Isaiæ 64
Clementine Vulgate, 1598Translation
Clementine Vulgate, 1598
Judson Burmese Bible (1840)
1[Utinam dirumperes cælos, et descenderes; a facie tua montes defluerent;
1ကိုယ်တော်သည် မိုဃ်းကောင်းကင် ကို ဖွင့်လှစ် ၍၊ ဆင်းသက် တော်မူပါစေသော။ ရှေ့ တော်၌ တောင် တို့သည် လှုပ် ကြပါစေသော။
2sicut exustio ignis tabescerent, aquæ arderent igni: ut notum fieret nomen tuum inimicis tuis; a facie tua gentes turbarentur.
2မီး သည်အမှိုက် ကို လောင် သကဲ့သို့ ၎င်း၊ ရေ ကိုဆူ စေသကဲ့သို့၎င်း ဖြစ်ပါစေသော။ သို့ဖြစ်လျှင်၊ ကိုယ်တော် ၏ ရန်သူ တို့သည် နာမ တော်ကို သိ ၍၊ ရှေ့ တော်၌ လူ အမျိုးမျိုးတို့သည် တုန်လှုပ် ကြပါလိမ့်မည်။
3Cum feceris mirabilia, non sustinebimus; descendisti, et a facie tua montes defluxerunt.
3အကျွန်ုပ်တို့ မြော်လင့် သည်ထက်၊ အံ့ဘွယ် သော အမှုတို့ကို ပြု တော်မူသောအခါ ၊ ဆင်းသက် တော်မူ၍ တောင် တို့သည် ရှေ့ တော်၌ လှုပ် ကြပါ၏။
4A sæculo non audierunt, neque auribus perceperunt; oculus non vidit, Deus, absque te, quæ præparasti exspectantibus te.
4ကိုယ်တော် ကို မြော်လင့် သောသူတို့အဘို့အလိုငှါ ကျေးဇူးပြု တော်မူသောဘုရား၊ ကိုယ်တော် မှတပါး အခြားသော ဘုရား သခင်ကို ကမ္ဘာဦး မှစ၍ အဘယ်သူမျှမ ကြား မ သိ ပါ။ နားဖြင့်မကြား၊ မျက်စိ ဖြင့်မ မြင် စဖူးပါ။
5Occurristi lætanti, et facienti justitiam; in viis tuis recordabuntur tui. Ecce tu iratus es, et peccavimus; in ipsis fuimus semper, et salvabimur.
5ဝမ်းမြောက် သောစိတ်နှင့် ဖြောင့်မတ် စွာကျင့် သောသူ၊ တရား တော်လမ်းတို့၌ ကိုယ်တော် ကို အောက်မေ့ သောသူတို့နှင့် ကိုယ်တော်သည် မိဿဟာယဖွဲ့တော်မူ ၏။ ထိုလမ်းတို့မှ အကျွန်ုပ်တို့သည် အစဉ် လွှဲ တတ် သောကြောင့်အမျက် ထွက်တော်မူ၏။ ကယ်တင် ခြင်းသို့ ရောက်ရကြပါ မည်လော။
6Et facti sumus ut immundus omnes nos, et quasi pannus menstruatæ universæ justitiæ nostræ; et cecidimus quasi folium universi, et iniquitates nostræ quasi ventus abstulerunt nos.
6အကျွန်ုပ် တို့ရှိသမျှ သည် စင်ကြယ် ခြင်းမရှိပါ။ ပြုဘူးသမျှ သောကုသိုလ် ကောင်းမှုတို့သည် ညစ်သော အဝတ် နှင့်တူ ကြပါ၏။ အကျွန်ုပ် တို့ ရှိသမျှ သည် သစ်ရွက် ကဲ့သို့ ညှိုးနွမ်း လျက် ရှိ၍၊ ကိုယ် အပြစ် တို့သည် လေ ကဲ့သို့ အကျွန်ုပ် တို့ကို တိုက် သွားပါပြီ။
7Non est qui invocet nomen tuum; qui consurgat, et teneat te. Abscondisti faciem tuam a nobis, et allisisti nos in manu iniquitatis nostræ.
7နာမ တော်ကို ပဌနာ ပြုသောသူ၊ ကိုယ်တော် ကို မှီဝဲ ခြင်းငှါ ကိုယ်ကိုကိုယ်နှိုးဆော် သော သူတယောက်မျှ မရှိပါ။ အကြောင်း မူကား၊ မျက်နှာ တော်ကိုလွှဲ ၍ အကျွန်ုပ် တို့ကို ဒုစရိုက် အပြစ်အားဖြင့် ဆုံးရှုံး စေတော်မူပြီ။
8Et nunc, Domine, pater noster es tu, nos vero lutum; et fictor noster tu, et opera manuum tuarum omnes nos.
8သို့ရာတွင် အိုထာဝရဘုရား ၊ ကိုယ်တော် သည် အကျွန်ုပ် တို့ အဘ ဖြစ်တော်မူ၏။ အကျွန်ုပ် တို့သည် အိုးမြေ ဖြစ်ပါ၏။ ကိုယ်တော် သည် အကျွန်ုပ် တို့၏ အိုးထိန်း ဖြစ်တော်မူ၏။ အကျွန်ုပ် တို့ရှိသမျှ သည် လက် တော်နှင့် ဖန်ဆင်း သောအရာ ဖြစ်ပါ၏။
9Ne irascaris, Domine, satis, et ne ultra memineris iniquitatis nostræ; ecce, respice, populus tuus omnes nos.
9အိုထာဝရဘုရား ၊ ပြင်းစွာအမျက် ထွက်တော် မ မူပါနှင့်။ ပြစ်မှားမိသော အပြစ် တို့ကို အစဉ် မပြတ်အောက်မေ့ တော်မ မူပါနှင့်။ ကြည့်ရှု တော်မူပါ။ အကျွန်ုပ် တို့ ရှိသမျှ သည် ကိုယ်တော် ၏ လူ ဖြစ်ကြပါ၏။
10Civitas Sancti tui facta est deserta, Sion deserta facta est, Jerusalem desolata est.
10သန့်ရှင်း သောမြို့ တော်တို့သည် တော ဖြစ် ကြ ပါပြီ။ ဇိအုန် တောင်လည်း တော ဖြစ် ပါပြီ။ ယေရုရှလင် မြို့ လည်းပျက်စီး ပါပြီ။
11Domus sanctificationis nostræ et gloriæ nostræ, ubi laudaverunt te patres nostri, facta est in exustionem ignis, et omnia desiderabilia nostra versa sunt in ruinas.
11ကိုယ်တော် ကို ဘိုးဘေး တို့ချီးမွမ်း ရာအရပ် ၊ အကျွန်ုပ် တို့၏ သန့်ရှင်း တင့်တယ် သော ဗိမာန် တော်ကို မီး လောင် ပါပြီ။ အကျွန်ုပ် တို့နှစ်သက် ဘွယ်သောအရာရှိသမျှ တို့ သည် သုတ်သင် ပယ်ရှားလျက်ရှိ ကြပါ၏။
12Numquid super his continebis te, Domine; tacebis, et affliges nos vehementer?]
12အိုထာဝရဘုရား ၊ ဤ အမှုတို့ကို သည်းခံ တော်မူမည် လော၊ အောင့် လျက်နေ၍ အကျွန်ုပ် တို့ကို အလွန် ဆင်းရဲ စေတော်မူမည်လော။
Tip: use the ← and → keys to turn chapters.