၅ ရာဇဝင် 17
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Septuagint (Greek Old Testament), second edition
1ဒါဝိဒ် မင်းသည် နန်းတော် ၌ ငြိမ်ဝပ်စွာနေ ရသောအခါ ၊ ပရောဖက် နာသန် ကိုခေါ်၍ကြည့်ရှု လော့။ ငါ သည် အာရဇ် သစ်သားအိမ် နှင့် နေ ၏။ ထာဝရဘုရား ၏ ပဋိညာဉ် သေတ္တာ တော်မူကား ကုလားကာ ဖြင့်သာ ကွယ်ကာလျက် နေရသည်ဟုဆို သော်၊
1ΚΑΙ ἐγένετο ὡς κατῴκησε Δαυὶδ ἐν οἴκῳ αὐτοῦ, καὶ εἶπε Δαυὶδ πρὸς Νάθαν τὸν προφήτην· ἰδοὺ ἐγὼ κατοικῶ ἐν οἴκῳ κεδρίνῳ, καὶ ἡ κιβωτὸς διαθήκης Κυρίου ὑποκάτω δέρρεων.
2နာသန် ကအကြံ တော်ရှိသမျှ အတိုင်း ပြု တော်မူ ပါ။ ဘုရားသခင် သည် ကိုယ်တော် နှင့်အတူ ရှိတော်မူသည် ဟု ပြန်လျှောက် ၏။
2καὶ εἶπε Νάθαν πρὸς Δαυίδ· πᾶν τὸ ἐν τῇ ψυχῇ σου ποίει, ὅτι Θεὸς μετὰ σοῦ.
3ထို ညဉ့် တွင် ဘုရားသခင် ၏နှုတ်ကပတ် တော် သည် ပရောဖက်နာသန် သို့ ရောက် ၍၊
3καὶ ἐγένετο ἐν τῇ νυκτὶ ἐκείνῃ καὶ ἐγένετο λόγος Κυρίου πρὸς Νάθαν·
4ငါ့ ကျွန် ဒါဝိဒ် ထံသို့ သွား လော့။ ထာဝရဘုရား မိန့် တော်မူသည်ကား၊ သင် သည် ငါ နေ စရာဘို့အိမ် ကို မ ဆောက် ရ။
4πορεύου καὶ εἰπὸν πρὸς Δαυὶδ τὸν δοῦλόν μου· οὕτως εἶπε Κύριος· οὐ σὺ οἰκοδομήσεις μοι οἶκον τοῦ κατοικῆσαί με ἐν αὐτῷ·
5ဣသရေလ အမျိုးကို အဲဂုတ္တုပြည်မှ နှုတ်ဆောင် သော နေ့ ကစ၍ ယနေ့ တိုင်အောင် အိမ် နှင့်ငါမ နေ။ တဲ တခုမှ တခုသို့ ပြောင်း၍ တဲ များတို့နှင့် နေပြီ။
5ὅτι οὐ κατῴκησα ἐν οἴκῳ ἀπὸ τῆς ἡμέρας, ἧς ἀνήγαγον τὸν Ἰσραήλ, ἕως τῆς ἡμέρας ταύτης καὶ ἤμην ἐν σκηνῇ καὶ ἐν καλύμματι
6ဣသရေလ အမျိုးအပေါင်း နှင့် ငါလှည့်လည် ရာအရပ် တို့၌ ငါ ၏လူမျိုး ကို ကျွေးမွေး စေခြင်းငှါ ၊ ငါစေခိုင်း သော ဣသရေလ တရားသူကြီး တစုံတယောက် အား ၊ သင်သည် ငါ့ အဘို့ အာရဇ် သစ်သားအိမ် ကို အဘယ်ကြောင့် မ ဆောက် သနည်းဟု ငါဆို ဘူးသလော။
6ἐν πᾶσιν, οἷς διῆλθον ἐν παντὶ Ἰσραήλ· εἰ λαλῶν ἐλάλησα πρὸς μίαν φυλὴν τοῦ Ἰσραήλ, οἷς ἐνετειλάμην τοῦ ποιμαίνειν τὸν λαόν μου λέγων, ὅτι οὐκ ᾠκοδομήσατέ μοι οἶκον κέδρινον.
7ယခု မှာ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ သိုးထိန်းရာသိုးခြံ ထဲက သင့် ကို ငါ နှုတ်ယူ ၍၊ ငါ ၏လူ ဣသရေလ အမျိုးသားတို့ကို အုပ်စိုးသော မင်း အရာ၌ ငါခန့်ထားပြီ။
7καὶ νῦν οὕτως ἐρεῖς τῷ δούλῳ μου Δαυίδ· τάδε λέγει Κύριος παντοκράτωρ· ἐγὼ ἔλαβόν σε ἐκ τῆς μάνδρας ἐξόπισθεν τῶν ποιμνίων τοῦ εἶναι εἰς ἡγούμενον ἐπὶ τὸν λαόν μου Ἰσραήλ·
8သင်သွား လေရာရာ ၌ ငါလိုက် ၍ ၊ သင် ၏ရန်သူ အပေါင်း တို့ကို သင့် ရှေ့ မှာ ပယ်ရှား သဖြင့် ၊ မြေကြီး သား လူကြီး ဂုဏ် အသရေကဲ့သို့ သင် ၌ ဂုဏ် အသရေကို ငါပေး ပြီ။
8καὶ ἤμην μετὰ σοῦ ἐν πᾶσιν, οἷς ἐπορεύθης, καὶ ἐξωλόθρευσα πάντας τοὺς ἐχθρούς σου ἀπὸ προσώπου σου καὶ ἐποίησά σοι ὄνομα κατὰ τὸ ὄνομα τῶν μεγάλων τῶν ἐπὶ τῆς γῆς.
9ထိုမှတပါး ၊ ငါ ၏လူ ဣသရေလ အမျိုးနေရာ အရပ်ကို ငါပြင်ဆင် ပြီ။ သူတို့သည်နောက် တဖန်မ ပြောင်း မလဲ၊ မိမိတို့နေရာ၌ နေ စေခြင်းငှါ ငါမြဲမြံ စေမည်။ မတရား သောသူတို့ သည် ရှေး ကာလ၌ ၎င်း၊
9καὶ θήσομαι τόπον τῷ λαῷ μου Ἰσραὴλ καὶ καταφυτεύσω αὐτόν, καὶ κατασκηνώσει καθ᾿ ἑαυτὸν καὶ οὐ μεριμνήσει ἔτι, καὶ οὐ προσθήσει υἱὸς ἀδικίας τοῦ ταπεινῶσαι αὐτὸν καθὼς ἀπ᾿ ἀρχῆς
10ငါ ၏လူ ဣသရေလ အမျိုး တရားသူကြီး တို့ကို ခန့်ထား သော ကာလ ၌၎င်း၊ ညှဉ်းဆဲသကဲ့သို့ နောက် တဖန် မ ညှဉ်းဆဲရ။ သင့် ကိုလည်း ရန်သူ အပေါင်း တို့ လက်မှ ကယ်လွှတ်၍ ချမ်းသာပေးပြီ။ သင်၏အမျိုးအနွယ် ကိုလည်း ငါတည် စေမည်ဟု ထာဝရဘုရား မိန့် တော်မူပြီ။
10καὶ ἀφ᾿ ἡμερῶν, ὦν ἔταξα κριτὰς ἐπὶ τὸν λαόν μου Ἰσραήλ, καὶ ἐταπείνωσα πάντας τοὺς ἐχθρούς σου, καὶ αὐξήσω σε, καὶ οἶκον οἰκοδομήσει σοι Κύριος.
11သင် သည် အသက် ကာလစေ့ ၍ ဘိုးဘေး နေရာ သို့ သွား ရသောအခါ ၊ သင် မှ ဆင်းသက်သော သားစု တွင်၊ သားတယောက်ကို ငါချီးမြှောက် ၍ သူ ၏နိုင်ငံ ကို တည်ထောင် မည်။
11καὶ ἔσται ὅταν πληρωθῶσιν ἡμέραι σου καὶ κοιμηθήσῃ μετὰ τῶν πατέρων σου, καὶ ἀναστήσω τὸ σπέρμα σου μετὰ σέ, ὃς ἔσται ἐκ τῆς κοιλίας σου, καὶ ἑτοιμάσω τὴν βασιλείαν αὐτοῦ·
12ထိုသား သည်ငါ့ အဘို့ အိမ် ကိုဆောက် လိမ့်မည်။ သူ ထိုင်သော ရာဇပလ္လင် ကိုအစဉ်အမြဲ ငါတည် စေမည်။
12αὐτὸς οἰκοδομήσει μοι οἶκον, καὶ ἀνορθώσω τὸν θρόνον αὐτοῦ ἕως αἰῶνος.
13ငါ သည်သူ ၏ အဘ ဖြစ် မည်။ သူ သည်လည်း ငါ ၏သား ဖြစ် လိမ့်မည်။ သင့် ရှေ့ မှာရှိ သော သူ ၌ ငါ ၏ ကရုဏာ ကို နှုတ် သကဲ့သို့ သင်၏သား၌ ငါမ နှုတ်။
13ἐγὼ ἔσομαι αὐτῷ εἰς πατέρα, καὶ αὐτὸς ἔσται μοι εἰς υἱόν· καὶ τὸ ἔλεός μου οὐκ ἀποστήσω ἀπ᾿ αὐτοῦ ὡς ἀπέστησα ἀπὸ τῶν ὄντων ἔμπροσθέν σου.
14ထိုသားကိုငါ့ အိမ် ၊ ငါ့ နိုင်ငံ ၌ အစဉ်အမြဲ နေရာ ချမည်။ သူ ၏ ရာဇပလ္လင် သည်လည်း အစဉ်အမြဲ တည် ရ လိမ့်မည်ဟု ငါ့ ကျွန် ဒါဝိဒ် အား ပြော လော့ဟု မိန့် တော်မူ ၏။
14καὶ πιστώσω αὐτὸν ἐν οἴκῳ μου καὶ ἐν βασιλείᾳ αὐτοῦ ἕως αἰῶνος, καὶ ὁ θρόνος αὐτοῦ ἔσται ἀνωρθωμένος ἕως αἰῶνος.
15ထို ဗျာဒိတ် တော်စကား အလုံးစုံ တို့ကို နာသန် သည် ဒါဝိဒ် အား ပြန်ပြော လေ၏။
15κατὰ πάντας τοὺς λόγους τούτους καὶ κατὰ πᾶσαν τὴν ὅρασιν ταύτην, οὕτως ἐλάλησε Νάθαν πρὸς Δαυίδ.
16ထိုအခါ ဒါဝိဒ် မင်းကြီး သည် အထဲသို့ဝင် ၍ ထာဝရဘုရား ရှေ့ တော်၌ထိုင် လျက် ၊ အိုထာဝရ အရှင် ဘုရားသခင် ၊ အကျွန်ုပ် ကို ဤမျှလောက် ချီးမြှောက်တော်မူ မည်အကြောင်း အကျွန်ုပ် သည် အဘယ်သို့ သောသူဖြစ် ပါသနည်း။ အကျွန်ုပ် အမျိုး သည် အဘယ်သို့ သော အမျိုးဖြစ်ပါသနည်း။
16καὶ ἦλθεν ὁ βασιλεὺς Δαυὶδ καὶ ἐκάθισεν ἀπέναντι Κυρίου καὶ εἶπε· τίς εἰμι ἐγὼ Κύριε ὁ Θεός, καὶ τίς ὁ οἶκός μου, ὅτι ἠγάπησάς με ἕως αἰῶνος;
17သို့ရာတွင် အိုဘုရားသခင်၊ ထိုကျေးဇူးတော်ကို သာမညကျေးဇူးဟု ထင်မှတ်တော်မူသောကြောင့်၊ ကိုယ်တော်ကျွန်၏အမျိုးအနွယ်ကို ကြာမြင့်စွာသော ကာလနှင့်ယှဉ်လျက် မိန့်တော်မူပါသည်တကား။ အို ထာဝရအရှင်ဘုရားသခင်၊ အကျွန်ုပ်ကို ဘုန်းကြီးသော သူကဲ့သို့မှတ်တော်မူပါသည်တကား။
17καὶ ἐσμικρύνθη ταῦτα ἐνώπιόν σου, ὁ Θεός, καὶ ἐλάλησας ἐπὶ τὸν οἶκον τοῦ παιδός σου ἐκ μακρῶν καὶ ἐπεῖδές με ὡς ὅρασις τοῦ ἀνθρώπου καὶ ὕψωσάς με, Κύριε ὁ Θεός.
18ကိုယ်တော် ကျွန် ဒါဝိဒ် သည် ကိုယ်ဘုန်း ကြီးစေခြင်းငှါ ၊ အဘယ်သို့ တိုးတက် ၍ လျှောက်ရပါမည်နည်း။ ကိုယ်တော် သည် ကိုယ်တော် ကျွန် ကို သိ တော်မူ၏။
18τί προσθήσει ἔτι Δαυὶδ πρός σε τοῦ δοξάσαι; καὶ σὺ τὸν δοῦλόν σου οἶδας.
19အိုထာဝရဘုရား ၊ ကိုယ်တော် ကျွန် အကျိုးကိုထောက်၍ အလို တော်ရှိသည်အတိုင်း ဤ ကြီးစွာ သော အမှုအလုံးစုံ တို့ကို ထင်ရှား စေခြင်းငှါ အလုံးစုံ တို့ကို ပြု တော်မူပြီ။
19καὶ κατὰ τὴν καρδίαν σου ἐποίησας τὴν πᾶσαν μεγαλωσύνην.
20သို့ဖြစ်၍အိုထာဝရဘုရား ၊ အကျွန်ုပ်တို့ ကြား သမျှ အတိုင်း ကိုယ်တော် နှင့်တူ သောဘုရား၊ ကိုယ်တော် မှတပါး အခြားသော ဘုရား မည်မျှမ ရှိပါ။
20Κύριε, οὐκ ἔστιν ὅμοιός σοι, καὶ οὐκ ἔστι Θεὸς πλὴν σοῦ κατὰ πάντα, ὅσα ἠκούσαμεν ἐν ὠσὶν ἡμῶν.
21အဲဂုတ္တု ပြည်မှ ရွေးနှုတ် တော်မူသော ကိုယ်တော် ၏ လူမျိုး ရှေ့ မှလူအမျိုးမျိုးတို့ကို နှင်ထုတ် သဖြင့်၊ ကြီးမြတ် ၍ ကြောက်မက် ဘွယ်သော နာမ တော်ကို ကိုယ်တော် အဘို့ ထင်ရှား စေခြင်းငှါ ၊ ဘုရားသခင် ကြွ ၍ ကိုယ်တော် အဘို့ ရွေးနှုတ် တော်မူသော ကိုယ်တော် ၏လူ ဣသရေလ အမျိုး နှင့်တူ သော လူမျိုး တစုံတမျိုး သည် မြေကြီး ပေါ် မှာ ရှိပါသလော။
21καὶ οὐκ ἔστιν ὡς ὁ λαός σου Ἰσραὴλ ἔθνος ἔτι ἐπὶ τῆς γῆς, ὡς ὡδήγησεν αὐτὸν ὁ Θεὸς τοῦ λυτρώσασθαι λαὸν ἑαυτῷ, τοῦ θέσθαι ἑαυτῷ ὄνομα μέγα καὶ ἐπιφανές, τοῦ ἐκβαλεῖν ἀπὸ προσώπου λαοῦ σου, οὓς ἐλυτρώσω ἐξ Αἰγύπτου, ἔθνη.
22အကြောင်း မူကား၊ ကိုယ်တော် ၏လူ ဣသရေလ အမျိုးသည် အစဉ်အမြဲ ကိုယ်တော် ၏လူ ဖြစ်စေခြင်းငှါ ပြု ၍၊ ကိုယ်တော် ထာဝရဘုရား သည်သူ တို့ဘုရားသခင် ဖြစ် တော်မူ၏။
22καὶ ἔδωκας τὸν λαόν σου Ἰσραὴλ σεαυτῷ λαὸν ἕως αἰῶνος, καὶ σύ, Κύριε, ἐγενήθης αὐτοῖς εἰς Θεόν.
23ယခု မှာအိုထာဝရဘုရား ၊ ကိုယ်တော် ကျွန် ၌ ၎င်း ၊ ကိုယ်တော်ကျွန်၏အမျိုးအနွယ် ၌ ၎င်း၊ မိန့် တော်မူသော စကား တော် အစဉ်အမြဲ တည် ပါစေသော။ မိန့် တော်မူသည် အတိုင်း ပြု တော်မူပါ။
23καὶ νῦν, Κύριε, ὁ λόγος σου, ὃν ἐλάλησας πρὸς τὸν παῖδά σου καὶ ἐπὶ τὸν οἶκον αὐτοῦ, πιστωθήτω ἕως αἰῶνος. καὶ ποίησον καθὼς ἐλάλησας,
24ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား သည် ဣသရေလ အမျိုး၏ဘုရားသခင် ဖြစ်တော်မူသည်ဟူ၍နာမ တော်သည် အစဉ်အမြဲ ချီးမြှောက် ခြင်းရှိမည် အကြောင်း၊ အမိန့်တော်သည် အစဉ်အမြဲတည် ပါစေသော။ ကိုယ်တော် ကျွန် ဒါဝိဒ် ၏ အမျိုးအနွယ် သည် ရှေ့ တော်၌ တည် ပါစေသော။
24καὶ πιστωθήτω καὶ μεγαλυνθήτω τὸ ὄνομά σου ἕως αἰῶνος λεγόντων· Κύριε Κύριε, παντοκράτωρ Θεὸς Ἰσραήλ, καὶ ὁ οἶκος Δαυὶδ παιδός σου ἀνωρθωμένος ἐναντίον σου.
25အကြောင်း မူကား၊ အိုကျွန်ုပ် ၏ဘုရားသခင် ၊ ကိုယ်တော်က သင်၏အမျိုးအနွယ် ကို ငါတည် စေမည်ဟု ကိုယ်တော် ကျွန် အား ဗျာဒိတ် ပေးတော်မူသောကြောင့်၊ ကိုယ်တော်ကျွန်သည် ရှေ့ တော်၌ ပဌနာ ပြုချင်သောစိတ် ရှိ ပါ၏။
25ὅτι σὺ Κύριος ὁ Θεός μου ἤνοιξας τὸ οὖς τοῦ παιδός σου τοῦ οἰκοδομῆσαι αὐτῷ οἶκον· διὰ τοῦτο εὗρεν ὁ παῖς σου τοῦ προσεύξασθαι κατὰ πρόσωπόν σου.
26ယခု လည်း အိုထာဝရဘုရား ၊ ကိုယ်တော် သည် ဘုရားသခင် မှန်တော်မူ၏။ ဤ ကျေးဇူး ကို ကိုယ်တော် ကျွန် ၌ ဂတိ ထားတော်မူပြီ။
26καὶ νῦν, Κύριε, σὺ εἶ αὐτὸς Θεὸς καὶ ἐλάλησας ἐπὶ τὸν δοῦλόν σου τὰ ἀγαθὰ ταῦτα·
27သို့ဖြစ်၍ ကိုယ်တော် ကျွန် ၏ အမျိုးအနွယ် သည် ရှေ့ တော်၌ အစဉ်အမြဲ တည် ပါမည်အကြောင်းကောင်းကြီး ပေးခြင်းငှါ နူးညွတ် သောစိတ် ရှိတော်မူပါ။ အိုထာဝရ ဘုရား ကိုယ်တော် သည်ကောင်းကြီး ပေးတော်မူလျှင်၊ ကောင်းကြီး မင်္ဂလာကို အစဉ်အမြဲ ခံရပါလိမ့်မည်ဟု ဆုတောင်းသတည်း။
27καὶ νῦν ἦρξαι τοῦ εὐλογῆσαι τὸν οἶκον τοῦ παιδός σου τοῦ εἶναι εἰς τὸν αἰῶνα ἐναντίον σου· ὅτι σύ, Κύριε, εὐλόγησας, καὶ εὐλόγησον εἰς τὸν αἰῶνα.
Tip: use the ← and → keys to turn chapters.