၁ယောဟန်

Old Testament

Chapter 2

၁ယောဟန်

Judson Burmese Bible (18…
vs Clementine Vulgate…
Aa
Text size
Line width
Verse numbers

၁ယောဟန် 2

Judson Burmese Bible (1840)
Clementine Vulgate, 1598
1ချစ်သား တို့၊ သင် တို့သည်ဒုစရိုက်ကိုမ ပြု စေခြင်းငှာ ဤအရာ များကိုသင်တို့အား ငါရေး ၍ပေးလိုက်၏။ တစ်စုံတစ်ယောက် သောသူသည် ဒုစရိုက် ကိုပြုမိလျှင် ၊ ဖြောင့်မတ် တော်မူသောအရှင်ယေရှု ခရစ် တည်းဟူသောငါတို့အမှုဆောင် သခင်သည် ခမည်းတော် ထံ၌ ရှိ တော်မူ၏။
1Filioli mei, hæc scribo vobis, ut non peccetis. Sed et si quis peccaverit, advocatum habemus apud Patrem, Jesum Christum justum:
2ထိုသခင် သည်ငါ တို့၏အပြစ် မက ၊ လောကီသား အပေါင်း တို့၏ အပြစ် ဖြေစရာအကြောင်း ဖြစ် တော်မူ၏။
2et ipse est propitiatio pro peccatis nostris: non pro nostris autem tantum, sed etiam pro totius mundi.
3ထို သခင်ကို ကိုယ်တိုင် သိကျွမ်း သည်ကိုအဘယ်သို့သိ ရသနည်းဟူမူကား၊ ပညတ် တော်တို့ကို စောင့်ရှောက် လျှင် သိရသတည်း။
3Et in hoc scimus quoniam cognovimus eum, si mandata ejus observemus.
4ထိုသခင် ကို ငါသိ ၏ဟုပညတ် တော်တို့ကို မ စောင့် ဘဲလျက် ဆို သောသူ သည် မုသာ ကိုသုံးသောသူ ဖြစ်၍ထိုသူ ၌ သစ္စာ မ ရှိ ။
4Qui dicit se nosse eum, et mandata ejus non custodit, mendax est, et in hoc veritas non est.
5ထိုသခင် ၏စကား တော်ကို နားထောင် သောသူ မည်သည်ကား၊ ဘုရားသခင် ကို ချစ် ခြင်းမေတ္တာနှင့် အမှန် ပြည့်စုံ ၏။ ငါတို့သည် သခင် ၌ ရှိကြောင်း ကို ထိုသို့ အားဖြင့် သိ ရကြ၏။
5Qui autem servat verbum ejus, vere in hoc caritas Dei perfecta est: et in hoc scimus quoniam in ipso sumus.
6ထိုသခင် ၌ ငါတည် ၏ဟုဆို သောသူ သည်၊ ထိုသခင် ကျင့် တော်မူသည်နည်းတူ ကျင့် ရမည်။
6Qui dicit se in ipso manere, debet, sicut ille ambulavit, et ipse ambulare.
7ချစ်သူ တို့၊ သင် တို့အား ငါရေး ထားသော ပညတ် သည် ပညတ်သစ် မ ဟုတ်။ ရှေ့ဦးစွာ ကပင် သင်တို့၌ ရှိ သော ပညတ် ဟောင်း ဖြစ်၏။ ပညတ် ဟောင်း ကား၊ ရှေ့ဦးစွာကပင် သင်တို့ကြား ရသော ဒေသနာ တော်ဖြစ် ၏။
7Carissimi, non mandatum novum scribo vobis, sed mandatum vetus, quod habuistis ab initio. Mandatum vetus est verbum, quod audistis.
8တဖန်တုံ ၊ ပညတ် သစ် ကို သင် တို့အား ငါရေး ထား၏။ ထိုသခင် အားဖြင့် ၎င်း ၊ သင် တို့အားဖြင့် ၎င်း၊ အသစ်မှန် ပေ ၏။ အကြောင်းမူကား မှောင်မိုက် ပျောက်လွင့် ၍ မှန် သောအလင်း သည် ထွန်းတောက် လျက်ရှိ၏။
8Iterum mandatum novum scribo vobis, quod verum est et in ipso, et in vobis: quia tenebræ transierunt, et verum lumen jam lucet.
9မိမိ ညီအစ်ကို ကိုမုန်း လျက် ပင်၊ ငါသည် အလင်း ၌ ရှိ ၏ ဟုဆို သောသူ သည်ယခု တိုင်အောင် မှောင်မိုက် ၌ ရှိ သေး၏။
9Qui dicit se in luce esse, et fratrem suum odit, in tenebris est usque adhuc.
10မိမိ ညီအစ်ကို ကိုချစ် သောသူ သည် အလင်း ၌ တည်နေ ၏။ ထိမိ ၍ လဲစရာအကြောင်းသည်ထိုသူ ၌ မ ရှိ ။
10Qui diligit fratrem suum, in lumine manet, et scandalum in eo non est.
11မိမိ ညီအစ်ကို ကို မုန်း သောသူ သည် မှောင်မိုက် ၌ ရှိ ၏။ မှောင်မိုက် ၌ လည်း ကျင်လည် သွားလာ၏။ မှောင်မိုက် ကြောင့် သူ ၏မျက်စိ မ မြင်နိုင်သဖြင့် ၊ အဘယ် အရပ်သို့ ကိုယ်သွား သည်ကိုကိုယ်မ သိ ။
11Qui autem odit fratrem suum, in tenebris est, et in tenebris ambulat, et nescit quo eat: quia tenebræ obcæcaverunt oculos ejus.
12ချစ်သား တို့၊ သင် တို့သည် ထိုသခင် ၏ နာမ တော်အားဖြင့် အပြစ် များနှင့်ကင်းလွတ် သောကြောင့် ၊ သင် တို့အားငါရေး ၍ပေးလိုက်၏။
12Scribo vobis, filioli, quoniam remittuntur vobis peccata propter nomen ejus.
13အဘ တို့၊ သင်တို့သည် ရှေ့ဦးစွာ ကပင် ရှိတော်မူသောသူ ကိုသိ သောကြောင့် ၊ သင် တို့အားငါရေး ၍ ပေးလိုက်၏။ လူပျို တို့၊ သင်တို့သည် မာရ်နတ် ကိုအောင် သောကြောင့် ၊ သင် တို့အားငါရေး ၍ ပေးလိုက်၏။ သူငယ် တို့၊ သင်တို့သည် ခမည်းတော် ကိုသိ သောကြောင့် ၊ သင် တို့အား ငါရေး ၍ပေးလိုက်၏။
13Scribo vobis, patres, quoniam cognovistis eum, qui ab initio est. Scribo vobis, adolescentes, quoniam vicistis malignum.
14အဘတို့၊ သင်တို့သည် ရှေ့ဦးစွာကပင်ရှိတော်မူသောသူကိုသိသောကြောင့်၊ သင်တို့အား ငါရေး၍ ပေးလိုက်ခဲ့ပြီ။ လူပျို တို့၊ သင်တို့သည် ခွန်အား နှင့်ပြည့်စုံ၍၊ ဘုရားသခင် ၏နှုတ်ကပတ် တော်၌ မှီဝဲဆည်းကပ်သဖြင့် မာရ်နတ် ကိုအောင် သောကြောင့် ၊ သင် တို့အား ငါရေး ၍ ပေးလိုက်ခဲ့ပြီ။
14Scribo vobis, infantes, quoniam cognovistis patrem. Scribo vobis juvenes, quoniam fortes estis, et verbum Dei manet in vobis, et vicistis malignum.
15လောက ကို၎င်း၊ လောက ၌ရှိသောအရာ တို့ကို၎င်း၊ မ ချစ် ကြနှင့်။ လောက ကိုချစ် သောသူမည်သည်ကား၊ ခမည်းတော် ကို ချစ် ခြင်းမေတ္တာမ ရှိ ။
15Nolite diligere mundum, neque ea quæ in mundo sunt. Si quis diligit mundum, non est caritas Patris in eo:
16လောက ၌ ရှိသမျှ သော အရာတည်းဟူသောကိုယ် ကာယတပ်မက် ခြင်း၊ မျက်စိ တပ်မက် ခြင်း၊ လောကီ စည်းစိမ် ၌ဝါကြွား ခြင်းတို့သည် ခမည်းတော် နှင့်မ စပ်ဆိုင် ၊ လောက နှင့်သာစပ်ဆိုင် ကြ၏။
16quoniam omne quod est in mundo, concupiscentia carnis est, et concupiscentia oculorum, et superbia vitæ: quæ non est ex Patre, sed ex mundo est.
17လောက နှင့် လောကီတပ်မက် ခြင်းသည် ရွေ့သွားကွယ်ပျောက် တတ်၏။ ဘုရားသခင် ၏ အလို တော်နှင့်အညီကျင့် သောသူ မူကား ၊ နိစ္စ ထာဝရတည် ၏။
17Et mundus transit, et concupiscentia ejus: qui autem facit voluntatem Dei manet in æternum.
18ချစ်သား တို့၊ ယခုကာလ သည် နောက်ဆုံး သောကာလဖြစ် ၏။ ခရစ်တော်၏ ရန်သူတည်းဟူသောအန္တိခရစ် ပေါ်လာ ကြောင်း ကို သင်တို့ကြား ရသည်အတိုင်း ၊ ယခုပင် အန္တိခရစ် အများ ရှိ ကြ၏။ ထိုကြောင့် ၊ ယခု ကာလသည်နောက်ဆုံး သောကာလ ဖြစ် သည်ကိုသိ ရ၏။
18Filioli, novissima hora est: et sicut audistis quia antichristus venit, et nunc antichristi multi facti sunt; unde scimus, quia novissima hora est.
19ထိုသူတို့သည် ငါတို့ထံမှထွက်သွားကြ၏။ သို့သော်လည်း အထက်ကငါ တို့နှင့်မ စပ်ဆိုင် ကြ။ ငါ တို့နှင့်စပ်ဆိုင် လျှင် ငါ တို့နှင့်အတူ နေ ကြလိမ့်မည် ။ ထိုသူအပေါင်း တို့သည် ငါ တို့နှင့်မ စပ်ဆိုင် ကြောင်း ကို ထင်ရှား စေခြင်းငှာ ၊ ငါ တို့ထံမှ ထွက်သွား ကြ၏။
19Ex nobis prodierunt, sed non erant ex nobis, nam, si fuissent ex nobis, permansissent utique nobiscum: sed ut manifesti sint quoniam non sunt omnes ex nobis.
20သင် တို့သည် သန့်ရှင်း တော်မူသောဘုရား၏ လက်မှ ဘိသိတ် ကျေးဇူးတော်ကိုခံရ ၍ ၊ ခပ်သိမ်း သောအရာတို့ကို သိ ကြ၏။
20Sed vos unctionem habetis a Sancto, et nostis omnia.
21သမ္မာတရား ကို သင် တို့မ သိ သောကြောင့် ၊ ငါရေး ၍ ပေးလိုက်သည်မ ဟုတ်။ သင်တို့သည် သမ္မာတရား ကို၎င်း ၊ မုသာ ရှိသမျှ တို့သည် သမ္မာတရား နှင့် မ စပ်ဆိုင် သည်ကို၎င်း၊ သိ သောကြောင့် ငါရေး၍ပေးလိုက်၏။
21Non scripsi vobis quasi ignorantibus veritatem, sed quasi scientibus eam: et quoniam omne mendacium ex veritate non est.
22မုသာ ကိုသုံးသောသူကားအဘယ်သူ နည်း ။ ယေရှု သည်ခရစ်တော် မဟုတ်ဟု ငြင်းပယ် သောသူ ဖြစ် သတည်း။ ခမည်းတော် နှင့် သား တော်ကို ငြင်းပယ် သော သူ သည် အန္တိခရစ် ဖြစ် ၏။
22Quis est mendax, nisi is qui negat quoniam Jesus est Christus? Hic est antichristus, qui negat Patrem, et Filium.
23သား တော်ကိုငြင်းပယ် သောသူ မည်သည်ကား၊ ခမည်းတော် ကိုမ သိ ။ သား တော်ကို ဝန်ခံ သောသူ မည်သည်ကား၊ ခမည်းတော် ကိုသိ ၏။
23Omnis qui negat Filium, nec Patrem habet: qui confitetur Filium, et Patrem habet.
24ထိုကြောင့်၊ သင်တို့သည် ရှေ့ဦးစွာ ကပင် ကြား ရသော ဒေသနာကို သင် တို့၌ တည် စေကြလော့။ ထိုဒေသနာသည် သင် တို့၌ တည် လျှင် ၊ သင် တို့သည် သား တော်၌ ၎င်း ၊ ခမည်းတော် ၌ ၎င်း၊ တည် ရကြလိမ့်မည်။
24Vos quod audistis ab initio, in vobis permaneat: si in vobis permanserit quod audistis ab initio, et vos in Filio et Patre manebitis.
25ငါ တို့အား ပေးတော်မူသောဂတိ တော်မူကား ၊ ထာဝရ အသက် ကို ဝန်ခံတော်မူသောဂတိ တော်ပေတည်း။
25Et hæc est repromissio, quam ipse pollicitus est nobis, vitam æternam.
26သင် တို့ကို လှည့်ဖြား သောသူ တို့၏အကြောင်း ကို ဤသို့ သင် တို့အား ငါရေး ၍ပေးလိုက်၏။
26Hæc scripsi vobis de his, qui seducant vos.
27သို့သော်လည်း သန့်ရှင်းတော်မူသောဘုရား ၏လက်မှ သင် တို့ခံရ သောဘိသိတ် ကျေးဇူးတော်သည် သင် တို့၌ ရှိ သည်ဖြစ်၍၊ အဘယ်သူ မျှ သင် တို့ကို ဆုံးမ ဩဝါဒပေးစရာအကြောင်း မ ရှိ ။ ထိုဘိသိတ် ကျေးဇူးတော်သည် ဖြစ် ယောင်ဆောင် သည်မ ဟုတ်၊ အမှန် ဖြစ် လျက် ခပ်သိမ်း သောအရာတို့ကို သင် တို့အား သွန်သင် တော်မူသည်အတိုင်း ၊ သင်တို့သည် သား တော်၌ တည်နေ ကြလော့။
27Et vos unctionem, quam accepistis ab eo, maneat in vobis. Et non necesse habetis ut aliquis doceat vos: sed sicut unctio ejus docet vos de omnibus, et verum est, et non est mendacium. Et sicut docuit vos: manete in eo.
28ချစ်သား တို့၊ သားတော်သည်ထင်ရှား ပေါ်ထွန်းတော်မူသောအခါ ၊ ငါ တို့သည် အထံ တော်သို့ ရောက် လျှင်၊ ရဲရင့် ရသောအခွင့်ရှိ၍ ၊ ရှက်ကြောက် ခြင်းနှင့် ကင်းလွတ် မည်အကြောင်း သား တော်၌ တည်နေ ကြလော့။
28Et nunc, filioli, manete in eo: ut cum apparuerit, habeamus fiduciam, et non confundamur ab eo in adventu ejus.
29ဘုရားသခင်သည် ဖြောင့်မတ် တော်မူသည်ကို သင်တို့သည်သိ လျှင် ၊ ဖြောင့်မတ် ခြင်းတရားကို ကျင့် သောသူ မည်သည်ကား၊ ဘုရားသခင် ဖြစ် ဘွား စေတော်မူသောသူဖြစ်သည်ကို သိ ရကြ၏။
29Si scitis quoniam justus est, scitote quoniam et omnis, qui facit justitiam, ex ipso natus est.

Tip: use the ← and → keys to turn chapters.