Micha Propheta 4
Clementine Vulgate, 1598Translation
Clementine Vulgate, 1598
Judson Burmese Bible (1840)
1[Et erit: in novissimo dierum erit mons domus Domini præparatus in vertice montium, et sublimis super colles: et fluent ad eum populi,
1နောက်ဆုံး သောကာလ ၌ ထာဝရဘုရား ၏ အိမ် တော် တည်သော တောင် သည် တောင် ကြီး တောင်ငယ်တို့၏ ထိပ် ပေါ် မှာ ချီးမြှောက် ၍ တည် လိမ့်မည်။ ခပ်သိမ်းသော လူစု တို့သည် ထိုတောင် သို့ စည်းဝေး ကြ လိမ့်မည်။
2et properabunt gentes multæ, et dicent: Venite, ascendamus ad montem Domini, et ad domum Dei Jacob: et docebit nos de viis suis, et ibimus in semitis ejus, quia de Sion egredietur lex, et verbum Domini de Jerusalem.
2များပြား သော လူမျိုး တို့ကလည်း ၊ လာ ကြလော့။ ထာဝရဘုရား ၏တောင် တော်၊ ယာကုပ် အမျိုး၏ ဘုရား သခင့်အိမ် တော်သို့ တက် သွားကြကုန်အံ့။ လမ်း ခရီးတော် တို့ကို ပြသ သွန်သင်တော်မူ၍ ၊ ငါတို့သည် ခြေ တော်ရာသို့ လိုက်သွား ကြမည်ဟု၊ ခရီးသွား လျက် ပြောဆို ကြလိမ့်မည်။ တရား တော်သည် ဇိအုန် တောင်မှ ၎င်း ၊ ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ယေရုရှလင် မြို့မှ ၎င်း ပေါ်ထွက် လိမ့်မည်။
3Et judicabit inter populos multos, et corripiet gentes fortes usque in longinquum: et concident gladios suos in vomeres, et hastas suas in ligones: non sumet gens adversus gentem gladium, et non discent ultra belligerare.
3ထာဝရဘုရားသည် များပြား သော လူ တို့တွင် တရား စီရင်၍ ၊ ဝေး စွာ နေလျက် အားကြီး သော လူမျိုး တို့ကို ဆုံးမ တော်မူ သဖြင့် ၊ သူ တို့ ထား လက်နက်များကို ထွန်သွား ဖြစ် စေခြင်းငှါ ၎င်း ၊ လှံ များကို တံစဉ်း ဖြစ် စေခြင်းငှါ၎င်း ထုလုပ် ကြ လိမ့်မည်။ တပြည် ကိုတပြည်စစ်မ တိုက် ၊ စစ် အတတ်ကို လည်း နောက် တဖန် မ သင် ရကြ။
4Et sedebit vir subtus vitem suam et subtus ficum suam, et non erit qui deterreat, quia os Domini exercituum locutum est.
4လူ အပေါင်းတို့သည် ကိုယ် ပိုင်သော စပျစ် ပင်၊ ကိုယ် ပိုင်သော သင်္ဘောသဖန်း ပင်အောက် မှာ ထိုင် ကြ လိမ့်မည်။ ကြောက် စေသော သူတယောက် မျှမရှိရ။ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား ၏ နှုတ် တော် ထွက်အမိန့် တော်ရှိ၏။
5Quia omnes populi ambulabunt unusquisque in nomine dei sui; nos autem ambulabimus in nomine Domini Dei nostri, in æternum et ultra.]
5လူမျိုး အပေါင်း တို့သည် ကိုယ် ဆိုင်သော ဘုရား ၏နာမ ကို ခိုလှုံလျက် ကျင့် နေတတ်ကြ၏။ ငါ တို့မူကား ၊ ကိုယ် ဆိုင်သော ဘုရား သခင်ထာဝရဘုရား ၏ နာမ တော်ကို ကာလ အစဉ် အမြဲ ခိုလှုံလျက် ကျင့် နေကြမည်။
6[In die illa, dicit Dominus, congregabo claudicantem, et eam quam ejeceram colligam, et quam afflixeram:
6ထာဝရဘုရား မိန့် တော်မူသည်ကား၊ ထို ကာလ ၌ ခြေ ဆွံ့ သောသူကို ငါခေါ် မည်။ နှင်ထုတ် ခြင်းကို ခံရသော သူ ၊ ငါညှဉ်းဆဲ ဘူးသောသူ တို့ကို ငါစုဝေး စေမည်။
7et ponam claudicantem in reliquias, et eam quæ laboraverat, in gentem robustam: et regnabit Dominus super eos in monte Sion, ex hoc nunc et usque in æternum.
7ခြေ ဆွံ့သောသူကို ငါကျန် ကြွင်းစေမည်။ အဝေးသို့ နှင်ထုတ် ခြင်းကို ခံရသောသူသည် ကြီးမား သော လူမျိုး ဖြစ်စေခြင်းငှါငါစီရင် မည်။ ထာဝရဘုရား သည် ဇိအုန် တောင် ပေါ် မှာ သူ တို့ကို ယခု မှစ၍ အစဉ် အမြဲအုပ်ချုပ် စိုးစံတော်မူလိမ့်မည်။
8Et tu, turris gregis nebulosa filiæ Sion, usque ad te veniet, et veniet potestas prima, regnum filiæ Jerusalem.
8အိုဧဒါလင့်စင် ၊ ဇိအုန် သတို့သမီး နေရာကုန်း ၊ သင်သည် အစိုးရလိမ့်မည်။ အရင် တည်သော အာဏာ တည် ပြန် လိမ့်မည်။ နိုင်ငံ တော်သည် ယေရုရှလင် သတို့သမီး လက်သို့ တဖန် ရောက် လိမ့်မည်။
9Nunc quare mœrore contraheris? numquid rex non est tibi, aut consiliarius tuus periit, quia comprehendit te dolor sicut parturientem?
9ယခု မှာ သင်သည် အဘယ်ကြောင့် ကျယ် သော အသံနှင့် အော်ဟစ် သနည်း။ သင် ၌ ရှင်ဘုရင် တယောက် မျှ မရှိသလော။ အကြံ ပေးသော မှူးမတ်ပျောက်ပျက် သလော။ သားဘွား သောမိန်းမကဲ့သို့ သင် သည် ဝေဒနာ ကိုခံရ ပါသည်တကား။
10Dole et satage, filia Sion, quasi parturiens, quia nunc egredieris de civitate, et habitabis in regione, et venies usque ad Babylonem: ibi liberaberis, ibi redimet te Dominus de manu inimicorum tuorum.
10အိုဇိအုန် သတို့သမီး ၊ သားဘွားသော မိန်းမကဲ့သို့ ဝေဒနာကို ခံ၍၊ သားကိုဘွားအံ့သောငှါအားထုတ်လော့။ ယခု ပင် သင်သည် မြို့ ထဲက ထွက် ၍ လယ်ပြင် ၌ နေ ရ မည်။ ဗာဗုလုန် မြို့တိုင်အောင် သွား ရမည်။ ထို မြို့၌ လွတ် လိမ့်မည်။ ထို မြို့၌ ထာဝရဘုရား သည် သင့် ကို ရန်သူ တို့ လက် မှ ရွေးနှုတ် တော်မူလိမ့်မည်။
11Et nunc congregatæ sunt super te gentes multæ, quæ dicunt: Lapidetur, et aspiciat in Sion oculus noster.
11ယခု မှာ လူမျိုး များ တို့က၊ ဇိအုန် မြို့သည် ညစ်ညူး ပါစေ။ သူ၌ ငါ တို့အလို ပြည့်စုံပါစေဟု၊ သင့် တဘက် ၌ စုဝေး လျက် ဆို ကြ၏။
12Ipsi autem non cognoverunt cogitationes Domini, et non intellexerunt consilium ejus, quia congregavit eos quasi fœnum areæ.
12သို့ရာတွင် ၊ ထာဝရဘုရား ၏စိတ် တော်ကို မ သိ ၊ အကြံအစည် တော်ကို နား မ လည်ကြ။ ကောက်လှိုင်း တို့ ကို ကောက်နယ် တလင်း၌ စုထားသကဲသို့ ၊ ထိုသူ တို့ကို စု ထားတော်မူ၏။
13Surge, et tritura, filia Sion, quia cornu tuum ponam ferreum, et ungulas tuas ponam æreas; et comminues populos multos, et interficies Domino rapinas eorum, et fortitudinem eorum Domino universæ terræ.]
13အို ဇိအုန် သတို့သမီး ၊ ထ ၍ နယ် လော့။ သင့် ဦးချို ကို သံ ဖြင့်၎င်း ၊ သင့် ခွာ တို့ကို ကြေးဝါ ဖြင့်၎င်း ငါပြီး စေမည်။ သင်သည် လူမျိုး များ တို့ကို ညက်ညက်ချေ ရမည်။ သူ တို့တွင်ရသမျှသော စည်းစိမ် ဥစ္စာကိုယူ ၍ ၊ မြေ တပြင်လုံး ကို အစိုးပိုင်တော်မူသောအရှင် ထာဝရဘုရား အား ပူဇော် ရမည်။
Tip: use the ← and → keys to turn chapters.