၃ ဓမ္မရာဇဝင်

Old Testament

Chapter 21

၃ ဓမ္မရာဇဝင်

Judson Burmese Bible (18…
vs Modern Hebrew Bible
Aa
Text size
Line width
Verse numbers

၃ ဓမ္မရာဇဝင် 21

Judson Burmese Bible (1840)
Modern Hebrew Bible
1ထိုနောက်မှ ယေဇရေလ မြို့သားနာဗုတ် ပိုင်သော စပျစ် ဥယျာဉ်သည် ယေဇရေလ မြို့တွင် ၊ ရှမာရိ မင်းကြီး အာဟပ် ၏နန်း တော်နား မှာ ရှိ သည်ဖြစ်၍၊
1ויהי אחר הדברים האלה כרם היה לנבות היזרעאלי אשר ביזרעאל אצל היכל אחאב מלך שמרון׃
2အာဟပ် မင်းက၊ သင့် စပျစ် ဥယျာဉ်သည် နန်း တော်နား မှာရှိသောကြောင့် ယာ လုပ်စရာဘို့ ပေး ပါ။ သာ၍ ကောင်းသော ဥယျာဉ် ကို ငါပေး မည်။ သို့မဟုတ် သင် အလို ရှိလျှင် အဘိုး ကိုပေး မည်ဟု နာဗုတ် အား ဆို လျှင်၊
2וידבר אחאב אל נבות לאמר תנה לי את כרמך ויהי לי לגן ירק כי הוא קרוב אצל ביתי ואתנה לך תחתיו כרם טוב ממנו אם טוב בעיניך אתנה לך כסף מחיר זה׃
3နာဗုတ် က၊ ဘိုးဘေး လက်မှ အမွေခံ သောမြေကို ကိုယ်တော်အားပေး ရသောအမှုကို ထာဝရဘုရား ဆီးတား တော်မူပါစေသောဟု ပြန်လျှောက် ၏။
3ויאמר נבות אל אחאב חלילה לי מיהוה מתתי את נחלת אבתי לך׃
4ဘိုးဘေး မှ အမွေခံ သော မြေကို မ ပေး ရဟု ယေဇရေလ မြို့သားနာဗုတ် လျှောက် သော စကား ကြောင့် အာဟပ်မင်းသည် ညစ်ညူး သောစိတ် နှင့် ညှိုးငယ် လျက်၊ နန်း တော်သို့ သွား ၍ အစာ ကိုမ စား ၊ မျက်နှာ ကို လွှဲ ၍ သာလွန် ပေါ် မှာအိပ် လျက်နေ၏။
4ויבא אחאב אל ביתו סר וזעף על הדבר אשר דבר אליו נבות היזרעאלי ויאמר לא אתן לך את נחלת אבותי וישכב על מטתו ויסב את פניו ולא אכל לחם׃
5ခင်ပွန်း ယေဇဗေလ သည်လာ ၍ ၊ အစာ ကို မ စား နိုင်အောင် စိတ် တော်သည် အဘယ်ကြောင့် ညှိုးငယ် တော်မူသနည်းဟုမေး လျှင်၊
5ותבא אליו איזבל אשתו ותדבר אליו מה זה רוחך סרה ואינך אכל לחם׃
6မင်းကြီးက၊ ယေဇရေလ မြို့သားနာဗုတ် ကို ငါခေါ် ၍ သင့် စပျစ် ဥယျာဉ်ကို ရောင်း ပါ။ သို့မဟုတ် သင် အလို ရှိ လျှင် အခြားသောဥယျာဉ် ကို ငါပေး မည်ဟုဆို သော်၊ ထိုဥယျာဉ် ကို ကိုယ်တော် အား မ ပေး ရဟု ပြန်ပြော သောကြောင့် စိတ်ညှိုးငယ်သည်ဟုဆို ၏။
6וידבר אליה כי אדבר אל נבות היזרעאלי ואמר לו תנה לי את כרמך בכסף או אם חפץ אתה אתנה לך כרם תחתיו ויאמר לא אתן לך את כרמי׃
7ခင်ပွန်း ယေဇဗေလ က၊ ကိုယ်တော် သည် ဣသရေလ နိုင်ငံကို အစိုးရ တော်မူသည် မဟုတ်လော။ ထ ၍ ရွှင်လန်း သောစိတ် နှင့် စားတော်ခေါ် ပါ။ ကျွန်မ သည် ယေဇရေလ မြို့သားနာဗုတ် ၏ စပျစ် ဥယျာဉ်ကို ဆက် ပါမည် ဟုဆို သည်အတိုင်း၊
7ותאמר אליו איזבל אשתו אתה עתה תעשה מלוכה על ישראל קום אכל לחם ויטב לבך אני אתן לך את כרם נבות היזרעאלי׃
8အာဟပ် မင်း၏ အခွင့်နှင့် စာ ရေး ၍ တံဆိပ် တော်နှင့် ခတ် ပြီးမှ ၊ နာဗုတ် နေ ရာမြို့ ၌ သူနှင့်အတူ နေသောအသက် ကြီးသူနှင့် မှူးမတ် များထံသို့ ပေး လိုက် လေ၏။
8ותכתב ספרים בשם אחאב ותחתם בחתמו ותשלח הספרים אל הזקנים ואל החרים אשר בעירו הישבים את נבות׃
9စာ ချက်ဟူမူကား ၊ အစာရှောင် ရာအချိန်ကို ကြွေးကြော် ၍ ၊ နာဗုတ် ကို လူ များရှေ့ မှာ မြှောက်ထား ကြလော့။
9ותכתב בספרים לאמר קראו צום והושיבו את נבות בראש העם׃
10သူ့ ရှေ့ မှာ အဓမ္မ လူ နှစ် ယောက်ကိုထား ၍ ၊ သင်သည် ဘုရားသခင် နှင့် ရှင် ဘုရင်ကိုစွန့်ပယ် ပြီဟု သက်သေခံ ပါလေစေ။ သို့ပြီးမှ သူ့ ကို ထုတ် ၍ သေ စေခြင်းငှါ ကျောက်ခဲ နှင့်ပစ်ကြလော့ဟု ပါသတည်း။
10והושיבו שנים אנשים בני בליעל נגדו ויעדהו לאמר ברכת אלהים ומלך והוציאהו וסקלהו וימת׃
11ယေဇဗေလ ပေး လိုက်သော စာ ၌ ပါသည် အတိုင်း ၊ နာဗုတ်နေ သော မြို့သား အသက်ကြီး သူနှင့် မှူးမတ် တို့သည် ပြု လျက်၊
11ויעשו אנשי עירו הזקנים והחרים אשר הישבים בעירו כאשר שלחה אליהם איזבל כאשר כתוב בספרים אשר שלחה אליהם׃
12အစာရှောင် ရာအချိန်ကို ကြွေးကြော် ၍ နာဗုတ် ကို လူ များရှေ့ မှာ မြှောက်ထား ကြ၏။
12קראו צום והשיבו את נבות בראש העם׃
13အဓမ္မ လူ နှစ် ယောက်သည် လာ ၍ သူ့ ရှေ့ မှာ ထိုင် လျက် ၊ နာဗုတ် သည် ဘုရားသခင် နှင့် ရှင်ဘုရင် ကို စွန့်ပယ် ပြီဟု လူ များရှေ့ တွင် နာဗုတ် တဘက်၌ သက်သေခံ ကြလျှင် ၊ နာဗုတ်ကို မြို့ ပြင် သို့ ထုတ် ၍ သေ အောင် ကျောက်ခဲ နှင့် ပစ် ကြ၏။
13ויבאו שני האנשים בני בליעל וישבו נגדו ויעדהו אנשי הבליעל את נבות נגד העם לאמר ברך נבות אלהים ומלך ויצאהו מחוץ לעיר ויסקלהו באבנים וימת׃
14ထိုအခါ နာဗုတ် သည် ကျောက်ခဲ နှင့် ပစ်ခြင်း ကိုခံရ၍ သေ ပါပြီဟု ယေဇဗေလ ထံသို့ စေလွှတ် ၍ ကြားလျှောက် ကြ၏။
14וישלחו אל איזבל לאמר סקל נבות וימת׃
15ထိုအကြောင်းကို ယေဇဗေလ သည် ကြား လျှင် ၊ ယေဇရေလ မြို့သားနာဗုတ် မ ရောင်းလိုသော စပျစ် ဥယျာဉ်ကို ထ ၍ သိမ်းယူ တော်မူပါ။ နာဗုတ် အသက် မ ရှိ၊ သေ ပါပြီဟု ဆို ၏။
15ויהי כשמע איזבל כי סקל נבות וימת ותאמר איזבל אל אחאב קום רש את כרם נבות היזרעאלי אשר מאן לתת לך בכסף כי אין נבות חי כי מת׃
16နာဗုတ် သေ ကြောင်း ကို အာဟပ် သည် ကြား လျှင် ၊ ယေဇရေလ မြို့သားနာဗုတ် ၏ စပျစ် ဥယျာဉ်ကို သိမ်းယူ ခြင်းငှါ ထ သွား ၏။
16ויהי כשמע אחאב כי מת נבות ויקם אחאב לרדת אל כרם נבות היזרעאלי לרשתו׃
17ထိုအခါ တိရှဘိ မြို့သားဧလိယ သို့ ရောက် လာသောထာဝရဘုရား ၏နှုတ်ကပတ် တော်က၊
17ויהי דבר יהוה אל אליהו התשבי לאמר׃
18သင်သည်ရှမာရိ မြို့၌ နေသော ဣသရေလ ရှင်ဘုရင် အာဟပ် ကို ကြိုဆို အံ့သောငှါ ထ သွား လော့။ သူသည်နာဗုတ် ၏ စပျစ် ဥယျာဉ်ကို သိမ်းယူ ခြင်းငှါ သွား ၍ ယခုဥယျာဉ်၌ရှိ ၏။
18קום רד לקראת אחאב מלך ישראל אשר בשמרון הנה בכרם נבות אשר ירד שם לרשתו׃
19ထာဝရဘုရား မိန့် တော်မူသည်ကား၊ သင်သည် လူအသက်ကိုသတ် ၍ သူ့ဥစ္စာကို သိမ်းယူ ပြီလော။ တဖန် မိန့် တော်မူသည်ကား၊ ခွေး တို့သည် နာဗုတ် အသွေး ကို လျက် သော အရပ် ၌ သင့် အသွေး ကိုပင် လျက် ကြ လိမ့်မည်ဟု မိန့် တော်မူကြောင်းကို ဆင့်ဆို လော့ဟု မှာထား တော်မူ၏။
19ודברת אליו לאמר כה אמר יהוה הרצחת וגם ירשת ודברת אליו לאמר כה אמר יהוה במקום אשר לקקו הכלבים את דם נבות ילקו הכלבים את דמך גם אתה׃
20အာဟပ် ကလည်း ၊ အချင်းရန်သူ ၊ ငါ နှင့်တွေ့ ပြီ လောဟု ဧလိယ အား ဆို လျှင် ၊ ဧလိယကသင်သည် ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကို ပြု လို၍ ကိုယ် ကို ရောင်း သောကြောင့် သင်နှင့်ငါတွေ့ ပြီ။
20ויאמר אחאב אל אליהו המצאתני איבי ויאמר מצאתי יען התמכרך לעשות הרע בעיני יהוה׃
21ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင့် အပေါ် သို့ ဘေးဥပဒ် ရောက် စေမည်။ ဣသရေလ မြို့ရွာ၌ ချုပ်ထား သောသူဖြစ်စေ ၊ အလွတ် ပြေးသောသူဖြစ်စေ၊ အာဟပ် အမျိုး ယောက်ျား များကိုပယ်ဖြတ် မည်။
21הנני מבי אליך רעה ובערתי אחריך והכרתי לאחאב משתין בקיר ועצור ועזוב בישראל׃
22ငါ့အမျက် ကို နှိုးဆော်သောအပြစ်နှင့် ဣသရေလ အမျိုးကို ပြစ်မှား စေသောအပြစ်ကြောင့် ၊ သင့် အမျိုး ကို နေဗတ် ၏သား ယေရောဗောင် အမျိုး နှင့် အဟိယ ၏ သား ဗာရှာ အမျိုး ကဲ့သို့ ငါဖြစ် စေမည်။
22ונתתי את ביתך כבית ירבעם בן נבט וכבית בעשא בן אחיה אל הכעס אשר הכעסת ותחטא את ישראל׃
23ယေဇဗေလ အမှုမှာ ထာဝရဘုရား မိန့် တော်မူသည် ကား၊ ယေဇရေလ မြို့ရိုး နား မှာ ခွေး တို့သည် ယေဇဗေလ ကို စား ကြလိမ့်မည်။
23וגם לאיזבל דבר יהוה לאמר הכלבים יאכלו את איזבל בחל יזרעאל׃
24အာဟပ် အမျိုးသည် မြို့ ထဲမှာ သေ လျှင်ခွေး စား လိမ့်မည်။ မြို့ပြင် မှာ သေ လျှင် မိုဃ်း ကောင်းကင်ငှက် စား လိမ့်မည်ဟု မိန့်တော်မူကြောင်းကို အာဟပ်အား ဆင့်ဆို ၏။
24המת לאחאב בעיר יאכלו הכלבים והמת בשדה יאכלו עוף השמים׃
25အာဟပ် နှင့် တူသော သူတယောက် မျှမရှိ။ ခင်ပွန်း ယေဇဗေလ သည် တိုက်တွန်း သဖြင့်၊ ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကို ပြု လို၍ ကိုယ်ကို ရောင်း သော သူဖြစ်၏။
25רק לא היה כאחאב אשר התמכר לעשות הרע בעיני יהוה אשר הסתה אתו איזבל אשתו׃
26ထာဝရဘုရား သည် ဣသရေလ အမျိုးရှေ့ မှ နှင်ထုတ် တော်မူသော အာမောရိ အမျိုးသားပြု သမျှ အတိုင်း ၊ ရုပ်တု ဆင်းတုကို ဆည်းကပ် ၍ စက်ဆုပ် ရွံရှာဘွယ်အမှုကိုပြု၏။
26ויתעב מאד ללכת אחרי הגללים ככל אשר עשו האמרי אשר הוריש יהוה מפני בני ישראל׃
27သို့ရာတွင် ဧလိယဆင့်ဆိုသော စကား တော်ကို ကြား လျှင် ၊ မိမိ အဝတ် ကို ဆုတ် ၍ လျှော်တေ အဝတ်ကို ဝတ် ၏။ အစာရှောင် ခြင်း၊ လျှော်တေ အဝတ်၌ အိပ် ခြင်း ကို ပြု၍ ဖြည်းဖြည်း သွား လာ၏။
27ויהי כשמע אחאב את הדברים האלה ויקרע בגדיו וישם שק על בשרו ויצום וישכב בשק ויהלך אט׃
28ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် တိရှဘိ မြို့သားဧလိယ သို့ ရောက် လာသည်ကား၊
28ויהי דבר יהוה אל אליהו התשבי לאמר׃
29အာဟပ် သည် ငါ့ ရှေ့ မှာနှိမ့်ချ သည်ကို မြင် ပြီ လော။ ထိုသို့ငါ့ ရှေ့ မှာနှိမ့်ချ သောကြောင့် ၊ သူ့ လက်ထက် ၌ ထိုဘေးဥပဒ် ကို ငါမ ရောက် စေ။ သူ့ သား လက်ထက် ၌ သူ့ အမျိုး အပေါ် သို့ရောက် စေမည်ဟု မိန့် တော်မူ၏။
29הראית כי נכנע אחאב מלפני יען כי נכנע מפני לא אבי הרעה בימיו בימי בנו אביא הרעה על ביתו׃

Tip: use the ← and → keys to turn chapters.