Actuum Apostolorum 7
Clementine Vulgate, 1598Translation
Clementine Vulgate, 1598
Judson Burmese Bible (1840)
1Dixit autem princeps sacerdotum: Si hæc ita se habent?
1ထိုအခါ ယဇ်ပုရောဟိတ် မင်းက၊ ဤ စကားမှန် သလောဟု မေး သည်ရှိသော်၊
2Qui ait: Viri fratres et patres, audite: Deus gloriæ apparuit patri nostro Abrahæ cum esset in Mesopotamia, priusquam moraretur in Charan,
2သတေဖန်က၊ ညီအစ်ကို အဘ တို့ နားထောင် ကြပါလော့။ ငါ တို့ အဘ အာဗြဟံ သည်၊ ခါရန် မြို့၌ မ နေ မှီ ၊ မေသောပေါဘာမိ အရပ်၌ ရှိ စဉ်အခါ၊ ဘုန်းကြီး တော်မူသော ဘုရားသခင် သည် ထင်ရှား တော်မူ၍၊
3et dixit ad illum: Exi de terra tua, et de cognatione tua, et veni in terram quam monstravero tibi.
3သင် နေသော ပြည် နှင့်တကွ အမျိုးသား ချင်း များထဲက ထွက် ပြီးလျှင် ၊ ငါပြ လတံ့သော ပြည် သို့ သွား လော့ဟု အာဗြဟံ အား မိန့် တော်မူ၏။
4Tunc exiit de terra Chaldæorum, et habitavit in Charan. Et inde, postquam mortuus est pater ejus, transtulit illum in terram istam, in qua nunc vos habitatis.
4ထိုအခါ အာဗြဟံ သည် ခါလဒဲ ပြည် မှ ထွက် ၍ ခါရန် မြို့၌ နေ ၏။ သူ ၏ အဘ သေ လွန်သည်ရှိသော်၊ ယခု သင်တို့နေ သော ဤ ပြည် သို့ ထိုမြို့ မှ ပြောင်း စေတော်မူ၏။
5Et non dedit illi hæreditatem in ea, nec passum pedis: sed repromisit dare illi eam in possessionem, et semini ejus post ipsum, cum non haberet filium.
5ဤ ပြည်၌ ခြေနင်း ရာကိုမျှ အမွေ ပေး တော် မမူ သော်လည်း ၊ သူမှစ၍ သူ ၏သား မြေးတို့အား ဤ ပြည်ကိုအပိုင် ပေးတော်မူမည်ဟု သား တစ်ယောက် မျှ မရှိ မှီဂတိ ထား တော်မူ၏။
6Locutus est autem ei Deus: Quia erit semen ejus accola in terra aliena, et servituti eos subjicient, et male tractabunt eos annis quadringentis:
6သင်၏အမျိုးအနွယ် သည် သူတစ်ပါး ပိုင်သော ပြည် ၌ ဧည့်သည် ဖြစ် ကြသဖြင့် ၊ သူတစ်ပါးတို့၌ ကျွန် ခံခြင်း၊ နှိပ်စက် ညှဉ်းဆဲခြင်းကို အနှစ် လေးရာ ပတ်လုံးခံရကြလိမ့်မည်။
7et gentem cui servierint, judicabo ego, dixit Dominus: et post hæc exibunt, et servient mihi in loco isto.
7သူ တို့ကို စေခိုင်း သောလူမျိုး ကိုလည်း ငါ စီရင် မည်။ ထိုနောက်မှ သူတို့သည်ထွက် ၍ ဤ အရပ် ၌ ငါ့ အား ဝတ်ပြု ကြလိမ့်မည်ဟု ဗျာဒိတ် ထားတော်မူ၏။
8Et dedit illi testamentum circumcisionis: et sic genuit Isaac, et circumcidit eum die octavo: et Isaac, Jacob: et Jacob, duodecim patriarchas.
8ဘုရားသခင်သည်လည်း အရေဖျားလှီး ခြင်းနှင့် ဆိုင်သော ပဋိညာဉ် တရားကို အာဗြဟံ အား ပေး တော်မူ၏။ ထိုသို့ ဣဇာက် ကို ဘွားမြင် ၍ ရှစ် ရက်မြောက်သော နေ့ ၌ အရေဖျားလှီး ခြင်းကိုပေးလေ၏။ ဣဇာက် သား ယာကုပ် ၊ ယာကုပ် သားများကား၊ အမျိုး၏အဘ တကျိတ် နှစ်ပါးတည်း။
9Et patriarchæ æmulantes, Joseph vendiderunt in Ægyptum: et erat Deus cum eo,
9အမျိုး၏ အဘ တို့သည် လည်း ငြူစူ သောစိတ်ရှိ၍ ၊ ယောသပ် ကို အဲဂုတ္တု ပြည်သို့ ရောင်း လိုက်ကြ၏။ ဘုရားသခင် သည် သူ့ ကိုစောင့်မ တော်မူလျက်၊
10et eripuit eum ex omnibus tribulationibus ejus, et dedit ei gratiam et sapientiam in conspectu pharaonis regis Ægypti: et constituit eum præpositum super Ægyptum, et super omnem domum suam.
10အလုံးစုံ သော ဒုက္ခ ဆင်းရဲထဲမှ ကယ်နှုတ် ၍ ၊ အဲဂုတ္တု ပြည်ကို အစိုးရ သော ဖာရော ဘုရင်ထံ၌ မျက်နှာ ပွင့်လန်းခြင်းနှင့် ပညာ အတတ် ကိုပေး တော်မူသဖြင့် ၊ ထိုမင်းကြီးသည် အဲဂုတ္တု နိုင်ငံအုပ် အရာ၊ နန်းတော် အုပ်အရာ၌ ယောသပ် ကိုခန့်ထား လေ၏။
11Venit autem fames in universam Ægyptum et Chanaan, et tribulatio magna: et non inveniebant cibos patres nostri.
11ခါနာန် ပြည်နှင့် အဲဂုတ္တု ပြည် တရှောက် လုံး၌ အစာ ခေါင်းပါးခြင်း၊ ကြီးစွာ သောဆင်းရဲ ခြင်းရှိ၍ ငါ တို့ အဘ များ၌ စားစရာ ကုန် သောအခါ ၊ အဲဂုတ္တု ပြည်မှာ ဆန် စပါးရှိ သည်ဟု ယာကုပ် သည်ကြား လျှင် ၊
12Cum audisset autem Jacob esse frumentum in Ægypto, misit patres nostros primum:
12ငါ တို့အဘ များကို ပဌမ အကြိမ်တွင် စေလွှတ် လေ၏။
13et in secundo cognitus est Joseph a fratribus suis, et manifestatum est Pharaoni genus ejus.
13ဒုတိယ အကြိမ်တွင် ယောသပ် သည် မိမိ ညီအစ်ကို တို့အား မိမိအကြောင်းကို ဘော်ပြ ၍ ၊ ဖာရော ဘုရင်သည် ယောသပ် ၏ အမျိုး ကို သိ တော်မူ၏။
14Mittens autem Joseph, accersivit Jacob patrem suum et omnem cognationem suam, in animabus septuaginta quinque.
14ထိုအခါ ယောသပ် သည်စေလွှတ် ၍ မိမိ အဘ ယာကုပ် နှင့်တကွအရေအတွက်အားဖြင့်ခုနစ်ကျိပ် ငါး ယောက်သော မိမိအမျိုးသား ချင်းအပေါင်း တို့ကို ခေါ်ပင့် လေ၏။
15Et descendit Jacob in Ægyptum: et defunctus est ipse, et patres nostri.
15ယာကုပ် သည်လည်း အဲဂုတ္တု ပြည်သို့ သွား ၍ ကိုယ်တိုင်မှစသောငါ တို့အဘ များသည် သေ လွန်ကြ၏။
16Et translati sunt in Sichem, et positi sunt in sepulchro, quod emit Abraham pretio argenti a filiis Hemor filii Sichem.
16ထိုသူတို့ကိုလည်း ရှေခင် မြို့သို့ ပို့ဆောင် သဖြင့်၊ ရှေခင် ၏အဘ ဖြစ်သောဟာမော် ၏ သား တို့အား အဘိုး ငွေ ကိုပေး၍ဝယ် ပြီဖြစ်သော သင်္ချိုင်း တွင်း၌ ထား ကြ၏။
17Cum autem appropinquaret tempus promissionis quam confessus erat Deus Abrahæ, crevit populus, et multiplicatus est in Ægypto,
17အာဗြဟံ အား ဘုရားသခင် ဓိဋ္ဌာန် တော်မူသော ဂတိ တော်၏ အချိန် ရောက် လုသောအခါ ၊
18quoadusque surrexit alius rex in Ægypto, qui non sciebat Joseph.
18ထိုလူမျိုး သည် အဲဂုတ္တု ပြည်၌ တိုးပွား ၍ ၊ ယောသပ် ကိုမ သိ မကျွမ်းသော မင်းကြီး တစ်ပါး ပေါ်လာ သည်တိုင်အောင် များပြား ကြလေ၏။
19Hic circumveniens genus nostrum, afflixit patres nostros ut exponerent infantes suos, ne vivificarentur.
19ထိုမင်းကြီး သည် ငါ တို့အဆွေအမျိုး ကို ပရိယာယ် ပြုသဖြင့်၊ သူငယ် များကိုအသက် မ ရှင်စေခြင်းငှာ ပစ် ထားရမည်အကြောင်း ငါ တို့ အဘ များကို ညှဉ်းဆဲ နှိပ်စက်လေ၏။
20Eodem tempore natus est Moyses, et fuit gratus Deo: qui nutritus est tribus mensibus in domo patris sui.
20ထို အခါ အလွန်အဆင်းလှ သော မောရှေ ကို ဘွားမြင် လျှင်၊ သုံး လ ပတ်လုံးအဘ ၏ အိမ် တွင် ကျွေးမွေး ကြ၏။
21Exposito autem illo, sustulit eum filia Pharaonis, et nutrivit eum sibi in filium.
21နောက်မှပစ် ထားသည်ရှိသော်၊ ဖာရော ဘုရင် သမီး တော်သည် ကောက်ယူ ၍ မိမိ သား အရာ၌ မွေးစား လေ၏။
22Et eruditus est Moyses omni sapientia Ægyptiorum, et erat potens in verbis et in operibus suis.
22မောရှေ သည်လည်းအဲဂုတ္တု အတတ် ၊ ပညာ အလုံးစုံ တို့ကို သင် ၍၊ နှုတ် သတ္တိ ၊ လက် သတ္တိရှိ ၏။
23Cum autem impleretur ei quadraginta annorum tempus, ascendit in cor ejus ut visitaret fratres suos filios Israël.
23အသက် လေးဆယ်စေ့ သောအခါ ဣသရေလ အမျိုးသား ဖြစ်သော မိမိ ညီအစ်ကို တို့ကို အကြည့်အရှု သွားမည်ဟု အကြံရှိ၏။
24Et cum vidisset quemdam injuriam patientem, vindicavit illum, et fecit ultionem ei qui injuriam sustinebat, percusso Ægyptio.
24အမျိုးသားချင်းတစ် ယောက်သည် ညှဉ်းဆဲ ခံရသည်ကို မြင် လျှင် သူ့ဘက်ကနေ၍အဲဂုတ္တု လူကို ကွပ်မျက် သဖြင့်၊ ထိုညှဉ်းဆဲ ခံရသောသူ အား အနိုင် ပေး လေ ၏။
25Existimabat autem intelligere fratres, quoniam Deus per manum ipsius daret salutem illis: at illi non intellexerunt.
25ဘုရားသခင် သည် ဤသူ လက် ဖြင့် ငါ တို့ကို ကယ်နှုတ် တော်မူမည်အရာကို ညီအစ်ကို တို့သည် နားလည် လိမ့်မည်ဟု ထင်မှတ် သော်လည်း ၊ ထိုသူတို့သည် နား မ လည်ဘဲနေကြ၏။
26Sequenti vero die apparuit illis litigantibus: et reconciliabat eos in pace, dicens: Viri, fratres estis: ut quid nocetis alterutrum?
26နက်ဖြန် နေ့ ၌ အချင်းချင်းခိုက်ရန် ပြုကြသော သူ တို့ရှိရာသို့ သွား ၍ ၊ အချင်းလူ တို့၊ ညီအစ်ကို ချင်းဖြစ် လျက်နှင့် အဘယ်ကြောင့် တစ် ယောက်ကိုတစ်ယောက်ညှဉ်းဆဲ ကြသနည်းဟု ဆို ၍ ရန်ငြိမ်း ရာသို့ သွေးဆောင် သည်ရှိသော်၊
27Qui autem injuriam faciebat proximo, repulit eum, dicens: Quis te constituit principem et judicem super nos?
27အိမ်နီးချင်း ကို ညှဉ်းဆဲ သောသူ က၊ အဘယ်သူ သည် သင့် ကို ငါ တို့အပေါ်မှာ အကဲအမှူး တရားသူကြီး အရာ၌ ခန့်ထား သနည်း။
28Numquid interficere me tu vis, quemadmodum interfecisti heri Ægyptium?
28မနေ့ ကအဲဂုတ္တု လူကို သတ် သကဲ့သို့ ငါ့ ကိုသတ် လို သလောဟု ဆို လျက် မောရှေ ကိုပယ် ၏။
29Fugit autem Moyses in verbo isto: et factus est advena in terra Madian, ubi generavit filios duos.
29ထို စကား ကိုကြားလျှင် ၊ မောရှေ သည် ပြေး ၍ မိဒျန် ပြည် ၌ ဧည့်သည် ဖြစ် လျက်နေသည်တွင် သား နှစ် ယောက်ကိုမြင် လေ၏။
30Et expletis annis quadraginta, apparuit illi in deserto montis Sina angelus in igne flammæ rubi.
30အနှစ် လေးဆယ် လွန်သောအခါ ၊ သိနာ တောင် ခြေရင်း တော တွင် ၊ မီး လောင် သောချုံ ၌ ထာဝရဘုရား၏ ကောင်းကင်တမန် ထင်ရှား ၏။
31Moyses autem videns, admiratus est visum. Et accedente illo ut consideraret, facta est ad eum vox Domini, dicens:
31ထိုရူပါရုံ ကို မြင် သောအခါ မောရှေ သည် အံ့ဩ ၍စေ့စေ့ကြည့်ရှု ခြင်းငှာအနားသို့ချဉ်းကပ် လျှင်၊
32Ego sum Deus patrum tuorum, Deus Abraham, Deus Isaac, et Deus Jacob. Tremefactus autem Moyses, non audebat considerare.
32ငါ ကား သင့် ဘိုးဘေး တို့၏ဘုရား ၊ အာဗြဟံ ၏ ဘုရား ၊ ဣဇာက် ၏ဘုရား၊ ယာကုပ် ၏ဘုရားဖြစ်၏ ဟုထာဝရ ဘုရား၏ ဗျာဒိတ် တော်အသံ ထွက် တော်မူ၏။ ထိုအခါ မောရှေ သည် တုန်လှုပ် လျက် စေ့စေ့မ ကြည့် ဝံ့ ။
33Dixit autem illi Dominus: Solve calceamentum pedum tuorum: locus enim in quo stas, terra sancta est.
33ထာဝရ ဘုရားကလည်း၊ သင် ၏ခြေနင်း ကို ချွတ် လော့။ သင်နင်း သောအရပ် ကား သန့်ရှင်း သောမြေ ဖြစ် ၏။
34Videns vidi afflictionem populi mei qui est in Ægypto, et gemitum eorum audivi, et descendi liberare eos. Et nunc veni, et mittam te in Ægyptum.
34အဲဂုတ္တု ပြည်၌ ရှိသော ငါ ၏လူ တို့သည် ခံရသော ညှဉ်းဆဲ ခြင်းကို ငါစေ့စေ့မြင် ခဲ့ပြီ။ သူ တို့ညည်းတွား မြည်တမ်းသောအသံကိုလည်း ငါကြား ခဲ့ပြီ။ သူ တို့ကို ကယ်နှုတ် ခြင်းငှာငါဆင်းလာ ပြီ။ ယခု သွား လော့။ သင့် ကို အဲဂုတ္တု ပြည်သို့ ငါစေလွှတ် မည်ဟု ဗျာဒိတ် တော်ရှိ၏။
35Hunc Moysen, quem negaverunt, dicentes: Quis te constituit principem et judicem? hunc Deus principem et redemptorem misit, cum manu angeli qui apparuit illi in rubo.
35အဘယ်သူ သည် သင့် ကို အကဲအမှူး တရားသူကြီး အရာ၌ ခန့်ထား သနည်းဟူ၍အငြင်းအပယ် ခံရသော ထို မောရှေ ကို အကဲအမှူး ၊ ကယ်လွှတ် သောသူ ဖြစ်စေခြင်းငှာ၊ ဘုရားသခင် သည်ချုံ ၌ ထင်ရှား သော ကောင်းကင်တမန် အားဖြင့် စေခန့် တော်မူ၏။
36Hic eduxit illos faciens prodigia et signa in terra Ægypti, et in rubro mari, et in deserto annis quadraginta.
36ထိုသူ သည် ဣသရေလ အမျိုးသားတို့ကို နှုတ်ဆောင် ၍ အနှစ် လေးဆယ် ပတ်လုံးအဲဂုတ္တု ပြည် ၌ ၎င်း၊ ဧဒုံ ပင်လယ် ၌ ၎င်း၊ တော ၌ ၎င်း၊ နိမိတ် လက္ခဏာ၊ အံ့ဘွယ် သောအမှုတို့ကိုပြု လေ၏။
37Hic est Moyses, qui dixit filiis Israël: Prophetam suscitabit vobis Deus de fratribus vestris, tamquam me: ipsum audietis.
37သင်တို့၏ ဘုရားသခင် ထာဝရဘုရားသည်၊ သင်တို့အမျိုးသား ချင်းတို့အထဲ ၌ ငါ နှင့်တူ သော ပရောဖက် တစ်ပါးကို သင်တို့ အဘို့ ပေါ်ထွန်း စေတော်မူမည်။ ထိုပရောဖက်၏ စကားကိုနားထောင်ရကြမည်ဟု ဣသရေလ အမျိုးသား တို့အားပြောဆို သောသူ ကား အခြားသူမဟုတ်၊ ထို မောရှေ ပင်ဖြစ် သတည်း။
38Hic est qui fuit in ecclesia in solitudine cum angelo, qui loquebatur ei in monte Sina, et cum patribus nostris: qui accepit verba vitæ dare nobis.
38ထို သူ သည် တော တွင် ရှိ သော အစည်းအဝေး ၌ ၎င်း၊ သိနာ တောင် ပေါ်မှာ သူ့ ကိုနှုတ်ဆက် သော ကောင်းကင်တမန် နှင့် ၎င်း၊ ငါ တို့ အဘ များနှင့် ၎င်းရှိ ၏။ ထိုသူ သည် ငါ တို့အား အပ်ပေး ခြင်းငှာအသက် ရှင်စေသော ဗျာဒိတ် တော်ကိုခံ လေ၏။
39Cui noluerunt obedire patres nostri: sed repulerunt, et aversi sunt cordibus suis in Ægyptum,
39ထိုသူ ၏စကားကိုငါ တို့အဘ များသည် နား မ ထောင်လို ဘဲလျက် ပယ် ၍၊
40dicentes ad Aaron: Fac nobis deos qui præcedant nos: Moyses enim hic, qui eduxit nos de terra Ægypti, nescimus quid factum sit ei.
40ငါ တို့ရှေ့ မှာ သွားရသော ဘုရား တို့ကို ငါ တို့အဘို့လုပ် ပါ။ ငါ တို့ကို အဲဂုတ္တု ပြည် မှ နှုတ်ဆောင် ခဲ့သောထို မောရှေ ၌ အဘယ်သို့ ဖြစ် သည်ကို ငါတို့မ သိ ဟု အဲဂုတ္တု ပြည်သို့ ပြန် ချင်သောစိတ် နှင့် အာရုန် ကို ပြောဆို ကြ၏။
41Et vitulum fecerunt in diebus illis, et obtulerunt hostiam simulacro, et lætabantur in operibus manuum suarum.
41ထို နေ့ရက် ကာလ၌ နွားသငယ် ကို လုပ်၍ ထိုရုပ်တု အား ယဇ်ပူဇော် သဖြင့် မိမိ တို့လက် နှင့် လုပ် သော အရာ၌ ပင် ပျော်မွေ့ ကြ၏။ အနာဂတ္တိ ကျမ်း ၌ လာ သည် ကား ၊
42Convertit autem Deus, et tradidit eos servire militiæ cæli, sicut scriptum est in libro prophetarum: [Numquid victimas et hostias obtulistis mihi annis quadraginta in deserto, domus Israël?
42အိုဣသရေလ အမျိုး ၊ သင်တို့သည် စီရင်သော တိရစ္ဆာန် နှင့် ယဇ် များကိုတော ၌ အနှစ် လေးဆယ်ပတ်လုံးငါ့ အား ပူဇော် ကြသလော။
43Et suscepistis tabernaculum Moloch, et sidus dei vestri Rempham, figuras quas fecistis adorare eas: et transferam vos trans Babylonem.]
43သင်တို့သည် မောလုပ် ၏တဲ နှင့် သင် တို့ဘုရား ရင်ဖန် ၏ ကြယ် တည်းဟူသောကိုးကွယ် ဘို့ရာမိမိ တို့လုပ် သော ပုံ တို့ကို ဆောင်ရွက် ကြပြီ တကား။ ထိုကြောင့် ငါသည် သင် တို့ကို ဗာဗုလုန် မြို့ တစ်ဘက် သို့ ဆောင်သွား မည်ဟု ကျမ်းလာရှိသည်နှင့်အညီ၊ ဘုရားသခင် သည် မျက်နှာတော်ကိုလွှဲ ၍ ၊ ကောင်းကင် တန်ဆာ များတို့အား ဝတ်ပြု စေခြင်းငှာထိုသူ တို့ကို စွန့်ပစ် ထားတော်မူ၏။
44Tabernaculum testimonii fuit cum patribus nostris in deserto, sicut disposuit illis Deus loquens ad Moysen, ut faceret illud secundum formam quam viderat.
44မောရှေမြင် ရသောပုံ နှင့်အညီ ၊ သက်သေခံ တော်မူချက် ဌာပနာ ရာတဲတော်ကို လုပ် ရမည်အကြောင်း အမိန့် တော်ရှိသောသူ မှာထား တော်မူသည်အတိုင်း ၊ ထိုတဲ တော်သည် တော တွင် ငါ တို့အဘ များ၌ ရှိ ၏။
45Quod et induxerunt, suscipientes patres nostri cum Jesu in possessionem gentium quas expulit Deus a facie patrum nostrorum, usque in diebus David,
45နောက်ကျ သော ငါ တို့အဘ များသည် ထိုတဲ တော်ကို တစ်ပါး အမျိုးသားတို့ ပိုင် သော မြေထဲသို့ ယောရှု နှင့်အတူ ဆောင်သွင်း ကြ၏။ ထို တစ်ပါး အမျိုးသားတို့ကို ဘုရားသခင် သည် ဒါဝိဒ် မင်းလက်ထက် တိုင်အောင် ငါ တို့အဘ များထံမှ နှင်ထုတ် တော်မူ၏။
46qui invenit gratiam ante Deum, et petiit ut inveniret tabernaculum Deo Jacob.
46ထို ဒါဝိဒ်သည် ဘုရားသခင် ၏ ကျေးဇူး တော်ကို ခံရ ၍၊ ယာကုပ် ၏ ဘုရားသခင်ကျိန်းဝပ် တော်မူဘို့ရာအရပ် ကို တွေ့ ခြင်းငှာတောင့်တ ၏။
47Salomon autem ædificavit illi domum.
47ရှောလမုန် သည်လည်း ဗိမာန် တော်ကို တည်ဆောက် ရ၏။
48Sed non Excelsus in manufactis habitat, sicut propheta dicit:
48သို့သော်လည်း ကောင်းကင် ဘုံသည် ငါ့ ပလ္လင် ဖြစ်၏။
49[Cælum mihi sedes est: terra autem scabellum pedum meorum. Quam domum ædificabitis mihi? dicit Dominus: aut quis locus requietionis meæ est?
49မြေကြီး သည် ငါ့ ခြေ တင်ရာခုံ ဖြစ်၏။ အဘယ်သို့ သော ဗိမာန် ကိုငါ့ အဘို့ တည်ဆောက် ကြမည်နည်း။ အဘယ် အရပ်သည် ငါ့ ကျိန်းဝပ် ရာအရပ် ဖြစ်မည်နည်း။
50Nonne manus mea fecit hæc omnia?]
50ငါ့ လက် သည် ဤ အရာအလုံးစုံ တို့ကို ဖန်ဆင်း သည် မ ဟုတ်လောဟု ထာဝရ ဘုရား၏ ဗျာဒိတ် တော်အချက်ကို ပရောဖက် ပြန်ကြား သည်နှင့်အညီ ၊ အမြင့်ဆုံး သော ဘုရားသည် လူတို့ လက်ဖြင့် လုပ်သောဗိမာန် ၌ ကျိန်းဝပ် တော်မူသည်မ ဟုတ်။
51Dura cervice, et incircumcisis cordibus et auribus, vos semper Spiritui Sancto resistitis: sicut patres vestri, ita et vos.
51လည်ပင်း ခိုင်မာ၍ နှလုံး ဖြင့်၎င်း ၊ နား ဖြင့်၎င်း အရေဖျားလှီး ခြင်းကို မခံသောလူတို့၊ သင် တို့သည် သန့်ရှင်း သော ဝိညာဉ် တော်ကို အစဉ်မပြတ် ဆန့်ကျင်ဘက် ပြုလေ့ရှိကြ၏။ သင် တို့ဘိုးဘေး များ၏ အလေ့နှင့် သင် တို့အလေ့တူ ၏။
52Quem prophetarum non sunt persecuti patres vestri? et occiderunt eos qui prænuntiabant de adventu Justi, cujus vos nunc proditores et homicidæ fuistis:
52သင် တို့ဘိုးဘေး များသည် အဘယ် ပရောဖက် ကို မျှ မ ညှဉ်းဆဲ ဘဲ နေသနည်း။ ဖြောင့်မတ် သောသူ ကြွလာ တော်မူမည်အကြောင်း အရာကို ဟောပြော ပြညွှန်သော သူ တို့ကို ကွပ်မျက် ကြ၏။ ထို ဖြောင့်မတ်သောသူကိုပင် ယခု လည်း သင်တို့သည် အပ်နှံ ၍ အသေသတ် ကြပြီ။
53qui accepistis legem in dispositione angelorum, et non custodistis.
53သင်တို့သည် ကောင်းကင် တမန်များ ခင်းကျင်း သော အားဖြင့် ပညတ် တရားတော်ကို ခံရ သော်လည်းမ စောင့် မရှောက်ကြဟု သတေဖန် မြွက်ဆို ၏။
54Audientes autem hæc, dissecabantur cordibus suis, et stridebant dentibus in eum.
54ထို စကားကိုကြား လျှင် နှလုံး ကွဲပြတ် မတတ်ဖြစ်၍၊ သတေဖန် ၌ အံသွား ခဲကြိတ် ခြင်းကို ပြုကြလေ၏။
55Cum autem esset plenus Spiritu Sancto, intendens in cælum, vidit gloriam Dei, et Jesum stantem a dextris Dei. Et ait: Ecce video cælos apertos, et Filium hominis stantem a dextris Dei.
55သူသည်လည်း သန့်ရှင်း သော ဝိညာဉ် တော်နှင့် ပြည့် သဖြင့်၊ ကောင်းကင် သို့ စေ့စေ့ ကြည့်မျှော်၍ ဘုရားသခင် ၏ ဘုန်း တော်ကို ၎င်း၊ ဘုရားသခင် ၏ လက်ျာ တော်ဘက်၌ ယေရှု ရပ် နေသည်ကို၎င်း မြင် လျှင်၊
56Exclamantes autem voce magna continuerunt aures suas, et impetum fecerunt unanimiter in eum.
56ကြည့် ပါ။ ကောင်းကင် ဖွင့်လှစ် သည်ကို ၎င်း၊ လူ သား သည် ဘုရားသခင် ၏လက်ျာ တော်ဘက်၌ ရပ် နေသည်ကို၎င်း၊ ငါမြင် သည်ဟုဆို ၏။
57Et ejicientes eum extra civitatem, lapidabant: et testes deposuerunt vestimenta sua secus pedes adolescentis qui vocabatur Saulus.
57ထိုသူ တို့သည် ပြင်းစွာ သော အသံ နှင့် ဟစ်ကြော် ၍ နား ကိုပိတ်ဆို့ လျက် သူ့ ဆီသို့ ညီညွတ် စွာ တဟုန်တည်း ပြေး၍ ၊
58Et lapidabant Stephanum invocantem, et dicentem: Domine Jesu, suscipe spiritum meum.
58မြို့ ပြင် သို့နှင်ထုတ် ပြီးမှ ကျောက်ခဲ နှင့်ပစ်ကြ၏။ သက်သေခံ တို့သည်လည်း မိမိ တို့အဝတ် ကို ရှောလု အမည် ရှိသော လုလင် ၏ခြေ ရင်း ၌ ထား ကြ၏။
59Positis autem genibus, clamavit voce magna, dicens: Domine, ne statuas illis hoc peccatum. Et cum hoc dixisset, obdormivit in Domino. Saulus autem erat consentiens neci ejus.
59ကျောက်ခဲ နှင့်ပစ်ကြစဉ် သတေဖန် သည် ပဌနာပြုလျက်၊ သခင် ယေရှု ၊ အကျွန်ုပ် ၏ဝိညာဉ် ကို သိမ်းယူ တော်မူပါဟု လျှောက်ဆို ၏။
no verse 60 in this text
60ဒူး ထောက် လျက်၊ သခင် ၊ ဤ သူ တို့ပြုသော ဒုစရိုက် အပြစ်ကို မှတ်တော်မ မူပါနှင့်ဟု ကြီး သော အသံ နှင့် ကြွေးကြော် ပြီးမှ ကျိန်းစက် လေ၏။
Tip: use the ← and → keys to turn chapters.