိတ္တိ လူ၊ ဂါသ မြို့သားဂေါလျတ် အမည်ရှိသောသူရဲသည်ဖိလိတ္တိ တပ် ထဲက ထွက် လာ၍ ယမန်ကဲ့သို့ ပြောဆို သည်ကို ဒါဝိဒ် သည် ကြား လေ၏။
23καὶ αὐτοῦ λαλοῦντος μετ᾿ αὐτῶν, ἰδοὺ ἀνὴρ ὁ μεσαῖος ἀνέβαινε, Γολιὰθ ὁ Φιλισταῖος ὄνομα αὐτῷ ἐκ Γέθ, ἐκ τῶν παρατάξεων τῶν ἀλλοφύλων, καὶ ἐλάλησε κατὰ τὰ ρήματα ταῦτα καὶ ἤκουσε Δαυίδ.
24ဣသရေလ လူ အပေါင်း တို့သည် ထိုသူ ကို မြင် သောအခါ အလွန် ကြောက်ရွံ့ ၍ ပြေး ကြ၏။
24Καὶ πᾶς ἀνὴρ Ἰσραὴλ ἐν τῷ ἰδεῖν αὐτοὺς τὸν ἄνδρα, καὶ ἔφυγον ἐκ προσώπου αὐτοῦ καὶ ἐφοβήθησαν σφόδρα.
25အချို့တို့ကလည်း၊ ထို လူ ထွက် လာသည်ကို မြင် သလော။ ဣသရေလ အမျိုးကို ကြိမ်းပ လျက်ထွက် လာ ပါသည်တကား။ သူ့ ကိုသတ် သော သူအား ရှင် ဘုရင်သည် ကြီး သော စည်းစိမ် နှင့် ချီးမြှောက် ၍ သမီး တော်ကိုလည်း ပေးစား တော်မူမည်။ ထိုသူ ၏ အဆွေအမျိုး ကိုလည်း ဣသရေလ နိုင်ငံတွင် မင်းမှုလွှတ် တော်မူမည်ဟု ပြောဆို ကြ၏။
25καὶ εἶπεν ἀνὴρ Ἰσραήλ· εἰ ἑωράκατε τὸν ἄνδρα τὸν ἀναβαίνοντα τοῦτον, ὅτι ὀνειδῖσαι τὸν Ἰσραὴλ ἀνέβη; καὶ ἔσται ἀνήρ, ὃς ἂν πατάξῃ αὐτόν, πλουτίσει αὐτὸν ὁ βασιλεὺς πλοῦτον μέγαν καὶ τὴν θυγατέρα αὐτοῦ δώσει αὐτῷ καὶ τὸν οἶκον τοῦ πατρὸς αὐτοῦ ποιήσει ἐλεύθερον ἐν τῷ ἰσραήλ.
26ဒါဝိဒ် ကလည်း ၊ ထိုဖိလိတ္တိ လူကို သတ် ၍ ဣသရေလ အမျိုးခံသော အရှက်ကွဲ ခြင်းကို ပယ်ရှင်း သော သူသည် အဘယ် အကျိုး ကို ရလိမ့်မည်နည်း။ အသက် ရှင်တော်မူသောဘုရား သခင်၏ ဗိုလ်ခြေ တို့ကို ကြိမ်းပ ရမည်အကြောင်း ၊ အရေဖျား လှီးခြင်းကို မခံသော ထိုဖိလိတ္တိ လူသည် အဘယ်သို့ သောသူဖြစ် သနည်းဟု မိမိ အနား မှာရှိ သောသူတို့ အား မေးမြန်း လျှင်၊
26καὶ εἶπε Δαυὶδ πρὸς τοὺς ἄνδρας τοὺς συνεστηκότας μετ᾿ αὐτοῦ λέγων· ἢ ποιηθήσεται τῷ ἀνδρί, ὃς ἂν πατάξει τὸν ἀλλόφυλον ἐκεῖνον, καὶ ἀφελεῖ ὀνειδισμὸν ἀπὸ Ἰσραήλ; ὅτι τίς ἀλλόφυλος ὁ ἀπερίτμητος αὐτός, ὅτι ὠνείδισε παράταξιν Θεοῦ ζῶντος;
27သူတို့က၊ ထိုလူကို သတ် သော သူ သည် ဤ မည်သော အကျိုးကို ရလိမ့်မည်ဟု ယမန်ကဲ့သို့ ပြန်ပြော ကြ၏။
27καὶ εἶπεν αὐτῷ ὁ λαὸς κατὰ τὸ ρῆμα τοῦτο λέγων· οὕτως ποιηθήσεται τῷ ἀνδρί, ὃς ἂν πατάξει αὐτόν.
28ထိုသူတို့နှင့် ဒါဝိဒ်ပြော သည်ကို အစ်ကို အကြီး ဧလျာဘ ကြား လျှင် ဒါဝိဒ် ကို အမျက် ထွက် ၍ ၊ သင်သည် အဘယ်ကြောင့် ဤ အရပ်သို့ လာ သနည်း။ ထို နည်း သော သိုး တို့ကို တော တွင် အဘယ်သူ လက်၌ အပ် ခဲ့သနည်း။ သင့် မာန ကြီးခြင်း၊ သင့် စိတ် နှလုံးဆိုးညစ် ခြင်းကို ငါ သိ ၏။ စစ်ပွဲ ကို ကြည့်ရှု ခြင်းငှါ သာ လာ ပြီဟု ဆို ၏။
28καὶ ἤκουσεν Ἐλιὰβ ὁ ἀδελφὸς αὐτοῦ ὁ μείζων ἐν τῷ λαλεῖν αὐτὸν πρὸς τοὺς ἄνδρας καὶ ὠργίσθη θυμῷ Ἐλιὰβ ἐν τῷ Δαυὶδ καὶ εἶπεν· ἱνατί τοῦτο κατέβης καὶ ἐπὶ τίνα ἀφῆκας τὰ μικρὰ πρόβατα ἐκεῖνα ἐν τῇ ἐρήμῳ; ἐγὼ οἶδα τὴν ὑπερηφανίαν σου καὶ τὴν κακίαν τῆς καρδίας σου, ὅτι ἕνεκεν τοῦ ἰδεῖν τὸν πόλεμον κατέβης.
29ဒါဝိဒ် ကလည်း ၊ အကျွန်ုပ်သည် အဘယ် အမှုကို ပြု မိသနည်း။ ယခု ပြော စရာ အကြောင်းမ ရှိလော ဟု ဆို သောနောက်၊
29καὶ εἶπε Δαυίδ· τί ἐποίησα νῦν; οὐχί ρῆμά ἐστι;
30အခြား သောသူတို့ထံသို့ လှည့် ၍ ယမန်ကဲ့သို့ မေးမြန်း လျှင် ၊ သူတို့သည် ရှေ့အတူ ပြန် ပြောကြ၏။
30καὶ ἐπέστρεψε παρ᾿ αὐτοῦ εἰς ἐναντίον ἑτέρου καὶ εἶπε κατὰ τὸ ρῆμα τοῦτο, καὶἀπεκρίθη αὐτῷ ὁ λαὸς κατὰ τὸ ρῆμα τοῦ πρώτου.
31ထိုသို့ ဒါဝိဒ် ပြော သော စကား ကို ကြား သောသူတို့ သည် ရှောလု ထံ တော်၌ ကြား လျှောက်သော်၊ ဒါဝိဒ်ကို ခေါ် တော်မူ၏။
31καὶ ἠκούσθησαν οἱ λόγοι, οὓς ἐλάλησε Δαυίδ, καὶ ἀνηγγέλησαν ὀπίσω Σαοὺλ καὶ παρέλαβεν αὐτόν.]
32ဒါဝိဒ် ကလည်း ထိုလူကြောင့် အဘယ်သူ မျှစိတ် မ ပျက် ပါစေနှင့်။ ကိုယ်တော် ကျွန် သွား ၍ ထို ဖိလိတ္တိ လူကို တိုက် ပါမည်ဟု ရှောလု အား လျှောက် လျှင်၊
32Καὶ εἶπε Δαυὶδ πρὸς Σαούλ· μὴ δὴ συμπεσέτω καρδία τοῦ Κυρίου μου ἐπ᾿ αὐτόν· ὁ δοῦλός σου πορεύσεται καὶ πολεμήσει μετὰ τοῦ ἀλλοφύλου τούτου.
33ရှောလု က၊ သင်သည် ထို ဖိလိတ္တိ လူကို သွား၍ မ တိုက် နိုင်။။ သင် သည် နုပျို သောသူဖြစ်၏။ ထိုသူ သည် ပျို သောအရွယ်မှစ၍ စစ် သူရဲဖြစ်ခဲ့ပြီဟု ဒါဝိဒ် အား ဆို သော်၊
33καὶ εἶπε Σαοὺλ πρὸς τὸν Δαυὶδ· οὐ μὴ δυνήσῃ πορευθῆναι πρὸς τὸν ἀλλόφυλον τοῦ πολεμεῖν μετ᾿ αὐτοῦ, ὅτι παιδάριον εἶ σύ, καὶ αὐτὸς ἀνὴρ πολεμιστὴς ἐκ νεότητος αὐτοῦ.
34ဒါဝိဒ် က၊ ကိုယ်တော် ကျွန် သည် အဘ ၏ သိုး တို့ကို ထိန်း ကျောင်းစဉ် အခါ၊ ခြင်္သေ့ နှင့် ဝံ သည်လာ ၍ သိုးသငယ် ကို သိုးစု ထဲက ကိုက်ချီ ပါ၏။
34καὶ εἶπε Δαυὶδ πρὸς Σαούλ· ποιμαίνων ἦν ὁ δοῦλός σου τῷ πατρὶ αὐτοῦ ἐν τῷ ποιμνίῳ, καὶ ὅταν ἤρχετο ὁ λέων καὶ ἡ ἄρκος καὶ ἐλάμβανε πρόβατον ἐκ τῆς ἀγέλης,
35ကျွန်တော်လိုက် ၍ သတ် သဖြင့် သိုးသငယ်ကို သူ့ ပစပ် ထဲက နှုတ် ပါ၏။ ဝံသည် ကျွန်တော် ကို ပြန် ၍ ကိုက်သောအခါ ၊ ဝံ၏မုတ်ဆိတ် ကို ကိုင် ၍ ရိုက် သတ် ပါ၏။
35καὶ ἐξεπορευόμην ὀπίσω αὐτοῦ καὶ ἐπάταξα αὐτὸν καὶ ἐξέσπασα ἐκ τοῦ στόματος αὐτοῦ, καὶ εἰ ἐπανίστατο ἐπ᾿ ἐμέ, καὶ ἐκράτησα τοῦ φάρυγγος αὐτοῦ καὶ ἐπάταξα καὶ ἐθανάτωσα αὐτόν.
36ကိုယ်တော် ကျွန် သည် ခြင်္သေ့ နှင့် ဝံ နှစ်ကောင်လုံးကိုသတ် ပါ၏။ အရေဖျား လှီးခြင်းကို မခံသော ထို ဖိလိတ္တိ လူသည် အသက် ရှင်တော်မူသောဘုရား သခင်၏ ဗိုလ်ခြေ တို့ကို ကြိမ်းပ သောကြောင့် ၊ ထိုအကောင်တကောင် ကဲ့သို့ ဖြစ် ပါလိမ့်မည်။
36καὶ τὸν λέοντα καὶ τὴν ἄρκον ἔτυπτεν ὁ δοῦλός σου, καὶ ἔσται ὁ ἀλλόφυλος ὁ ἀπερίτμητος ὡς ἓν τούτων· οὐχὶ πορεύσομαι καὶ πατάξω αὐτόν, καὶ ἀφελῶ σήμερον ὄνειδος ἐξ Ἰσραήλ; διότι τίς ὁ ἀπερίτμητος οὗτος, ὃς ὠνείδισε παράταξιν Θεοῦ ζῶντος;
37ခြင်္သေ့ လက် ၊ ဝံ လက် မှ ကျွန်တော် ကို ကယ်နှုတ် တော်မူသော ထာဝရဘုရား သည်၊ ထို ဖိလိတ္တိ လူလက် မှ ကယ်နှုတ် တော်မူလိမ့်မည်ဟု ရှောလုအား လျှောက် လေသော် ၊ ရှောလု ကသွား လော့။ ထာဝရဘုရား သည် သင် နှင့်အတူ ရှိ တော်မူပါစေသောဟု ဒါဝိဒ် အား ဆို လေ၏။
37Κύριος, ὃς ἐξείλατό με ἐκ χειρὸς τοῦ λέοντος καὶ ἐκ χειρὸς τῆς ἄρκου, αὐτὸς ἐξελεῖταί με ἐκ χειρὸς τοῦ ἀλλοφύλου τοῦ ἀπεριτμήτου τούτου. καὶ εἶπε Σαοὺλ πρὸς Δαυίδ· πορεύου, καὶ ἔσται Κύριος μετὰ σοῦ.
38ရှောလု သည်လည်း ဒါဝိဒ် ကို မိမိ အဝတ် နှင့်ဝတ် စေသဖြင့် ၊ သူ ၏ခေါင်း ပေါ် မှာ ကြေးဝါ ခမောက်လုံး ကိုတင် ၍ ၊ သံချပ် အင်္ကျီကိုလည်း ဝတ် စေ၏။
38καὶ ἐνέδυσε Σαοὺλ τὸν Δαυὶδ μανδύαν καὶ περικεφαλαίαν χαλκῆν περὶ τὴν κεφαλήν αὐτοῦ
39ဒါဝိဒ် သည် ထား တော်ကို အဝတ် ပေါ် မှာ စည်း ၍ သွား မည်ဟု အားထုတ် သော်လည်း၊ ထိုလက်နက်များကို မ စုံစမ်း သေး။ သို့ဖြစ်၍ ဒါဝိဒ် က ဤ လက်နက်တို့နှင့် ကျွန်တော်မ သွား နိုင် ပါ၊ မ စုံစမ်း ပါသေး ဟု ရှောလု အား လျှောက် ၍ ချွတ် ပြန်လေ၏။
39καὶ ἔζωσε τὸν Δαυὶδ τὴν ρομφαίαν αὐτοῦ ἐπάνω τοῦ μανδύου αὐτοῦ. καὶ ἐκοπίασε περιπατήσας ἅπαξ καὶ δίς· καὶ εἶπε Δαυὶδ πρὸς Σαούλ· οὐ μὴ δύνωμαι πορευθῆναι ἐν τούτοις, ὅτι οὐ πεπείραμαι. καὶ ἀφαιροῦσιν αὐτὰ ἀπ᾿ αὐτοῦ.
40တဖန် မိမိ တောင်ဝေး ကို ကိုင် လျက် ၊ ချော သောကျောက် ငါး လုံးကို ချောင်း ထဲက ရွေး ၍ ၊ သိုးထိန်း တန်ဆာတည်းဟူသောလွယ်အိတ် ၌ ထည့် ပြီးမှ၊ လောက်လွှဲ ကိုလည်း ကိုင်၍ ဖိလိတ္တိ လူရှိရာသို့ ချဉ်း လေ၏။
40καὶ ἔλαβε τὴν βακτηρίαν αὐτοῦ ἐν τῇ χειρὶ αὐτοῦ καὶ ἐξελέξατο ἑαυτῷ πέντε λίθους λείους ἐκ τοῦ χειμάρρου καὶ ἔθετο αὐτοὺς ἐν τῷ καδίῳ τῷ ποιμαινικῷ τῷ ὄντι αὐτῷ εἰς συλλογὴ καὶ σφενδόνην αὐτοῦ ἐν τῇ χειρὶ αὐτοῦ καὶ προσῆλθε πρὸς τὸν ἄνδρα τὸν ἀλλόφυλον.
41ဖိလိတ္တိ လူသည်လည်း ဒါဝိဒ် ရှိရာသို့ ချဉ်း ၍ သူ့ ရှေ့ မှာ ဒိုင်း လွှားကို ဆောင် သောသူလည်း သွား ၏။
41[Καὶ ἐπορεύθη ὁ ἀλλόφυλος πορευόμενος καὶ ἐγγίζων πρὸς Δαυίδ, καὶ ἀνὴρ ὁ αἴρων τὸν θυρεὸν ἔμπροσθεν αὐτοῦ, καὶ ἐπέβλεψεν ὁ ἀλλόφυλος.]
42ဖိလိတ္တိ လူသည် ကြည့် ၍ ဒါဝိဒ် ကို မြင် သောအခါ မထီမဲ့မြင် ပြု၏။ အကြောင်း မူကား၊ သူသည် နုပျို သောသူ၊ ဆံပင်နီ ၍ မျက်နှာ လှ သောသူဖြစ် ၏။
42καὶ εἶδε Γολιὰθ τὸν Δαυὶδ καὶ ἐξητίμασεν αὐτόν, ὅτι αὐτὸς ἦν παιδάριον καὶ αὐτὸς πυρράκης μετὰ κάλλους ὀφθαλμῶν.
43ဖိလိတ္တိ လူက၊ သင် သည် တောင်ဝေး နှင့် ငါ့ ထံသို့ လာ ရမည်အကြောင်း ၊ ငါ သည် ခွေး ဖြစ်သလော ဟုမေး လျက် ၊ မိမိ ဘုရား တို့ကို တိုင်တည်၍ ဒါဝိဒ် ကို ကျိန်ဆဲ လေ၏။
43καὶ εἶπεν ὁ ἀλλόφυλος πρὸς Δαυίδ· ὡσεὶ κύων ἐγώ εἰμι, ὅτι σὺ ἔρχῃ ἐπ᾿ ἐμὲ ἐν ράβδῳ καὶ λίθοις; καὶ εἶπε Δαυίδ· οὐχί, ἀλλ᾿ ἢ χείρων κυνός. καὶ κατηράσατο ὁ ἀλλόφυλος τὸν Δαυὶδ ἐν τοῖς θεοῖς αὐτοῦ.
44တဖန် ဖိလိတ္တိ လူက လာ ခဲ့။ သင့် အသား ကို မိုဃ်း ကောင်းကင်ငှက် နှင့် တော သားရဲ တို့အား ငါပေး မည်ဟု ဒါဝိဒ် ကို ဆို ၏။
44καὶ εἶπεν ὁ ἀλλόφυλος πρὸς Δαυίδ· δεῦρο πρός με, καὶ δώσω τὰς σάρκας σου τοῖς πετεινοῖς τοῦ οὐρανοῦ καὶ τοῖς κτήνεσι τῆς γῆς.
45ဒါဝိဒ် ကသင် သည် ထား ၊ လှံ ၊ ကိဒုန် ပါ လျက် ငါ့ ထံသို့ လာ ၏။ ငါ သည် သင် ကြိမ်းပ သော ဣသရေလ ဗိုလ်ခြေ တို့၏ ဘုရား သခင်၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား ၏ နာမ တော်ပါ လျက် သင် ရှိရာသို့ လာ ၏။
45καὶ εἶπε Δαυὶδ πρὸς τὸν ἀλλόφυλον· σὺ ἔρχῃ πρός με ἐν ρομφαίᾳ καὶ ἐν δόρατι καὶ ἐν ἀσπίδι, κἀγὼ πορεύομαι πρός σε ἐν ὀνόματι Κυρίου Θεοῦ Σαβαὼθ παρατάξεως Ἰσραήλ, ἣν ὠνείδισας σήμερον·
46ထာဝရဘုရား သည် သင့် ကို ငါ့ လက် ၌ ယနေ့ အပ် တော်မူသဖြင့် ၊ သင့် ကို ငါသတ် ၍ လည်ပင်း ကို ဖြတ် မည်။ ဖိလိတ္တိ ဗိုလ်ခြေ အသေကောင် များကို မိုဃ်း ကောင်းကင်ငှက် နှင့် တော သားရဲ တို့အား ယနေ့ ငါပေး မည်။ ဣသရေလ အမျိုး၌ ဘုရား သခင်ရှိ တော်မူသည်ကို မြေကြီး သားအပေါင်း တို့ သည်သိ ရကြလိမ့်မည်။
46καὶ ἀποκλείσει σε Κύριος σήμερον εἰς τὴν χεῖρά μου, καὶ ἀποκτενῶ σε καὶ ἀφελῶ τὴν κεφαλήν σου ἀπὸ σοῦ καὶ δώσω τὰ κῶλά σου καὶ τὰ κῶλα παρεμβολῆς ἀλλοφύλων ἐν ταύτῃ τῇ ἡμέρᾳ τοῖς πετεινοῖς τοῦ οὐρανοῦ καὶ τοῖς θηρίοις τῆς γῆς, καὶ γνώσεται πᾶσα ἡ γῆ, ὅτι ἔστι Θεὸς ἐν Ἰσραήλ·
47ထာဝရဘုရား သည် ထား လှံ အားဖြင့် ကယ်တင် တော်မ မူကြောင်း ကို၊ ဤ ပရိသတ် အပေါင်း တို့သည် သိ ရကြလိမ့်မည်။ အကြောင်း မူကား၊ ထာဝရဘုရား သည် စစ်မှု ကို ပိုင်၍၊ ငါ တို့လက် သို့ အပ်နှံ တော်မူ မည်ဟု ဖိလိတ္တိလူအား ဆို၏။
47καὶ γνώσεται πᾶσα ἡ ἐκκλησία αὕτη ὅτι οὐκ ἐν ρομφαίᾳ καὶ δόρατι σῴζει Κύριος, ὅτι τοῦ Κυρίου ὁ πόλεμος, καὶ παραδώσει Κύριος ὑμᾶς εἰς χεῖρας ἡμῶν.
48ဖိလိတ္တိ လူသည်ထ ၍ ဒါဝိဒ် နှင့်တွေ့ ခြင်းငှါ ချဉ်း လာသောအခါ ၊ ဒါဝိဒ် သည်လည်း ဖိလိတ္တိ လူနှင့် တွေ့ ခြင်းငှါ ဗိုလ်ခြေ ရှိရာသို့ အလျင်အမြန် ပြေး ပြီးမှ၊
48καὶ ἀνέστη ὁ ἀλλόφυλος καὶ ἐπορεύθη εἰς συνάντησιν Δαυίδ.
49လွယ်အိတ် ထဲက ကျောက် တလုံးကို နှိုက်ယူ ၍ လွှဲပစ် ၏။ ဖိလိတ္တိ လူ၏ နဖူး ကို မှန်၍ နဖူး ပေါက် သဖြင့် သူသည် မြေ ပေါ် မှာ ငိုက်စိုက် လဲ လေ၏။
49καὶ ἐξέτεινε Δαυὶδ τὴν χεῖρα αὐτοῦ εἰς τὸ κάδιον καὶ ἔλαβεν ἐκεῖθεν λίθον ἕνα καὶ ἐσφενδόνισε καὶ ἐπάταξε τὸν ἀλλόφυλον ἐπὶ τὸ μέτωπον αὐτοῦ, καὶ διέθυ ὁ λίθος διά τῆς περικεφαλαίας εἰς τὸ μέτωπον αὐτοῦ, καὶ ἔπεσεν ἐπί πρόσωπον αὐτοῦ ἐπὶ τὴν γῆν.
50ထိုသို့ ဒါဝိဒ်သည် လောက်လွှဲ နှင့် ကျောက် တလုံးအားဖြင့် နိုင်လျက် ထိခိုက် ၍ သတ် လေ၏။
50[Καὶ ἐκραταίωσε Δαυὶδ ὑπὲρ τὸν ἀλλόφυλον ἐν τῇ σφενδόνῃ καὶ ἐν τῷ λίθῳ, καὶ ἐπάταξε τὸν ἀλλόφυλον καὶ ἐθανάτωσεν αὐτόν· καὶ ρομφαία οὐκ ἦν ἐν χειρὶ Δαυίδ.]
51ထိုအခါ ဒါဝိဒ် သည် ထား မ ပါသောကြောင့် ပြေး ၍ ဖိလိတ္တိ လူကို နင်း လျက် ၊ သူ ၏ ထား ကို ထားအိမ် မှ နှုတ် ဆွဲပြီးလျှင် လည်ပင်း ကို ဖြတ် ၍ အပြီးသတ်လေ၏။ ဖိလိတ္တိ လူတို့သည် သူ တို့၏ သူရဲ သေ ကြောင်း ကို မြင် သောအခါ ပြေး ကြ၏။
51καὶ ἔδραμε Δαυὶδ καὶ ἐπέστη ἐπ᾿ αὐτὸν καὶ ἔλαβε τὴν ρομφαίαν αὐτοῦ καὶ ἐθανάτωσεν αὐτὸν καὶ ἀφεῖλε τὴν κεφαλήν αὐτοῦ. καὶ εἶδον οἱ ἀλλόφυλοι ὅτι τέθνηκεν ὁ δυνατὸς αὐτῶν, καὶ ἔφυγον.
52ထိုအခါ ဣသရေလ အမျိုး ၊ ယုဒ အမျိုးသားတို့သည် ထ ၍ ကြွေးကြော် လျက် ချိုင့် တိုင်အောင် ၎င်း ၊ ဧကြုန် မြို့ တံခါး တိုင်အောင် ၎င်း၊ ဖိလိတ္တိ လူတို့ကို လိုက် ကြ၏။ ထိခိုက် သော ဖိလိတ္တိ လူတို့သည် ရှာရိမ် မြို့ လမ်း နားမှစ၍ဂါသ မြို့၊ ဧကြုန် မြို့တိုင်အောင် လဲ ကြ၏။
52καὶ ἀνίστανται ἄνδρες Ἰσραὴλ καὶ Ἰούδα καὶ ἠλάλαξαν καὶ κατεδίωξαν ὀπίσω αὐτῶν ἕως εἰσόδου Γὲθ καὶ ἕως τῆς πύλης Ἀσκάλωνος, καὶ ἔπεσον τραυματίαι τῶν ἀλλοφύλων ἐν τῇ ὁδῷ τῶν πυλῶν καὶ ἕως Γὲθ καὶ ἕως Ἀκκαρών.
53ဣသရေလ အမျိုးသား တို့သည် ဖိလိတ္တိ လူတို့ကို လိုက် ရာမှ ပြန် လာ၍ သူ တို့တဲ များကို လုယူ ကြ၏။
53καὶ ἀνέστρεψαν ἄνδρες Ἰσραὴλ ἐκκλίνοντες ὀπίσω τῶν ἀλλοφύλων καὶ κατεπάτουν τὰς παρεμβολὰς αὐτῶν.
54ဒါဝိဒ် သည် ဖိလိတ္တိ လူ၏ ဦးခေါင်း ကို ယူ ၍ ယေရုရှလင် မြို့သို့ ဆောင် သွား၏။ သူ ၏လက်နက် များ ကို မိမိ တဲ ၌ ထား ၏။
54καὶ ἔλαβε Δαυὶδ τὴν κεφαλὴν τοῦ ἀλλοφύλου, καὶ ἤνεγκεν αὐτὴν εἰς Ἱερουσαλὴμ καὶ τὰ σκεύη αὐτοῦ ἔθηκεν ἐν τῷ σκηνώματι αὐτοῦ.
55ဒါဝိဒ် သည် ဖိလိတ္တိ လူကို တိုက် ခြင်းငှါ ထွက်သွား သည်ကို ရှောလု သည်မြင် လျှင် ၊ ထို လုလင် ကား အဘယ်သူ ၏ သား ဖြစ်သနည်းဟု ဗိုလ်ချုပ် မင်းအာဗနာ ကို မေး ၏။ အာဗနာ ကလည်း ၊ အရှင်မင်းကြီး အသက် တော် ရှင် သည်အတိုင်း ကျွန်တော်မ သိ ပါဟု လျှောက် လျှင်၊
55[Καὶ ὡς εἶδε Σαοὺλ τὸν Δαυὶδ ἐκπορευόμενον εἰς ἀπάντησιν τοῦ ἀλλοφύλου, εἶπε πρὸς Ἀβεννὴρ τὸν ἄρχοντα τῆς δυνάμεως· Υἱὸς τίνος ὁ νεανίσκος οὗτος; καὶ εἶπεν Ἀβεννήρ· ζῇ ἡ ψυχή σου, βασιλεῦ, εἰ οἶδα.
56ရှင်ဘုရင် က၊ ထို လုလင် သည် အဘယ်သူ ၏ သား ဖြစ်လိမ့်မည်ကို မေး စစ်လော့ဟု မိန့် တော်မူ၏။
56καὶ εἶπεν ὁ βασιλεύς· ἐπερώτησον σύ, υἱὸς τίνος ὁ νεανίσκος οὗτος.
57ဒါဝိဒ် သည် ဖိလိတ္တိ လူကို သတ် ပြီးမှ ၊ သူ၏ ဦးခေါင်း ကို ကိုင် လျက် ပြန် လာသောအခါ ၊ အာဗနာ သည် ခေါ်၍ ရှောလု ထံသို့ ဆောင် သွားပြီးလျှင်၊
57καὶ ὡς ἐπέστρεψε Δαυὶδ τοῦ πατάξαι τὸν ἀλλόφυλον, καὶ παρέλαβεν αὐτὸν Ἀβεννὴρ καὶ εἰσήγαγεν αὐτὸν ἐνώπιον Σαούλ, καὶ ἡ κεφαλὴ τοῦ ἀλλοφύλου ἐν τῇ χειρὶ αὐτοῦ.
58ရှောလု က၊ အချင်း လုလင် ၊ သင် သည် အဘယ်သူ ၏ သား ဖြစ်သနည်းဟုမေး တော်မူ၏။ ဒါဝိဒ် ကလည်း ကျွန်တော်သည် ကိုယ်တော် ကျွန် ၊ ဗက်လင် မြို့သားယေရှဲ ၏သား ဖြစ်ပါသည်ဟု လျှောက် လေ၏။
58καὶ εἶπε πρὸς αὐτὸν Σαούλ· υἱὸς τίνος εἶ, παιδάριον, καὶ εἶπε Δυαίδ· υἱὸς δούλου σου Ἰεσσαὶ τοῦ Βηθλεεμείτου.]

Tip: use the ← and → keys to turn chapters.