၃ ဓမ္မရာဇဝင် 22
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Daničić–Karadžić Bible (1868), Cyrillic
1ရှုရိ ပြည်နှင့် ဣသရေလ ပြည်သည် စစ် မ တိုက် ဘဲ သုံး နှစ် နေ ပြီးမှ၊
1И прођоше три године без рата између Сираца и Израиљаца.
2တတိယ နှစ် တွင် ၊ ယုဒ ရှင်ဘုရင် ယောရှဖတ် သည် ဣသရေလ ရှင်ဘုရင် ထံ သို့လာ ၏။
2А треће године дође Јосафат, цар Јудин к цару Израиљевом.
3ဣသရေလ ရှင် ဘုရင်ကလည်း၊ ဂိလဒ် ပြည် ရာမုတ်မြို့သည် ငါ တို့ နိုင်ငံအဝင်ဖြစ်သည်ကို သင်တို့မသိ လော။ ငါ တို့သည် ရှုရိ ရှင်ဘုရင် လက် မှ မနှုတ် မယူဘဲ ငြိမ်သက် စွာ နေကြပြီတကားဟု မိမိ ကျွန် တို့အား ဆို ၏။
3И рече цар Израиљев слугама својим: Не знате ли да је наш Рамот у Галаду? А ми не радимо да га узмемо из руку цара сирског.
4ယောရှဖတ် မင်းအား လည်း၊ ဂိလဒ် ပြည် ရာမုတ်မြို့သို့ ငါ နှင့်အတူ စစ် ချီ မည်လောဟုမေး လျှင် ၊ ယောရှဖတ် က၊ ငါ သည်မင်းကြီး ကဲ့သို့ ဖြစ်၏။ ငါ့ လူ တို့သည် မင်းကြီး ၏လူ ကဲ့သို့ ၎င်း၊ ငါ့ မြင်း တို့သည် မင်းကြီး ၏ မြင်း ကဲ့သို့ ၎င်း ဖြစ်ကြသည်ဟု ဣသရေလ ရှင်ဘုရင် အား ပြန်ပြော ၏။
4И рече Јосафату: Хоћеш ли ићи са мном на војску на Рамот галадски? А Јосафат рече цару Израиљевом: Ја као ти, народ мој као твој народ, коњи моји као твоји коњи.
5တဖန် ယောရှဖတ် က၊ ထာဝရဘုရား ၏ နှုတ်ကပတ် တော်ကို ယနေ့ မေးမြန်း ပါလော့ဟု ဣသရေလ ရှင်ဘုရင် အား ဆို သော်၊
5Још рече Јосафат цару Израиљевом: Упитај данас шта ће Господ рећи.
6ဣသရေလ ရှင် ဘုရင်သည် ပရောဖက် လေး ရာ တို့ကို စုဝေး စေပြီးလျှင် ၊ ငါသည်ဂိလဒ် ပြည် ရာမုတ်မြို့သို့ စစ် ချီ ကောင်းသလော။ မချီဘဲ နေကောင်းသလောဟုမေး သော်၊ သူတို့ကချီ တော်မူပါ။ ထာဝရ ဘုရားသည် အရှင်မင်းကြီး ၏လက် တော်သို့ အပ် တော်မူမည်ဟု လျှောက် ကြ၏။
6Тада цар Израиљев сабра око четири стотине пророка, и рече им: Хоћу ли ићи на војску на Рамот галадски или ћу се оканити? А они рекоше: Иди, јер ће га Господ дати у руке цару.
7ယောရှဖတ် ကလည်း၊ ငါတို့မေးမြန်း စရာ ထာဝရဘုရား ၏ ပရောဖက် တစုံတပါးမျှမ ရှိသလောဟု မေး သော်၊
7А Јосафат рече: Има ли ту још који пророк Господњи да га питамо?
8ဣသရေလ ရှင် ဘုရင်က၊ ထာဝရဘုရား ကို မေးမြန်း ရသောသူ တယောက် ဣမလ သား မိက္ခါ ရှိသေး ၏။ သို့ရာတွင် ထိုသူ ကို ငါ မုန်း ၏။ ငါ ၌ မင်္ဂလာ စကားကို မ ဟော။ အမင်္ဂလာ စကားကိုသာ ဟောတတ်သည်ဟု ယောရှဖတ် အား ဆို လျှင် ၊ ယောရှဖတ် က ထိုသို့ မင်းကြီး မ ပြော ပါနှင့်ဟု ပြန်ဆို ၏။
8А цар Израиљев рече Јосафату: Има још један човек, преко ког бисмо могли упитати Господа; али ја мрзим на њ, јер ми не прориче добра него зло; то је Михеја, син Јемлин. А Јосафат рече: Нека цар не говори тако.
9ထိုအခါ ဣသရေလ ရှင် ဘုရင်သည် အရာရှိ တယောက် ကိုခေါ် ၍ ၊ ဣမလ သား မိက္ခါ ကို အလျင်အမြန် ခေါ်ခဲ့ဟုမိန့် တော်မူ၏။
9Тада цар Израиљев дозва једног дворанина, и рече му: Брже доведи Михеју, сина Јемлиног.
10ဣသရေလ ရှင်ဘုရင် နှင့် ယုဒ ရှင်ဘုရင် ယောရှဖတ် တို့သည် မင်းမြောက် တန်ဆာကို ဝတ်ဆင် လျက် ရှမာရိ မြို့တံခါးဝ ရှေ့၊ ဟင်းလင်း သော အရပ်၌ ရာဇပလ္လင် တို့အပေါ် မှာထိုင် ၍ ၊ ပရောဖက် အပေါင်း တို့သည် ရှေ့ တော်၌ ဟောပြော ကြ၏။
10А цар Израиљев и Јосафат цар Јудин сеђаху сваки на свом престолу обучени у царске хаљине на пољани код врата самаријских, и сви пророци пророковаху пред њима.
11ခေနာနာ သား ဇေဒကိ သည် သံ ဦးချို တို့ကို လုပ် ၍ ၊ ထာဝရဘုရား မိန့် တော်မူသည်ကား၊ ကိုယ်တော်သည် ရှုရိ လူတို့ကို မ ဖျက်ဆီး မှီ တိုင်အောင်ဤ ဦးချိုတို့နှင့် တိုး ရမည်ဟုမိန့် တော်မူကြောင်းကို ဆင့်ဆို၏။
11И Седекија, син Хананин, начини себи гвоздене рогове, и рече: Овако вели Господ: Овим ћеш побости Сирце докле их не истребиш.
12ပရောဖက် အပေါင်း တို့ကလည်း ၊ ဂိလဒ် ပြည် ရာမုတ်မြို့သို့ စစ်ချီ ၍ အောင် တော်မူပါ။ ထာဝရဘုရား သည် အရှင်မင်းကြီး ၏ လက် တော်သို့ အပ် တော်မူမည်ဟု ပရောဖက် ပြု၍ ဟော ကြ၏။
12Тако и сви пророци пророковаху говорећи: Иди на Рамот галадски, и бићеш срећан, јер ће га Господ дати цару у руке.
13မိက္ခါ ကိုခေါ် သော တမန် က၊ ပရောဖက် အပေါင်းတို့သည် မင်္ဂလာ စကား ကိုသာ ရှင်ဘုရင် အား တညီတညွတ် တည်းဟောကြ၏။ ကိုယ်တော် လည်း သူ တို့ ဟောကြသည်နည်းတူ မင်္ဂလာ စကားကိုသာ ဟော တော်မူပါဟုဆို လျှင်၊
13А посланик који отиде да дозове Михеју рече му говорећи: Ево, пророци проричу сви једним гласом добро цару; нека и твоја реч буде као реч њихова, говори добро.
14မိက္ခါ က၊ ထာဝရဘုရား အသက် ရှင်တော်မူသည် အတိုင်း ထာဝရဘုရား မိန့် တော်မူသော စကားကိုသာ ငါပြန် ပြောရမည်ဟုဆို ၏။
14А Михеја рече: Тако да је жив Господ, говорићу оно што ми Господ каже.
15ရှင်ဘုရင် ထံသို့ ရောက် သောအခါ ရှင် ဘုရင်က၊ အချင်းမိက္ခါ ၊ ငါတို့သည် ဂိလဒ် ပြည်ရာမုတ်မြို့သို့ စစ်ချီ ကောင်းသလော။ မ ချီဘဲနေကောင်းသလောဟုမေး လျှင် ၊ မိက္ခါက၊ စစ်ချီ ၍ အောင် တော်မူပါ။ ထာဝရဘုရား သည် အရှင်မင်းကြီး ၏ လက် တော်သို့ အပ် တော်မူမည်ဟု ပြန်လျှောက် ၏။
15И кад дође к цару, рече му цар: Михеја! Хоћемо ли ићи на војску на Рамот галадски или ћемо се оканити? А он му рече: Иди, бићеш срећан, јер ће га Господ дати цару у руке.
16ရှင် ဘုရင်ကလည်း ၊ မှန် သောစကားမှတပါး အခြားသောစကားကို ထာဝရဘုရား အခွင့်နှင့် သင်သည် ငါ့ အား မ ဟော မည်အကြောင်း ၊ ငါ သည် ဘယ်နှစ်ကြိမ် တိုင်အောင်သင့် အား အကျိန် ပေးရမည်နည်းဟုမေး သော်၊
16А цар му рече: Колико ћу те пута заклињати да ми не говориш него истину у име Господње?
17မိက္ခါက၊ ဣသရေလ အမျိုးသားအပေါင်း တို့ သည် သိုးထိန်း မ ရှိ သော သိုး ကဲ့သို့ ၊ တောင် များအပေါ် မှာ အရပ်ရပ် ကွဲပြားလျက် ရှိကြသည်ကို ငါမြင် ပြီ။ ထာဝရဘုရား ကလည်း၊ ဤသူအပေါင်းတို့သည် အရှင်မရှိသောကြောင့် အသီးအသီးကိုယ်နေရာသို့ ပြန်ကြပါလေစေဟု မိန့်တော်မူကြောင်းကို လျှောက်ဆို၏။
17Тада рече: Видех сав народ Израиљев разасут по планинама као овце које немају пастира; јер рече Господ: Ови немају господара; нека се врате свак својој кући с миром.
18ဣသရေလ ရှင် ဘုရင်ကလည်း ၊ သူသည်ငါ ၌ မင်္ဂလာ စကားကိုမ ဟော ၊ အမင်္ဂလာ စကားကိုသာ ဟောတတ်သည်ဟု မင်းကြီး အား ငါမ ပြော သလောဟု ယောရှဖတ် အား ဆို ၏။
18Тада рече цар Израиљев Јосафату: Нисам ли ти рекао да ми неће пророковати добра него зло?
19မိက္ခါကလည်း၊ သို့ဖြစ်၍ ထာဝရဘုရား ၏ အမိန့် တော်ကို နားထောင် ပါ။ ထာဝရဘုရား သည် ပလ္လင် တော်ပေါ် မှာ ထိုင် တော်မူသည်ကို၎င်း ၊ ကောင်းကင် ဗိုလ်ခြေ အပေါင်း တို့သည် လက်ျာ တော်ဘက် လက်ဝဲ တော်ဘက် ၌ ရပ် နေကြသည်ကို၎င်းငါမြင် ပြီ။
19А Михеја му рече: Зато чуј реч Господњу; видех Господа где седи на престолу свом, а сва војска небеска стајаше му с десне и с леве стране.
20ထာဝရဘုရား ကလည်း ၊ အာဟပ် သည် ဂိလဒ် ပြည်ရာမုတ်မြို့သို့ စစ်ချီ ၍ ဆုံး စေခြင်းငှါ အဘယ်သူ သွေးဆောင် မည်နည်းဟုမေး တော်မူလျှင် ၊ အခြံအရံတော်တို့သည် တယောက်တနည်းစီ ပြန်လျှောက် ကြ၏။
20И рече Господ: Ко ће преварити Ахава да отиде и падне код Рамота галадског? И један рече ово а други оно.
21တဖန် ဝိညာဉ် တပါးသည် လာ ၍ ထာဝရဘုရား ရှေ့ တော်၌ ရပ် လျက် ၊ အကျွန်ုပ် သွေးဆောင် ပါမည်ဟု လျှောက် လျှင်၊
21Тада изиђе један дух и ставши пред Господа рече: Ја ћу га преварити. А Господ му рече: Како?
22ထာဝရဘုရား က အဘယ်သို့ သွေးဆောင်မည်နည်းဟုမေး တော်မူသော်၊ အကျွန်ုပ်သွား ၍ ထိုမင်းကြီး၏ ပရောဖက် အပေါင်း တို့အထဲမှာ မုသာ စကားကို ပြောတတ် သောစိတ် ဝိညာဉ်ဖြစ် ပါမည်ဟု ပြန်လျှောက် သော် ၊ သင်သည် သွေးဆောင် ၍ နိုင် လိမ့်မည်။ ထိုသို့သွား ၍ ပြု လော့ဟု မိန့် တော်မူ၏။
22Одговори: Изаћи ћу и бићу лажљив дух у устима свих пророка његових. А Господ му рече: Преварићеш га и надвладаћеш; иди и учини тако.
23သို့ဖြစ်၍ ထာဝရဘုရား သည် မုသာ စကားကို ပြောတတ်သောစိတ် ဝိညာဉ်ကို မင်းကြီး၏ ပရောဖက် အပေါင်း တို့၌ သွင်း တော်မူပြီ။ မင်းကြီး၏အမှုမှာ အမင်္ဂလာ စကားကို ပြော တော်မူပြီဟု ဟောလေ၏။
23Зато сада ето, Господ је метнуо лажљив дух у уста свим твојим пророцима, а Господ је изрекао зло по те.
24ထိုအခါ ခေနာနာ ၏ သား ဇေဒကိ သည် ချဉ်း လာ ၍ မိက္ခါ ၏ ပါး ကို ပုတ် လျက် ၊ ထာဝရဘုရား ၏ ဝိညာဉ် တော်သည် သင် နှင့်နှုတ်ဆက် ခြင်းငှါ အဘယ် လမ်းဖြင့် ငါ မှ ထွက် တော်မူသနည်းဟုမေး လျှင်၊
24Тада приступи Седекија, син Хананин, и удари Михеју по образу говорећи: Куда је отишао дух Господњи од мене да говори с тобом?
25မိက္ခါ က၊ သင်သည် ပုန်းရှောင် ၍ နေခြင်းငှါ အတွင်း ခန်းထဲသို့ ဝင် သော နေ့ ၌ သင် မြင် လိမ့်မည်ဟု ဆို ၏။
25А Михеја му рече: Ето, видећеш у онај дан кад отидеш у најтајнију клет да се сакријеш.
26ဣသရေလ ရှင် ဘုရင်က၊ မိက္ခါ ကို မြို့ဝန်မင်း အာမုန် ထံ ၊ သား တော်ယောရှ ထံသို့ ယူသွား ၍၊
26Тада цар Израиљев рече: Ухвати Михеју и одведи га к Амону заповеднику градском и к Јоасу, сину царевом;
27ဤ သူကိုထောင် ထဲမှာလှောင် ထားကြ။ ငါသည် ငြိမ်ဝပ် စွာ ပြန် ၍ မ လာမှီတိုင်အောင်ဆင်းရဲ စွာ စား သောက် စေဟု အမိန့် တော်ရှိကြောင်းကို ဆင့်ဆို လော့ဟု စီရင် ၏။
27и реци им: Овако вели цар: Метните овог у тамницу, и дајите им по мало хлеба и по мало воде докле се не вратим у миру.
28မိက္ခါ ကလည်း၊ မင်းကြီးသည် ငြိမ်ဝပ် စွာ ပြန် လာရလျှင် ထာဝရဘုရား သည်ငါ့ အားဖြင့် မိန့် တော် မ မူ၊ အိုလူ များအပေါင်း တို့၊ နားထောင် ကြလော့ဟုဆို ၏။
28А Михеја рече: Ако се вратиш у миру, није Господ говорио преко мене. Још рече: Чујте, сви народи!
29ထိုသို့ ဣသရေလ ရှင်ဘုရင် နှင့် ယုဒ ရှင်ဘုရင် ယောရှဖတ် တို့သည် ဂိလဒ် ပြည်ရာမုတ်မြို့သို့ စစ်ချီ ကြ၏။
29И отиде цар Израиљев с Јосафатом царем Јудиним на Рамот галадски.
30ဣသရေလ ရှင် ဘုရင်က၊ ငါသည်ခြားနားသော အယောင် ကို ဆောင်၍ စစ်ပွဲ ထဲသို့ ဝင် မည်။ မင်းကြီး မူကား မင်းမြောက် တန်ဆာကို ဝတ်ဆင် ပါလော့ဟု ယောရှဖတ် အား ဆို ပြီးမှ ၊ ဣသရေလ ရှင် ဘုရင်သည် ခြားနားသော အယောင် ကို ဆောင်လျက် စစ်ပွဲ ထဲသို့ ဝင် ၏။
30И рече цар Израиљев Јосафату: Ја ћу се преобући кад пођем у бој; а ти обуци своје одело. И преобуче се цар Израиљев и отиде у бој.
31ရှုရိ ရှင် ဘုရင်က၊ ဣသရေလ ရှင်ဘုရင် မှတပါး အခြားသော လူကြီး လူငယ် ကို မ တိုက် နှင့်ဟု ရထားစီး သူရဲများကို အုပ်သော ဗိုလ်သုံးကျိပ် နှစ် ယောက်တို့ကိုမှာ ထားနှင့်သောကြောင့်၊
31А цар сирски заповеди војводама, којих беше тридесет и двојица над колима његовим, и рече: Не ударајте ни на малог ни на великог, него на самог цара Израиљевог.
32ရထားစီး သူရဲအုပ်ဗိုလ်မင်းတို့သည် ယောရှဖတ် ကိုမြင် သောအခါ ၊ အကယ် စင်စစ်ထိုသူသည် ဣသရေလ ရှင်ဘုရင် ဖြစ် လိမ့်မည်ဟု ဆို လျက် သူ့ ကို တိုက် အံ့သောငှါ လမ်းလွှဲ ကြ၍ ၊ ယောရှဖတ် လည်း ကြွေးကြော် လေ၏။
32И кад војводе од кола видеше Јосафата, рекоше: Зацело је цар Израиљев. И окренуше се на њ да ударе; али Јосафат повика.
33ဣသရေလ ရှင်ဘုရင် မ ဟုတ်ကြောင်း ကို ရထားစီး သူရဲအုပ်ဗိုလ်မင်းတို့သည် ရိပ်မိ သောအခါ ၊ မလိုက်ဘဲ အခြားသို့ ရှောင် သွားကြ၏။
33А војводе од кола видеше да није цар Израиљев, те одступише од њега.
34လူ တယောက်သည် မရွယ်ဘဲလေး နှင့်ပစ်၍၊ ဣသရေလ ရှင် ဘုရင်ကို သံချပ် အင်္ကျီအဆစ် ကြား မှာ မှန် လေသော် ၊ ငါ့ ကိုစစ်ပွဲ ထဲက လှည့် ၍ ထုတ်ဆောင် လော့။ ငါနာ သည်ဟု မိမိ ရထား တော်ထိန်းကို ဆို ၏။
34А један застрели из лука нагоном, и устрели цара Израиљевог где спуча оклоп. А он рече свом возачу: Савиј руком својом и извези ме из боја, јер сам рањен.
35ထို နေ့ ၌ တိုး၍ တိုက် ကြ၏။ ရှင် ဘုရင်သည် ရှုရိ လူတဘက် တချက်၌ရထား တော်ထဲမှာ လူကိုမှီ ၍ ထိုင်နေ၏။ ညဦးယံ ၌ အသက် တော်ကုန်၏။ ထိခိုက်ရာ အနာ မှ အသွေး သည်ရထား ထဲသို့ ယို ၏။
35И бој би жесток оног дана; а цар заоста на колима својим према Сирцима, па умре увече, и крв из ране течаше у кола.
36လူအပေါင်းတို့၊ ကိုယ် နေသောမြို့ ပြည် သို့ ပြန်သွားကြဟု နေ ဝင် သောအခါ တတပ်လုံး ကို ကြွေးကြော် လေ၏။
36И прође гласник по војсци о заходу сунчаном говорећи: Свак у свој град, и свак у своју земљу.
37ထိုသို့ ရှင်ဘုရင် သေ ၍ ရှမာရိ မြို့သို့ ရောက် သဖြင့် သင်္ဂြိုဟ် ခြင်းကို ခံရ၏။
37Тако умре цар, и однесоше га у Самарију; и погребоше цара у Самарији.
38ရထား တော်နှင့် လက်နက် တော်ကို ရှမာရိ မြို့ ရေကန် ၌ ဆေး သဖြင့် ၊ ထာဝရဘုရား မိန့် တော်မူသော စကား နှင့်အညီ ခွေး တို့သည် အသွေး ကို လျက် ကြ၏။
38А кад праху кола на језеру самаријском, лизаше пси крв његову, тако и кад праху оружје његово, по речи коју рече Господ.
39အာဟပ် ပြုမူ သော အမှုအရာ ကြွင်း လေသမျှ တို့နှင့် တည်ဆောက် သော ဆင်စွယ် နန်း ၊ ပြုစု သော မြို့ တို့ သည် ဣသရေလ ရာဇဝင် ၌ ရေးထား လျက်ရှိ၏။
39А остала дела Ахавова и све што је учинио, и за кућу од слонове кости коју је саградио, и за све градове што је саградио, није ли то записано у дневнику царева Израиљевих?
40အာဟပ် သည် ဘိုးဘေး တို့နှင့် အိပ်ပျော် ၍ ၊ သား တော်အာခဇိ သည် ခမည်းတော်အရာ ၌ နန်း ထိုင်၏။
40Тако почину Ахав код отаца својих, и на његово се место зацари Охозија, син његов.
41ဣသရေလ ရှင်ဘုရင် အာဟပ် နန်းစံလေး နှစ် တွင် အာသ သား ယောရှဖတ် သည် အသက်သုံး ဆယ် ငါး နှစ် ရှိသော်ယုဒ နိုင်ငံကို အစိုးရ ၍၊
41А Јосафат, син Асин зацари се над Јудом четврте године царовања Ахавовог над Израиљем;
42ယေရုရှလင် မြို့၌ နှစ် ဆယ်ငါး နှစ် စိုးစံ လေ၏။ မယ်တော် ကား ရှိလဟိ သမီး အဇုဘ အမည် ရှိ၏။
42и имаше Јосафат тридесет и пет година кад поче царовати, и царова двадесет и пет година у Јерусалиму. А матери му беше име Азува, кћи Силејева.
43ထိုမင်းသည်ခမည်းတော် အာသ လိုက်သော လမ်း ကိုမ လွှဲ ၊ အကုန်အစင် လိုက် ၍ ထာဝရဘုရား ရှေ့ တော်၌ ဖြောင့်မတ် သောအကျင့် ကိုသာ ကျင့် ၏။ သို့ရာတွင် မြင့် သောအရပ်တို့ကို မ ပယ်ရှား သောကြောင့်၊ လူ တို့သည် ထိုအရပ် တို့၌ ယဇ် ပူဇော်၍ နံ့သာပေါင်း ကို မီးရှို့ကြ၏။
43И хођаше путем Асе, оца свог сасвим, и не одступи од њега чинећи све што је право пред Господом.
44ယောရှဖတ် မင်းသည် ဣသရေလ ရှင်ဘုရင် နှင့် စစ်မတိုက် မိဿဟာယ ဖွဲ့လေ၏။
44Али висина не оборише; народ још приношаше жртве и кађаше на висинама.
45ယောရှဖတ် ပြုမူ သော အမှုအရာ ကြွင်း လေသမျှ တို့နှင့် တန်ခိုး ကြီးခြင်း၊ စစ်တိုက် ခြင်းအရာတို့သည် ယုဒ ရာဇဝင် ၌ ရေးထား လျက် ရှိ၏။
45И учини мир Јосафат с царем Израиљевим.
46ခမည်းတော် အာသ လက်ထက် ၌ ကျန်ကြွင်း သေး သော ယောက်ျားအလိုသို့ လိုက်တတ်သော မိန်းမလျှာ တို့ကို ပြည် တော်မှ သုတ်သင် ပယ်ရှင်းလေ၏။
46А остала дела Јосафатова и јунаштва што учини и како војева, није ли то записано у дневнику царева Јудиних?
47ထိုကာလ၊ ဧဒုံ ပြည်၌ ရှင်ဘုရင် မ ရှိ။ ယုဒ ရှင်ဘုရင်ခန့်ထား သော မြို့ဝန်မင်း စီရင်ရ၏။
47Он истреби из земље своје остатак аџувана, који беху остали за живота Асе, оца његовог.
48ယောရှဖတ် သည် ဩဖိရ ပြည်သို့ စေလွှတ်၍၊ ရွှေ ကို ယူစေခြင်းငှါ တာရှု သင်္ဘော တို့ကို ဧဇယုန်ဂါဗာမြို့ မှာ တည် ၏။
48У то време не беше цара у Идумеји, него беше намесник царев.
49အာဟပ် သား အာခဇိ က၊ ငါ့ ကျွန် တို့သည် မင်းကြီး ကျွန် တို့နှင့် သင်္ဘော စီးပါစေဟု ယောရှဖတ်၌ အခွင့်တောင်း၍ ယောရှဖတ်သည် အခွင့်ပေး၏။ သို့သော်လည်းသင်္ဘော တို့သည် ဧဇယုန်ဂါဗာ မြို့မှာ ကျိုးပဲ့ သောကြောင့် ၊ ဩဖိရမြို့သို့ မသွားရ။
49И Јосафат начини лађе тарсиске да иду у Офир по злато; али не отидоше; јер се лађе разбише у Есион-Гаверу.
50ယောရှဖတ် သည် ဘိုးဘေး တို့နှင့် အိပ်ပျော် ၍ သူတို့နှင့်အတူ အဘ ဒါဝိဒ် မြို့ ၌ သင်္ဂြိုဟ် ခြင်းကိုခံလေ၏။ သား တော်ယဟောရံ သည် ခမည်းတော်အရာ ၌ နန်း ထိုင် ၏။
50Тада рече Охозија, син Ахавов Јосафату: Нека иду моје слуге с твојим слугама на лађама. Али Јосафат не хте.
51ယုဒ ရှင်ဘုရင် ယောရှဖတ် နန်းစံဆယ် ခုနစ် နှစ် တွင် ၊ အာဟပ် သား အာခဇိ သည် ရှမာရိ မြို့၌ မင်းပြု ၍ ဣသရေလ နိုင်ငံကို နှစ် နှစ်စိုးစံ ၏။
51И почину Јосафат код отаца својих, и погребоше га код отаца његових у граду Давида, оца његовог; а на његово се место зацари Јорам, син његов.
52ထိုမင်းသည်ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကို ပြု ၍ ၊ မိ ဘ လိုက်သောလမ်း ၊ ဣသရေလ အမျိုးကို ပြစ်မှား စေသော နေဗတ် ၏သား ယေရောဗောင် လိုက်သောလမ်း သို့ လိုက် လေ၏။
52Охозија, син Ахавов зацари се над Израиљем у Самарији седамнаесте године царовања Јосафатовог над Јудом; и царова над Израиљем две године.
53ဗာလ ဘုရားကို ဝတ်ပြု ကိုးကွယ် ၍ ၊ အဘ ကျင့် လေသမျှ အတိုင်း ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား ၏ အမျက် တော်ကို နှိုးဆော်သတည်း။
53И чињаше што је зло пред Господом, и хођаше путем оца свог и путем матере своје и путем Јеровоама, сина Наватовог, који наведе на грех Израиља.
no verse 54 in this text
54И служаше Валу и клањаше му се, и гневљаше Господа Бога Израиљевог сасвим како је чинио отац његов.
Tip: use the ← and → keys to turn chapters.