၁ ဓမ္မရာဇဝင် 19
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Old Persian Version (ترجمه قدیم)
1ထို့ကြောင့် ရှောလုသည် ဒါဝိဒ် ကိုသတ် စေခြင်းငှါ ၊ သား တော်ယောနသန် နှင့် မိမိ ကျွန် အပေါင်း တို့ကို မှာ ထားလေ၏။
1و شاول به پسر خود یوناتان و به جمیع خادمان خویش فرمود تا داود رابکشند.
2သား တော်ယောနသန် သည် ဒါဝိဒ် ကို အလွန် ချစ် ၍ ၊ ငါ့ အဘ ရှောလု သည် သင့် ကို သတ် ခြင်းငှါ ရှာကြံ ၏။ သို့ဖြစ်၍ နံနက် တိုင်အောင်ကိုယ်ကို သတိပြု သဖြင့် ဆိတ်ကွယ် ရာအရပ်၌ ပုန်းရှောင် ၍ နေ ပါလော့။
2اما یوناتان پسر شاول به داود بسیار میل داشت، و یوناتان داود را خبر داده، گفت: «پدرم شاول قصد قتل تو دارد، پس الان تا بامدادان خویشتن را نگاهدار و در جایی مخفی مانده، خود را پنهان کن.
3ငါ ထွက် ၍ သင် ရှိရာတော ၌ ငါ့ အဘ ထံ ခစား လျက် ၊ သင့် အမှု၌ စကားပြော မည်။ တွေ့မြင် သမျှကို သင့် အား ငါပြန် ကြားမည်ဟု ဒါဝိဒ် အား ပြောဆို ၏။
3و من بیرون آمده، به پهلوی پدرم در صحرایی که تو در آن میباشی خواهم ایستاد، و درباره تو با پدرم گفتگو خواهم کرد واگر چیزی ببینم تو را اطلاع خواهم داد.»
4ယောနသန် သည် အဘ ရှောလု ထံ၌ ၊ ဒါဝိဒ် ဘက်မှာပြော ၍၊ ရှင် ဘုရင်သည် ကျွန် တော်ဒါဝိဒ် ကို မ ပြစ်မှား ပါစေနှင့်။ သူသည်ကိုယ်တော် ကို မ ပြစ်မှား ပါ။ ကိုယ်တော် ၌ အလွန် ကျေးဇူး ပြုပါပြီ။
4و یوناتان درباره داود نزد پدر خود شاول به نیکویی سخن رانده، وی را گفت: «پادشاه بر بنده خود داود گناه نکند زیرا که او به تو گناه نکرده است بلکه اعمال وی برای تو بسیار نیکو بوده است.
5မိမိအသက်ကို မနှမြောဘဲ ဖိလိတ္တိ လူကိုသတ် ၍ ထာဝရဘုရား သည် ဣသရေလ အမျိုးတမျိုးလုံး အဘို့ ကြီးစွာ သော ကယ်တင် ခြင်း ကျေးဇူးကို ပြု တော်မူ၏။ ကိုယ်တော်သည် မြင် ၍ ဝမ်းမြောက် ပါ၏။ သို့ဖြစ်၍ အကြောင်း မရှိဘဲ ဒါဝိဒ် ကိုသတ် သဖြင့် အဘယ်ကြောင့် အပြစ် မရှိသောသူ၏ အသက်ကိုသတ် သောအပြစ် သင့်ရောက်စေချင်ပါသနည်းဟု အဘရှောလုအားဆို သော်၊
5و جان خویش را بهدست خود نهاده، آن فلسطینی را کشت و خداوند نجات عظیمی به جهت تمامی اسرائیل نمود و تو آن را دیده، شادمان شدی؛ پس چرا به خون بیتقصیری گناه کرده، داود را بیسبب بکشی.»
6ရှောလု သည် ယောနသန် ၏ စကား ကို နားထောင် ၍ ၊ ထာဝရဘုရား အသက် ရှင်တော်မူသည်အတိုင်း၊ သူသည် အသေ မ ခံရဟု ကျိန်ဆို လေ၏။
6و شاول به سخن یوناتان گوش گرفت، و شاول قسم خورد که به حیات خداوند او کشته نخواهد شد.
7ယောနသန် သည် ဒါဝိဒ် ကို ခေါ် ၍ အကြောင်း အရာ၊ အလုံးစုံ တို့ကို ပြော ပြီးမှ ၊ ရှောလု ထံသို့ သွင်း ပြန်၍ အထံ တော်၌ အရင် နေသကဲ့သို့ နေ ရ၏။
7آنگاه یوناتان داود را خواند و یوناتان او را از همه این سخنان خبر داد و یوناتان داود را نزد شاول آورده، او مثل ایام سابق در حضور وی میبود.
8တဖန် စစ်မှု ပေါ် ပြန်သောအခါ ၊ ဒါဝိဒ် ထွက် ၍ ဖိလိတ္တိ လူတို့ကို တိုက် လျက် ၊ ကြီးစွာ သော လုပ်ကြံ ခြင်းအားဖြင့် သတ် ၍ သူတို့သည် ပြေး ကြ၏။
8و باز جنگ واقع شده، داود بیرون رفت و بافلسطینیان جنگ کرده، ایشان را به کشتار عظیمی شکست داد و از حضور وی فرار کردند.
9ရှောလု သည် လှံ တိုကို ကိုင်၍နန်းတော် ၌ ထိုင် စဉ်တွင်၊ ထာဝရဘုရား ထံတော်မှ ဆိုး သောဝိညာဉ် သက်ရောက် ၍ ၊ ဒါဝိဒ် သည် စောင်းတီး လျက်နေသောအခါ၊
9و روح بد از جانب خداوند بر شاول آمد و او در خانه خود نشسته، مزراق خویش را در دست داشت وداود بهدست خود مینواخت.
10သူ့ကိုလှံ တိုနှင့် ထရံ နားမှာ ထိုး စမ်းသော်လည်း ၊ အထံ တော်မှ ရှောင်ပြေး သဖြင့် လှံ တိုသည် ထရံ ကို စူး လျက် နေ၏။ ဒါဝိဒ် သည် ပြေး ၍ ထို ညဉ့် ကို လွတ် ရ၏။
10و شاول خواست که داود را با مزراق خود تا به دیوار بزند، اما او از حضور شاول بگریخت و مزراق را به دیوار زد و داود فرار کرده، آن شب نجات یافت.
11ရှောလု သည် သူ့ ကို စောင့် ၍ နံနက် ချိန်၌ သတ် စေခြင်းငှါ သူ့အိမ် သို့ လူ ကို လွှတ် စေ၏။ ဒါဝိဒ် မယား မိခါလ က၊ သင် သည် ယနေ့ည မှာ ကိုယ် အသက် ကို မ ကယ်မ လျှင် ၊ နက်ဖြန် နေ့၌ အသေ ခံရလိမ့်မည်ဟု ဆို လျက်၊
11و شاول قاصدان به خانه داود فرستاد تا آن را نگاهبانی نمایند و در صبح او را بکشند. امامیکال، زن داود، او را خبر داده، گفت: «اگر امشب جان خود را خلاص نکنی، فردا کشته خواهی شد.»
12ဒါဝိဒ် ကို ပြတင်းပေါက် မှ လျှော့ချ ၍ သူသည် အလွတ် ထွက်ပြေး လေ၏။
12پس میکال داود را از پنجره فرو هشته، اوروانه شد و فرار کرده، نجات یافت.
13မိခါလ သည်လည်း ၊ တေရပ်ရုပ်တု ကို ယူ ၍ ခုတင် ပေါ် မှာထား ပြီးလျှင် ၊ ဆိတ်မွေး ဖြင့်ရက်သော ကုလားကာ နှင့် ခေါင်းရင်း ရှေ့၌ ကာ၍ စောင် နှင့် ခြုံ လေ၏။
13اما میکال ترافیم را گرفته، آن را در بستر نهاد و بالینی از پشم بز زیر سرش نهاده، آن را با رخت پوشانید.
14ဒါဝိဒ် ကို ဘမ်းဆီး စေခြင်းငှါ ရှောလု စေလွှတ် သောလုလင် ရောက်သောအခါ ၊ ဒါဝိဒ်နာ ၍ နေပါသည်ဟု မယားပြောဆို ၏။
14وچون شاول قاصدان فرستاده تا داود را بگیرند، گفت بیمار است.
15ရှောလု ကလည်း ၊ သူ့ ကို ငါသတ် မည်အကြောင်း ခုတင် နှင့်တကွ ဆောင် ခဲ့ကြဟု ဒါဝိဒ် ကို အကြည့် အရှုစေလွှတ် ၍၊
15پس شاول قاصدان را فرستادتا داود را ببینند و گفت: «او را بر بسترش نزد من بیاورید تا او را بکشم.»
16တမန် တို့သည်ဝင် ကြသောအခါ ဆိတ်မွေး ဖြင့်‘ ရက်သော ကုလားကာ နှင့် ခေါင်းရင်း ရှေ့၌ ကာလျက်၊ ခုတင် ပေါ်မှာ တေရပ်ရုပ်တု ရှိပါသည်တကား။
16و چون قاصدان داخل شدند، اینک ترافیم در بستر و بالین پشم بز زیرسرش بود.
17ရှောလု ကလည်း ငါ့ ကို လှည့်စား ၍ အဘယ်ကြောင့် ငါ့ ရန်သူ ကို လွှတ် လိုက်သနည်း။ ယခု လွတ် အောင် ပြေးပါပြီတကားဟု မိခါလ အား ပြောဆို လျှင် ၊ မိခါလ က ငါသွားမည်။ သို့မဟုတ်သင့် ကို ငါသတ် မည်ဟု သူ ပြော ပါသည်ဟု ရှောလု အား ပြန်လျှောက် လေ၏။
17و شاول به میکال گفت: «برای چه مرا چنین فریب دادی و دشمنم را رها کردی تانجات یابد.» و میکال شاول را جواب داد که او به من گفت: «مرا رها کن؛ برای چه تو را بکشم؟»
18ထိုသို့ ဒါဝိဒ် ပြေး ၍ ရှောလုလက်မှ လွတ် သဖြင့် ၊ ရှမွေလ ရှိရာ ရာမ မြို့သို့ ရောက် လေ၏။ ရှောလု ပြု လေသမျှ တို့ကို ပြန်ကြား ပြီးမှ ၊ ရှမွေလ သည်သွား ၍ နာယုတ် ရွာမှာ နေ ၏။
18و داود فرار کرده، رهایی یافت و نزدسموئیل به رامه آمده، از هرآنچه شاول با وی کرده بود، او را مخبر ساخت، و او و سموئیل رفته، در نایوت ساکن شدند.
19ဒါဝိဒ် သည် ရာမ မြို့နယ်၊ နာယုတ် ရွာမှာ ရှိကြောင်းကို ရှောလု သည် ကြား ၍၊
19پس شاول را خبرداده، گفتند: «اینک داود در نایوت رامه است.»
20ဒါဝိဒ် ကို ဘမ်းဆီး စေခြင်းငှါ စေလွှတ် ပြန်၏။ ပရောဖက် အပေါင်း အသင်းတို့သည် ပရောဖက် ပြုလျက် ၊ ရှမွေလ စီရင်လျက်နေသည်ကို တမန်တို့သည် တွေ့မြင် သောအခါ ၊ ဘုရား သခင်၏ ဝိညာဉ် တော်သည် ရှောလု ၏ တမန် တော်တို့အပေါ် မှာ သက်ရောက် ၍ ၊ သူ တို့သည်လည်း ပရောဖက် ပြုရကြ၏။
20و شاول قاصدان برای گرفتن داود فرستاد، وچون جماعت انبیا را دیدند که نبوت میکنند و سموئیل را که به پیشوایی ایشان ایستاده است، روح خدا بر قاصدان شاول آمده، ایشان نیز نبوت کردند.
21ထိုသိတင်းကို ရှောလု သည်ကြား လျှင် အခြား သောသူတို့ကို စေလွှတ် ၍ ၊ သူ တို့သည်လည်း ပရောဖက် ပြုရကြ၏။ တတိယ အကြိမ် ရှောလု သည် စေလွှတ် ၍ ၊ ထို့အတူပြုကြရ၏။
21و چون شاول را خبر دادند قاصدان دیگر فرستاده، ایشان نیز نبوت کردند، و شاول بازقاصدان سوم فرستاده، ایشان نیز نبوت کردند.
22ထိုအခါ ကိုယ်တိုင်ရာမ မြို့သို့ သွား ၍ ၊ စေခု ရွာ၌ ရှိသောရေတွင်း ကြီး သို့ ရောက် သော်၊ ရှမွေလ နှင့် ဒါဝိဒ် တို့သည် အဘယ်မှာ ရှိသနည်းဟုမေး လျှင် ၊ ရာမ မြို့နယ်၊ နာယုတ် ရွာမှာ ရှိပါသည်ဟု ကြား လျှောက်လေသော်၊
22پس خود او نیز به رامه رفت و چون به چاه بزرگ که نزد سیخوه است رسید، سوال کرده، گفت: «سموئیل و داود کجا میباشند؟» و کسی گفت: «اینک در نایوت رامه هستند.»
23ထို အရပ်သို့ သွား ၍ ၊ ဘုရား သခင်၏ဝိညာဉ် တော်သည် သူ့ အပေါ် မှာ သက်ရောက် သဖြင့် ၊ နာယုတ် ရွာ တိုင်အောင် ပရောဖက် ပြုလျက် သွား လေ၏။
23و به آنجابه نایوت رامه روانه شد و روح خدا بر او نیز آمد ودر حینی که میرفت نبوت میکرد تا به نایوت رامه رسید.
24အဝတ် တော်ကိုလည်း ချွတ် ၍ ၊ ရှမွေလ ရှေ့ မှာ ထိုအတူပရောဖက် ပြုလျက် ၊ အဝတ် မပါဘဲ တနေ့ နှင့် တညဉ့် လဲ လျက်နေ၏။ ထိုကြောင့် ရှောလု သည်လည်း ပရောဖက် တို့၌ ပါသလောဟု ဆို လေ့ရှိကြ၏။
24و او نیز جامه خود را کنده، به حضور سموئیل نبوت میکرد و تمامی آن روز وتمامی آن شب برهنه افتاد، بنابراین گفتند: «آیاشاول نیز ازجمله انبیاست؟»
Tip: use the ← and → keys to turn chapters.