Amos
Chapter 8
JPS Tanakh (Jewish Publi…
vs Judson Burmese Bib…
Aa
Text size
Line width
Verse numbers
JPS Tanakh (Jewish Publication Society, 1917)
Judson Burmese Bible (1840)
1Thus the Lord GOD showed me; and behold a basket of summer fruit.
1တဖန် အရှင် ထာဝရဘုရား သည် ငါ့ အား ပြ တော်မူသောရူပါရုံဟူမူကား ၊ နွေ ကာလအသီးပါသောတောင်း သည် ထင်ရှား ၏။
2And He said: 'Amos, what seest thou?' And I said: 'A basket of summer fruit.' Then said the LORD unto me: The end is come upon My people Israel; I will not again pardon them any more.
2အာမုတ် ၊ သင် သည် အဘယ် အရာကို မြင် သနည်းဟုမေး တော်မူလျှင် ၊ နွေ ကာလအသီးပါသောတောင်း ကို မြင်ပါသည်ဟု ငါလျှောက် သော်၊ ထာဝရဘုရား က၊ နောက်ဆုံး ကာလသည် ငါ ၏လူ ဣသရေလ အမျိုး၌ ရောက် လေပြီ။ နောက် တဖန် သူ တို့ကို သည်း မ ခံ။
3And the songs of the palace shall be wailings in that day, saith the Lord GOD; the dead bodies shall be many; in every place silence shall be cast.
3ထိုကာလ ၌ နန်း စဉ်ကခြေသည် တို့သည် မြည်တမ်း ကြလိမ့်မည်။ အရပ်ရပ် တို့၌ များစွာ သော အသေကောင် ရှိ၍၊ လူတို့သည် တိတ်ဆိတ် စွာ ပစ်ချ ကြလိမ့်မည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။
4Hear this, O ye that would swallow the needy, and destroy the poor of the land,
4ငါတို့သည် စပါး ကို ရောင်း အံ့သောငှါလဆန်း နေ့လွန် ပါစေ၊ ဂျုံ ကို ရောင်း အံ့သောငှါ ဥပုသ် နေ့လွန်ပါစေဟု ဆို လျက်၊
5Saying: 'When will the new moon be gone, that we may sell grain? and the sabbath, that we may set forth corn? making the ephah small, and the shekel great, and falsifying the balances of deceit;
5ဧဖာ လေးကို ငယ် စေခြင်းငှါ ၎င်း ၊ ကျပ်လေး ကိုကြီး စေခြင်းငှာ ၎င်း လုပ်၍၊ စဉ်းလဲ သော ချိန်ခွင် ကို သုံးလျက်ဆင်းရဲ သောသူကို ငွေ နှင့် ၎င်း ၊ ငတ်မွတ် သောသူကို ခြေနင်း တရံနှင့် ၎င်း ဝယ် ၍၊
6That we may buy the poor for silver, and the needy for a pair of shoes, and sell the refuse of the corn?'
6ညံ့ သော ဂျုံ ဆန်ကို ရောင်း လျက်၊ ငတ်မွတ် သောသူတို့ ကို နှိပ်နင်း ၍ ဆင်းရဲ သော ပြည်သား တို့ကို ဖြတ် ခြင်းငှါ အလွန်အလိုကြီးသောသူတို့ ၊ ဤ စကားကို နားထောင် ကြလော့။
7The LORD hath sworn by the pride of Jacob: Surely I will never forget any of their works.
7ထာဝရဘုရား သည် ယာကုပ် ၏ဘုန်း ကို တိုင်တည်၍ ကျိန်ဆို တော်မူသည်ကား၊ အကယ်စင်စစ်သူ တို့ ကျင့်ကြံ ပြုမူသမျှ တို့ကို ငါသည် အစဉ် မပြတ်မ မေ့လျော့ ။
8Shall not the land tremble for this, and every one mourn that dwelleth therein? Yea, it shall rise up wholly like the River; and it shall be troubled and sink again, like the River of Egypt.
8ထို အပြစ်ကြောင့် မြေ တုန်လှုပ် လိမ့်မည်မ ဟုတ်လော ။ မြေသား အပေါင်း တို့သည် ညည်းတွား ကြလိမ့်မည် မဟုတ်လော။ မြစ် ကဲ့သို့ တပြည်လုံး ထ ပြီးလျှင် ၊ တဖန် အဲဂုတ္တု မြစ် ၌ မြုပ်သကဲ့သို့ ပါသွား၍ မြုပ် လိမ့်မည်မဟုတ် လော။
9And it shall come to pass in that day, saith the Lord GOD, that I will cause the sun to go down at noon, and I will darken the earth in the clear day.
9အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ထိုကာလ အခါ မွန်းတည့် အချိန်၌ ငါသည် နေ ကိုဝင် စေမည်။ ကြည်လင် သောနေ့ ၌ မြေကြီး ကို မိုက် စေမည်။
10And I will turn your feasts into mourning, and all your songs into lamentation; and I will bring up sackcloth upon all loins, and baldness upon every head; and I will make it as the mourning for an only son, and the end thereof as a bitter day.
10သင် တို့ပွဲ ခံခြင်းကို ညည်းတွား ခြင်းဖြစ်စေ မည်။ သီချင်း ဆိုခြင်းရှိသမျှ ကို ငိုကြွေး ခြင်းဖြစ်စေမည်။ လူအပေါင်းတို့သည် လျှော်တေ အဝတ်နှင့် ခါး ကိုစည်းစေခြင်းငှါ၎င်း ၊ ဆံပင် ကိုရိတ် စေခြင်းငှါ ၎င်း ငါစီရင် မည်။ တယောက် တည်းသောသား သေသည်အတွက် မြည်တမ်း ခြင်းကဲ့သို့ ၎င်း ၊ အဆုံး ၌ ခါး စွာသောနေ့ ကဲ့သို့ ၎င်း ငါဖြစ်စေ မည်။
11Behold, the days come, saith the Lord GOD, that I will send a famine in the land, not a famine of bread, nor a thirst for water, but of hearing the words of the LORD.
11အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ မွတ်သိပ် ခြင်းဘေးကို တပြည်လုံး ၌ ငါဖြစ် စေသောကာလ ရောက် လိမ့်မည်။ အစာ ခေါင်းပါး၍ မွတ်သိပ် ခြင်းဘေးမ ဟုတ်၊ ရေ ငတ် ခြင်းဘေးလည်း မ ဟုတ်၊ ထာဝရဘုရား ၏ အမိန့် တော်ကို မ ကြား ရသောမွတ်သိပ်ခြင်းဘေးဖြစ်လိမ့်မည်။
12And they shall wander from sea to sea, and from the north even to the east; they shall run to and fro to seek the word of the LORD, and shall not find it.
12လူတို့သည် ထာဝရဘုရား ၏ အမိန့် တော်ကို ရှာ လျက်၊ ပင်လယ် တပါးမှ သည် ပင်လယ် တပါးတိုင်အောင် လှည့်လည် ၍ ၊ တောင် မြောက် ပြေး သွားသော်လည်း မ တွေ့ ရကြ။
13In that day shall the fair virgins and the young men faint for thirst.
13ထိုကာလ ၌ အဆင်း လှသော သတို့သမီး ကညာများနှင့် လုလင် များတို့သည် ရေငတ် ၍ မော ကြလိမ့်မည်။
14They that swear by the sin of Samaria, and say: 'As thy God, O Dan, liveth'; and: 'As the way of Beer-sheba liveth'; even they shall fall, and never rise up again.
14ရှမာရိ အပြစ် ကို တိုင်တည်၍ ကျိန်ဆို သောသူ၊ အိုဒန် ၊ သင် ၏ဘုရား အသက် ရှင်တော်မူသည်အတိုင်း ဟူ၍၎င်း ၊ ဗေရရှေဘ ဘာသာ အသက် တည်သည်အတိုင်းဟူ၍၎င်း ဆို သောသူတို့သည်၊ နောက် တဖန် မ ထ နိုင် အောင်လဲ ၍ နေရကြလိမ့်မည်ဟု မိန့်တော်မူ၏။

Tip: use the ← and → keys to turn chapters.