Leviticus 21
JPS Tanakh (Jewish Publication Society, 1917)
Judson Burmese Bible (1840)
1And the LORD said unto Moses: Speak unto the priests the sons of Aaron, and say unto them: There shall none defile himself for the dead among his people;
1တဖန် မောရှေ အား ထာဝရဘုရား က၊ သင်သည် အာရုန် ၏သား ၊ ယဇ်ပုရောဟိတ် တို့အား ဆင့်ဆို ရမည်မှာ၊ အမျိုးသားချင်း သေသောအတွက် သင်တို့တွင် အဘယ်သူမျှညစ်ညူး ခြင်းမ ရှိရ။
2except for his kin, that is near unto him, for his mother, and for his father, and for his son, and for his daughter, and for his brother;
2သို့ရာတွင်ပေါက်ဘော် ရင်းတည်းဟူသောမိဘ ၊ သား သမီး ၊ ညီအစ်ကို၊
3and for his sister a virgin, that is near unto him, that hath had no husband, for her may he defile himself.
3လင် မနေသောကညာနှမ ရင်းအတွက် ညစ်ညူး ခြင်းကို ခံရသောအခွင့်ရှိ ၏။
4He shall not defile himself, being a chief man among his people, to profane himself.
4အမျိုးသား ချင်း သူကြီး အတွက်၊ ကိုယ်ကိုကိုယ်ရှုတ်ချ ၍ ညစ်ညူး ခြင်းမ ရှိရ။
5They shall not make baldness upon their head, neither shall they shave off the corners of their beard, nor make any cuttings in their flesh.
5ယဇ်ပုရောဟိတ်သည် ဆံပင်ကို မ ရိတ် ရ။ ပါးမုန်း ကို မ ရိတ် ရ။ အသား ၌ ခုတ်ရှ ခြင်းကို မ ပြုရ။
6They shall be holy unto their God, and not profane the name of their God; for the offerings of the LORD made by fire, the bread of their God, they do offer; therefore they shall be holy.
6သူသည် မိမိ ဘုရား သခင်အဘို့ သန့်ရှင်း ရမည်။ မိမိ ဘုရား သခင်၏ နာမ တော်ကို မ ရှုတ် မချရ။ ထာဝရဘုရား အား မီး ဖြင့်ပြုသောပူဇော်သက္ကာ၊ မိမိ ဘုရား သခင်၏ အစာအာဟာရကို ပူဇော် သောကြောင့် သန့်ရှင်း ခြင်းရှိ ရမည်။
7They shall not take a woman that is a harlot, or profaned; neither shall they take a woman put away from her husband; for he is holy unto his God.
7သူသည် ပြည်တန်ဆာ မိန်းမ ၊ သီလပျက်သောမိန်းမ၊ လင် နှင့် ကွာ သောမိန်းမ နှင့် မ စုံဘက် ရ။ မိမိ ဘုရား သခင်အဘို့ သန့်ရှင်း ၏။
8Thou shalt sanctify him therefore; for he offereth the bread of thy God; he shall be holy unto thee; for I the LORD, who sanctify you, am holy.
8သင် ၏ ဘုရား သခင်ပွဲတော် ကို ဆက် သောကြောင့် ၊ သူ့ ကို သန့်ရှင်း စေ၍ ၊ သူသည် သင့် အဘို့ သန့်ရှင်း ရမည်။ သင် တို့ကို သန့်ရှင်း စေသော ငါ ထာဝရဘုရား သန့်ရှင်း ၏။
9And the daughter of any priest, if she profane herself by playing the harlot, she profaneth her father: she shall be burnt with fire.
9ယဇ်ပုရောဟိတ် သမီး သည်၊ ပြည်တန်ဆာ လုပ်၍ ကိုယ့်ကိုကိုယ်ရှုတ်ချ လျှင် ၊ မိမိ အဘ ကို ရှုတ်ချ ရာ ရောက်၏။ ထိုသူကို မီး ရှို့ ရမည်။
10And the priest that is highest among his brethren, upon whose head the anointing oil is poured, and that is consecrated to put on the garments, shall not let the hair of his head go loose, nor rend his clothes;
10မိမိ အမျိုးသား ချင်းတို့တွင် ၊ အဝတ်တန်ဆာဆင်လျက်၊ အရာ၌ ခန့်ထား၍ မိမိ ခေါင်း ပေါ် မှာ ဆီ လောင်း ခြင်း ဘိသိက်ကိုခံသော ယဇ်ပုရောဟိတ် မင်း သည်၊ မိမိ ခေါင်း ၌ တန်ဆာ ကို မ ချွတ် ရ။ မိမိ အဝတ် ကို မ ဆုတ် ရ။
11neither shall he go in to any dead body, nor defile himself for his father, or for his mother;
11အသေ ကောင်ကို မ ချဉ်း ရ။ မိဘ အတွက် ညစ်ညူး ခြင်းကို မ ခံရ။
12neither shall he go out of the sanctuary, nor profane the sanctuary of his God; for the consecration of the anointing oil of his God is upon him: I am the LORD.
12သန့်ရှင်း ရာဌာနတော်ထဲက မ ထွက် ရ။ မိမိ ဘုရား သခင်၏ သန့်ရှင်း ရာဌာနတော်ကို မ ရှုတ် မချရ။ အကြောင်း မူကား၊ မိမိ ဘုရား သခင်၏ ဘိသိက် ဆီ နှင့်ဆိုင်သော သင်းကျစ် ကို ဆောင်းရသောသူဖြစ် ၏။ ငါ သည် ထာဝရဘုရား ဖြစ်၏။
13And he shall take a wife in her virginity.
13ယဇ် ပုရောဟိတ်မင်းသည်၊ အပျို ကညာနှင့် သာစုံဘက် ရမည်။
14A widow, or one divorced, or a profaned woman, or a harlot, these shall he not take; but a virgin of his own people shall he take to wife.
14မုတ်ဆိုးမ ၊ လင်နှင့်ကွာ သောမိန်းမ၊ သီလ ပျက်သောမိန်းမ၊ ပြည်တန်ဆာ မိန်းမနှင့် မ စုံဘက် ရ။ မိမိ အမျိုးသား ချင်း အပျို ကညာနှင့် သာ စုံဘက် ရမည်။
15And he shall not profane his seed among his people; for I am the LORD who sanctify him.
15မိမိ သား ကို၊ အမျိုးသား ချင်းတို့တွင် မ ရှုတ် မချရ။ ငါ ထာဝရဘုရား သည်၊ ယဇ် ပုရောဟိတ်မင်းကို သန့်ရှင်း စေသည်ဟု မိန့် တော်မူ၏။
16And the LORD spoke unto Moses, saying:
16တဖန် မောရှေ အား ထာဝရဘုရား က၊
17Speak unto Aaron, saying: Whosoever he be of thy seed throughout their generations that hath a blemish, let him not approach to offer the bread of his God.
17သင်သည် အာရုန် အား ဆင့်ဆို ရမည်မှာ၊ သင် ၏ အမျိုး အစဉ် အဆက်တွင် ကိုယ် ၌ အပြစ် ရှိ သော သူသည်၊ မိမိ ဘုရား သခင်၏ ပွဲတော် ကို ဆက်ကပ် အံ့သောငှါ မ ချဉ်း မကပ်ရ။
18For whatsoever man he be that hath a blemish, he shall not approach: a blind man, or a lame, or he that hath any thing maimed, or anything too long,
18မျက်စိ ကန်းသောသူ ၊ ခြေဆွံ့ သောသူ၊ နှာခေါင်း ပိသောသူ၊ အင်္ဂါ ပိုလွန်သောသူ၊
19or a man that is broken-footed, or broken-handed,
19လက် ကျိုး သောသူ၊ ခြေ ကျိုး သောသူ၊
20or crook-backed, or a dwarf, or that hath his eye overspread, or is scabbed, or scurvy, or hath his stones crushed;
20ကျော ကုန်းသောသူ၊ ပု သောသူ၊ မျက်စိ နာ သောသူ၊ ဝဲ စွဲသောသူ၊ ယားနာ စွဲသောသူ၊ ဝှေးစေ့ ပျက် သောသူသည် မ ချဉ်း မကပ်ရ။
21no man of the seed of Aaron the priest, that hath a blemish, shall come nigh to offer the offerings of the LORD made by fire; he hath a blemish; he shall not come nigh to offer the bread of his God.
21ယဇ်ပုရောဟိတ် အာရုန် အမျိုး တွင် ၊ ကိုယ် ၌ အပြစ် ပါသော သူ တစုံ တယောက်မျှ ထာဝရဘုရား အား မီး ဖြင့်ပြုသောပူဇော်သက္ကာကို ဆက်ကပ် အံ့သောငှါ မ ချဉ်း မကပ်ရ။ ကိုယ် ၌ အပြစ် ပါသောကြောင့်၊ မိမိ ဘုရား သခင်၏ မုန့် တော်ကို ဆက်ကပ် အံ့သောငှါ မ ချဉ်း မကပ်ရ။
22He may eat the bread of his God, both of the most holy, and of the holy.
22သန့်ရှင်း သော မုန့်ဖြစ်စေ ၊ အလွန်သန့်ရှင်း သော မုန့်ဖြစ်စေ၊ မိမိ ဘုရား သခင်၏ မုန့် တော်ကို စား ရမည်။
23Only he shall not go in unto the veil, nor come nigh unto the altar, because he hath a blemish; that he profane not My holy places; for I am the LORD who sanctify them.
23ကိုယ် ၌ အပြစ် ပါသောကြောင့် ၊ ငါ့ သန့်ရှင်း ရာ ဌာနအရပ်တို့ကို ရှုတ်ချ မည်ကို စိုးရိမ်၍ ၊ ကုလားကာ အတွင်း သို့ မ ဝင် ရ။ ယဇ် ပလ္လင်သို့ မ ချဉ်း မကပ်ရ။ ငါ ထာဝရဘုရား သည် ထိုအရပ်တို့ကို သန့်ရှင်း စေ သည်ဟု မိန့် တော်မူ၏။
24So Moses spoke unto Aaron, and to his sons, and unto all the children of Israel.
24မောရှေ သည် အာရုန် နှင့် သူ ၏သား ဣသရေလ အမျိုးသား အပေါင်း တို့အား ဆင့်ဆို လေ၏။
Tip: use the ← and → keys to turn chapters.