၁ ဓမ္မရာဇဝင် 15
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Old Persian Version (ترجمه قدیم)
1တဖန် ရှမွေလ က၊ ထာဝရဘုရား ၏လူ ဣသရေလ အမျိုးကို အုပ်စိုးစေခြင်းငှါသင့် ကို ဘိသိက် ပေးမည် အကြောင်း၊ ငါ့ ကို အထက်ကစေလွှတ် တော်မူသည်ဖြစ်၍ ၊ ယခု မှာ ထာဝရဘုရား ၏ စကား တော်ကို နားထောင် လော့။
1و سموئیل به شاول گفت: «خداوند مرافرستاد که ترا مسح نمایم تا بر قوم اواسرائیل پادشاه شوی. پس الان آواز کلام خداوند را بشنو.
2ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့် တော်မူသည်ကား၊ အဲဂုတ္တု ပြည်မှ ထွက် လာသောဣသရေလအမျိုး၌၊ အာမလက် အမျိုးပြု သော ဆီးတားခြင်းအမှုကို ငါမှတ်လျက်ရှိ၏။
2یهوه صبایوت چنین میگوید: آنچه عمالیق به اسرائیل کرد، بخاطر داشتهام که چگونه هنگامی که از مصر برمی آمد، با او در راه مقاومت کرد.
3ယခု သွား ၍ ထိုအမျိုးကို လုပ်ကြံ လော့။ နှမြော ခြင်းမ ရှိဘဲ၊ ရှင်းရှင်း ဖျက်ဆီး ၍ ၊ ယောက်ျား ၊ မိန်းမ ၊ သူငယ် ၊ နို့စို့ မှစ၍ ၊ သိုး ၊ နွား ၊ ကုလားအုပ် ၊ မြည်း တို့ကိုသတ် လော့ဟု ရှောလု အား ဆင့်ဆို သည် အတိုင်း၊
3پس الان برو و عمالیق را شکست داده، جمیع مایملک ایشان را بالکل نابود ساز، وبر ایشان شفقت مفرما بلکه مرد و زن و طفل وشیرخواره و گاو و گوسفند و شتر و الاغ را بکش.»
4ရှောလု သည် လူ တို့ကို စုဝေး စေ၍ တေလိမ် မြို့မှာ စာရင်း ယူသဖြင့် ၊ ခြေသည် သူရဲနှစ် သိန်း၊ ယုဒ စစ်သူရဲတသောင်း ရှိကြ၏။
4پس شاول قوم را طلبید و از ایشان دویست هزار پیاده و ده هزار مرد از یهودا در طلایم سان دید.
5ရှောလု သည်လည်း အာမလက် မြို့ သို့ စစ်ချီ ၍ ချိုင့် ၌ တပ်ချ ပြီးမှ၊
5و شاول به شهر عمالیق آمده، در وادی کمین گذاشت.
6ကေနိ လူတို့ရှိရာသို့ စေလွှတ်လျက်၊ သင် တို့ကို အာမလက် လူတို့နှင့်အတူ ငါဖျက်ဆီး မည်ဟု စိုးရိမ်စရာရှိသောကြောင့်၊ သူတို့အထဲက ထွက် သွား၍ နေရာ ပြောင်းကြလော့။ ဣသရေလ အမျိုးသား တို့သည် အဲဂုတ္တု ပြည်မှ ထွက် လာသောအခါ ၊ သင်တို့သည် ကျေးဇူး ပြု ကြပြီဟု မှာ လိုက်သည် အတိုင်း ၊ ကေနိ လူတို့သည် အာမလက် လူတို့အထဲ က ထွက်သွား ကြ၏။
6و شاول به قینیان گفت: «بروید وبرگشته، از میان عمالقه دور شوید، مبادا شما را باایشان هلاک سازم و حال آنکه شما با همه بنیاسرائیل هنگامی که از مصر برآمدند، احسان نمودید.» پس قینیان از میان عمالقه دور شدند.
7ရှောလု သည် ဟဝိလ မြို့မှစ၍ အဲဂုတ္တု ပြည် တစ်ဘက်တချက် ၌ နေသော ရှုရ မြို့တိုင်အောင်အာမလက် လူတို့ကို လုပ်ကြံ လေ၏။
7وشاول عمالقه را از حویله تا شور که در برابر مصراست، شکست داد.
8အာမလက် ရှင်ဘုရင် အာဂတ် ကို အရှင် ဘမ်းမိ ၏။ လူ အပေါင်း တို့ကို ထား ဖြင့် ရှင်းရှင်းဖျက်ဆီး လေ၏။
8و اجاج پادشاه عمالیق رازنده گرفت و تمامی خلق را به دم شمشیر، بالکل هلاک ساخت.
9သို့ရာတွင် ရှောလု နှင့် လူ များတို့သည် အာဂတ် မင်းနှင့်တကွ၊ သိုး နွား အမြတ် အလတ်၊ ဆူ သော သိုးသငယ် ၊ ကောင်း သော ဥစ္စာရှိသမျှ ကို နှမြော ၍ ရှင်းရှင်းမ ဖျက်ဆီး ကြ။ အသုံး မဝင် ယုတ်မာ သော ဥစ္စာ ရှိသမျှ ကိုသာ ရှင်းရှင်းဖျက်ဆီး ကြ၏။
9و اما شاول و قوم اجاج را وبهترین گوسفندان و گاوان و پرواریها و برهها و هرچیز خوب را دریغ نموده، نخواستند آنها راهلاک سازند. لیکن هر چیز خوار و بیقیمت رابالکل نابود ساختند.
10ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ရှမွေလ သို့ ရောက် လာ၍၊
10و کلام خداوند بر سموئیل نازل شده، گفت:
11ငါသည် ရှောလု ကို ရှင်ဘုရင် အရာ ၌ ခန့်ထားသည်အမှုကြောင့် နောင်တရ ၏။ သူသည် ငါ ၏ ပညတ် တို့ကို မ ကျင့် ၊ ငါ့ နောက် သို့မ လိုက်၊ လမ်းလွှဲပြီဟု မိန့် တော်မူ၏။ ရှမွေလ သည် ဝမ်းနည်း ၍ တညဉ့်လုံး ထာဝရဘုရား အား ဟစ်ကြော် ပြီးလျှင်၊
11«پشیمان شدم که شاول را پادشاه ساختم زیرا از پیروی من برگشته، کلام مرا بجا نیاورده است.» و سموئیل خشمناک شده، تمامی شب نزد خداوند فریاد برآورد.
12နံနက် စောစောထ ၍ ရှောလု ကို ကြိုဆို ခြင်းငှါ သွားသောအခါ၊ ရှောလု သည် ကရမေလ မြို့သို့ ရောက် ၍ အောင်တိုင် ကို စိုက် ပြီးမှ ၊ လှည့်လည် သဖြင့် ဂိလဂါလ မြို့သို့ လွန် သွားကြောင်းကို ကြားသောကြောင့်၊ ရှောလုရှိရာသို့ သွား လေ၏။
12و بامدادان سموئیل برخاست تا شاول را ملاقات نماید وسموئیل را خبر داده، گفتند که «شاول به کرمل آمد و اینک به جهت خویشتن ستونی نصب نمودو دور زده، گذشت و در جلجال فرود آمده است.»
13ရှောလု ကလည်း၊ ထာဝရဘုရား သည် ကိုယ်တော် ကို ကောင်းကြီး ပေးတော်မူပါစေသော။ အကျွန်ုပ် သည် ထာဝရဘုရား အမိန့် တော်အတိုင်း ပြု ပါပြီဟု ဆို ၏။
13و چون سموئیل نزد شاول رسید شاول به او گفت: «برکت خداوند بر تو باد! من فرمان خداوند را بجا آوردم.»
14ရှမွေလ ကလည်း ၊ သို့ဖြစ်လျှင် ငါ ကြား ရသော သိုး မြည် သံ၊ နွား မြည် သံကား အဘယ်သို့ နည်းဟုမေး သော်၊
14سموئیل گفت: «پس این صدای گوسفندان در گوش من و بانگ گاوان که من میشنوم چیست؟»
15ရှောလု က၊ အာမလက် ပြည်မှ ဆောင် ခဲ့ပါပြီ။ လူ များတို့သည် ကိုယ်တော် ၏ဘုရား သခင်ထာဝရဘုရား အား ယဇ် ပူဇော်လိုသောငှါ အကောင်းဆုံး သော သိုး နွား တို့ကို နှမြော ၍၊ ကြွင်း သော အရာရှိသမျှတို့ကို ရှင်းရှင်းဖျက်ဆီး ပါပြီဟု ဆို ၏။
15شاول گفت: «اینها رااز عمالقه آوردهاند زیرا قوم بهترین گوسفندان وگاوان را دریغ داشتند تا برای یهوه خدایت قربانی نمایند، و بقیه را بالکل هلاک ساختیم.»
16ရှမွေလ ကလည်း ၊ နေ ပါဦးလော့။ မနေ့ည မှာ ထာဝရဘုရား မိန့် တော်မူသော စကားကို ပြန်ပြော ပါ မည်ဟု ရှောလု အား ဆို လျှင် ၊ ရှောလုက ပြော ပါတော့ဟုဆို ၏။
16سموئیل به شاول گفت: «تامل نما تا آنچه خداوند دیشب به من گفت به تو بگویم.» او وی راگفت: «بگو.»
17ရှမွေလ ကလည်း ၊ သင် သည် ကိုယ်အထင်အတိုင်း ငယ် သောသူဖြစ်လျက်ပင်၊ ဣသရေလ အမျိုး တို့ ၏ အထွဋ် သို့ ရောက်၍၊ ဣသရေလ ရှင်ဘုရင် အရာနှင့် ထာဝရဘုရား ဘိသိက် ပေးတော်မူသည် မ ဟုတ်လော။
17و سموئیل گفت: «هنگامی که تو در نظرخود کوچک بودی، آیا رئیس اسباط اسرائیل نشدی و آیا خداوند تو را مسح نکرد تا براسرائیل پادشاه شوی؟
18ထာဝရဘုရား က၊ သွား လော့။ အပြစ် များသော အာမလက် အမျိုးသားတို့ကို ရှင်းရှင်းဖျက်ဆီး လော့။ မဖျက်ဆီး မှီ တိုင်အောင် စစ်တိုက် လော့ဟု သင့် ကို ဝေး သော အရပ်သို့ စေလွှတ် တော်မူ၏။
18و خداوند تو را به راهی فرستاده، گفت: این عمالقه گناهکار را بالکل هلاک ساز و با ایشان جنگ کن تا نابود شوند.
19သို့ဖြစ်၍ သင်သည် ထာဝရဘုရား ၏အမိန့် တော်ကို နား မ ထောင်ဘဲ၊ ရန်သူ၏ ဥစ္စာ ကို လုယူ၍ ထာဝရဘုရား ရှေ့ တော်၌ ဤဒုစရိုက် ကို အဘယ်ကြောင့် ပြု ဘိသနည်းဟု ပြောဆိုသော်၊
19پس چرا قول خداوند را نشنیدی بلکه برغنیمت هجوم آورده، آنچه را که در نظر خداوندبد است عمل نمودی؟»
20ရှောလု က၊ အကျွန်ုပ်သည် ထာဝရဘုရား ၏ အမိန့် တော်ကို ဧကန်အမှန်နားထောင် ပါပြီ။ ထာဝရဘုရား စေခိုင်း တော်မူသော လမ်း သို့ လိုက် ပါပြီ။ အာမလက် ရှင်ဘုရင် အာဂတ် ကို ဆောင် ခဲ့၍ ၊ အာမလက် အမျိုးသားတို့ကို ရှင်းရှင်းဖျက်ဆီး ပါပြီ။
20شاول به سموئیل گفت: «قول خداوند را استماع نمودم و به راهی که خداوند مرا فرستاد، رفتم و اجاج، پادشاه عمالقه را آوردم و عمالقه را بالکل هلاک ساختم.
21သို့ရာတွင် လူ များတို့သည် ဂိလဂါလ မြို့၌ ကိုယ်တော် ၏ ဘုရား သခင်ထာဝရဘုရား အား ယဇ် ပူဇော်လိုသောငှါ လုယူ သော သိုး နွား ၊ ရှင်းရှင်းဖျက်ဆီး အပ်သောအရာ အကောင်းဆုံး တို့ကို သိမ်းယူ ကြပါပြီဟု ပြောဆို ပြန်၏။
21اما قوم از غنیمت، گوسفندان و گاوان، یعنی بهترین آنچه حرام شده بود، گرفتند تا برای یهوه خدایت در جلجال قربانی بگذرانند.»
22ရှမွေလ ကလည်း ၊ ထာဝရဘုရား ၏အမိန့် တော်ကို နားထောင် ခြင်း၌ အားရတော်မူသကဲ့သို့ ၊ မီး ရှို့ရာ ယဇ်အစရှိသော ယဇ် မျိုးတို့ကို ပူဇော်ခြင်း၌ အားရ တော်မူမည်လော။ အလို တော်သို့ လိုက်ခြင်းသည် ယဇ် မျိုးထက် သာ၍ကောင်း၏။ နားထောင် ခြင်းသည် သိုး ထီးဆီဥ ထက် သာ၍ကောင်း၏။
22سموئیل گفت: «آیا خداوند به قربانی های سوختنی وذبایح خوشنود است یا به اطاعت فرمان خداوند؟ اینک اطاعت از قربانیها و گوش گرفتن از پیه قوچها نیکوتر است.
23ငြင်းဆန် သော သဘောသည် နတ်ဆိုး နှင့်ပေါင်းခြင်းကဲ့သို့၎င်း၊ ခိုင်မာ သော သဘောသည် ဗေဒင်တန်ဆာကို သုံးခြင်းကဲ့သို့၎င်း အပြစ် ကြီး၏။ သင်သည် ထာဝရဘုရား ၏ စကား တော်ကို ပယ် သောကြောင့် ၊ ထာဝရဘုရားသည် ရှင်ဘုရင် အရာကို နှုတ်၍ သင့် ကို ပယ် တော်မူပြီဟု ဆို ၏။
23زیرا که تمرد مثل گناه جادوگری است وگردن کشی مثل بتپرستی و ترافیم است. چونکه کلام خداوند را ترک کردی او نیز تو را از سلطنت رد نمود.»
24ရှောလု ကလည်း ၊ အကျွန်ုပ်သည် ပြစ်မှား ပါပြီ။ လူ များကို ကြောက် ၍ သူ တို့စကား ကို နားထောင် သောကြောင့် ၊ ထာဝရဘုရား ၏ အမိန့် တော်ကို၎င်း ၊ ကိုယ်တော် ၏ စကား ကို၎င်းလွန်ကျူး ပါပြီ။
24و شاول به سموئیل گفت: «گناه کردم زیرااز فرمان خداوند و سخن تو تجاوز نمودم چونکه از قوم ترسیده، قول ایشان را شنیدم.
25အကျွန်ုပ် အပြစ် ကို သည်းခံ တော်မူပါ။ အကျွန်ုပ်သည် ကိုယ်တော်၏ ဘုရားသခင်ထာဝရဘုရား ကို ကိုးကွယ် မည်အကြောင်း ၊ အကျွန်ုပ် နှင့်အတူ ပြန် လာပါဟု တောင်းပန် သော်လည်း၊
25پس حال تمنا اینکه گناه مرا عفو نمایی و با من برگردی تاخداوند را عبادت نمایم.»
26ရှမွေလ က၊ သင် နှင့်အတူ ငါမ ပြန်။ သင်သည် ထာဝရဘုရား ၏ အမိန့် တော်ကို ပယ် သောကြောင့် ၊ ထာဝရဘုရား သည် ဣသရေလ ရှင်ဘုရင် အရာကို နှုတ်၍ သင့် ကို ပယ် တော်မူပြီဟု ရှောလု အား ဆို ပြီးမှ၊
26سموئیل به شاول گفت: «با تو برنمی گردم چونکه کلام خداوند راترک نمودهای. خداوند نیز تو را از پادشاه بودن براسرائیل رد نموده است.»
27လှည့် သွား သောအခါ ရှောလုသည် ရှမွေလ ၏ ဝတ်လုံ စွန်း ကို ကိုင် ဆွဲ၍ ဝတ်လုံစုတ် လေ၏။
27و چون سموئیل برگشت تا روانه شود، اودامن جامه او را بگرفت که پاره شد.
28ရှမွေလ ကလည်း ၊ ယနေ့ ထာဝရဘုရား သည် ဣသရေလ နိုင်ငံ ကို သင် မှ ဆုတ် ယူ၍ ၊ သင့် ထက် ကောင်း သောသင် ၏ အိမ်နီးချင်း အား ပေး တော်မူပြီ။
28و سموئیل وی را گفت: «امروز خداوند سلطنت اسرائیل رااز تو پاره کرده، آن را به همسایه ات که از تو بهتراست، داده است.
29ထိုမှတပါး ဣသရေလ အမျိုး၏ အစွမ်း သတ္တိဖြစ်သော ဘုရားသည် မုသာ သုံးခြင်း၊ နောင်တရ ခြင်း နှင့် ကင်းလွတ် တော်မူ၏။ နောင်တရ အံ့သောငှါ လူ ဖြစ်တော်မ မူဟုဆို သော်၊
29و نیز جلال اسرائیل دروغ نمی گوید، و تغییر به اراده خود نمی دهد زیرا اوانسان نیست که به اراده خود تغییر دهد.»
30ရှောလုက အကျွန်ုပ်ပြစ်မှား ပါပြီ။ သို့သော်လည်း အကျွန်ုပ် အမျိုးသား ချင်း အသက်ကြီး သူတို့ ရှေ့ ၌၎င်း ၊ ဣသရေလ အမျိုးရှေ့ ၌၎င်း၊ အကျွန်ုပ် ၏ ဂုဏ်အသရေကို မဖျက်ပါနှင့်။ အကျွန်ုပ်သည် ကိုယ်တော် ၏ ဘုရား သခင်ထာဝရဘုရား ကို ကိုးကွယ် ရမည်အကြောင်း ၊ အကျွန်ုပ် နှင့်အတူ ပြန် လာပါဟု တောင်းပန် သည်အတိုင်း၊
30گفت: «گناه کردهام، حال تمنا اینکه مرا به حضورمشایخ قومم و به حضور اسرائیل محترم داری وهمراه من برگردی تا یهوه خدایت را عبادت نمایم.»
31ရှမွေလ သည် ရှောလု နောက် သို့ လိုက်၍ ၊ ရှောလု သည် ထာဝရဘုရား ကို ကိုးကွယ် လေ၏။
31پس سموئیل در عقب شاول برگشت، و شاول خداوند را عبادت نمود.
32ထိုအခါ ရှမွေလ က၊ အာမလက် ရှင်ဘုရင် အာဂတ် ကို ငါ့ ထံသို့ ခေါ် ခဲ့ကြဟု ဆို သည်အတိုင်း ၊ အာဂတ် က သေ ဘေးသည် စင်စစ် လွန် သွားပြီဟု ဆိုလျက် ရွှင်လန်း စွာလာ ၏။
32و سموئیل گفت: «اجاج پادشاه عمالیق رانزد من بیاورید.» و اجاج به خرمی نزد او آمد واجاج گفت: «به درستی که تلخی موت گذشته است.»
33ရှမွေလ က၊ မိန်းမ များတို့သည် သင် ၏ထား ကြောင့် သား ဆုံးသကဲ့သို့ ၊ သင် ၏ အမိ သည် သား ဆုံး သော မိန်းမ ဖြစ်ရမည်ဟုဆို လျက် ၊ ဂိလဂါလ မြို့မှာ ထာဝရဘုရား ရှေ့ တော်၌ အာဂတ် ကို အပိုင်းပိုင်း ဖြတ်စေ၏။
33و سموئیل گفت: «چنانکه شمشیر توزنان را بیاولاد کرده است، همچنین مادر تو ازمیان زنان، بیاولاد خواهد شد.» و سموئیل اجاج را به حضور خداوند در جلجال پاره پاره کرد.
34ထိုနောက် ရှမွေလ သည် ရာမ မြို့သို့သွား ၍ ရှောလု သည် မိမိ နေရာ ဂိဗာ မြို့၊ နန်းတော် သို့ ပြန် သွား လေ၏။
34و سموئیل به رامه رفت و شاول به خانه خود به جبعه شاول برآمد.
35ရှောလု အနိစ္စ မရောက်မှီတိုင်အောင် ၊ ရှမွေလ သည် နောက် တဖန် အကြည့် အရှုမ လာ။ သို့ရာတွင်ရှမွေလ သည် ရှောလု အတွက် စိတ် မသာညည်းတွားလျက်နေ၏။ ထာဝရဘုရား သည် ရှောလု ကို ဣသရေလ ရှင် ဘုရင်အရာ၌ ခန့်ထားသော အမှုကို နောင်တရ တော်မူ၏။
35و سموئیل برای دیدن شاول تا روز وفاتش دیگر نیامد. اماسموئیل برای شاول ماتم میگرفت، و خداوندپشیمان شده بود که شاول را بر اسرائیل پادشاه ساخته بود.
Tip: use the ← and → keys to turn chapters.